ဟေရှာယအနာဂတ္တိကျမ်း - ၆၂

1ဇိအုန်မြို့တည်းဟူသော ယေရုရှလင်မြို့၏ ဖြောင့်မတ်ခြင်းသည် ရောင်ခြည်ကဲ့သို့လည်းကောင်း၊ သူ၏ ကယ်တင်ခြင်းသည် ထွန်းတောက်သော ဆီမီးခွက်ကဲ့သို့လည်းကောင်း မထင်ရှားမီတိုင်အောင် ထိုမြို့အတွက် ငါသည် တိတ်ဆိတ်ငြိမ်သက်စွာ မနေရ။ 2တစ်ပါးအမျိုးသားတို့သည် သင်၏ဖြောင့်မတ်ခြင်းကိုလည်းကောင်း၊ ရှင်ဘုရင်အပေါင်းတို့သည် သင်၏ ဘုန်းအသရေကိုလည်းကောင်း မြင်ရကြလိမ့်မည်။ ထာဝရဘုရား၏နှုတ်တော်ထွက်နာမသစ်ဖြင့် သင့်ကိုခေါ်ကြလိမ့်မည်။ 3သင်သည် ထာဝရဘုရား၏လက်တော်၌ တင့်တယ်သော ဦးရစ်၊ သင်၏ ဘုရားသခင်ကိုင်တော်မူသော မင်းမြောက်သရဖူ ဖြစ်လိမ့်မည်။ 4သင့်ကို၊ စွန့်ပစ်သောသူ ဟူ၍လည်းကောင်း၊ သင်၏မြေကို၊ လူဆိတ်ညံသောမြေဟူ၍လည်းကောင်း နောက်တစ်ဖန် မခေါ်ရ။ သင်သည် ငါနှစ်သက်သောသူ၊ သင်၏မြေသည် လက်ထပ်သောမြေဟူသောအမည်ကို ရလိမ့်မည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် သင့်ကို နှစ်သက်တော်မူ၏။ သင်၏မြေကိုလည်း လက်ထပ်ရလိမ့်မည်။ 5လူပျိုသည် အပျိုကညာနှင့် လက်ထပ်သကဲ့သို့၊ သင်၏သားတို့သည် သင်နှင့် လက်ထပ်ကြလိမ့်မည်။ မင်္ဂလာဆောင်လုလင်သည် မင်္ဂလာဆောင်သတို့သမီး၌ ဝမ်းမြောက်သကဲ့သို့၊ သင်၏ဘုရားသခင်သည် သင်၌ဝမ်းမြောက်တော်မူလိမ့်မည်။ 6အို ယေရုရှလင်မြို့၊ နေ့ညမပြတ် တိတ်ဆိတ်စွာမနေရသော လူစောင့်တို့ကို သင်၏မြို့ရိုးပေါ်မှာ ငါထားပြီ။ ထာဝရဘုရားကို အောက်မေ့စေသောသူတို့၊ တိတ်ဆိတ်စွာ မနေကြနှင့်။ 7ယေရုရှလင်မြို့ကို အမြဲတည်တော်မမူ၊ မြေကြီးပေါ်မှာ ချီးမွမ်းစရာအကြောင်း ဖြစ်စေတော်မမူမီတိုင်အောင်၊ ဘုရားသခင်ကို မငြိမ်စေကြနှင့်။ 8ထာဝရဘုရားက၊ သင်၏ရန်သူတို့ကို သင်၏စပါးနှင့် နောက်တစ်ဖန် ငါမကျွေး။ သင်သည် ကြိုးစား၍လုပ်သော စပျစ်ရည်ကို တစ်ပါးအမျိုးသားတို့သည် မသောက်ရကြ။ 9စပါးကိုရိတ်သောသူတို့သည် ကိုယ်တိုင်စား၍၊ ထာဝရဘုရားကို ချီးမွမ်းကြလိမ့်မည်။ စပျစ်သီးကို သိမ်းသောသူတို့သည် ငါ၏ သန့်ရှင်းရာဌာနတံတိုင်းအတွင်း၌ စပျစ်ရည်ကို သောက်ကြလိမ့်မည်ဟု တန်ခိုးကြီးသော လက်ယာလက်ရုံးတော်ကို တိုင်တည်၍ ကျိန်ဆိုတော်မူပြီ။
10မြို့တံခါးမှ ထွက်ကြ။ ထွက်ကြ။ လူများဖို့လမ်းကို ပြင်ကြ။ မြေဖို့ကြ။ ဖို့ကြ။ ကျောက်များကို ပယ်ရှင်းကြ။ လူများဖို့ အလံကိုထူကြ။ 11မြေကြီးစွန်းတိုင်အောင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင့်ကို ကယ်တင်သောသူသည် လာ၏။ မိမိခံထိုက်သောအခသည် မိမိ၌ပါလျက်၊ ဆုလာဘ်တော်သည် ရှေ့တော်၌ရှိ၏ဟု ဇိအုန်သတို့သမီးကို ပြောကြလော့။ 12သူတို့သည် သန့်ရှင်းသောသူ၊ ထာဝရဘုရား ရွေးနုတ်တော်မူသောသူ ဟူ၍လည်းကောင်း၊ သင်သည် သူတစ်ပါး မစွန့်ပစ်၊ စည်ပင်သောမြို့ဟူ၍လည်းကောင်း သမုတ်ခြင်းကိုခံရလိမ့်မည်။

ဟေရှာယအနာဂတ္တိကျမ်း - ၆၂ (အနက်ဖွင့်)

၅။ ယေရုရှလင်ပျော်ရွှင်ချမ်းမြေ့လာမည့်အကြောင်း    (အခန်း၆၂)

၆၂:၁-၅ ပြုထားသည့်ကတိတော်သားအားယေရုရှလင်သားများကအ သေအချာသဘောမပေါက်မခြင်း၊ဘုရားသခင်သည်ငြိမ်သက်တိတ်ဆိတ်မည်မ ဟုတ်။ အနားယူမည်မဟုတ်.တပါးအမျိုးသားများကဇိအုန်တောင်ကိုအထင်အ ရှားတွေ့မြင်ကြမည်။ မြို့တော်ကိုလည်းဘုရားသခင်ကနာမည်သစ်ကင်ပွန်း တပ်မည်။ ဘုရားသခင်ကိုယ်တော်တိုင်ကနှစ်လိုဖွယ်ရာသရဖူဆောင်းပေးမည်။  ထာဝရဘုရား၏လက်တော်၌တင့်တယ်သောဦးရစ်၊ဘုရားသခင်ချီးမြှင့်သော မင်းမြောက်သရဖူဖြစ်သွားမည်။ လူဆိတ်ညိမ်သောမြေ၊စွန့်ပစ်သောပြည်ဟူ သောနာမည်ဟောင်းကိုပယ်ဖျက်၍လက်ထပ်သောမြေ(Beulah)ဟုနာမည် သစ်ရမည်။ ဤအမည်နာမသည်ဘုရားသခင်ကမြို့တော်နှင့်ပြည်တော်အား သိမ်းပိုက်သည့်အကြောင်းဖြစ်သည်။ ယေရုရှလင်မြို့သူမြို့သားများသည်ဇိအုန် တောင်နှင့်လက်ထပ်ထိမ်းမြားကြမည်။ ဇိအုန်တောင်သတို့သားအရာအတွက်ဘုရားသခင်သည်ဝမ်းမြောက်ဝမ်းသာလက်ခုတ်သြဘာပေးမည်။

၆၂:၆-၉ ထိုကာလတွင်ယေဟောဝါဘုရားသခင်သည်ယေရုရှလင်မြို့ရိုး ပေါ်တွင်ကင်းစောင့်သဖွယ်ရပ်၍ယေရုရှလင်မြို့တည်ဆောက်ရေးမပြီးမချင်း လမ်းညွှန်ကြပ်မတ်မည်။ ယေရုရှလင်သည်ကမ္ဘာ့မြို့တော်ဘုရင်မဖြစ်လာမည် နယ်ချဲ့ရန်သူများကယေရုရှလင်မြို့ကိုတဖန်သိမ်းပိုက်ခြင်းမရှိစေရ။ ထိုသို့မပြု ကြသည့်အပြင်လိုလားနှစ်သက်စွာယေရုရှလင်ကိုလုပ်ကျွေးကြဦးမည်။

၆၂:၁၀-၁၂ ဖမ်းဆီးခံရသူများသည်ဗာဗုလုန်မြို့ထွက်ပေါက်တံခါးမှ ထွက်၍ပေတရာလမ်းမကြီးအတိုင်းခေါင်းမော့ရင်ကော့ကာပြည်တော်သို့ ပြန်ဝင်ကြပြီ။ မေရှိယသခင်၏ကယ်တင်ခြင်းကြောင့်လွတ်မြောက်လာကြခြင်း ကမ္ဘာသူကမ္ဘာသားများကြားသိကြမည်။ ဘုရားသခင်ကသူ့လူများကိုလက် ဆောင်ချီးမြှင့်မည်။ အမည်နာမသည်လည်းရကြမည်။ ”ဖြောင့်မတ်သူများ”ဟု ခေါ်ဝေါ်ကြမည်။ ‌ယေရှုရှလင်မြို့ကိုလည်း ‘စည်ပင်သောမြို့’ ဟု ခေါ်‌‌‌ဝေါ်ကြမည်။ ဤကျမ်းပိုဒ်သည်ဗာဗုလုန်မှလွတ်မြောက်လာခြင်းထက်ခရစ် တော်အားဒုတိယအကြိမ်ကြွလာခြင်းကိုရည်ညွှန်းဟန်တူသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။