ဟေရှာယအနာဂတ္တိကျမ်း - ၉

နောင်အခါပေါ်ထွန်းမည့်ဘုရင်
1သို့သော်လည်း၊ ဒုက္ခဆင်းရဲခြင်းကိုခံရသောပြည်သည် နောက်မှ မှောင်မိုက်နှင့် ကင်းလွတ်လိမ့်မည်။ ဇာဗုလုန်ခရိုင်နှင့် နဿလိခရိုင်ကို အထက်က ရှုတ်ချတော်မူသော်လည်း၊ နောက်တစ်ဖန် အိုင်နားလျှောက်သောလမ်း၊ ယော်ဒန်မြစ်တစ်ဖက်၊ တစ်ပါးအမျိုးသားနေရာ ဂါလိလဲပြည်ကို ဂုဏ်အသရေနှင့် ပြည့်စုံစေတော်မူ၏။ 2မှောင်မိုက်ထဲမှာ သွားလာသော လူများတို့သည် ကြီးစွာသောအလင်းကို မြင်ရ၍၊ သေမင်း၏နိုင်ငံအရိပ်တွင်ရှိနေသောသူတို့၌ အလင်းပေါ်ထွန်းလျက်ရှိ၏။ 3ကိုယ်တော်သည် အမျိုးသားတို့ကို များပြားစေ၍၊ သူတို့၏ဝမ်းမြောက်ခြင်းကို တိုးပွားစေတော်မူ၏။ စပါးကိုစုသိမ်းရာကာလ၌ ဝမ်းမြောက်သကဲ့သို့လည်းကောင်း၊ လုယူသောဥစ္စာကိုဝေသောသူ ဝမ်းမြောက်သကဲ့သို့လည်းကောင်း၊ ရှေ့တော်၌သူတို့သည် ဝမ်းမြောက်ကြပါ၏။ 4အကြောင်းမူကား၊ မိဒျန်လက်ထက်၌ ပြုတော်မူသကဲ့သို့၊ ကိုယ်တော်သည် သူတို့ထမ်းရသောထမ်းပိုး၊ ကျော၌ခံရသော တုတ်ကိုလည်းကောင်း၊ ညှဉ်းဆဲသောသူ၏ လှံတံကိုလည်းကောင်း ချိုးတော်မူပြီ။ 5စစ်တိုက်သောသူရဲ၏ခြေစွပ်နှင့် အသွေးလှသော အဝတ်တန်ဆာရှိသမျှတို့သည် မီးရှို့ဖို့မီးစာ ဖြစ်ရကြလိမ့်မည်။ 6အကြောင်းမူကား၊ ငါတို့အဖို့ သူငယ်ကိုဖွားမြင်၏။ ငါတို့အား သားကိုသနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်းအာဏာစက်ရှိလိမ့်မည်။ နာမတော်မူကား အံ့ဩဖွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူလိမ့်မည်။ 7ဒါဝိဒ်မင်း၏ ရာဇပလ္လင်ပေါ်မှာထိုင်၍၊ နိုင်ငံတော်ကို နောင်ကာလအစဉ်မပြတ်၊ တရားတော်အတိုင်း ဖြောင့်မတ်စွာစီရင်၍ အမြဲတည်စေတော်မူမည်အကြောင်း၊ အာဏာတော်တိုးတက်ခြင်းနှင့် ငြိမ်သက်တော်မူခြင်းသည် နိစ္စအမြဲရှိလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် အလိုတော်အားကြီး၍၊ ထိုအမှုကို ပြီးစီးစေတော်မူလိမ့်မည်။
ထာဝရဘုရားဆုံးမခြင်း
8ထာဝရဘုရားသည် ဗျာဒိတ်တော်ကို ယာကုပ်အမျိုးသို့လွှတ်၍၊ ဣသရေလအမျိုးအပေါ်မှာ သက်ရောက်စေတော်မူ၏။ 9အုတ်ရိုးပြိုသော်လည်း၊ ဆစ်သောကျောက်နှင့် တည်ပြန်မည်။ 10သဖန်းပင်များကို ခုတ်လှဲသော်လည်း၊ သူတို့အရာ၌ အာရဇ်ပင်များကို စိုက်ထားမည်ဟု မာနကြီးမားထောင်လွှားသော ရှမာရိမြို့သားမှစ၍ ဧဖရိမ်လူအပေါင်းတို့သည် သိရကြလိမ့်မည်။ 11ထာဝရဘုရားသည်လည်း၊ ထိုသူတို့တစ်ဖက်၌ ရေဇိန်မင်း၏ရန်သူတို့ကို ချီးမြှောက်၍၊ ဧဖရိမ်အမျိုး၏ရန်သူတို့ကို ထစေတော်မူသဖြင့်၊ 12ရှေ့၌ကား ရှုရိလူ၊ နောက်၌ကား ဖိလိတ္တိလူတို့သည် ပါးစပ်ဟ၍၊ ဣသရေလအမျိုးကို ကိုက်စားကြလိမ့်မည်။ သို့သော်လည်း၊ အမျက်တော်သည်မငြိမ်း၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
13ဤလူမျိုးသည် ဒဏ်ခတ်တော်မူသော သူထံသို့ မလှည့်မပြန်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားကို မရှာမဖွေတတ်။ 14ထိုကြောင့်၊ ထာဝရဘုရားသည် ဣသရေလအမျိုးမှ ဦးခေါင်းနှင့် အမြီးကိုလည်းကောင်း၊ စွန်ပလွံလက်နှင့် ကိုင်းပင်ကိုလည်းကောင်း တစ်နေ့ချင်းတွင် ခုတ်ဖြတ်တော်မူလိမ့်မည်။ 15ဦးခေါင်းကား၊ အသက်ကြီးသူနှင့် အသရေရှိသူတည်း။ အမြီးကား၊ မုသားကိုဟောပြောသော ပရောဖက်တည်း။ 16ဤလူမျိုးကို လမ်းပြသောသူတို့သည် လမ်းလွဲစေခြင်းငှာ ပြကြ၏။ လိုက်သောသူတို့သည်လည်း ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည်။ 17ထိုကြောင့်၊ ထာဝရဘုရားသည် သူတို့တွင်ရှိသော လူပျိုတို့ကို အားရတော်မမူ။ မိဘမရှိသောသူငယ်နှင့် မုဆိုးမတို့ကို သနားတော်မမူ။ ထိုသူအပေါင်းတို့သည် အဓမ္မပြုသောသူ၊ ဆိုးညစ်သောသူဖြစ်၍၊ မတရားသောစကားကို ပြောတတ်ကြ၏။ သို့ဖြစ်၍၊ အမျက်တော်သည် မငြိမ်း၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
18အဓမ္မသည် မီးကဲ့သို့ လောင်တတ်၏။ ဆူးပင်အမျိုးမျိုးကို ကျွမ်းစေမည်။ တောအုပ်ကိုလည်း မီးရှို့သဖြင့်၊ အပင်တို့သည် မီးခိုးနှင့်တကွ လွင့်တက်ကြလိမ့်မည်။ 19ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ အမျက်တော်ကြောင့်၊ မြေသည်မီးလောင်၍၊ မြေသားတို့သည် မီးမွှေးဖို့ ထင်းဖြစ်ကြလိမ့်မည်။ ညီအစ်ကိုချင်း တစ်ယောက်ကိုတစ်ယောက် မနှမြောရ။ 20လက်ယာဘက်၌ ခုတ်ဖြတ်သော်လည်း၊ ငတ်မွတ်လိမ့်မည်။ လက်ဝဲဘက်၌ ကိုက်စားသော်လည်း မဝရ။ အိမ်နီးချင်းအသားကို လူတိုင်း ကိုက်စားရလိမ့်မည်။ 21မနာရှေအမျိုးသည် ဧဖရိမ်အမျိုးကိုလည်းကောင်း၊ ဧဖရိမ်အမျိုးသည် မနာရှေအမျိုးကိုလည်းကောင်း ကိုက်စားကြလိမ့်မည်။ ထိုနှစ်မျိုးတို့သည် ယုဒအမျိုးကို တညီတညွတ်တည်း ရန်ပြုကြလိမ့်မည်။ သို့သော်လည်း၊ အမျက်တော်သည်မငြိမ်း၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။

ဟေရှာယအနာဂတ္တိကျမ်း - ၉ (အနက်ဖွင့်)

၉:၁-၅ မေရှိယသခင်ပေါ်ထွန်းလာမည့်အကြောင်းရှေးရှုဦးတည်ကြပါစို့။  ဣသရေလမြောက်ပိုင်းနယ်နိမိတ်ရှိ နသာလိခရိုင်သည်မြောက်ဖက်နိုင်ငံသား များကကျူးကျော်သိမ်းပိုက်၍၊ဂုဏ်သိက္ခာကျဆင်းခဲ့သော်လည်း ဘုရားသခင်ကဘုန်းတန်ခိုးကျက်သရေရှိသောမြေအဖြစ်ဘုရားရှင်ကသိက္ခာမြှင့်တင်ပေးမည်။ (တပါးအမျိုးသားများ၏နယ်မြေဂါလိလဲဒေသသည်ခရစ်တော်ဘုရားငယ်စဉ် တောင်ကျေးဘဝ လူလည်ရာနှင့် လူထုပရိသတ်သို့တရားတော်ဟောကြားရာအ ရပ်ဒေသတွင်လည်းပါဝင်သည်။) ခရစ်တော် ဘုရားပထမအကြိမ်လူ့လောကသို့ ကြွဆင်းလာခြင်းကြောင့်ဂါလိလဲပြည်သည်လင်းလက်တောက်ပြောင်ခဲ့သည်။  ကိုယ်တော်ဘုရားဒုတိယအကြိမ်ကြွမြန်းလာသောအခါကမ္ဘာမြေပေါ်၌ဆင်းရဲဒု က္ခနှင့်ကျေးကျွန်စနစ်များကုန်ဆုံးပပျောက်မည်။ ဆင်းရဲဒုက္ခအစားပျော်ရွှင် ခြင်းနှင့်သုခချမ်းသာပြည့်စုံလာကြမည်။

၉:၆ ကိုယ်တော်ဘုရားပထမအကြိမ်ကြွလာမည့်အကြောင်းကို အငယ်၆ ပထမအပိုင်းတွင်ဖော်ပြထားသည်။ “ငါတို့အဘို့သူငယ်ကိုဘွားမြင်၏။ ငါတို့ အားသားကိုသနားတော်မူသည်။ ” ပထမစာစုသည်ကိုယ်တော်ဘုရား၏လူ့ဇာတိခံခြင်းဖြစ်၍၊ ဒုတိယစာစုသည် ဇာတိတော်ဖြစ်သည်။ နောက်ပိုင်းစာစုများသည် ဒုတိယအကြိမ်ကြွလာမည့်အကြောင်းဖြစ်သည်။

ထိုသူသည်အုပ်စိုးခြင်းအာဏာစက်ရှိလိမ့်မည်။

ဘုရင်တကာတို့၏သခင်အဖြစ်အုပ်စိုးတော်မူမည့်အကြောင်းဖြစ်သည်။ ဤကျမ်းပိုဒ်စာစု၏အဓိပ္ပာယ်သည်ကိုယ်တော်ဘုရား၏ဘုန်းတန်ခိုး ရှင်းပြခြင်းဖြစ်သည်။

နာမတော်မူကားအံ့ဩဖွယ်။ အံ့ဩဖွယ်ဟူသောစကားလုံးသည်ဤနေရာတွင် နာမဝိသေသနမဟုတ်။ နာမ်ဖြစ်သည်။ ကိုယ်တော်ဘုရား၏ဂုဏ်အ သရေတော်နှင့်အမှုတေ်လုပ်ငန်းဖော်ပြသည်။

တိုင်ပင်ဖက်။  ကိုယ်တော်၏ဉာဏ်ပညာတော်ကြီးမားပုံ၊အရာခပ်သိမ်းကိုအုပ်စိုးပုံဖော်ညွှန်းသည်။

တန်ခိုးကြီးမားသောဘုရားရှင်။  နေရာတိုင်းတွင် ရှိ၍ ၊ အလုံးစုံသော အရာကို အစိုးရသူဖြစ်သည်။

ထာဝရ အဘ ။  ခမည်းတော်၊ ထာဝရကာလ၏ အရင်းအမြစ် ၊ ကိုယ်တော်တိုင် သည် နိစ္စထာဝရ၊ ကိုယ်တော်ကို ယုံကြည်မှီတင်းသူတိုင်း ထာဝရအသက် ပေးနိုင်သူဖြစ်သည်၏။  Vine က “(၁) ထာဝရကာလကို စိုးပိုင်သူ (၅၇:၁၅)၊ (၂) ချစ်ခြင်းမေတ္တာ၊ စိတ်ရှည်ခြင်း၊ သီ:ခံခြင်း၊ ဉာဏ်ပညာ၏ သခင်၊ ဉပဇ္စျာယ်ဆရာနှင့် စောင့်ရှောက်ထောက်ပံ့သူဖြစ်သည်” ဟု ဆိုသည်။

ငြိမ်သက်ခြင်းအရှင် (Sar-Shalo က  မငြိမ်မသက်  ဆင်းရဲဒုက္ခရောက်နေသော ကမ္ဘာမြေပေါ်သို့ငြိမ်သက်ခြင်းယူဆောင်သောသူ ဖြစ်သည်။

၉:၇ ကိုယ်တော်ဘုရား၏ အုပ်စိုးခြင်းသည် ငြိမ်သက်ခြင်း၊ တရား မျှတခြင်းရှိ၍ ဆုံးခန်းတိုင်ခြင်းမရှိ။  ဒါဝိဒ်မင်း၏ ရာဇပလ္လင် တော်ပေါ်တွင်   စိုးစံလျက် တရားမျှတစွာ တရားစီရင်မည်။  ဤအကြောင်းအရာကို မည်ကဲ့သို့ နားလည်နိုင်မည်နည်း။  တစ်ဘက်သက်ချစ်တော်မူသော လူမျိုးတော်ပေါ်တွင် ပြည့်စုံလာမည်။

၉:၈-၁၂ ဤကျမ်းပိုဒ်များတွင်တဖန်ထိတ်လန့်ဖွယ်ရာတရားစီရင်ခြင်းအကြောင်းကို လေးပိုဒ်ဖြစ်ဖော်ပြထားသည်။  ကျမ်းပိုဒ်အဆုံးတိုင်းတွင် မျှော်လင့် ချက်မင်္ဂလာစကားဖြင့် အဆုံ:သတ်ထားသည်။  “ အမျက်တော်သည် မငြိမ်းသော်လည်း လက်တော်သည် ဆန့်လျက်ရှိသေး၏”(ငယ်၁၂၊၁၇၊၂၁၊ ၁၀:၄) ။

ကတိတော်ကို ပြင်ဆင်ပယ်ဖျက်ရိုးမရှိသည့်အတိုင်း၊ ဣသရေလများသည် ထောင်လွှားမှုနှင့် မာန်မာနကြောင့်တရားစီရင်ခြင်းခံရ မည်ဖြစ်သော်လည်း နောင်တွင် ဘုန်းတန်ခိုးပိုမိုပြည့်စုံထွန်းတောက် လာကြ မည်။  သို့သော် အရှေ့အရပ်မှ ရှုရိပြည်သားများနှင့်အနောက်အရပ်မှဖိလိတ္တိ သားများကတဖန်ကျူးကျော်တိုက်ခိုက်လာကြဦးမည်။

၉:၁၃-၁၇ ထို့ထက်ဆိုးရွံ့ကြောက်လန့်ဖွယ်ရာမှာသင်းအုပ်များနှင့်ပရော ဖက်များကမဟုတ်မမှန်သွန်သင်ကြခြင်းကြောင့်တဆွေလုံးတမျိုးလုံးတပြည် လုံးပျက်စီးကြမည့်ယိုးယွင်းမှုကြီးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်ဘုရားတ ရားကင်းမဲ့လာကြမည်။ ဘုရားသခင်၏အမျက်တော်သည်ထိုသူများအပေါ်ကျ ရောက်မည်။ သို့သော်လည်းထိုသူများအပေါ်ဆန့်ထားသောလက်တော်မရုတ်။

၉:၁၈-၂၁ တမျိုးသားလုံးဆိုးသွမ်းယုတ်ညံ့ကြသဖြင့်တပြည်လုံးကိုမီးရှို့ ပြာကျ၍သန့်စင်မည်။ စစ်ဘေးစစ်ဒဏ်၊အာဏာရှင်မင်းဆိုးမင်းညစ်၊အစာရေ စာငတ်မွတ်ခြင်း၊အချင်းချင်းတိုက်ခိုက်လုယက်ခြင်း၊ဇာတ်တူသားစားခြင်း များပေါ်ပေါက်လာမည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။