ရှင်မဿဲခရစ်ဝင် - ၂၄

ဗိမာန်တော်ပြိုပျက်မည်
(မာ၊ ၁၃:၁-၂။ လု၊ ၂၁:၅-၆။)
1ယေရှုသည် ဗိမာန်တော်မှ ထွက်ကြွတော်မူသည်ရှိသော်၊ တပည့်တော်တို့သည် ဗိမာန်တော်၏ တိုက်ဆောင်များကို ပြခြင်းငှာ အထံတော်သို့ ချဉ်းကပ်ကြ၏။- 2ယေရှုကလည်း၊ ဤအရာအလုံးစုံကို သင်တို့သည် မြင်ကြသည်မဟုတ်လော။ ငါအမှန်ဆိုသည်ကား၊ မဖြိုမချဘဲ ကျောက်တစ်ခုပေါ်မှာ တစ်ခုမျှမတည်မနေရဟု မိန့်တော်မူ၏။
ဆင်းရဲဒုက္ခနှင့်ညှဉ်းဆဲခြင်း
(မာ၊ ၁၃:၃-၁၃။ လု၊ ၂၁:၇-၁၉။)
3ထိုနောက် သံလွင်တောင်ပေါ်မှာ ထိုင်တော်မူစဉ်၊ တပည့်တော်တို့သည် အခြားသူမပါဘဲ ချဉ်းကပ်၍၊ ထိုအမှုအရာတို့သည် အဘယ်ကာလမှ ဖြစ်မည်ကိုလည်းကောင်း၊ ကိုယ်တော်သည်ကြွလာ၍ ဤကပ်ကမ္ဘာကုန်သော ပုပ္ပနိမိတ်သည် အဘယ်နိမိတ် ဖြစ်မည်ကိုလည်းကောင်း အမိန့်ရှိတော်မူပါဟု လျှောက်ကြ၏။- 4ယေရှုကလည်း၊ သင်တို့ကို အဘယ်သူမျှ မလှည့်ဖြားစေခြင်းငှာ သတိပြုကြလော့။- 5အများသောသူတို့က၊ ငါသည် ခရစ်တော်ဖြစ်၏ဟု ဆိုလျက်၊ ငါ၏အယောင်ကိုဆောင်၍ ပေါ်လာသဖြင့် လူအများတို့ကို လှည့်ဖြားကြလိမ့်မည်။- 6သင်တို့သည် စစ်တိုက်ခြင်း အကြောင်းကိုလည်းကောင်း၊ စစ်တိုက်အံ့သော သတင်းစကားကိုလည်းကောင်း ကြားရကြလိမ့်မည်။ သို့သော်လည်း စိုးရိမ်တုန်လှုပ်ခြင်း မရှိစေခြင်းငှာ သတိပြုကြလော့။ ထိုအမှုအရာများသည် ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည်မဖြစ်သေး။-
7လူတစ်မျိုးနှင့် တစ်မျိုး တစ်နိုင်ငံနှင့်တစ်နိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီးလှုပ်ခြင်းတို့သည် ဖြစ်ကြလိမ့်မည်။- 8ထိုအမှုအရာတို့သည် ဒုက္ခဆင်းရဲခြင်း၏ အစအဦးပင် ဖြစ်သတည်း။- 9ထိုကာလ၌ လူများတို့သည် သင်တို့ကိုညှဉ်းဆဲခြင်း၊ အသေသတ်ခြင်းကို ခံစေခြင်းငှာ အပ်နှံကြလိမ့်မည်။ ငါ၏နာမကြောင့်လည်း ခပ်သိမ်းသောလူမျိုးတို့သည် သင်တို့ကို မုန်းကြလိမ့်မည်။-မ၊ ၁၀:၂၂။ 10ထိုကာလ၌ အများသောသူတို့သည် ဖောက်ပြန်ခြင်းသို့ရောက်၍၊ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် အပ်ကြလိမ့်မည်။- 11အချင်းချင်း မုန်းကြလိမ့်မည်။ မိစ္ဆာပရောဖက်အများတို့သည် ပေါ်လာ၍ လူအများတို့ကို လှည့်ဖြားကြလိမ့်မည်။- 12မတရားသောအမှုတို့သည် များပြားသဖြင့် အများသောသူတို့၏ ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလိမ့်မည်။- 13အကြင်သူသည် အဆုံးတိုင်အောင် တည်ကြည်၏။ ထိုသူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။-မ၊ ၁၀:၂၂။ 14လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ် ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့။
ရွံရှာဖွယ်အရာ
(မာ၊ ၁၃:၁၄-၂၃။ လု၊ ၂၁:၂၀-၂၄။)
15ထိုကြောင့် ပရောဖက်ဒံယေလ ဟောသည်အတိုင်း ဖျက်ဆီးတတ်သော ရွံရှာဖွယ်အရာသည် သန့်ရှင်းသောအရပ်ဌာန၌ စိုက်နေသည်ကို သင်တို့မြင်ရလျှင်၊ ကျမ်းစာကိုကြည့်သောသူသည် နားလည်ပါစေ။-ဒံ၊ ၉:၂၇၊ ၁၁:၃၁၊ ၁၂:၁၁။ 16ထိုသို့ မြင်ရလျှင်၊ ယုဒပြည်၌ ရှိသောသူတို့သည် တောင်ပေါ်သို့ ပြေးကြစေ။- 17အိမ်မိုးပေါ်မှာ ရှိသောသူသည် အိမ်ထဲက ဥစ္စာကိုယူခြင်းငှာ မဆင်းစေနှင့်။-လု၊ ၁၇:၃၁။ 18လယ်၌ရှိသောသူလည်း မိမိအဝတ်ကို ယူခြင်းငှာ နောက်သို့ မပြန်စေနှင့်။- 19ထိုနေ့ရက်၌ ကိုယ်ဝန်ဆောင်သောမိန်းမနှင့် နို့စို့သူငယ်ရှိသော မိန်းမတို့သည် အလွန်ခက်ကြလိမ့်မည်။- 20သင်တို့ ပြေးရသောအချိန်သည် ဆောင်းကာလ၌မကျ၊ ဥပုသ်နေ့၌လည်း မကျမည်အကြောင်း ဆုတောင်းကြလော့။- 21အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍ ယခုတိုင်အောင် မဖြစ်စဖူး၊ နောက်၌လည်း မဖြစ်လတ္တံ့သော ကြီးစွာသော ဒုက္ခသည် ထိုကာလ၌ ဖြစ်လိမ့်မည်။-ဒံ၊ ၁၂:၁။ ဗျာ၊ ၇:၁၄။ 22ထိုကာလတာရှည်လျှင် အဘယ်သူမျှ မလွတ်နိုင်ရာ။ ရွေးချယ်သောသူတို့အဖို့အလို့ငှာ ထိုကာလသည် တိုလိမ့်မည်။
23ထိုအခါ သူတစ်ပါးက ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။- 24အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကို ဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်။- 25ထိုအကြောင်းအရာတို့ကို ငါပြောနှင့်ပြီ။- 26ထိုကြောင့် သူတို့က ခရစ်တော်သည် တော၌ရှိသည်ဟု ဆိုသော်လည်း မထွက်မသွားကြနှင့်။ တိုက်ခန်း၌ ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။-လု၊ ၁၇:၂၃-၂၄။ 27လျှပ်စစ်သည် အရှေ့မှပြက်၍ အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော်မူလတ္တံ့။- 28အသေကောင်ရှိရာ၌ ရွှေလင်းတတို့သည် စုဝေးကြလတ္တံ့။လု၊ ၁၇:၃၇။
လူသားကြွလာတော်မူခြင်း
(မာ၊ ၁၃:၂၄-၂၇။ လု၊ ၂၁:၂၅-၂၈။)
29ထိုကာလ၏ ဒုက္ခဆင်းရဲခြင်းနောက် ရုတ်ခနဲ နေသည်မိုက်လိမ့်မည်။ လသည် အရောင်ကိုမပေး။ ကြယ်တို့သည် ကောင်းကင်မှ ကျကြလိမ့်မည်။ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။-ဟေရှာ၊ ၁၃:၁၀၊ ၃၄:၄။ ယေဇ၊ ၃၂:၇။ ယောလ၊ ၂:၁၀၊ ၃၁၊ ၃:၁၅။ ဗျာ၊ ၆:၁၂-၁၃။ 30ထိုအခါ လူသား၏နိမိတ်လက္ခဏာသည် ကောင်းကင်၌ ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ငိုကြွေးမြည်တမ်းကြ၍၊ လူသားသည် ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကို ဆောင်လျက်၊ မိုးတိမ်ကိုစီး၍ ကြွလာတော်မူသည်ကို မြင်ရကြလိမ့်မည်။-ဒံ၊ ၇:၁၃။ ဇာ၊ ၁၂:၁၀-၁၄။ ဗျာ၊ ၁:၇။ 31လူသားသည် မိမိတမန်တို့ကိုစေလွှတ်၍ တံပိုးခရာကို ပြင်းစွာမှုတ်စေတော်မူသဖြင့်၊ သူတို့သည် ရွေးချယ်တော်မူသော သူတို့ကို အရပ်လေးမျက်နှာ၊ ကောင်းကင်အောက်ထက်ဝန်းကျင်တို့မှ ခေါ်၍စုရုံးကြလတ္တံ့။
သင်္ဘောသဖန်းပင်မှသင်ခန်းစာ
(မာ၊ ၁၃:၂၈-၃၁။ လု၊ ၂၁:၂၉-၃၃။)
32သင်္ဘောသဖန်းပင်ကို အစွဲပြု၍ ပုံသက်သေတစ်ခုကို မှတ်ကြလော့။ သင်္ဘောသဖန်းပင်သည် အခက်အလက်နု၍ အရွက်ပေါက်သောအခါ နွေကာလနီးသည်ကို သင်တို့သိကြ၏။- 33ထိုနည်းတူ၊ ထိုအကြောင်းအရာအလုံးစုံတို့ကို မြင်ရလျှင် လူသားသည် တံခါးဝတိုင်အောင် အနီးသို့ ရောက်တော်မူသည်ကို သိမှတ်ကြလော့။- 34ငါအမှန်ဆိုသည်ကား၊ ယခုဖြစ်သောလူများ မကုန်မီ ထိုအကြောင်းအရာ အလုံးစုံတို့သည် ဖြစ်ကြလိမ့်မည်။- 35ကောင်းကင်နှင့် မြေကြီးမတည်သော်လည်း ငါ့စကား တည်လိမ့်မည်။-
ထိုအချိန်နာရီကိုမည်သူမျှမသိ
(မာ၊ ၁၃:၃၂-၃၇။ လု၊ ၁၇:၂၆-၃၀၊ ၃၄-၃၆။)
36ထိုအချိန်နာရီကိုကား အဘယ်သူမျှမသိ။ ကောင်းကင်တမန် မသိ။ ငါ့ခမည်းတော်တစ်ပါးတည်းသာ သိတော်မူ၏။
37လူသားသည် ကြွလာသောအခါ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ ဖြစ်လိမ့်မည်။-က၊ ၆:၅-၈။ 38ရေလွှမ်းမိုးခြင်း မဖြစ်မီကာလ၌ နောဧသည် သင်္ဘောထဲသို့ဝင်သော နေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဖက်လျက် နေ၍၊- 39ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည် တိုင်အောင် သတိမဲ့နေကြသည် နည်းတူ၊ လူသားကြွလာသောအခါ၌ ဖြစ်လိမ့်မည်။-က၊ ၇:၆-၂၄။ 40ထိုအခါ လယ်၌ရှိသော သူနှစ်ယောက်တို့တွင် တစ်ယောက်ကိုသိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတ္တံ့။- 41ကြိတ်ဆုံကြိတ်သော သူနှစ်ယောက်တို့တွင် တစ်ယောက်ကိုသိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတ္တံ့။- 42သင်တို့အရှင်သည် အဘယ်အချိန်နာရီ၌ ရောက်လာမည်ကို သင်တို့မသိသောကြောင့် စောင့်နေကြလော့။- 43သူခိုးလာမည်အချိန်နာရီကို အိမ်ရှင်သိရလျှင်၊ မိမိအိမ်ကို မထွင်းမဖောက်စေခြင်းငှာ၊ စောင့်နေလိမ့်မည်ကို သင်တို့သိကြ၏။-လု၊ ၁၂:၃၉-၄၀။ 44ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့ မထင်မမှတ်သော အချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်။
သစ္စာမဲ့ကျွန်
(လု၊ ၁၂:၄၁-၄၈။)
45အရှင်သည် မိမိအိမ်သူအိမ်သားအပေါင်းတို့အား အချိန်တန်လျှင် အစားအသောက်တို့ကို ဝေဖန်စေခြင်းငှာ အအုပ်အချုပ်ခန့်ထား၍၊ သစ္စာနှင့်လည်းကောင်း၊ သတိပညာနှင့်လည်းကောင်း ပြည့်စုံသောကျွန်ကား အဘယ်သူနည်း။- 46အကြင်ကျွန်သည် ဤသို့ပြုလျက်နေသည်ကို အရှင်သည် ပြန်လာ၍တွေ့၏။ ထိုကျွန်သည် မင်္ဂလာရှိ၏။- 47ငါအမှန်ဆိုသည်ကား၊ အရှင်သည် မိမိဥစ္စာရှိသမျှတို့ကို ထိုကျွန်၌ အပ်လိမ့်မည်။- 48သို့မဟုတ်မူကား၊ အကြင်ကျွန်ဆိုးက ငါ့အရှင်လာခဲလိမ့်မည်ဟု စိတ်ထဲ၌ အောက်မေ့သည်နှင့်၊- 49ကျွန်ချင်းတို့ကို ရိုက်ပုတ်လျက် သေသောက်ကြူးသော သူတို့နှင့်တကွ စားသောက်လျက်နေ၏။- 50ထိုကျွန် မကြည့်မမျှော်သောနေ့ရက်၊ မကြားမသိသော အချိန်နာရီ၌ သခင်သည် ရောက်လာလျှင်၊- 51ထိုကျွန်ကို ပြင်းပြစွာ ကွပ်မျက်ဆုံးမ၍၊ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာအရပ်၌ လျှို့ဝှက်သော သူတို့နှင့်တကွ နေရာချလတ္တံ့။

ရှင်မဿဲခရစ်ဝင် - ၂၄ (အနက်ဖွင့်)

၁၃။ သံလွင်တောင်ပေါ် မိန့်မှာချက်များ (အခန်း ၂၄-၂၅)

အခန်း ၂၄နှင့် ၂၅သည် ကိုယ်တော်ဘုရား၏ အရေးကြီးသော မိန့်မှာချက် မှတ်တမ်းများ ဖြစ်သည်။ ထို့ကြောင့် သံလွင်တော်င်ပေါ်မိန့်မှာချက်များဟု လူသိများသည်။ ပရောဖက်ပြု မိန့်မှာချက်များ တွင် ဘေးဒဏ်ကြီးကာလရောက်ရှိမည့် အကြောင်း၊ ဒုတိယအကြိမ်ကြွလာမည့်အကြောင်းဖြစ်သည်။ မိန့် မှာချက်များတွင် ဣသရေလလူမျိုးဟု အတိအကျဖော်ပြခြင်း မရှိပါ။ ကိုယ်စားပြုနားလည်နိုင်သော ပါလက် စတိုင်း (ဥပမာအားဖြင့် ထိုသို့မြင်ရသောအခါ ယုဒပြည်ရှိလူတို့သည် တောင်များပေါ်သို့ ပြေးကြစေဟု ၂၄:၁၆တွင်၎င်း ထွက်ပြေးမည့် အချိန်ကာလသည် ဆောင်းဥတု၌၎င်း၊ ဥပုသ်နေ့၌၎င်း မကျရောက်ပါစေနှင့် ဟု (၂၄:၂၀)တွင်၎င်း၊ ရွေးချယ်တော်မူထားသော သူများအဖို့ (၂၄:၂၂)တွင် ၎င်းဖော်ပြထားသည်) ပရော ဖက်ပြုချက်များနှင့် ပုံဥပမာများသည် အသင်းတော်မဟုတ်။ ဣသရေလများအမျိုးများဖြစ်သည်။

(က) ဗိမာန်တော်ပျက်သုဉ်းမည့် အကြောင်း ဗျာဒိတ်တော် (၂၄:၁-၂)

၂၄:၁-၂ ကျမ်းချက်အဖွင့်တွင် သခင်ယေရှုသည် ဗိမာန်တော်မှ ထွက်ခွာတော်မူသည် ဟု နိဒါန်းပျိုးထားသည်။ ထိုသို့ထွက်ခွာခြင်းသည် သင်၏ ဗိမာန်တော်ကို စွန့်ပစ်တော်မူလိမ့်မည် (၂၃:၃၈) ကျမ်းစကားပြည့်စုံခြင်းဖြစ်သည်။ ယေဇကျေလ ပရောဖက်ပြုခဲ့သည့် ဗိမာန်တော်မှ ကောင်းကြီးမင်္ဂလာ စွန့်ခွာမည့် အကြောင်း၊ (ယေဇာ ၉:၃၊ ၁၀:၄၊ ၁၁ါ်၂၃) အတိုင်းဖြစ်သည်။

တပည့်တော်များသည် သခင်ယေရှုအားရှေးမူလက်ရာဗိမာတော်ထဲရှိနေစေချင်ကြသည်။ ထာဝရကိုမမြင်၊ သင်္ခါရပုံရိပ်များကိုသာ မြင်တတ်ကြသည်။ သို့နှင့် သခင်ယေရှုက ဗိမာန်တော်သည် အုတ် တချပ်မှ ပုမှန်အတိုင်းမကျန်ရှိအောင်မြေကြီးပေါ်သို့ လုံးဝပြိုကျပြန့်ကြဲမည်ဟု သတိပေးလိုက်သည်။ တဖန် ပြန်လည်ကျပြန့်ကြဲမည်ဟု တိတုကြိုးစားခဲ့သော်လည်း မအောင်မြင်။ ခရစ်တော်၏ ဗျာဒိတ်တော်ပေးချက် အတိုင်းသာ ရှိသည်။ ဗမာန်တော်အား မီရှို့ကြသောအခါ ဗိမာန်တော်မှ ရွှေများသည် အရည်ပျော်ကြလျက် ကျောက်ခဲများအကြားတွင် စီးပျော်သွားသည်။ စစ်သားများက ထိုကျောက်ခဲများကို တတုံးပြီးတတုံး ဖယ်ရှား၍ ရွှေရေလိုက်ကဲ့ကြသဖြင့် ဗျာဒိတ်တော်အတိုင်း ကျေက်ခဲများပြိုကျပြန့်ကွဲခဲ့သည်။ ထိုအဖြစ်ဆိုး သည် အေဒီ ၇ဝခုနှစ် တွင်ရောမ၏ အစိုးရက ယေရုရှလင်မြို့အား ဖျက်ဆီးသည့် အကြောင်းဖြစ်သည်။

(ခ) ဘေးဒဏ်ကြီးကာလ ပထမပိုင်း (၂၄:၃-၁၄)

၂၄:၃ သံလွင်တောင်ပေါ်သို့ရောက်သွးကြသောအခါ တပည့်တော်များက သခင်ယေရှုအား မေးခွန်း (၃)ခုမေးကြသည်။

၁။ မည်သည့်အချိန်တွင် ထိုအဖြစ်အပျက်ပေါ်ထွန်းမည်နည်း။ ဗိမာန်တော်မည်သည့် အချိန် တွင် ပျက်စီးမည်နည်း။

၂။ ကိုယ်တော်ဘုရား ကြွလာမည့်အကြောင်း၊ မည်သည့် နိမိတ်လက္ခဏာဖြင့် သိရှိနိုင်မည် နည်း။ နိုင်ငံတော်တည်ထောင်ဖို့ ကိုယ်တော်ဘုရားကြွလာသောအခါ ဝိသေသလက္ခဏာ မည်သို့ထူးခြားမည်နည်း။

၃။ ကပ်ကမ္ဘာကုန်ဆုံးခြင်း အတိတ်နိမိတ် မည်သို့သိနိုင်မည်နည်း။ ခေတ်ကမ္ဘာကုန်ဆုံးသည် နှင့် တပြိုင်နက် ကိုယ်တော်၏ ဘုန်းတန်ခိုးဖြင့် အုပ်စိုးခြင်းအစပြုမှာလား။ (ဒုတိယမေးခွန်း နှင့် တတိယမေးခွန်းသည် အနှစ်သာရအတူတူဖြစ်သည်)။

ဤယုဒလူမျိုး တပည့်တော်များသည် ကမ္ဘာမြေပေါ်တွင် ကိုယ်တော်ဘုရားဘုန်းတခိုးဖြင့် အုပ်စိုးမည့်အချိန်ကို စောင့်မျှော်ငံ့လင့်နေကြပုံရသည်။ အသင်းတော်ချီးဆောင်ဖို့ ကိုယ်တော်ကြွလာမည့် အကြောင်းထည့်သွင်းမစဉ်စား။ ကိုယ်တော်ဘုရားပြန်လည်ကြွလာမည့် အကြောင်း တခုတည်းကိုသာစွဲ လန်းကြသည်။ ုရန်သူများကို နှိမ်နင်းအောင်မြင်၍ ကမ္ဘာကြီးအား ကိုယ်တော်ဘုရား ဘုန်းတန်ခိုးအပြည့် အစုံဖြင့် အုပ်စိုးမည့်အရေးကို သာမျှော်လင့် နေကြသည်။

ကမ္ဘာမြေကြီးကုန်ဆုံး ပျက်သုဉ်းမည့်အကြောင်းလည်း စိတ်မဝင်စားကြ။ ခေတ်ကာလ၊ ကပ်ကမ္ဘာကုန်ဆုံးမည့် အချိန်ကိုသာ လက်ချိုးရေတွက်မျှော်တော်ယောင်ဆိုက်နေကြသည်။

ပထမဦးမေးခွန်းကို တည့်တိုးမဖြေပါ။ ေအဒီ ၇ဝခုနှစ်တွင် ယေရုရှလင်မြို့ပျက်သုဉ်းမည့် အကြောင်းကို အတိတ်နိမိတ်ဖြင့်သာ (လု ၂၁:၂၀-၂၄)ဖြေသည်။ ပရောဖက်ပြုချက်များသည် တဖြည်း ဖြည်းခြင်းမှ အရှိန်အဟုန်သို့ တိုးတက်ပြောင်းလဲပြည့်စုံတတ်ကြောင်းနားလည်ရသည်။

ဒုတိယမေးခွန်းနှင့် တတိယမေးခွန်း၏ အဖြေကို အငယ် ၄-၁၄ တွင်တွေ့ရသည်။ ထိုဘေး ဒဏ်ကြီးကာလသည် (၇)နှစ်ကြမည်။ ပထမပိုင်း သုံးနှစ်ခွဲကာလ အကြောင်းကို အယ် ၄-၁၄တွင် ရှင်းပြ ထားသည်။ ဒုတိယပိုင်းသုံးနှစ်ခွဲကာလသည် ပိုမိုပြင်းထန်ဆိုးရွားလာမည်။ ယာကုပ်၏ ဘေးဒဏ်ကာလ (ယေ ၃၀:၇)ဟုလည်းခေါ်၍ ဆင်းရဲဒုက္ခခေါင်ခိုက်ချိန်ဖြစ်သည်။

ဘေးဒဏ်ကြီးကာလ ပထမပိုင်းရောက်သော အခါ လူများသည် အကျင့် စရိတ္တအမျိုးမျိုး ဖောက်ပြန်ကြမည်။ တိရစ္ဆာန်များသည် လူကဲ့သို့ လိမ္မာလာကြပြီး လူများသည် တိရစ္ဆာန်ဇာတ်ခင်းကြ မည်။ အသင်းတော်သည်လည်း ထိုဘေးဒဏ်ကြီးကာလကြုံတွေ့ရမည် (ယော ၁၄:၃၃)။ သို့သော် လွန်မြောက် ကျော်ဖြတ်ခွင့် ကတိတော်ပေးထားပြီးဖြစ်သည်။ ဘုရားသခင်၏ သားတော်ငြ်းပယ်ကြသူများနှင့် ခံစားခြင်း မတူညီနိုင်။

အသင်းတော်လောကထဲမှ ကယ်နှုတ်ခြင်းခံရမည် (၁သက် ၄:၁၃-၁၈)ဟုယုံကြည်ရသည်။ ဘုရားသခင်၏ အမျက်တော်မကျရောက်မီ ကယ်မခြင်းခံရမည် (၁သက် ၁:၁၀၊ ၅:၉၊ ၂သက် ၂:၂၁၊ ဗျာ ၃:၁၀)။

၂၄:၄-၅ ဘေးဒဏ်ကြီးကာလ ပထမပိုင်းတွင်မှားယွင်းသော မေရှိယသခင် အများအပြား ပေါ်ထွန်း၍ လူအများအပြားလိမ်ညာခြင်းခံကြရမည်။ မှားယွင်းသော ဂိုဏ်ဂဏနှင့် အယူအဆများ ပေါ် ထွန်းမည်။ ထိုမှားယွင်းသော ဘာသာရေးခေါင်းဆောင်များအနက်မိမိကိုယ်ကို ခရစ်တော်ဟုဆိုသူများ လည်းရှိမည်။

၂၄:၆-ရ စစ်တိုက်ခြင်းအကြောင်း၊ စစ်ပြင်ဆင်သော ကောလဟာလသတင်းကြားကြမည်။ လူမျိုးတမျိုးနှင့် တမျိုး၊ နိုင်ငံတနိုုင်ငံနှင် တနိုင်ငံရန်ဘက်ပြုကြလိမ့်မည်။ ထိုအဖြစ်အပျက်များကြုံတွေ့ သောအခါ ထိုနေ့ရက်ကာလရောက်ရှိပြီလားဟု စိုးရိမ်ကြမည်။ သို့သော်မဟုတ်သေးပါ။ ထို့နောက်တွင် လာစရာရှိသေးသည်။ အသင်းတော်ချီဆောင်ခြင်း (ယော ၁၄:၁-၆၊ ၁ယော ၁၅:၅၁-၅၇) လာဦးမည်။ ချီ ဆောင်ခြင်းကာလမရောက်မီ ပရောဖက်ပြုချက်ပြည့်စုံခြင်းရှိဦးမည်မဟုတ်။။ အသင်းတော်ကွယ်ပျေက် သောအခါ ပရောဖက်ပြုချက်များသည် အလျှိုလျှိုပေါ်ထွန်းပြည့်စုံလာ်ကြမည်။ ငတ်မွတ်ခေါင်းပါးခြင်း၊ ကာလနာပွားများခြင်း၊ ငလျင်ကြီးများလှုပ်ခတ်ခြင်းရှိလာမည်။ ကမ္ဘာလူဦးရေဒီရေအလားတိုးတက်များပြား လာသဖြင့် ပြည်သူ့ဘဝအတွက် စိုးရိမ်ပူပန်ကြမည်။ သို့သော် ထိုဒုက္ခများကို စစ်မက်ရေးရာက အချိန်တို အတွင်း ဖြေရှင်းသွားမည်။

မြေငလျင်ကြီးများလှုပ်လာမည်။ ထိုကိစ္စသည်လူများစွမ်းဆောင်ချက်မဟုတ်သော်လည်း သတိထားရမည့်အချက်ဖြစ်သည်။ ဤပရောဖက်ပြုချက်များသည် လေထဲတွင် ပျောက်လွင့် မည့်စကား မဟုတ်။ သခင်ဘုရား၏ နှုတ်တော်ထွက်စကားဖြစ်၍ အမှန်တကယ်ပြည့်စုံလာမည်။

၂၄:၈ ဤစိုလန့်ဖွယ်ကြမ္မာဆိုးများသည် အကင်းမျှသာဖြစ်သည်။ ကိုယ်ဝန်ဆောင်သားမွေး ခါနီးတွင်စတင် နာကျင်ခြင်းမျိုးသာဖြစ်သည်။ ဣသရေလဘုရင်မေရှိယ သခင်ရောက်တော့မည့် အကြောင်းဖြစ်မည်။

၂၄:၉-၁ဝ ယုံကြည်သူ ခရစ်ယာန်များသည် ထိုဘေးဒဏ်ကြီးကာလတွင် သစ္စာရှိရှိယုံကြည် ကြမည်။ တိုင်းနိုင်ငံသားများ၏ မျက်မုန်းကျိုးခြင်း ပိုမိုခံစားလာကြသည်။ ထိုမျှမက ဘာသာရေးစွပ်စွဲချက် များနှင့် နယ်ပယ်ရုံးတွင် ရုံးတင်စစ်ဆေးခြင်းများခံရမည် (မာ ၁၃:၉)။ သိုပသော်ယုံကြည်ခြင်းမစွန့်လွှတ်၊ သစ္စာမဖောက်နိုင်ကြသောကြောင့် မာတုရအများအပြား ပေါ်ထွန်းလာမည်။ ထိုသို့ စုံစမ်းစစ်ကြောခြင်း၊ စမ်းသပ်ခြင်းအမျိုးမျိုးခံကြရပြီးနောက် ယုဒလူမျိုး ယုံကြည်သူ ၁၄၄,၀၀ဝကို လက်ရွေးစင်ဆန်ကာတင် ရွေးထားမည်။

ဆင်းရဲဒုက္ခရောက်ခြင်း၊ သေခြင်းကို မမူဘဲ နောက်တော်သို့လိုက်သူများစွာလည်း ရှိလာမည် အချို့လူများသည် ဆွေပြတ်မျိုးပြတ်ဖြတ်တောက်ခြင်း၊ သစ္စာဖောက်ခြင်းခံကြမည်။

၂၄:၁၁ မှားယွင်းသော ပရောဖက်အများအပြားပေါ်ထွင်း၍ လူအများကို လိမ်လည်လှည့် ဖြားကြမည်။ ဤမှားယွင်းသော ပရောဖက်သည် အပိုဒ်ငယ် ၅တွင် ဖော်ပြသည့် မေရှိယအတုနှင့်မဆိုင်ပါ။ မှားယွင်းသော ပရောဖက်ဆိုသည်မှာ ဘုရားသခင်၏ အကြောင်းကို အမှောက်မှောက်အမှားမှား ပြောဆို ဟောကြားသူများဖြစ်သည်။ သူတို့ ပရောဖက်ပြုချက်များသည်လည်းအမှန်တကယ်ဖြစ်မလာ။ သွန်သင် ချက်များသည် စစ်မှန်သောဘုရားတရားအနှစ်သာရမဟုတ်။ လူ့အကြိုက်ဆောင်ခြင်းသာဖြစ်သည်။ ဘေးဒဏ်ကြီးကာလရှိ ထိုမှားယွင်းသော ပရောဖက်များသည် ယုဒလူမျိုးအကျင့် လက္ခဏာကဲ့သို့ ဖြစ် သည်။ မှားယွင်းသော ပရောဖက်များသည် ဣသရေလလူမျိုးတွင် ပေါ်ပေါက်ခဲ့သည့်နည်းတူ အသင်းတော် တွင်လည်း ကြောက်ခမန်းလိလိပေါ်ထွန်းလာကြမည် (၂ပေ ၂:၁)။

၂၄:၁၂ လူ့အကျင့် စရိုက်လက္ခဏာများကြမ်းတမ်းလာမည်။ တိရစ္ဆာန်စိတ်ဓါတ်ဝင်လာကြ မည်။ မေတ္တာတရားခေါင်းပါးလာကြမည်။ နေရာတိုင်းတွင် ကြင်နာခြင်း၊ စာနာခြင်းရှားပါးလာမည်။

၂၄:၁၃ သို့သော်အဆုံးတိုင်အောင် တည်ကြင်သူများကို ဘုရားသခင်က ကယ်တင်မည်။ ဤနေရာတွင် အဆုံးတိုင်အောင် သစ္စာမဖောက်တည်ကြည်သူများကို ကယ်တင်ခြင်းမပေးမည်ဟု ဆိုလို ခြင်းမဟုတ်။ ကယ်တင်ခြင်းသည် အဖိုးအခပေးစရာမလို။ ဘုရားသခင်က ကျေးဇူးတော်သက်သက်ဖြင့် ဆုလက်ဆောင်ပေးထားခြင်းဖြစ်ကြောင်း ကျမ်းချက်များစွာတွင် သွန်သင်ထားပါသည်။ အပြစ်သားများ ကိုယ်စားယေရှုဘုရားအသေခံခြင်းကို ယုံကြည်လျှင် လုံလောက်သည်။ နာမတော်၌ ဆင်းရဲဒုက္ခခံစား၍ မာတုရအဖြစ်အသေခံခြင်းသည်လည်း ကယ်တင်ခြင်းနည်းလမ်းမဟုတ်ပါ (ငယ် ၉)။ ယုံမှားသံသယမရှိဘဲ ခရစ်တော် ဒုတိယအကြိမ်ကြွလာသည့်တိုင်မြဲမြံစွာရပ်တည်ကြဖို့ တွန်းအားပေးခြင်းဖြစ်သည်။ ရပ်တည်ယုံ ကြည်ခြင်းသည် ကယ်တင်ခြင်းရဖို့ အာမခံချက်မဟုတ်ပါ။ ယုံကြည်ခြင်း တခုတည်းသာလျှင် ကယ်တင် ခြင်းနည်းလမ်းဖြစ်သည်။ ယုံကြည်ခြင်းရှိရမည် ဟုဆိုသော်လည်း လုံလောက်သော ယုံကြည်ခြင်းအရည် အချင်းပြည့်မီရမည်။

၂၄:၁၄ ထိုကာလအတောအတွင်းတွင် ကမ္ဘာအဝှမ်း၌ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိ စကားဟောကြားကြမည်။ လူမျိုးတိုင်းသို့ သက်သခံကြမည်။ နိုင်ငံတော်နှင့် ယှဉ်သော ဧဝံဂေလိတရားဆို သည်မှာ (၄:၂၃) တွင်ဖော်ပြသည့် ကမ္ဘာမြေပေါ်တွင် နိုင်ငံတော် တည်ထောင်မည့်အကြောင်း သတင်း ကောင်း ဖြစ်သည်။ ထိုဘေးဒဏ်ကြီးကာလအတွင်း ကိုယ်တော်ဘုရားအား လက်ခံယုံကြည်သူများသည် အနှစ်တထောင်အုပ်စိုးခြင်းကာလသို့ တောက်လျှောက်ပါဝင်စိုးစံခွင်ကြမည်။

ဤကျမ်းပိုဒ်ကို နိုင်ငံသားတိုင်း၊ လူမျိုးတိုင်း ဧဝံဂေလိသတင်းမကြားမချင်း အသင်းတော် ချီဆောင်ဖို့ ခရစ်တော်ဘုရားမကြွလာ သေးဟု မကြာခဏ မှားယွင်းစွာ အနက်ကောက်ကြသည်။ ခက်သည်က သန့်ရှင်းသူများလာရောက်ခေါ်ဆောင်ဖို့ထက် သန့်ရှင်းသူများနှင့် အတူကြွလာခြင်းကို ဦးစား ပေးကြသည်။ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားဆိုင်ရာတွင် ဘုရားသခင်၏ ကျေးဇူးတော် တရား အကြောင်းမဟုတ် (၄:၂၃ကိုကြည့်)။

ဤအကြောင်းနှင့် ပတ်သက်၍ အယ် ၃၊ ၁၄နှင့် ဗျာ ၆:၁-၁၁တို့ကို ကျမ်းပြိုင်အဖြစ်ကြည့်ရှု နိုင်သည်။ မြင်းဖြူစီးသူ မေရှိယအတု၊ မြင်းနီစီးသူ စစ်မက်ရေးရာ၊ မြင်းနက်စီးသူ ကာလနာရောဂါ သို့မ ဟုတ်သေခြင်းဟုဆိုထားသည်။ ဝိညာဉ်များမာတုရအဖြစ် ယဇ်ပုလ္လင်အောက်တွင် အသေခံကြမည်။ ဗျာ ၆:၁၂-၁ရ သည် မ ၂၄:၁၉-၃၁ နှင့် ဆက်စပ်နေသည်။

(ဂ) ထိတန်လန့်ဖွယ်ရာဘေးဒဏ်ကြီး (၂၄:၁၅-၂၀)

၂၄:၁၅ ဤကာလသည် ဘေးဒဏ်ကြီးကာလ၏ အထွဋ်အထိပ် အလယကာလဖြစ်သည်။ ဒံ ၉:၂ရ နှစ်လည်းဆက်စပ်သည်။  ဒံယေလက သီတင်းခုနှစ်ဆယ်၏ အလယ်ဟုဆိုထားရာ သုံးနှစ်ခွဲကာလ တွင် ယဇ်ပူဇော်ခြင်းနှစ်ဆက်ကပ်ခြင်း ပပျောက်မည်။ ယေရုရှလင်ဗိမာန်တော် ခြောက်သွေ့မည့်အ ကြောင်းဖြစ်သည်။ လူအားလုံးရုပ်တုဆင်းတု ကိုးကွယ်ရန် အမိန့်ပြဌာန်းကြမည်။ ထို့နောက်သေခြင်း အပြစ် ဒဏ်ခံကြမည်။ (ဗျာ ၁၃:၁၅)။

ထို့ကြောင့် ပရောဖက် ဒံယေလ ဟောသည့် အတိုင်း ဖျက်ဆီးတတ်သော ရွံရွာဘွယ်အရာ သည် သန့်ရှင်းသောအရပ်ဌာန၌ စိုက်နေသည် ကိုမြင်လျှင် ကျမ်းစာကြည်သောသူသည် နားလည် ပါစေ။

မရှိအပ်မရှိထိုက်သော အမင်္ဂလာများနေရာမှန်တွင် မရှိတော့လျှင် ဘေးဒဏ်ကြီးကာလ အစပြုသည်ပြီဟု မှတ်ယူကြရန် သတိထားပါသည်။ သို့ကြောင့်ပရောဖက်ပြုချက်များကို ဖတ်ရှုသူများက အနက်အဓိပ္ပါယ် နားလည်ကြရမည်။

၂၄:၁၆ ထိုအဖြစ်အပျက်ကို တွေ့မြင်သဘောပေါက်သော ယုဒလူများသည် ထိုရုပ်တုဆင်း တုမှားယွင်းသော အယူအဆကို ဒူးထောက်အညံ့မခံဘဲ၊ လွတ်ရာကျွတ်ရာ နီးစပ်ရာတောင်ပေါ်သို့ မနှေး အမြန်ပုန်းရှောင်ကြမည်။

၂၄:၁၇-၁၉ ထိုကာလဖြစ်ပျက်ဆိုးအတွက် ကိုယ်ပိုင်ချိန်မရှိ။ ပြင်ဆင်စရာမလို။ အိမ်ခေါင်မိုး ပေါ်ရောက်နေသူသည် အိမ်ထဲသို့ ပစ္စည်းသွားယူရန် အချိန်မရ။ သေရေးရှင်ရေးအရေးကြီးချိန်ဖြစ်သည်။ လယ်ထွန်နေသူသည်လည်း အိမ်ပြန်၍ အဝတ်အစားသွားယူမနေနှင့်။ ကိုယ်ဝန်ဆောင်မိခင်နှင့် ရင်သွေး ငယ်မိခင်မျးာသော ကဗျာပါဒပရိဒေဝတောက်လောင်သည့် အချိန်ဖြစ်သည်။ ကပြာကယာပြေးလွှားလုပ်ရ သော်လည်း လွတ်မြောက်မည်မဟုတ်။

၂၄:၂ဝ ယုံကြည်သူများကလည်း ထိုကာလသည် ဆောင်းကာလမဖြစ်ပါစေနှင့်၊ ဥပုသ်နေ့ မဖြစ်ပါစေနှင့် ဟု ဆုတောင်းကြမည်။ ဆောင်းရာသီသည် ဆွေမျိုးသားချင်းထံ အလည်အပတ်ခရီးသွား သောကာလဖြစ်သည်။ ဥပုသ်နေ့သည် ခရီးမသွားရန် ပညတ်တရားက တားမြစ်ထားသည့် နေ့ရက် (ထွက် ၁၆:၂၉)ဖြစ်သည်။ ဥပုသ်နေ့တွင် ခရီးသွားခြင်းသည် ပြဿဒါဖြစ်သည်။ ဘေးအန္တရာယ်နယ်မြေသို့ သွား ခြင်းနှင့် တူသည်။ သေမည့်နေ့တွင် စစ်တပ်ထဲဝင်ခြင်းဖြစ်သည်။

၂၄:၂၁ ကမ္ဘာဦးကာလမှစ၍ ယခုတိုင်အောင်မဖြစ်စဖူး၊နောက်လည်းမဖြစ်လတံ့သောကြီးစွာ သော ဒုက္ခသည် ထိုကာလ၌ ဖြစ်လိမ့်မည်။ ထိုကာလ၌လူ့သမိုင်းကာလတလျှောက် မကြုံစဖူးသောမျိုးတုံး၊ မျိုကန်းခြင်း၊ အစုလိုက်အပြုံလိုက်သေကြပျက်စီးခြင်း၊ လုယက်သတ်ဖြတ်ကြခြင်း၊ ထူးခြားဆန်းပြားခြင်း များ ကြုံတွေ့ရမည်။ သို့သော် ပရောဖက်ပြုချက်များသည် ထိုအဖြစ်အပျက်များဖြင့် အဆုံးမသတ်သေးပါ။ ကိုယ်တော်ဘုရား ဒုတိယအကြိမ်ကြွလာဦးမည်။

၂၄:၂၂ ထိုကာလသည် တာရှည်လျှင် မည်သူမှမလွတ်နို်င်။ ရွေးချယ်သောသူတို့အတွက် ထိုကာလကိုတိုစေသည်။ အကယ်၍ ထိုကာလသာမတိုတောင်းလျှင် အသက်ရှင် ကျန်ရစ်သူရှိမည်မဟုတ်။ သို့သော်ဘေးဒဏ်ကြီးကာလကို သုံးနှစ်ခွဲ ထက်လျှော့ချမည်ဟု ဆိုခြင်းမဟုတ်။ အချင်းချင်းတိုက်ခိုက် သတ်ဖြတ်လုယက် ကြသည့်နေ့အလင်းရောင်ရရှိသည့် ကာလလျှော့ချတိုတောင်းစေမည် ဟုဆိုလိုသည်။ ရွေးချယ်ထားသူများ (သခင်ယေရှုပိုင်ဆိုင်သူများ)ကို ထောက်ထားငဲ့ညှာ၍ ထိုသို့နေ့ရက်တာကို လျှော့ချ ခြင်းဖြစ်သည်။

၂၄:၂၃-၂၆ အခန်းငယ် ၂၃နှင့် ၂၄ တွင်မှားယွင်းသော ပရောဖက်အတုအယောင်များ နောက်သို့ ယုံမှား၍မလိုက်ကြဖို့ ထပ်မံသတိပေးထားသည်။ ကောလဟာလ သတင်းသည် မှိုကဲ့သို့ပေါက် လာမည်။ နေရာအနှံ့အပြားတွင် မေရှိယသတင်းပေါ်ထွန်းမည်။ အေးဆေးတည်ငြိမ်စွာခရစ်တော်ကို ယုံကြည်သူများသည်လည်း ထိုသတင်းစကားကို ယောင်ဝါးဝါး ဖြစ်သွားကြမည်။ ထိုသူများကလည်း ယုံ လောက်အောင်ပြောတတ်ကြမည်။ ထို့ကြောင့် သခင်ဘုရားကတပည့်တော်များအား ဒေန္တရသတင်းစကား များကို မယုံကြည်ကြဖို့ ကြိုတင်သတိပေးထားသည်။ အံ့ဘွယ်နိမိတ်လက္ခဏာတွေ့တိုင်း ဘုရားသခင်၏ နာမတော်ကြောင့်ဖြစ်သည်ဟုမထင်ကြနှင့်။ စာတန်လည်း ထိုကဲ့သို့ တက်စွမ်းနိုင်သည်။ ဖျက်ဆီးတတ် သောသူများသည် စာတန်၏ ဘုန်းတန်ခိုးဖြင့် အံ့ဘွယ်လက္ခဏာအမျိုးမျိုးယူဆောင်လာကြမည် (၂သက် ၂:၉-၁၀)။

၂၄:၂ရ ခရစ်တော်ဘုရားကြွလာမည့်အချိန်သည် မထင်မှတ်သည့် အချိန်ဖြစ်ပြီး ရုတ်တရက် ပေါ်ထွန်းလာမည်။ ကမ္ဘာမြေ၊ စကြဝဋာတခုလုံး ထိန်လင်းသွားမည်။ အရှေ့မှ အနောက်သို့ လျှပ်ပြက်သကဲ့ သို့ထင်ရှားမည်။

၂၄:၂၈ သေတတ်သော အသက်ရှိသူတိုင်းတရားစီရင်ခြင်းနှင့် ကင်းလွတ်ကြမည်မဟုတ်။ အသေကောင်ရှိရာသို့ ရွှေလင်းတတို့ စုဝေးကြလတံ့ အသေကောင်ဆိုသည်မှာ ယုဒဝါဒီများ၊ ခရစ်ယာန်အ မည်ခံများနှင့် ကမ္ဘာအဝှမ်းရှိ ခရစ်တော်နှင့် ထာဝရဘုရားသခင် ဆန့်ကျင်သူများဖြစ်သည်။ ရွှေလင်းတဆို သည်မှာ ဘုရားသခင်၏ အပြစ်စီရင်ခြင်းကို လူတိုင်းကြုံတွေ့ခံစားကြရမည့်အကြောင်း ဖြစ်သည်။

(ဃ) ဒုတိယအကြိမ်ကြွလာခြင်း (၂၄:၂၉-၃၁)

၂၄:၂၉ ဘေးဒဏ်ကြီးကာလအဆုံးသတ်သည့် နေ့တွင် ကောင်းကင်ပြင်၌ ကြောက်လန့်စိုး ထိပ်ဖွယ်ရာပေါ်ထွန်းလာမည်။ နေသည် မိုက်လိမ့်မည်။ လသည်အရောင်မပေး။ လသည် နေ၏အလင်း ရောင်အားကမ္ဘာမြေသို့ ရောင်ပြန်ဟပ်ခြင်းဖြစ်သောကြောင့် နေမလင်းလျှင် လသည်လည်းမှောင်မိုက်ပေ မည်။ ကြယ်များသည်လည်း လမ်းကြောင်းလွဲချော်လျက် ကမောက်ကမဖြစ်ကုန်မည်။ ထိုနက္ခတ်တာရာ များ၏ဖောက်ပြန်မှုကြောင့် မမ္ဘာမြေပေါ်တွင်လည်း ရာသီဥတုလှိုင်းလုံးနှင့် အလင်းရောင်များ ကသောင်းက နင်းဖြစ်ကုန်မည်။

အကယ်၍ ကောင်းကင်သည် ပုံမှန် အနေအထားတွင်မရှိဘဲ၊ ဖရိုဖရဲဖြစ်ကုန်လျှင် ကမ္ဘာမြေ ကြီးသည်လည်း ဝင်ရိုးမှလွတ်ထွက်သွားမည်။ ထိန်းမနိုင်သိမ်းမရစည်းစနစ်ပျောက်ပျက်ကုန်မည်။ ထိုအ ကြောင်းကို Velikovsky ကဤသို့ ဖော်ပြထားသည်။

မြေငလျင်ဒဏ်ကြောင့် ကမ္ဘာကြီးသိမ့်သိမ့် တုန်လှုပ်သွားမည်။ လေနှင့် ရေသည်လည်း ဒလ ဟောစီးဆင်းကြမည်။ ဟာရီကိန်းမုန်တို်င်းက ကမ္ဘာမြေကို တံမြတ်စည်းလှဲ သန့်စင်မည်။ ပင်လယ်သမုဒ္ဒရာ ရေကကုန်းမြေကို ဖုံးလွှမ်းဆေးကြောမည်။ ရွံ့နှင့်သဲများက ရေသတ္တဝါများကို ဖုံးဖိကုန်မည်။ အပူရှိန်ပြင်း ထန်လာသည်နှင့် အမျှ မီးတောင်များ ပေါက်ကွဲကုန်မည်။ ကျောက်ဆောင်၊ ကျောက်တောင်များ အရည် ပျော်ကုန်မည်။ ချော်ရည်များစီဆင်းလျက်နေရာအနှံ့ခြေချစရာ မရှိအောင်ဖုံးလွှမ်းမည်။ တောင်များပြိုကျ၍ မြေပြန့်လွင်ပြင်ဖြစ်ကုန်မည်။ ထိုသို့ပြိုကျခြင်းကြောင့် ချိုင့်ဝှမ်းများတောင်းကုန်း ဖြစ်လာကြမည်။ ပင်လယ် အင်းအိုင်များ ခမ်းခြောက်ကုန်လျက်မြစ်ချောင်းမား ရေစီးကြောင်းပြောင်းလဲကုန်မည်။ ကုန်းမြေများပင် လယ်ရေမျက်နှာပြင်အောက်သို့ ရောက်ကြမည်။ သစ်တောကြီးများ မီးလောင်နေစဉ်ဟာရီကိန်းမုန်တိုင်းမွှေ့ ရမ်း၍ ပတ်ဝန်ကျင်တခုလုံးမှောင်မိုက်မဲကုန်မည်။ သစ်ပင်များအမြစ်နှင့် အကိုင်းဇောက်ထိုးမိုးမျှော် ဖြစ်ကြ မည်ပင်လယ်များလည်း သကန္တာရဖြစ်သွားကြမည်။၄၅

၂၄:၃ဝ ထိုအခါ လူသား၏ နိမိတ်လက္ခဏာသည် ကောင်းကင်၌ ထင်ရှားလိမ့်မည် ဤနေရာတွင် နိမိတ်လက္ခဏာများဖော်ပြခြင်းမတွေ့ရပါ။ ကိုယ်တော်ဘုရား ပထမအကြိမ်ကြွလာစဉ်တွင် ကောင်းကင်မှာ ပုပ္ပကြယ်ပေါ်ထွန်းသည်။ ထိုကဲ့သို့ ပင်ဒုတိယအကြိမ်ကြွလာလျှင်လည်း အံ့ဖွယ်ကြယ်များ ပေါ်ထွန်းလာနိုင်သည်။ အချို့က လူသားတော်ကို်ယ်တော်တိုင်ဘွားကနဲ ပေါ်ထွန်းလာမည်ဟုယုံကြည်ကြ သည်။ ဤအပိုဒ်က မြေကြီးပေါ်ရှိလူသားအပေါင်းတို့ ငိုကြွေးကြမည်ဟု ဆိုထားသည်။ ခရစ်တော်အား ငြင်း ပယ်ခဲ့သည့်အတွက် နောင်တမျက်ရည်ဖြင့် ငိုကြွေးကြမည်မှာသေချပါသည်။ သို့သော် မြေကြီးသား ၄၆ ဆို သည်မှာ ဣသရေလတဆယ့်နှစ်မျိုးကို ရည်ညွန်းခြင်းဖြစ်သည်။ …. သူတို့သည်မိမိတို့ ထိုုးဖောက် သောင့ါ ကိုရှုမြင်ရကြလိမ့်မည်။ တယောက်တည်းသော သားအတွက် အဘသည်ငိုကြွေး မြည်တမ်းသကဲ့သို့ ထိုသူ အတွက် ငိုကြွေးမြည်တမ်းကြလိမ့်မည် (ဇာ ၁၂:၁၀)။

ထို့နောက်လူသားတော်သည် ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကို ဆောင်လျက် မိုဃ် တိမ်ကိုစီး၍ ကြွလာတော်မူသည်ကို မြင်ရကြလိမ့်မည်။ အဘယ်မျှ အံ့ဩဖွယ်ရာကောင်းပါသနည်း။ လူများ ကပြောင်လှောင်စော်ကား၍ တံထွေးထွေးခဲ့သောသူ၊ ကားတိုင်ပေါ်တွင် သတ်ခဲ့ကြသောသူသည် ဘုန်း တော်တန်ခိုးဖြင့် တဖန်ကြွလာသည်မှာ အံ့ဩကုန်နိုင်ဖွယ်ရာတည်း။ အောက်ကျို့နှိမ့်ချ၍ ယဉ်ကျေးသိမ်မွေ့ စွာလူ့လောက သို့ဆင်းသက်လာခဲ့သော ဘုရားရှင်၏ သရုပ်မှန်ကိုဖူးမျှော်တွေ့မြင်ခွင့် ရကြပြီ။ ပသခါ သိုးသူငယ်သည် ကေသရာဇာခြင်္သေ့မင်းအဖြစ် ကျက်သရေတင့်တယ်စွာပေါ်လာပြီ။ အညတြလက်သမား သားသည် ဘုရင်တို့၏ ဘုရင်၊ သခင်တို့၏ သခင်အဖြစ်ကြွချီလာပြီ။ စီးတော်မူသောရထားမှာ မိုဃ်းတိမ်ဖြစ် သည်။ ဘုန်တန်ခိုးအာနုဘော် ထိန်ထိန် ညီးလျက်ပေါ်ထွန်းတော်မူမည်။

၂၄:၃၁ ကိုယ်တော်ဘုရားကြွရောက်လာသော အခါ အရပ်ဆယ်မျက်နှာ ကမ္ဘာအနှံ့ရှိ ရွေးကောက်ထားလူမျိုး၊ ယုံကြည်သူ ဣသရေလ၊ ပါလက်စတိုင်းသားများအထံတော်သို့ လာရောက်စုစည်း ဖို့ကောင်းကင်မန်များကို တံပိုးမှုတ်ခိုင်းမည်။ ထိုတံပိုမှုတ်သံကြားသောအရိပ်တကာရှိလူများသည် အထံ တော်သို့တိုးဝင်ချဉ်းကပ်၍ ဘုန်းတော်တန်ခိုးဖြင့် စိုးစံကြမည်။

(င) သဖန်းပင်ပုံဥပမာ (၂၄:၃၂-၃၅)


၁၉၄၈ ခုနှစ်တွင်မူ ဣသရေလလူမျိုးသည် ကိုယ်ပိုင်၊ မြေပိုင်၊ ကိုယ့်အစိုးရ၊ ကို်ယ့်ငွေကြေး၊ ကိုယ့်အထိမ်းအမှတ်တံဆိပ်ရှိလာပြီ။ ဝိညာဉ်ရေးရာတွင်မူ အသီးအပွင့် မရှိသေး။ သို့သော် ရွက်နုဝေ၍ ရွက်သစ်ပေါက်နေပြီဟုဆိုနိုင်သည်။

၂၄:၃၃ ထိုနည်းတူ၊ ထိုအကြောင်းအရာအလုံးစုံတို့ကို မြင်ရလျှင် လူသားသည် တံခါးဝတိုင် အောင်အနီးသို့ရောက်တောမူသည်ကို သိမှတ်ကြလော့ ဣသရေလလူမျိုးပြန်လည်စုစည်းခြင်းသည် ဘေး ဒဏ်ကြီးကာလနီးသည်သာမက၊ ကိုယ်တော်ဘုရားတံခါးဝသို့ရောက်နေပြီဖြစ်ကြောင်းအမှတ်လက္ခဏာဖြစ် သည်။

ခရစ်တော်ဘုရား ရောက်လုရောက်ခင်ဖြစ်နေလျှင် အသင်းတော်ချီဆောင်မည့် ထိုရက်သည် အဘယ်မျှနီးကပ်နေပြီနည်း။ ကိုယ်တော်ဘုရားကြွလာမည့် အတိတ်နိမိတ်၊ အရိပ်အယောင်များတွေ့မြင် ရလျှင် ကိုယ်တော်ဘုရားကြွလာမည့် နေ့ရက်သည် နီးသထက်နီးကပ်လှပြီ (၁သက် ၄:၁၃-၁၈)။

၂၄:၃၄ သဖန်းပင်ကို လက်ညိုးထိုးကြပြီးနောက်သခင်ယေရှုက ငါအမှန်အကန်ဆိုသည် ကားယခုဖြစ်သော လူများမကုန်မီထိုအကြောင်းအရာအလုံးစုံတို့သည် ဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူသည်။ ယခုဖြစ်သော လူဆိုုသည်မှာ ခရစ်တော်က ထိုသို့ အမိန့်တော်ရှိစဉ်သက်ရှိ ထင်ရှားနေသူမဟုတ်ပါ။ ထိုသူများသည်အိုမင်းရွယ် လွန်သေဆုံးကုန်ပြီဖြစ်သည်။ ထိုသို့ဖြစ်လျှင် ဘာကိုဆိုလိုသနည်း။ ဖြစ်နိုင်ဖွယ် ရာနှစ်ခုရှိပါသည်။

F W Grant နှင့် အခြားယုံကြည်သူများက ထိုအဖြစ်အပျက်တွေ့သူများသည် အဆိုးကို လည်းတွေ့မြင်မည်ဟုထင်ကြသည်။၄၇ ဣသရေလလူမျိုးထကြွခြင်းကို တွေ့မြင်သူများသည် (ဘေးဒဏ် ကြီးစတင်ခြင်း တွေ့မြင်သူများသည်) သခင်ယေရှုမိုဃ်တိမ်စီး၍ ကြွလာခြင်းကိုလည်း တွေ့မြင်ကြရမည်ဟု နားလည်ရသည်။

ယခုဖြစ်သောလူဟူသော စကားကို မူရင်ဂရိဘာသာစကားတွင်လူမျိုး၊ အုပ်စု၊ လူမျိုးနွယ်စု၊ အသင်းအပင်း၊ မိသားစု (မ ၁၂:၄၅၊ ၂၃:၃၅-၃၆)ဟု အနက်ရသည်။ ထို့ကြောင့် ယုဒလူမျိုးသည် ဤဖြစ် ကြောင်းကုန်စင်ကို နဖူးတွေ့၊ ဒူးတွေ့ကြုံတွေ့ကြရမည်ဟုဆိုလိုသည်။ အခက်အခဲပြဿနာမျိုးစုံ ကြုံတွေ့ ဖြတ်သန်ခဲ့ကြရသော်လည်း ဆက်လက်ရှင်သန်နေသည်။

ယေရှုရှင်လက်ထက်ကာလ၌ဆိုထားသော ယခုဖြစ်သောလူ ဆိုသည်မှာ သခင်ယေရှုအား မေရှိယမဟုတ်ဟု သမိုင်းစဉ်တလျှောက်ငြင်းပယ်ကြသူများဖြစ်ပြီး ဒုတိယအကြိမ်ကြွလာသည့်တိုင်အောင် ငြင်းပယ်ဦးမည့် အကြောင်းဖြစ်သည်ဟု စရေးသူအနေဖြင့် ယုံကြည်သည်။ ခရစ်တော်ရှင် ဒုတိယအကြိမ် ကြွလာချိန်ထိငြင်းပယ်ကြမည့်အကြောင်းဖြစ်သည်ဟု ယုံကြည်ရသည်။ ထိုသို့တောက်လျှောက် ငြင်းပယ် ပုန်ကန်သူများသည် ချေမှုန်းခြင်းခံရပြီး ထိုအထဲမှ တမိပေါက်တယောက်ထွန်းယုံကြည်သူများသာ အနှစ် တထောင်အုပ်စိုးခြင်းကာလသို့ ချဉ်းနင်း ဝင်ရောက်ကြရမည်။

၂၄:၃၅ ကိုယ်တော်၏ နှုတ်တော်ထွက် စကားများသည် မှားယွင်းဖောက်ပြန်ခြင်းမရှိသည့် အတိုင်းဤစကားတော်သည်လည်း နစ္စထာဝရတည်မြဲမှန်ကန်မည့်အကြောင်းကိုယ်တော်ဘုရားက ကောင်း ကင်နှင့် မြေကြီးမတည်သော်လည်း င့ါစကားတည်လိမ့်မည်ဟု ကတိတော်ပေးထားသည်။ ကောင်းကင်မ တည်ဟုဆိုရာတွင် ဘုရားသခင်စိုးစံရာနေရာမဟုတ် (ကော ၁၂:၂-၄)။ ကြယ်နက္ခတ်တရာ၊ ဂြိုလ်အစုအ ဝေး၊ လှမ်းမြင်ရသော ကောင်းကင်ပြာများကို သာရည်ညွန်းခြင်းဖြစ်သည်။ ကောင်းကင်နှင့် မြေကြီး နေစရာ နေရာမရှိသည့် အကြောင်းကို (၃ပေ ၁၀-၁၃)နှင့် (ဗျာ ၂၀:၁၁) တို့တွင် သီးသန့်ဖော်ပြထားသည်။

(စ) အချိန်နာရီမသိနိုင် (၂၄:၃၆-၄၄)

၂၄:၃၆ သခင်ယေရှု ဘုရားဒုတိယအကြိမ်လူ့လောကသိုပ ပြန်လည်ကြွလာမည့် နေ့ရက်အ ချိန်နာရီကို အဘယ်သူမှမသိ။ ကောင်းကင်တမန်မသိ ငါ့ ခမည်းတော်တပါးတည်းသာသိ၏ ဟုဆိုထား သည်။ ဤကျမ်းစကားက ယုံကြည်သူများအားချည်နှောင်ခြင်းနှင့် ဝတ္တရားပြဒါန်းထားသည်။ ကောင်းကင် တမန်များ မသိရှိခြင်းသည်လည်း အံ့ဩစရာမဟုတ်။ ကောင်းကင်တမန်များ၏ အသိတရားသည်လည်း အကန့်အသတ်ရှိသည်။

အသိဉာဏ်ရှိသော သူများက ကိုယ်တော်ဘုရား၏ ပြန်လည်ကြွလာမည့်နေ့ရက်၊ လမသိရ သော်လည်းနှစ်ကိုမူ မှန်းဆနိုင်ပါသည်။ ဥပမာအားဖြင့် သုံးနှစ် ခွဲအလွန် ဗိမာန်တော်၌  ရုပ်တုဆင်းတုပူ ဇော်ခြင်း ပပျေက်ချိန် အစရှိသဖြင့် မှန်းဆနိုသည် (ဒံ ၉:၂၇၊ ထို့ပြင် ဒ ၇:၂၃၊ ၁၂:၇-၁၁၊ ဗျာ ၁၁:၂-၃၊ ၁၂:၁၄၊ ၁၃:၅တို့ကို လည်းကြည့်)။

၂၄:၃၇-၃၉ ထိုနေ့ရက်ကာလသို့ရောက်သောအခါ နောဧနေ့ရက်များကဲ့သို့ လူအများစု သည်ကျန်ရစ်ခဲ့မည်။ ရေလွှမ်းမိုးခြင်း မရောက်မီကာလတွင် လူများသည် ကြောက်ရွံ့ဖွယ်ရာဖြစ်သည်။ သောကြ၊ စားကြ မင်္ဂလာဆောင်ကြလျက် ပျော်ပါးကြသည်။ တနည်းအားဖြင့် ထိုအတိုုင်းထာဝရ ပျော်ပါးကြမည်ဟု ထင်မှတ်ကြသည်။ ရေလွှမ်းမိုးမည့်ကာလနီးကြောင်း ပြောပြသော်လည်း အယုံအကြည် မရှိကြ။ အမှန်တကယ်ရေလွှမ်းမိုးလာသောအခါ သင့်ပြင်ဆင်ထားခြင်းမရှိကြသဖြင့် အသက်ဘေးလွတ် မြောက်နိုင်သောနေရာသည် နောဧသင်္ဘောတနေရာသာရှိသည်။ ထိုသို့ပင် ထိုနေ့ရက်ရောက်သောအခါ အသက်လုံခြုံသောနေရာသည် သခင်ယေရှုထံတော်တွင်သာ ရှိမည်။

၂၄:၄၀-၄၁ လူနှစ်ယောက်လယ်ထဲတွင် အတူတူရှိနေစဉ် တယောက်ကို သိမ်းယူ၍ တယောက်သည် ကျန်ရစ်ခဲ့မည်။ ကြိတ်ဆုံ အတူတူကြိတ်နေကြသော သူနှစ်ယောက်တွင် တယောက်ကို သိမ်းယူ၍ တယောက်ကို ထားရစ်ခဲ့မည်။ (ဤကျမ်းပိုဒ်နှစ်ခုကို ချီဆောင်ခြင်းကာလ၌ ကယ်တင်ခြင်းရရှိ သူနှင့် မရရှိသူအဖြစ် ကိုးကားသွန်သင်လေ့ရှိကြသည်)။ ယုံကြည်သူသည်ကောင်းကင်နိုင်ငံသို့ ရောက်ရှိ၍ ကယ်တင်ခြင်းမရရှိသူသည် ကျန်ရစ်ခဲ့မည်။ ဤကျမ်းစကား၏ အနှစ်သာရသည် ကိုယ်တော်ဘုရားကြွ ရောက်စိုးစံမည့်အကြောင်းဖြစ်သည်။

၂၄:၄၂-၄၄ နေ့ရက်ချိန်ါ အတိအကျ မသိရသောကြောင့် တချိန်လုံးသတိဖြင့် စောင့်ဆိုင်းနေ မည်။ အကယ်၍ အိမ်ဖောက်ထွင်းခိုးဝင်မည့်အချိန်သိလျှင်အိမ်ရှင်သည် အဆင်သင့်စောင့် နေပေမည်။ သို့ သော်အချိန်အတိအကျမသိရသောကြောင့် ဇဲနှင့် စောင့်နေရသည်။ လူသားတော်သည် လူအများစိတ်ပျက် အားလျှော့မမျှော်လင့်တော့သောအချိန်တွင် ရောက်ရှိတတ်သည်။ ထို့ကြောင့် ယုံကြည်သူများသည် တချိန် လုံးခါးပန်စည်း၍ စောင့်ကြိုနေရမည်။

(ဆ) လိမ္မာသော်အစေခံနှင့် ဆိုးညစ်သော အစေခံပုံဥပမာ (၂၄:၄၅-၅၁)

၂၄:၄၅-၄ရ ဤအခန်းတွင် နောက်ဆုံးကျမ်းပိုဒ်တွင် သခင်ပြန်လာချိန် အသေအချာ စောင့် ကြိုသောအစေခံကောင်းအကြောင်း သင်ခန်းစာပေးထားသည်။ အစေခံမည်သည် အိမ်သူအိမ်သားများကို အချိန်မှန်ချက်ကျွေးလေ့ရှိသည်။ သို့သော်လည်း စိတ်စေတနာမပြည့်ဝသော အစေခံများမှာ ထိုသို့မဟုတ် ကြ။

ပညာရှိသော အစေခံထ့ဘုရားသခင်၏ လူများအားလုံးကို အပ်နှံခြင်းခံရမည်။ ထိုသူသည် နိုင်ငံတော်အတွက် လုပ်သင့်လုပ်ထိုက်သည်များကို စိတ်စေတနာအပြည်အဝဖြင့် လုပ်ဆောင်သူဖြစ်သော ကြောင့် သခင်၏ ဥစ္စာပစ္စည်းဟူသမျှကို ယုံကြည်စိတ်ချစွာအပ်နှံခြင်းခံရမည်။

၂၄:၄၈-၅၁ ဆိုသောအစေခံမူကားသခင်ပြန်လာမည့်အချိန်ကို အလေးမထား၊ ဥစ္စာပစ္စည်း များကိုလည်း ဂရုမစိုက်၊ နမောနမဲ့နေသော ခရစ်ယာန်မျိုးဖြစ်သည်။ အခြားစေခံများကိုလည်း ရိုက်နှက် ဖိနှိပ်၍ မူယစ်သောက်စားသူများနှင့် ပေါင်းဖော်မူးရူးသည်။ ထိုအပြုအမူသည် နိုင်ငံတော်ကို မျှော်လင့်ချက် မထားသောယုံကြည်သူနှင့်တူသည်။ ထိုသူမမျှော်လင့်သော အချိန်၌ နိုင်ငံတော်ပေါ်ထွန်းပါက ပြင်းပြစွာ ဆုံးမခြင်းခံရမည်။ ငိုကြွေးခြင်း၊ အံသွားကြိတ်ခြင်းခံရမည်။

ဤဥပမာသည် ခရစ်တော်တဖန်ကြွလာသော အခါကြုံတွေ့ရမည့် မြင်ကွင်းပုံဥပမာဖြစ် သည်။ ချီဆောင်ခြင်းကာလအတွင်းလည်း ဥပဒေသအဖြစ်ခံယူကျင့်သုံးနိုင်သည်။ ခရစ်ယာန်အမည်ခံ ယုံကြည်သူများသည် ခရစ်တော်အသိုင်းအဝန်းတွင်ပါရှိ၍ ထုံးစံအတိင်းသက်ဝင်လှုပ်ရှားနေကြသော်လည်း ခရစ်တော်ဘုရားပြန်လည်ကြွာမည့်အကြောင်းကို အလေးမထား။ ထို့ကြောင့် ထိုသူများသည် ကောင်းကြီး မင်္ဂလာအစား အပြစ်စီရင်ခြင်း၊ လက်ဆောင်ရရှိမည့်သူမျးာ ဖြစ်သည်။ မုန့်အစား ဒုတ်ရမည့်သူများဖြစ် သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။