ယောရှုမှတ်စာ - ၁၆
ယောရှုမှတ်စာ - ၁၆ (အနက်ဖွင့်)
၃။ ယောသပ်လူများ (အခန်း ၁၆၊၁၇)
၁၆:၁–၄ ယုဒလူများနောက်တွင် ယောသပ်အမျိုးလိုက်သည်။ ယောသပ်သည် မွေးရာပါအခွင့်အရေးရရှိသူ ဖြစ်သည်။ (နှစ်ထပ်ကွမ်းဝေစုရရှိသူ ၆ရာ၅:၁ကိုကြည့်) ရုဗင်၏ ဝေစုကိုလည်း ခံစားသည်။ ယောသပ်လူတို့၏ နယ်နိမိတ်များကို အငယ်၁-၄တွင် မှတ်တမ်းတင်ထားသည်။ ဧဖရိမ်အမျိုးနှင့် မနာရှေလူတစ်ဝက်များဖြစ်သည်။
၁၆:၅–၁၀ ဧဖရိမ်လူများ၏ နယ်နိမိတ်ကို အငယ်၅-၁၀တွင်တွေ့ရသည်။ အပိုဒ်ငယ်(၁၀)ကို သတိချပ်ပါ။ ဒေသခံခါနန်လူများကို အကုန်အစင်မောင်းထုတ်ခြင်းမပြုဘဲ ရောနှောနေထိုင်ကြသည်။ ကြာလာသောအခါ ဣသရေလလူထဲသို့ ပပျောက်သွားကြသည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။