ယေရမိအနာဂတ္တိကျမ်း - ၃၉
ယေရမိအနာဂတ္တိကျမ်း - ၃၉ (အနက်ဖွင့်)
(၅) ယေရုရှလင်ပျက်သုဉ်းခြင်း (အခန်း ၃၉)
၃၉:၁–၁၀ ဗာဗုလုန်သားများ၏ လက်ချက်ဖြင့် ယေရုရှလင်မြို့ သည်ဘီစီ ၅၈၆ ခုနှစ်တွင် ပြိုလဲပျက်စီးသည်။ ဇေဒကိ၊မင်းညီမင်းသား များ၊ စစ်သားများ ထွက်ပြေးကြသော်လည်း မလွတ်။ ရိဗလသို့ ဖမ်းဆီး ခေါ်ဆောင်သွားကြသည်။ ဘုရင်သားတော်များကို ကွပ်မျက်သည်။ ဘုရင်ကြီး၏ မျက်လုံးများ ထုတ်ပစ်သည်။ လက်လုပ်လက်စား၊ ဆင်းရဲသား ငမွဲငသေများကိုသာ ယေရုရှလင်တွင် ချန်ထားပြီး ၊ ရှိသမျှ စည်းစိမ်ရတနာများကို လုယူသိမ်းဆည်းသွားကြသည်။ ယေရုရှလင်မြို့ လည်းပျက်စီးသွားသည်။
၃၉:၁၁–၁၄ ဗာဗုလုန်ဘုရင် နေဗုခပ်နေဇာမင်းတရားကြီး၏ ညွှန်ကြားချက်အရ ကိုယ်ရံတော် တပ်မှူး နေဗုဇာရဒန်သည် ယေရမိအား ညှဉ်းဆဲခြင်း မပြု။ ကောင်းမွန်စွာ ဆက်ဆံပြုစုသည်။ အချုပ်ဖြင့်မထား၊လွတ်လပ်စွာ ထားသဖြင့် အဟိကံ၏သားဝေဒီလိထံတွင် ယုံကြည်စိတ်ချစွာ နေခွင့် ရသည်။
၃၉:၁၅–၁၈ ယေရမိသည် ကုရှင်အမျိုးသားဧဒမေလက်အား ဘုရားသခင်က အသက်ဘေးအန္တရာယ်မရှိ၊ လုံခြုံစွာ ရှိစေမည့်အကြောင်း ပရောဖက်ပြုသည်။ အသက်ဘေးရန် ရောက်သောကာလ၌ လုံခြုံမှုပေးမည် ဟုဆိုသည်။ အပိုဒ် ၁၅-၁၈ သည် ၃၈း၁၃ နောက်နားတွင် ရှိလျှင် ပိုမိုဆက် စပ်မည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။