ရှင်လုကာခရစ်ဝင် - ၁၈

မုဆိုးမနှင့်တရားသူကြီးဥပမာ
1လူတို့သည် အားမလျော့ဘဲကြိုးစား၍ ဆုတောင်းရမည်အကြောင်းကို ဥပမာစကားအားဖြင့် မိန့်တော်မူသည်ကား၊- 2မြို့တစ်မြို့၌ ဘုရားသခင်ကို မကြောက်ရွံ့၊ လူကို အားမနာတတ်သော တရားသူကြီးတစ်ယောက်ရှိ၏။- 3ထိုမြို့၌နေသော မုဆိုးမတစ်ယောက်သည် တရားသူကြီးထံသို့သွား၍၊ ကျွန်မရန်ဘက်ကို လက်စားချေလောက်အောင် အပြစ်အလျောက်ဒဏ် စီရင်ပါဟု တောင်းပန်သော်လည်း၊- 4တရားမစီရင်ဘဲ ကြာမြင့်စွာနေ၏။ ထိုနောက် တရားသူကြီးက၊ ငါသည် ဘုရားသခင်ကို မကြောက်ရွံ့၊ လူကို အားမနာတတ်သောသူ ဖြစ်သော်လည်း၊- 5ဤမုဆိုးမသည် ငါ့ကိုနှောင့်ယှက်သောကြောင့် သူ့ဘက်၌ တရားစီရင်မည်။ သို့မဟုတ် အစဉ်လာ၍ ငါ့ကို ပင်ပန်းစေလိမ့်မည်ဟု စိတ်ထဲ၌ အကြံရှိ၏။- 6မတရားသော ထိုတရားသူကြီး၏ အကြံကို မှတ်ကြလော့။- 7ဘုရားသခင် ရွေးကောက်တော်မူသော သူတို့သည် ညနေ့မပြတ် အော်ဟစ်၍ တောင်းလျှောက်လျှင်၊ ဘုရားသခင်သည် သူတို့ဘက်၌ တရားမစီရင်ဘဲ နေတော်မူမည်လော။ ကြာမြင့်စွာ သည်းခံတော်မူမည်လော။- 8ငါဆိုသည်ကား၊ သူတို့ဘက်၌ အလျင်အမြန် တရားစီရင်တော်မူမည်။ သို့သော်လည်း လူသားသည် ကြွလာသောအခါ ယုံကြည်ခြင်းကို မြေကြီးပေါ်မှာ တွေ့မည်လောဟု သခင်ဘုရားသည် မိန့်တော်မူ၏။
ဖာရိရှဲနှင့်အခွန်ခံ
9ကိုယ်ကုသိုလ်ကို အမှီပြု၍ သူတစ်ပါးကို မထီမဲ့မြင်ပြုတတ်သောသူ အချို့တို့အား မိန့်တော်မူသော ဥပမာကား၊- 10လူနှစ်ယောက်တို့သည် ဆုတောင်းပတ္ထနာပြုခြင်းငှာ ဗိမာန်တော်ပေါ်သို့ တက်ကြ၏။ တစ်ယောက်ကား ဖာရိရှဲဖြစ်၏။ တစ်ယောက်ကား အခွန်ခံဖြစ်၏။- 11ဖာရိရှဲသည် တစ်ယောက်တည်းရပ်လျက်၊ အိုဘုရားသခင်၊ သူတစ်ပါးတို့သည် အနိုင်အထက်လုယူခြင်း၊ မတရားသဖြင့်ကျင့်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း အပြစ်ရှိသကဲ့သို့ အကျွန်ုပ်၌မရှိသည်သာမက၊ ဤအခွန်ခံကဲ့သို့ပင် မဟုတ်သောကြောင့် ကျေးဇူးတော်ကြီးလှပေ၏။- 12အကျွန်ုပ်သည် ခုနစ်ရက်တွင် နှစ်ရက်အစာရှောင်ပါ၏။ ဥစ္စာရှိသမျှတို့ကို ဆယ်ဖို့တစ်ဖို့ လှူပါ၏ဟူ၍ ဆုတောင်းပတ္ထနာပြု၏။- 13အခွန်ခံမူကား၊ အဝေးကရပ်၍ ကောင်းကင်သို့ မမျှော်မကြည့်ဝံ့ဘဲ ရင်ပတ်ကိုခတ်လျက်၊ အို ဘုရားသခင်၊ အပြစ်များသော အကျွန်ုပ်ကို သနားခြင်းကရုဏာစိတ် ရှိတော်မူပါဟု ဆုတောင်းလေ၏။- 14ငါဆိုသည်ကား၊ ထိုသူသည် အပြစ်ပြေလျက် မိမိအိမ်သို့ ပြန်သွား၏။ ဖာရိရှဲမူကား အပြစ်မပြေ။ အကြောင်းမူကား၊ ကိုယ်ကိုကိုယ် ချီးမြှောက်သောသူ မည်သည်ကား၊ နှိမ့်ချခြင်းသို့ ရောက်လတ္တံ့။ ကိုယ်ကိုကိုယ် နှိမ့်ချသောသူမည်သည်ကား၊ ချီးမြှောက်ခြင်းသို့ ရောက်လတ္တံ့ဟု မိန့်တော်မူ၏။-မ၊ ၂၃:၁၂။ လု၊ ၁၄:၁၁။
သူငယ်များကိုကောင်းချီးပေးခြင်း
(မ၊ ၁၉:၁၃-၁၅။ မာ၊ ၁၀:၁၃-၁၆)
15ထိုအခါ သူငယ်တို့ကို လက်တော်နှင့်တို့စေခြင်းငှာ အထံတော်သို့ ဆောင်ခဲ့သည်ကို တပည့်တော်တို့သည် မြင်လျှင် အပြစ်တင်ကြ၏။- 16ယေရှုသည် ထိုသူငယ်တို့ကို ခေါ်တော်မူ၍ ငါ့ထံသို့လာပါလေစေ။ မဆီးတားကြနှင့်။ ဘုရားသခင်၏နိုင်ငံတော်သည် ထိုသို့သောသူတို့၏ နိုင်ငံဖြစ်၏။- 17ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ဘုရားသခင်၏နိုင်ငံတော်ကို သူငယ်ကဲ့သို့ မခံမယူ၊ ထိုသူသည် နိုင်ငံတော်သို့ မဝင်ရဟု မိန့်တော်မူ၏။
ဥစ္စာရတတ်သူ
(မ၊ ၁၉:၁၆-၃၀။ မာ၊ ၁၀:၁၇-၃၁)
18အရာရှိတစ်ယောက်က၊ ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကို အမွေခံရအံ့သောငှာ အကျွန်ုပ်သည် အဘယ်အမှုကို ပြုရပါမည်နည်းဟု မေးလျှောက်သော်၊- 19ယေရှုက၊ ငါ့ကို ကောင်းမြတ်သည်ဟု အဘယ်ကြောင့် ခေါ်သနည်း။ ဘုရားသခင်တစ်ပါးတည်းသာ ကောင်းမြတ်တော်မူ၏။- 20သင်သည် ပညတ်တော်တို့ကို သိသည်မဟုတ်လော။ သူ့မယားကို မပြစ်မှားနှင့်။ လူအသက်ကိုမသတ်နှင့်။ သူ့ဥစ္စာကိုမခိုးနှင့်။ မမှန်သောသက်သေကို မခံနှင့်။ မိဘကို ရိုသေစွာပြုလော့ဟု မိန့်တော်မူလျှင်၊-ထွ၊ ၂၀:၁၂-၁၆။ တရား၊ ၅:၁၆-၂၀။ 21အရှင်ဘုရား၊ ထိုပညတ်ရှိသမျှတို့ကို ငယ်သောအရွယ်မှစ၍ အကျွန်ုပ်စောင့်ရှောက်ပါပြီဟု လျှောက်ပြန်သည်ကို ယေရှုသည်ကြားလျှင် သင်သည် တစ်ခုလိုသေး၏။- 22ကိုယ်ဥစ္စာရှိသမျှကို ရောင်း၍ ဆင်းရဲသောသူတို့အား ပေးဝေလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ရလိမ့်မည်။ သို့ပြီးမှလာ၍ ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။- 23ထိုသူသည် များစွာသောဥစ္စာကို ရတတ်သောသူဖြစ်၍၊ ထိုစကားကိုကြားလျှင် အလွန်စိတ်မသာသည်နှင့် သွားလေ၏။
24ထိုသို့ စိတ်မသာသည်ကို ယေရှုသည် မြင်တော်မူလျှင်၊ ဥစ္စာရတတ်သောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ အလွန်ဝင်ခဲလှ၏။- 25ကုလားအုတ်သည် အပ်နဖားကို လျှိုလွယ်၏။ ငွေရတတ်သောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ခဲသည်ဟု မိန့်တော်မူ၏။- 26ကြားသောသူတို့ကလည်း၊ သို့ဖြစ်လျှင် အဘယ်သူသည် ကယ်တင်တော်မူခြင်းသို့ ရောက်နိုင်မည်နည်းဟု ပြောဆိုကြ၏။- 27ကိုယ်တော်ကလည်း၊ လူမတတ်နိုင်သောအမှုကို ဘုရားသခင်တတ်နိုင်တော်မူသည်ဟု မိန့်တော်မူ၏။
28ထိုအခါ ပေတရုက၊ အကျွန်ုပ်တို့သည် ရှိသမျှကို စွန့်ပစ်၍ ကိုယ်တော်နောက်သို့ လိုက်ကြပါပြီဟု လျှောက်လေသော်၊- 29ကိုယ်တော်က၊ ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ဘုရားသခင်၏ နိုင်ငံတော်ကြောင့်၊ အိမ်ရာ၊ မိဘ၊ ညီအစ်ကို၊ သားမယားတည်းဟူသော တစ်ပါးပါးကို စွန့်၏။- 30ထိုသူသည် ယခုကာလ၌ အဆများစွာသော အကျိုးကိုလည်းကောင်း၊ နောင်ဘဝ၌ ထာဝရအသက်ကိုလည်းကောင်း ခံရလတ္တံ့ဟု မိန့်တော်မူ၏။
အသေခံရမည့်အကြောင်းတတိယအကြိမ်ဖော်ပြခြင်း
(မ၊ ၂၀:၁၇-၁၉။ မာ၊ ၁၀:၃၂-၃၄)
31ထိုအခါ ကိုယ်တော်သည် တစ်ကျိပ်နှစ်ပါးသော တပည့်တော်တို့ကို ခေါ်၍၊ ငါတို့သည် ယေရုရှလင်မြို့သို့ ယခုသွားကြ၏။ ပရောဖက်များ ရေးမှတ်သမျှသည် လူသား၌ ပြည့်စုံရလိမ့်မည်။- 32တစ်ပါးအမျိုးသားတို့လက်သို့ အပ်နှံခြင်း၊ ပြက်ရယ်ပြုခြင်း၊ ညှဉ်းဆဲခြင်း၊ တံတွေးနှင့် ထွေးခြင်းကို ခံရလိမ့်မည်။- 33သူတို့သည် လူသားကိုရိုက်ပုတ်၍ သတ်ကြလိမ့်မည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟု မိန့်တော်မူ၏။- 34ထိုစကားတော်တစ်ခွန်းကိုမျှ တပည့်တော်တို့သည် နားမလည်ကြ။ ထိုအကြောင်းအရာသည် ဝှက်ထားလျက်ရှိသည်ဖြစ်၍ မိန့်တော်မူချက်အနက်ကို မရိပ်မိကြ။
လူကန်းတစ်ဦးကိုမြင်စေခြင်း
(မ၊ ၂၀:၂၉-၃၄။ မာ၊ ၁၀:၄၆-၅၂)
35ယေရိခေါမြို့အနီး၌ ရှိတော်မူစဉ်တွင်၊ လူကန်းတစ်ယောက်သည် လမ်းနားမှာထိုင်၍ တောင်းစားလေ၏။- 36ထိုလူကန်းသည် လမ်း၌ လူများသွားသံကို ကြားလျှင် အဘယ်သို့ ဖြစ်သနည်းဟုမေး၏။- 37နာဇရက်မြို့သားယေရှု ကြွသွားကြောင်းကို သူတစ်ပါးပြောလျှင်၊- 38ဒါဝိဒ်၏သားတော်ယေရှု၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါဟု ဟစ်ကြော်လေ၏။- 39ထိုသူကို တိတ်ဆိတ်စွာနေစေခြင်းငှာ ရှေ့တော်၌ သွားသောသူတို့သည် ငေါက်၍ ဆိုကြသော်လည်း၊ ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါဟု သာ၍ ဟစ်ကြော်ကြလေ၏။- 40ယေရှုသည်လည်း ရပ်တော်မူလျက်၊ ထိုသူကို ခေါ်ခဲ့ဟု အမိန့်တော်ရှိ၏။ လူကန်းသည် အထံတော်သို့ ချဉ်းကပ်ပြီးမှ၊ သင်၌ အဘယ်သို့ ပြုစေလိုသနည်းဟု မေးတော်မူလျှင်၊- 41သခင်၊ အကျွန်ုပ်မျက်စိမြင်စေခြင်းငှာ ပြုတော်မူပါဟု လျှောက်လေသော်၊- 42ယေရှုက၊ မျက်စိမြင်စေ။ သင်၏ယုံကြည်ခြင်းသည် သင့်ကို ကယ်မပြီဟု မိန့်တော်မူ၏။- 43ထိုခဏချင်းတွင် ထိုသူသည် မျက်စိမြင်၍ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းလျက် နောက်တော်သို့ လိုက်လေ၏။ လူအပေါင်းတို့သည် မြင်လျှင် ဘုရားသခင်ကို အံ့ဩချီးမွမ်းကြ၏။

ရှင်လုကာခရစ်ဝင် - ၁၈ (အနက်ဖွင့်)

(ဆ) ဇွဲနဘဲကြီးသော မိုဆိုးမပုံဥပမာ (၁၈:၁-၈)

၁၈:၁ ဤမုဆိုးမဆုတောင်းခြင်း ပုံဥပမာက အားလျော့ခြင်းမရှိဘဲ ဆုတောင်းဖို့သွန်သင်ပါ သည်။ လူတိုင်း ဆုတောင်းခြင်းအားကြီးဖို့ ပြောပါသည်။ ဤနေရာတွင် အထူးသဖြင့် စုံစမ်းခြင်း၊ ခံစားသည့် အချိန်၌ မလျော့မန်သော ဇွဲလုံ့လဖြင့် ကြံ့ကြံ့ခံဆုတောင်းဖို့တိုက်တွန်းပါးသည်။ သခင်ခရစ်တော် ပထမကြွ လာခြင်းနှင့် ဒုတိယကြွလာခြင်းကြားကာလ တလျှောက်တွင် ဇွဲမလျှော့ဘဲ အမြဲဆုတောင်းနေရမည်။

၁၈:၂-၃ ပုံဥပမာထဲတွင် ဘုရားမကြောက်၊ လူကိုဂရုမစိုက် ခေါင်းမာသော တရားသူကြီး ရှိသည်။ မတရားဖိနှိပ် အနိုင်ကျင့်ခြင်းခံရသော မုဆိုးမလည်း ထိုရွာတွင်ရှိသည်။ ထို့ကြောင့် တရားသူကြီး ထံရောက်လာ၍ တရားသဖြင့် စီရင်ပေးဖို့ တောင်းပန်သည်။ လူရာသွင်းဖို့ မေတ္တာရပ်ခံသည်။

၁၈:၄-၅ တရားသူကြီးသည် မုဆိုးမ၏ စကားကို လေးမထား နားမစိုက်။ မုဆိုးမ၏ နစ်နာ ကြေးကို ကြားနာလုပ်ဆောင်ပေးခြင်းမပြု၊ ထိုမုဆိုးမသည် တရားနည်းလမ်းအတိုင်း တရားသူကြီးထံ အခွင့်အရေးတောင်းဆိုခြင်းဖြစ်သည်။ သူမ၏ နစ်နာချက်ဆုံးရှုံးချက်အတိုင်း ဆောင်ရွက်ပေးစေချင်သည်။

၁၈:၆-ရ ထိုပုံဥပမာယူ၍ တပည့်တော်များကို သခင်ဘုရားက ရှင်းပြသည်။ အကယ်၍ ထိုခေါင်းမာသော တရားသူကြီးက မုဆိုးမ၏ နစ်နာချက်များကို တရားသဖြင့် စီရင်ပေးလျှင် တရားမျှတ ခြင်းပြည့်စုံသော ဘုရားသခင်က ရွေးကောက်ထားသောသူများ အတွက် အဘယ်မျှ ဂရုစိုက်ပေးမည်နည်း။ ဤနေရာတွင် ဖော်ပြသော ရွေးကောက်သူဆိုသည်မှာ ဘေးဒဏ်ကြီးကာလတွင် ရွေးနှုတ်ခြင်းခံရသော ယုဒလူမျိုးကိုဆိုလိုသော်လည်း ခေတ်ကာကလအဆက်ဆက်ရှိဖိနှိပ်ခြင်းခံရသော ယုံကြည်သူစစ်စစ်များ လည်း အကြုံးဝင်သည်။ အဘယ်ကြောင့်ဆိုသော်ထိုကြားကာလတွင်သခင်ယေရှုကိုယ်တော်တိုင် လူသား များနှင့် အတူ စိတ်ရှည်သီးခံခဲ့သည်။ တစုံတယောက်ကိုမှလည်း မပျက်စီးစေလို။

၁၈:၈ သို့သော် လူသားများနှင့် အတူ စိတ်ရှည် သီးခံရမည့်ကာလသည် ကြာညောင်း တော့မည်မဟုတ်ပါ။ တပည့်တော်များကို ညှဉ်းပန်းနှိပ်စက်သူများအား အပြစ်ဒဏ်စီရင်ဦးမည် “သို့သော် လည်းလူသားသည် ကြွလာသောအခါ ယုံကြည်ခြင်းကို မြေကြီးပေါ်မှတွေ့ပါဦးမည်လား” ဟုစကားနိဂုံးချုပ် လိုက်သည်။ ထိုစကားမှာ မုဆိုးမကဲ့သို့ သော ယုံကြည်ခြင်းကို ဆိုဆိုခြင်းဖြစ်သည်။ ကိုယ်တော်ဘုရား ပြန်လာသောအခါ စစ်မှန်သော ယုံကြည်သူအနည်းငယ်သာ တွေ့ရှိမည်ဟု စစ်မှန်သော ယုံကြည်သူအ နည်းငယ်သာ တွေ့ရှိမည်ဟု ဆိုလိုဖြင်းဖြစ်သည်။ ထိုအချိန်ကာလအတွက် ယုံကြည်သူ များသည်လည်း နေ့နေ့ညည ဆုတောင်းစောင့်မျှော်အပ်ပေသည်။

(ဇ) ဖာရိရှဲနှင့် အခွန်ခံပုံဥပမာ (၁၈:၉-၁၄)

၁၈:၉-၁၂ နောက်ပုံဥပမာမှာ မိမိကိုယ်ကိုဖြောင့် မတ်သည် ဟုထင်မှတ်နေကြ၍ အခြားသူ များကိုမူ အထင်မြင်သေးသော ဘဝင်ရူးများအား ရည်ညွန်းခြင်းဖြစ်သည်။ ဖရိရှဲများဖြစ်ကြောင်း ယုံမှား သံသယဖြစ်ဖွယ်မရှိ။ ဖာရိရှဲသည် ဆုတောင်းဟန်ရှိသော်လည်း စိတ်နှလုံးအမှန်မဟုတ်။ ဘုရားတရား ကိုင်းရှိိုင်းလေဟန်၊ လူမြင်ကောင်းအောင်ရှိခိုးခြင်းဖြစ်သည်။ ဘုရားသခင်ရှေ့တွင် အခြားသူများထက် မြင့် မြတ်သည်ဟု မိမိ ကိုယ်ကိုထင်နေသည်။ ရှိခိုးဝပ်ပြုပုံသည် စစ်မှန်သော ယုံကြည်သူ ဆက်ကပ်သကဲ့သို့ ပြုမူတတ်ကြသည်။

၁၈:၁၃ အခွန်ခံမှာ ထိုသူနှင့် ဆန့်ကျင်ဘက်စိတ်သဘောထားရှိသည်။ မိမိဘဝမှန် အရှိကို အရှိအတိုင်း ဘုရားရှေ့တွင် ရိုးကျိုးစွာဝန်ခံသည်။ ခြေသုတ်ပုဆိုးမြေ စွယ်ကျိုးပမာစိတ်နှိမ့်ချသည်။ “ကောင်းကင်သို့ မမျှော်ကြည့်ရဲဘဲ၊ ရင်ဘတ်တီးလျက် ဘုရားသခင် ထံသနားခြင်း ကရုဏာစိတ်ရှိဖို့ ဆုတောင်းပဌနာပြုသည်။ သူ့ကိုယ်သူအား သူလူကိုယ်လူ အပြစ်သားဟု မထင်။ ဘုရားသခင်ရှေ့တွင် ရောက်ဖို့ မထိုက်တန် သော အပြစ်သားအဖြစ်ခံယူသည်။

၁၈:၁၄ အခွန်ခံ၏ ထိုသို့သော နှိမ့်ချခြင်းနှင့် နောင်တရခြင်းသည် ဘုရားသခင်လက်သင့် ခံသောစိတ်ဝိညာဉ် ဖြစ်သည်ဟု သခင်ဘုရားက တရားနာပရိသတ် ဝိညာဉ်ဖြစ်သည်ဟု သခင်ဘုရားက တရားနာပရိသတ်အား မီးမောင်းထိုးပြသည်။ စိတ်နှလုံးနှိမ့်ချသာအခွန်ခံသည် လိပ်ပြာသန့်သောကြောင့် အပြစ်ဖြေလျက်အိမ်ပြန်သွားသည်။ ဘုရားသခင်က စိတ်နှလုံးနှိမ့်ချခြင်းရှိဖို့ တိုက်တွန်းသည်။ သို့သော် ကာယကံရှင် ကိုယ်တိုင် ဩတ္တပ္ပစိတ်ကြည်လင်စွာအောက်ကျို့ဖို့လိုသည်။

(ဈ) ယေရှုနှင့် ကလေးသူငယ်များ (၁၈:၁၅-၁၇)

၁၈:၁၅-၁ရ ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရောက်မည့်သူသည် ကလေးသူငယ်ကဲ့ သို့ စိတ်နှလုံးသိမ်မွေ့နူးညံ့ရမည်ဟု ဖိအားပေးထားသည်။ မိခင်များက သားသမီးငယ်များအား သခင်ယေ ရှုက ကောင်းကြီးပေးဖို့ ခေါ်ဆောင်လာကြသည်။ တပည့်တော်များက သခင်ယေရှု စိတ်အနှောင့်အယှက် ပြုမည်စိုးသော ကြောင့်တားဆီးကြသည်။ သခင်ယေရှုက မဆီးတားကြနှင့်။ သူငယ်တို့ကို ငါ့ထံသို့ လာကြ ပါစေ။ ဘုရားသခင်၏ နိုင်ငံတော်သည် ထိုသို့သောသူတို့၏ နိုင်ငံဖြစ်သည် ဟုဆိုသည်။ (ငယ် ၁၆) သည် ကလေးသူငယ်များသေလွန်လျှင် မည်သို့ဖြစ်ကြမည်နည်းဟူသော မေးခွန်း၏ အဖြေစကားဖြစ်သည်။ ကလေးများသေလွန်လျှင်ကောင်းကင်နိုင်ငံသို့ သွားကြရမည်ဟု အတိအလင်းကျေညာထားပါသည်။

အသက်အရွယ် အသီးသီးရှိသော သူငယ်တိုင်းကယ်တင်ခြင်းရရှိပါသည်။ အသက်အရွယ် မတူညီကြသော်လည်း ကလေးသူငယ်များသည် ကလေးသူငယ်များသာဖြစ်သည်။ ကန့်သတ်ချက်မရှိ။ ယေရှုထံသို့ ယုံကြည်ခြင်းဖြင့် လာသူတိုင်း အကြုံးဝင်သည်။

ကယ်တင်ခြင်း ရရှိဖို့ရန် ကလေးသူငယ်သည် လူလားမြောက်စရာမလိုပါ။ သို့သော် အရွယ်ရောက်လူလားမြောက်စရာမလိုပါ။ သို့သော် အရွယ်ရောက်လူလားမြောက်သူများသည် ကောင်း ကင်နိုင်ငံထဲသို့ ဝင်ရောက်ဖို့ရန် ကလေးသူငယ်ကဲ့သို့ စိတ်သဘောသိမ်မွေ့နူးညံ့ဖို့လိုသည်။

(ည) ငယ်ရွယ်အရာရှိသူဌေးလေး (၁၈:၁၈-၃၀)

၁၈:၁၈-၁၉ ဤအခန်းတွင် ကလေးသူငယ် စိတ်သဘောထားမရှိသူတယောက် ကောင်း ကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ခွင့်မရပုံကို ပုံဥပမာ ပေးထားသည်။ တနေ့သောအခါ အရာရှိတပါးသည် သခင်ယေရှုထံရောက်လာပြီး ကောင်းသောဆရာ၊ ထာဝရအသက်အမွေခံရအံ့သောငှာ အဘယ်အမှုကို ပြုရမည်နည်း ဟုလာမေးသည်။ သခင်ဘုရားက ထိုသူ၏ ကောင်းသောဆရာဟူသော စကားကို ပြန်မေး လိုက်သည်။ ဘုရားသခင်တပါးတည်းသာလျှင် ကောင်းသူရှိပါသည်။ ဤနေရာတွင် သခင်ယေရှုက သူ့ကို သူဘုရားမဟုတ်ဟု ငြင်းပယ်ခြင်းမဟုတ်ပါ။ အရာရှိသူဌေးလေးက သခင်ယေရှုအားဘုရားသခင်ဟု ဝန်ခံ စေရန် ရေလာမြောင်းပေး မေးခွန်းထုတ်ခြင်းဖြစ်သည်။ အကယ်၍ သခင်ယေရှုသည် သူကောင်းဖြစ်လျှင် ထိုစကားအရ ဘုရားသခင်ဖြစ်ရပေမည်။ မှန်ပါသည် ဘုရားသခင်တပါးတည်းသာလျှင်ကောင်းပါသည်။

၁၈:၂ဝ သခင်ယေရှုအား ထာဝရအသက်ကို အမွေခံရအံ့သောငှါ အဘယ်အမှုကိုပြုရမည် နည်း ဟု မေးလိုက်သည်။ ထာဝရအသက်သည် အမွေခံပစ္စည်းမဟုတ်သကဲ့သို့ အကျင့်သီလကျင့်ကြံခြင်း ဖြင့် ရယူစရာလည်းမဟုတ်ပါ။ ထာဝရအသက်ဆိုသည်မှာ ဘုရားသခင်က ယေရှုခရစ်တော်အားဖြင့် ပေး တော်မူသော လက်ဆောင်ဖြစ်သည်။ သခင်ဘုရားက ပညတ်တော်ဆယ်ပါး စောင့်ထိန်းလော့ဟု ဆိုသည်။ သို့သော် ထိုသို့စောင့်ထိန်းခြင်းဖြင့် ထာဝရအသက်ရရှိသည်ဟုဆိုလိုခြင်းမဟုတ်သေး။ ပထမဦးစွာ အပြစ် ကိုသဘောပေါက်စေလိုသည်။ ပညတ်တော် ဆယ်ပါးမှငါးပါးသည် အချင်းချင်းမိဿဟာယဖွဲ့ရာတွင် ခိုင်မြဲ စေသည့် လုပ်ဆောင်ဖွယ်ရာဖြစ်သည်။ အခြားငါးပါးသည် ပညတ်ချက်များဖြစ်သည်။

၁၈:၂၁-၂၃ ဤပညတ်ချက်များသည် သူဌေးငယ်အတွက်အရေးပါအရာမရောက်ပါ။ အဘယ်ကြောင့်ဆိုသော်ငယ်စဉ် တောင်ကျေးဘဝမှ စောင့်ထိန်းလာသည်။ သခင်ယေရှုက စောင့်ထိန်းရန် ပျက်ကွက်သောအချက်တချက်ရှိသေးသည်ဟု ထောက်ပြသည်။ အိမ်နီးနားချင်းများကို ချစ်ဖို့လိုသေးသည် အကယ်၍ ပညတ်ချက်များအားလုံး ပြည့်စုံပြီဆိုလျှင် ရှိသမျှပစ္စည်းကို ထုခွဲရောင်းချ၍ မရှိဆင်းရဲသားများ အား ပေးဝေရမည်။ သို့သော် ထိုသို့ရှိသမျှ ထုခွဲ၍  ပေးဝေရလောက်အောင် အိမ်နီးနားချင်းများကို မချစ်နိုင် မိမိဘဝကိုသာ စိတ်ဝင်စားသည်။ ထိုစကားကြားသောအခါ စိတ်ပျက် သွားသည်။ အဘယ်ကြောင့်ဆို သော်ထိုသူဌေးလေးသည် စည်းစိမ်ဥစ္စာ ချမ်းသာကြွယ်ဝသောကြောင့် နှမြောသည်။

၁၈:၂၄ ထိုသူဌေးလေး၏ ဖြစ်အင်ကိုကြည့်၍ သခင်ယေရှုက ဥစ္စာရတတ်သော သူသည် ဘုရားသခင်နိုင်ငံသို့ ဝင်ခဲလှ၏ ဟုမှတ်ချက်ချသည်။ ခက်ခဲရသည့်အကြောင်းမှာ ထိုစည်းစိမ်ဥစ္စာကိုသာ ခင်တွယ်စွဲလန်းကြခြင်းကြောင့်ဖြစ်သည်။

ဤသင်ခန်းစာသည် ယုံကြည်သူများနှင့် မယုံကြည်သူများလည်း အကြိုးဝင်သည်။ မိမိမှာ မူစည်းစိမ်ဥစ္စာဇိမ်ခံနေပြီး ဆင်းရဲမွဲတေငတ်ပြတ်နေသော အိမ်နီးနားခြင်း များအား စိတ်မဝင်စားလျစ်လှူ ရူထားလျှင် ခရစ်တော်၏ သတင်းကောင်းမည်သို့ဟောပြောရမည်နည်း။ မည်သို့သက်သေခံကြရမည်နည်း။

၁၈:၂၅ သခင်ယေရှုက “ကုလားအုပ်သည် အပ်နဖားကိုလျှိုလွယ်၏။ ငွေရတတ်သောသူ သည်ဘုရားသခင်၏ နိုင်ငံတော်သို့ဝင်ခဲသည်”ဟု မိန့်တော်မူသည်။ ဤသင်ခန်းစာမျိုးကို ပုံစံအမျိုးမျိုးဖြင့် ရှင်းပြခဲပြီးဖြစ်ပါသည်။ အချို့က အပ်နဖားဆိုသည်မှာ မြို့ရိုးပြရိုးများတွင် အတွင်းတံခါးဖြစ်သည်။ ထိုတံခါး သို့ဝင်ရာတွင် ကုလားအုပ်သည် ဒူးထောက်၍ ဝင်နိုင်လောက်သော တံခါးပေါက်ဖြစ်သည်ဟုဆိုကြသည်။ မည်သို့ပင်ဖြစ်စေကာမူ ဤကျမ်းပိုဒ်မှ အပ်နဖားသည် ဆရာဝန်များ အနာချုပ်ရာတွင် အသုံးပြုသည့် အပ်ဖြစ်သည်။ သခင်ယေရှု၏ စကားသည်လည်း ထိုအပ်နဖား  အဓိပ္ပါယ်သက်ရောက်သည်။ တနည်းအား ဖြင့်ထိုအပ်နဖားထဲသို့ ကုလားအုပ်ဝင်ရန် မဖြစ်နိုင်ပါ။ ထိုကဲ့သို့ပင်ကောင်းကင်နိုုင်ငံထဲသို့ ငွေရတတ်သူဝင် ရောက်ရန် ခဲယဉ်းသည်။ စည်းစိမ်ချမ်းသာများ ကို ဘုရားတဆူအဖြစ် ကိုးကွယ် နေသရွေ့ လူသော်၎င်း၊ ဝိညာဉ်တော်၎င်း၊ ကယ်တင်ခြင်းမရနိုင်။ သို့သော် ဤကျမ်းပိုဒ်က ဆင်းရဲသူများသို့ ကယ်တင်ခြင်း ရရှိကြ မည်ဟု မဆိုလိုပါ။ ကြေမွသော စိတ်နှလုံးဖြင့် ဘုရားရှင်ထံ ရောက်ရှိသူများသာ ကယ်တင်ခြင်း ရရှိပေ မည်။

၁၈:၂၆-၂ရ သခင်ယေရှု၏ စကားတော်ကို ကြားကြသောအခါ ထိုသို့ဆိုလျှင် မည်သူကယ် တင်ြခင်း ရရှိနိုင်တော့မည်နည်းဟု တပည့်တော်များ ငေးမှိုင်သွားကြသည်။ ကြွယ်ဝချမ်းသာခြင်းသည် ဘုရားရှင် ပေးသော ကောင်းကြီးမင်္ဂလာ (တရား ၂၈:၁-၈) မဟုတ်ပါလား။ ယုဒလူမျိုးများပင် ကယ်တင် ခြင်းမရလျှင် မည်သူရတော့မည်နည်း။ သခင်ဘုရားက လူမတတ်စွမ်းနိုင်သောအရာကို ဘုရားရှင် တတ်စွမ်းနိုင်သည်ဟုဆိုသည်။ တနည်းအားဖြင့် ဘုရားသခင်က လောဘတပ်မက်စိတ်နှင့် ရုပ်ဝတ္ထုပစ္စည်း များကို ချစ်မေတ္တာအဖြစ်သို့ ပြောင်းလဲပစ်နိုင်သည်။ ဘုရားသခင်အား မြတ်နိုးစိတ်သို့ ဖြစ်ထွန်းစေနိုင်သည် အံ့ဘွယ်ကျေးဇူးတော်ပါတကား။

တဖန် အစေခံသည် သခင်၏ အထက်သို့မရောက်နိုင်ဟူသော ကျမ်းစကားနှင့် ပတ်သက် ၍ ဘုရားသားသမီးများအတွက် အမေးကမ္ဘာတွေးစရာဖြစ်လာသည်။ သခင်ယေရှုသည် အသက်ဝိညာဉ် များ ကယ်တင်ဖို့ရန် ကောင်းကင်ဘုံရှင် ကြွယ်ဝသူဖြစ်သည်။ ဆင်းရဲကြပ်တည်းစွာနေရသော လူ့ကမ္ဘာတွင် ယုံကြည်သူများက စည်းစိမ်ခံဇိမ်ခံနေထိုက်ပါသည်လား။ ခရစ်တော် ဘုရားပြန်လာလျှင် ဝိညာဉ်များ၏ တန်ဖိုးကို အထင်အရှားတွေ့မြင်ကြရမည်။ ခရစ်တော်၏ ချစ်ခြင်းမေတ္တာနှင့် ဆန့်ကျင်သော ရုပ်ဝတ္ထု ပစ္စည်းများကို အမြတ်တနိုးထား သိမ်းဆည်းဖို့သင့်တော်ပါသလား။

၁၈:၂၈-၃ဝ ပေတရုက တပည့်တော်များသည် မိဘ၊ အိုးအိမ်၊ ကြင်ယာများကို ပစ်ထား၍ သခင်နောက်သိုပ လိုက်သူများဖြစ်ပါသည်။ မည်ကဲ့သို့ ရှိမည်နည်းဟု မေးလျှောက်သည်။ သခင်ဘုုရားက ထိုကဲ့သို့သောသူများသည် ဤလူ့ဘဝ၌ အကျိုးများစွာခံစားရမည်ဖြစ်သကဲ့သို့ နောင်ဘဝ၌ ထာဝရအ သက် ကိုလည်း ခံရလတ္တံ့ဟုဆိုသည်။ အခန်းငယ် ၃ဝ နောက်ပိုင်းပါ ထာဝရအသက်ရရှိမည့် အကြောင်း သည် လောကအရာစွန့်လွတ်ခြင်းဖြင့် ထာဝရအသက်ရမည် ဟုဆိုလိုခြင်းမဟုတ်၊ ကောင်းကင်နိုင်ငံတွင် ကောင်းကင်ပျော်ရွှင်ခြင်း ဘုန်းတန်ခိုးထပ်မံခံစားရမည့်အကြောင်းဖြစ်သည်။ ဘဝအသက်တာ ပြောင်းလဲ ခြင်း၏ အနှစ်သာရအရသာအပြည့်အဝနားလည်ခံစားရမည့် အကြောင်းဖြစ်သည်။

(ဋ) အသေခံမည့်အကြောင်း၊ ရှင်ပြန်ထမြောက်မည့် အကြောင်းဗျာဒိတ်တော်ပေးခြင်း (၁၈:၃၁-၃၄)

၁၈:၃၁-၃၃ သခင်ယေရှုက တပည့်တော်တဆယ့်နှစ်ပါးအား သူ့ကို စောင့်မျှော်ကြရမည့် အကြောင်း၊ တတိယအကြိမ်အသေးစိတ်ရှင်းပြသည် (ငယ် ၉:၂၂-၄၄ကိုကြည့်)။ ရှေးဟောင်းပရောဖက် များဗျာဒိတ်ပေးခဲ့ကြသည့်အတိုင်းကိုယ်တော်ဘုရားဒုက္ခဝေဒနာခံစားရမည်။ အသတ်ခံရမည်၊ ကျောက်ခဲ ဖြင့် ပေါက်သတ်ခြင်းခံရမည် ၅၂ ဟုထင်မှတ်ကြသည်။ သို့သော် ရှေးပရောဖက်များက သစ္စာဖောက်ခံရမည် ပြက်ယယ်ပြုခြင်း၊ ညှဉ်းဆဲခြင်း၊ တံတွေးထွေးခြင်းခံရမည်ဟုရေးသားထားသည်။ ရိုက်ပုတ်သတ်ဖြတ် ကြမည်။ သို့သော်တတိယမြောက်နေ့တွင် ရှင်ပြန်ထမြောက်မည်။

သခင်ယေရှုက ကြိုတင်သိရှိ၍ ဟောပြောခြင်းသည် အံ့ဖွယ်ကောင်းလောက်အောင် ပြဇာတ်ဆန်လှသည်။

ယေရုရှလင်သို့သွားကြရမည် (၁၈:၃၅-၁၉:၄၅)။ လူသားတော်သည် တပါးအမျိုးသားများ လက်ထဲသို့ အပ်နှံခြင်းခံရမည် (၁၉:၄၇-၂၃:၁) လူများ၏ ပြက်ယယ်ပြုခြင်း စော်ကားခြင်းခံရမည် (၂၃:၁-၃၂)။ အသေသတ်ခြင်းခံရမည် (၂၃:၃၃-၅၆)။ တတိယမြောက်နေ့တွင် ရှင်ပြန်ထမြောက်မည် (၂၄:၁-၁၂)

၁၈:၃၄ တပည့်တော်များသည် ထိုစကားကို နားမလည်ကြ။ စကားတော်၏ အဓိပ္ပါယ် သည်ဝှက်ထားလျက်ရှိသည်။ အဘယ်ကြောငက့် နားမလည်နိုင်အောင်နားဝေးနေကြသနည်း။ တပည့် တော်များ၏ စိတ်ထဲမှာ ရောမကျွန်အောက်မှ လွတ်မြောက်၍ လွတ်လပ်သောနိုင်ငံတည်ထောင်ဖို့ သာလျှင် နားလည်ကြသောကြောင့် ဖြစ်သည်။ မမျှော်မှန်း မမှန်းဆနိုင်ကြသောကြောင့် ဖြစ်သည်။ မမျှော်မှန်း မမှန်ဆကြသည်မှာ မှန်ပါသည်။ လူသည် မိမိထင်ရာကိုသာ စွဲလန်းလိုရာ ဆွဲတွေးတတ်ကြသည်မဟုတ် လော။

(ဋ္ဌ) မျက်မမြင်သူတောင်းစားအား မျက်စိအလင်းရစေခြင်း (၁၈:၃၅-၄၅)


၁၈:၃၈ ထိုမျက်မမြင်သည် မျက်စိမမြင်သောလည်း သခင်ယေရှုအနားသို့ ရောက်သော အခါ မေရှိယ သခင်မှန်းသိကြသည်။ အဘယ်ကြောင့်ဆိုသော် ဒါဝိဒ်၏သားတော်ဟု ခေါ်နိုင်ကြသည်။ သူတို့၏ မျက်မမြင်ဘဝကို ကူညီမစဖို့ အသနားခံကြသည်။

၁၈:၃၉ ထိုသူတောင်းစားအားငြိမ်သက်စွာနေ ရန်ဝိုင်းပြောကြသော်လည်း ထိုသူတောင်း စားသည်ကျန်းမာခြင်းရရှိလိုဇော အားကြီးသောကြောင့် သခင်ယေရှုကို ကုန်း၍ အော်ခေါ်သည်။ ပရိသတ်ကြီးက ဂရုမစိုက်။ သခင်ယေရှုကိုသာ စိတ်ဝင်စားကြသည်။


၁၈:၄၂-၄၃ ထိုဆုတောင်းချက်ကို သခင်ယေရှုက ယုံကြည်ခြင်းလက်ဆောင် ပေးလိုက်သ ဖြင့် ချက်ချင်းမျက်စိအလင်းရသွားသည်။ ထိုသူသည် ဝမ်းမြောက်ဝမ်းသာစွာဖြင့် ဘုရားသခင်၏ ဂုဏ်တော် ကို ချီးမွမ်း၍ နောက်တော်သို့ လိုက်သည်။ ဤနေရာတွင် မဖြစ်နိုင် သောအရာများကိုလည်း ရဲဝံ့စွာ ယုံကြည်ဖို့သွန်သင်ပါသည်။ ကြီးမားသော ယုံကြည်ခြင်းသည် ကိုယ်တော်အား ဂုဏ်ပြုချီးမွမ်းခြင်းဖြစ် သည်။

ကြီးမြတ်လှသောကိုယ်တော်ရှင်ဘုရား

ကြီးမားသောအမှုပြုတော်မူပြီ။

ကရုဏာတော်နှင့် ဘုန်းတန်ခိုးမျှ

ကြီးသော အရာမရှိပါတကား။

John Newton.

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။