ဟေရှာယအနာဂတ္တိကျမ်း - ၅၃

1ငါတို့ဟောပြောသော သတင်းစကားကို အဘယ်သူ ယုံသနည်း။ ထာဝရဘုရား၏ လက်တော်သည် အဘယ်သူအား ထင်ရှားတော်မူသနည်း။ 2ထာဝရဘုရား၏ကျွန်သည် အညွန့်ကဲ့သို့လည်းကောင်း၊ သွေ့ခြောက်သောမြေ၌ ပေါက်သောအတက်ကဲ့သို့လည်းကောင်း၊ ရှေ့တော်၌ ကြီးပွား၏။ ပမာဏပြုစရာ အဆင်းတင့်တယ်ခြင်းမရှိ။ ချစ်လိုဖွယ်သော မျက်နှာလက္ခဏာနှင့် မပြည့်စုံ။ 3မထီမဲ့မြင်ပြုခြင်းကိုခံ၍၊ လူတို့တွင်အယုတ်ဆုံးသောသူဖြစ်၏။ ငြိုငြင်သောသူ၊ နာကြည်းခြင်းဝေဒနာနှင့် ကျွမ်းဝင်သောသူ ဖြစ်၏။ သူတစ်ပါးမျက်နှာလွှဲခြင်းကို ခံရသောသူကဲ့သို့ ဖြစ်၏။ မထီမဲ့မြင်ပြုခြင်းကိုခံလျက်ရှိ၍၊ ငါတို့သည် မရိုသေကြ။ 4သို့သော်လည်း၊ ထိုသူသည် ငါတို့အနာရောဂါ ဝေဒနာများကို ယူတင်ဆောင်ရွက်လေ၏။ ဒဏ်ခတ်တော်မူခြင်းကိုလည်းကောင်း၊ ဘုရားသခင်ဆုံးမ၍ နှိမ့်ချတော်မူခြင်းကိုလည်းကောင်း ခံရသောသူဖြစ်သည်ဟု ငါတို့သည် ထင်မှတ်ကြပြီ။ 5ထိုသူသည် ငါတို့လွန်ကျူးခြင်း အပြစ်များကြောင့်၊ နာကျင်စွာ ထိုးခြင်း၊ နှိပ်စက်ခြင်းကို ခံရလေ၏။ ငါတို့၏ ငြိမ်သက်ခြင်းချမ်းသာကို ဖြစ်စေသော ဆုံးမခြင်းသည် သူ့အပေါ်သို့ရောက်၍၊ သူခံရသော ဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်လျက်ရှိကြ၏။ 6ငါတို့ရှိသမျှသည် သိုးကဲ့သို့လမ်းလွဲလျက်၊ ကိုယ်လမ်းသို့ အသီးအသီး လိုက်သွားကြသည်ဖြစ်၍၊ ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့၏အပြစ်များကို သူ့အပေါ်၌တင်တော်မူ၏။ 7ထိုသူသည် ညှဉ်းဆဲခြင်းနှင့် နှိမ့်ချခြင်းကိုခံ၍ နှုတ်ကို မဖွင့်ဘဲနေ၏။ အသေသတ်ခြင်းငှာ ဆောင်သွားသော သိုးသငယ်ကဲ့သို့ သူ့ကိုဆောင်သွား၍၊ သိုးသည် အမွေးညှပ်သောသူရှေ့မှာ မမြည်ဘဲနေသကဲ့သို့၊ သူသည် နှုတ်ကိုမဖွင့်ဘဲ နေ၏။ 8မတရားစွာ စီရင်ခြင်းအားဖြင့် သူ့ကိုထုတ်သွားကြ၏။ အသက်ရှင်သော သူတို့၏နေရာမှ သူ့ကို သုတ်သင်ပယ်ရှင်းသည်ဖြစ်၍၊ သူ၏အမျိုးအနွယ်ကို အဘယ်သူ ပြညွှန်မည်နည်း။ ငါ၏လူမျိုးအပြစ်ကြောင့် ဒဏ်ခတ်တော်မူခြင်းကို ခံလေ၏။ 9ပြစ်မှားခြင်းကို မပြု။ သူ၏နှုတ်၌ မုသားမရှိသော်လည်း၊ လူဆိုးတို့နှင့်အတူ မြေမြုပ်ခြင်းငှာ စီရင်ကြ၏။ သို့ရာတွင် သေပြီးမှ သူဌေး၌ရှိ၏။ 
10ထာဝရဘုရားသည် သူ့ကိုနှိပ်စက်ခြင်းငှာ အလိုတော်ရှိ၍ နာစေတော်မူ၏။ သူသည် အပြစ်ဖြေသောယဇ်ကို ပူဇော်ပြီးမှ၊ အမျိုးအနွယ်တော်ကို မြင်ရလိမ့်မည်။ အသက်တော်လည်းရှည်လိမ့်မည်။ ထာဝရဘုရား၏အကြံတော်သည်လည်း သူ၏လက်၌ ပြည့်စုံခြင်းသို့ ရောက်လိမ့်မည်။ 11မိမိစိတ်ဝိညာဉ်ခံရသော ဝေဒနာ၏အကျိုးကို မိမိမြင်၍ အားရလိမ့်မည်။ ထိုဖြောင့်မတ်သော ငါ၏ကျွန်ကိုသိကျွမ်းခြင်းအားဖြင့်၊ သူသည် အများသောသူတို့ကို ဖြောင့်မတ်ရာ၌ တည်စေလိမ့်မည်။ သူတို့၏အပြစ်ကို ကိုယ်တိုင်ဆောင်ရွက်ရ၏။ 12ထိုသို့ မိမိအသက်ကို သေခြင်း၌သွန်း၍၊ မတရားသောသူတို့နှင့် ရေတွက်ဝင်ခြင်းသို့ရောက်သဖြင့်၊ လူများတို့၏အပြစ်ကို ဆောင်ရွက်၍၊ မတရားသောသူတို့အဖို့ တောင်းပန်သောကြောင့်၊ လူကြီးတို့ကို သူ၏အဖို့ဖြစ်စေခြင်းငှာ ငါခွဲမည်။ အစွမ်းသတ္တိရှိသော သူတို့ကို သူ၏လက်ရဥစ္စာကဲ့သို့၊ ကိုယ်တိုင် ဝေဖန်ရသောအခွင့် ရှိလိမ့်မည်။

ဟေရှာယအနာဂတ္တိကျမ်း - ၅၃ (အနက်ဖွင့်)

၅၃:၁ နောင်တရ၍ ကျန်ကြွင်းသော ဣသရေလ လူနည်းစုက မေရှိယသခင် ပထမကြွလာမည့်အကြောင်း သတင်းစကား ဟောပြောကြသော် လည်း လူများစု က အယုံအကြည်မရှိကြ။  ထို့ကြောင့် လည်း ဘုရားသခင်၏ ကယ်တင်ခြင်းတန်ခိုးကိုလည်းလူများက မမြင်မတွေ့ရကြ။

၅၃:၂ ယေရှုခရစ်တော်သည် ယေဟောဝါဘုရားသခင်အဖြစ် လောက ဒုစရိုက်သားများအလယ် တွင် အပင်ပေါက်၊ အညွန့်သဖွယ် ငွားငွားစွင့်စွင့် ပေါက်လာသည့် ခြောက်သွေ့သောမြေပေါ်မှာပေါက်သောအညွန့်ဖြစ်သည်။  ဣသရေလသည် ခြောက်သွေ့သောမြေ၊ မြေဆီမြေနှင့်ကင်းမဲ့သော မြေသား ဖြစ်သည်။ ဣသရေလတို့ဘဝမှာ အလှအပ တစုံတရာမတွေ့။ အကျည်းတန် အရု်ဆိုးသည်။  ဆွဲဆောင်ဆွဲမက်စရာမရှိ။ မေရှိယ၏ အောက်ကျနောက်ကျ ပုံကို F.B. Meyer က ဤသို့ ရှင်းပြထားသည်။

ခြောက်သွေ့သော မြေပေါ်မှာ ပေါက်သော အညွန့်သည် ပတ်ကြား အက်ကို တိုး၍နွေနေပူရှိန်အကြားထဲမှာ လူးလွန့်ပေါက်ထွက်လာသည်။  သဘာဝအလှ စွဲမက်စရာအလျဉ်းမရှိ။ ထိုကဲ့သို့ပင် ဣသရေလခြောက်သွေ့မြေ မှပေါက်လာသော အညွန့်သည် ဓမ္မသစ်ကျမ်းကာလတွင် အညတြမိဘနှစ်ပါး မှ ပေါက်ဖွားလာသည်။  နွားစားခွက်တွင် သန့်စင်သည်။  သာမန်လူသား ဘဝခံယူ သည်။  တပည့်တော်များမှာလည်း တံငါသည်အုပ်စု ။ ဆင်းရဲသားဘဝပတ်ဝန်း ကျင်တွင် ကျင်လည်သည်။  အများပြည်သူ သာမန်လူများကို ပေါင်းသင်း သည်။  လက်ဝါးကပ်တိုင်ပေါ်တွင် တစ်ဘက်တချက်၌ သူခိုးနှင့် ဓါးပြ။ အသင်း တော်များတွင်လည်း ဘဝနုံခြာသူ အဆင့်နိမ့်သူများ။  အမှန်တကယ် အောက် ကျို့နောက်ကျို့ရှိခဲ့သည်။  သို့သော်လည်းဆင်းလာခဲ့သော နေရာသည် နှယ်နှယ် ရရမဟုတ်။ အမြင့်ဆုံးသော ကောင်းကင်ဘုံဘုရားသခင်ထံမှလာသည်။၆၂

၅၃:၃ လူများက မထီမဲ့မြင်ပြုနှင်ထုတ်ကြသည်။  မေရှိယသခင်၏ လူ့ဇာတိ ဘဝသည် ဝမ်းနည်းကြေကွဲစရာဖြစ်သည်။  လူသဘောစရိုက်အရ အယုတ်ညံ့ ဆုံး၊ အနိမ့်ဆုံ:နေရာယူခဲ့သည်။  ဣသရေလများကလည်း ဆေးဖေါ်ကြောဖက် မလုပ်ကြ။

ကြေကွဲခြင်းလူသား အမည်တွင်ရ ဘုရားသခင်၏သားတော် ရင်နာစရာ ပျက်စီးသော အပြစ်သားများကယ်ဖို့ကြွလာ ဟာလေလုယာ၊ ကယ်တင်ရှင် သခင် ။  ကြိမ်း မောင်းဆဲဆိုခြင်းနှင့် အရှက်တရား ငါ့ကိုယ်စား ဝင်ရောက် အစားထိုးရှာ အသွေးတော်ဖြင့် တံဆိပ်ခတ်၊အပြစ်များကယ်လွှတ် ဟာလေလုယာ၊ ငါ့ကယ်တင်ရှင်။

Philip B- Bliss

၅၃:၄-၆ ရွေးကောက်ထားသော လူနည်းစုသည် မေရှိယသခင်၏အကြောင်း ဖြစ်ရပ်မှန်သိရှိကြကုန်ပြီ။  ကျွန်ုပ်တို့၏ ဝမ်းနည်းစရာ အပြစ်သားဘဝ၊လက် ဝါးကပ်တိုင်ပေါ်သို့ ဆောင်ယူသွားပြီ။ သို့သော် အပြစ်သယ်ပိုးသောကြောင့် ဘုရား သခင်က အရေးယူခြင်းဖြစ်သည်ဟု ထင်မှားကြသည်။  ထိုသို့ မဟုတ် ပါ။   လူသားများ၏အပြစ်၊လူတို့၏ အကုသိုလ်၊အနိဌာရုံများကို ယူဆောင်  သွားခြင်းဖြစ်သည်။  လူသားများငြိမ်သက်ချမ်းသာရဖို့ဖြစ်သည်။  လူက ငါ့လှေ ငါထိုး ပဲခူးရောက်ရောက် ထင်ရာစိုင်း၍ လေလွင့်ပျက်စီးနေသော်လည်း ဘုရား သားတော်ကမကြည့်ရက်။ လူသားများအလဟာသ မပျက်စီ:စေချင်။  အပြစ်ကြွေးခံရမည်။ ထိုအပြစ်ကြွေးဆပ်ဖို့ ခရစ်တော်ဘုရားက ကို ယ်စားအသေခံပေးသည်။  ခြောက်ပြစ်ကင်း သဲလဲစင် ဘုရားသားတော်က အပြစ်သားများအစားထိုး အသေခံသည်။

ထိုနေ့ရက်ကာလတိုင်အောင် ရွေ:ကောက်ထားသော လူနည်းစု သည် ကိုယ်  တော်ဘုရားကို ယုံကြည်သစ္စာရှိကြမည်။  ယနေ့  ခရစ်ယာန်များကလည်း ဝန်ခံကြသည်။

လူသားများ ဒုစရိုက်ကြောင့် ကိုယ်တော်ဒဏ်ရာပြင်းထန်ရှာ

လူ့အပြစ် များကို ကားတိုင်ပေါ်သို့ ဆောင်ကြဉ်သွား

လူချမ်းသာဖို့ရာ အသက်ပေးသွား ရှာ

လူ့ဝန်ထုတ်များ ကင်းလွတ်သွား

လူ့ဒုစရိုက်ကြောင့် ကိုယ်တော်ခံရရှာ

လူ့ ိညာဉ်များချမ်းသာသွား ၊ ကိုယ်တော်ဝေဒနာအကျိုး။

ကိုယ်တော်ဘုရား လူသားများ အကုသိုလ်အလယ်

ကိုယ်တော်၏ဘုန်းတန်ခိုးထင်ရှား

ကိုယ်တော်ဘုရား ယဇ်ကောင်အဖြစ်ခံယူ

ကိုယ်တော်အားဖြင့် ပညတ်တရား ပြည်စုံသွား

ကိုယ်တော်က ရှိသမျှအပြစ်ယူဆောင်သွား။

လွတ်ပြီ၊ ကျွတ်ပြီ အပြစ်ဒုစရိုက်လောကမှ

သိုးထိန်းကောင်လေး၏သိုးကလေး

ရှိရာအရပ်မှလာခေါ်ယူ

ပျောက်သောတောမှရှာဖွေလျက်

အိမ်တော်သို့ခေါ်ဆောင်သွား

ဘုရားသခင်အိမ်တော်သို့ လုံခြုံစိုးစံရာ

Thomas O. Chishlom

သခင်ယေရှု ခရစ်တော်သည် လူသားများအပြစ်ကြောင့် ဒဏ်ချက်ပေါင်း များစွာ ခံစားသည်။  ဆေးပညာအရ ဒဏ်ရာဒဏ်ချက်ကို (၅) မျိုးခွဲခြားထား သည်။

တုံးသောလက်နက်ဖြင့်

ထုရိုက်ခြင်း                    – ဒုတ်ဒဏ်ရာ

ဆုတ်ပြဲသည့်ဒဏ်ရာ       – အသားအရေပြဲခြင်း

နစ်ဝင်သည့်ဒဏ်ရာ         – ဆူးခေါင်းရစ်အတင်းစွပ်ခြင်း

ထိုးဖောက်သည့်ဒဏ်ရာ  – သံမှိုက်နှက်ခြင်း

ခုတ်ရှသည့်ဒဏ်ရာ         – လှံဖြင့်ထိုးခြင်း

၅၃:၇-၈ သိုးသငယ်ကဲ့သို့ ဆိုသည်မှာ အမွှေးရိတ်သည့်သိုးသည် သခင်အား ဆင်ခြေမပေး၊ ငြိမ်ခံခြင်းမျိုးကို ဆိုလိုသည်။  ကိုယ်တော်သည် လည်း စောဒကမတတ်ဘဲ လက်ဝါးပေါ်သို့ ကျေနပ်စွာတက်သည်။  မတရား စီရင်ခြင်းအားဖြင့် သူ့ကို ထုတ်သွားကြ၏ ထိုစကားသည် ကိုယ်တော်၏ ကြီး မြတ်ခြင်းတန်ခိုးအား ဖြတ်တောက်ခြင်းမဟုတ်။ လူသားများ၏ အပြစ်ဒုစရိုက်ကြောင့် အသေခံခြင်းကိုဆိုလိုသည်။

၅၃:၉ လူဆိုးလူယုတ်များက ကိုယ်တော်ကို ရာဇဝတ်ကောင်အဖြစ် စွပ် စွဲချင်ကြသည်။  သို့သော် ထိုသို့ မဖြစ်ရ။  ဘုရားသခင်သည် တရားမှု၊ မတရားမှု ကို အကုန်မြင်သည်။  သေပြီ:မှသူဌေး၌ ရှိ၏ ဟု ကျမ်းစကားဆိုထားပါသည်။  အရိမဿသား ယောသပ်၏ အုတ်ဂူသစ်စက်စက်တွင် သင်္ဂြုဟ် ကိစ္စပြီ:ဆုံး ချင်ကြသော်လည်း ထိုသို့ မဖြစ်ရ။  ကိုယ်တော်သည် အပြစ်မလုပ်ုသာမပြော သော်လည်း လူတွေက အရှက်ခွဲချင်ကြသည်။

၅၃:၁ဝ-၁၁ ကိုယ်တော်ဘုရားသည် ခံစားရသော ဝေဒနာ၏အကျိုးသက် ရောက်မှုကို သိရှိသည်။  အပြစ်သားများအတွက်ကိုယ်တော်သည် စိတ်ဝိညာဉ် ကို ပေးလှူခဲ့သည်။  ထိုသို့ပေးလှူခြင်းသည် ယုံကြည်သူများ၏ ဝိညာဉ်ကောင်းကြီးမင်္ဂလာ ခံစားရာဖြစ်သည်။  ဆုံးစမထင်နိုင်သော ကိုယ် တော်၏ဘဝကို ထင်ရှားစေမည်။  ဘုရားသခင်၏ အကြံအစည်တော်သည် ယေရှုခရစ်တော်၌ ပြည့်စုံသည်။  ကိုယ်တော်သွန်းလောင်းသောအသွေး တော်ကြောင့်လူ့အပေါင်းသေခြင်းမှ ကယ်နှုတ်ခြင်းရကြသည်။  ထိုသို့ရရှိကြ ခြင်းကို ကိုယ်တော်ဘုရား အားရကျေနပ်သည်။

၅၃:၁၁(ခ) ငါ၏ ကျွန်ကို သိကျွမ်းခြင်းအားဖြင့် သူသည် အများသော သူတို့ကို ဖြောင့်မတ်ရာ၌တည်စေလိမ့်မည်။  ကိုယ်တော်ဘုရားကို သိကျွမ်းသူ များသည် ဖြောင့်မတ်သူများဖြစ်ကြသည်။  ထိုသိကျွမ်းခြင်းဆိုသည်မှာ ခရစ် တော်ဘုရားအသေခံခြင်း ရှင်ပြန်ထမြောက်ခြင်းသည် အဘဘုရားသခင်၏ အလိုတော်ဖြစ်သည်။  အလိုတော်အတိုင်း အသေခံသည်ဟု ယုံကြည်သူများ သည် ကိုယ်တော်၏ရှင်ပြန်ထမြောက်ခြင်း၌ အကျုံးဝင်သဖြင့် ကိုယ်တော်နှင့် အတူ ပြန်လည်ထမြောက်ကြရမည်ဟု အနက်ရသည်။  သို့မဟုတ် ကိုယ်တော် ဘုရားကို သိကျွမ်းသူများသည် ကိုယ်တော်ဘုရားကြွလာသောအခါ ဖြောင့် မတ်သူများဖြစ်သွားသည်ဟု အဓိပ္ပါယ်ကောက်နိုင်သည် (ယော ၁၇:၃)။  တနည်းအားဖြင့် ကိုယ်တော်ဘုရားက လူ့အပြစ်များ ယူဆောင်သွားရာတွင် ထိုသူများ၏ အပြစ်ဖြစ်သည်။

အထက်ပါ ကျမ်းပိုဒ်ကို အခြေခံ၍ Thomas Chisholm က တေးသီ ချင်းစပ်ဆိုထားသည်။

ကိုယ်တော်၏မျိုးရိုးဇာတိ မည်သို့သိနိုင်မည်နည်း။

ကားတိုင်အောင်ပွဲအကြောင်း မည်သူချီးမွမ်းနိုင်သနည်း။

လူသန်းပေါင်းများစွာ မွေးကြ၊ ရှင်ကြ၊ သေကြပြီ။

ဒဏ္ဍာရီပမာ ကိုယ်တော်ထင်ရှား

အောင်ပွဲခံဘုရား၊ အောင်ပွဲဆင်သခင်ဘုရား

အောင်နိုင်သူ သခင်ဘုရားကြွချီလာပြီ။

၅၃:၁၂ ပြီးပြည့်စုံသော အမှုတော်၏ အကျိုးရလာဒ် အခြားတစ်ခုမှာ ကိုယ်တော်၏ ကြီးမြတ်မှုကို ဝေငှခြင်းဖြစ်သည်။  ကိုယ်တော်ဘုရားထံသို့ မှီတွယ်သော သန့်ရှင်းသူများသည် ကိုယ်တော်ကဲ့သို့ ဘုန်းတန်ခိုးရရှိကြသည်။  အစွမ်းသတ္တိရှိသောသူ ဆိုသည်မှာ ယုံကြည်သူများသည် ပင်ကိုယ်အားဖြင့် အားနည်းသူများဖြစ်ကြသော်လည်း ဘုရားသခင်၌ အစွမ်းသတ္တိရှိသူများဖြစ် သည်။

ဘုန်းတန်ခိုးဖြင့် အစွမ်းသတ္တိရှိကြကြောင်း(၄) မျိုးဖေါ်ပြထားသည်။  (၁)ကိုယ်တော်၏ ဝိညာဉ်အားအသေခံသည့်တိုင်အောင်သွန်းလောင်းသည်။  (၂) မသမာသူများအကြားတွင် ရေမှတ်ခြင်းခံရသည်။  သူခိုးနှစ်ယောက်အကြား၌ အသေခံရသည်။  (၃) အပြစ်ဒုစရိုက်များကို ယူဆောင်သွားသည်။  (၄) အပြစ် ဒုစရိုက်များကို ကြားဝင် ဖြေရှင်းပေးသည်။  ထိုအကြောင်းကို David Baron က ဤသို့ဆိုသည်။

Yaph’gia’ ဆိုသော စကားလုံးသည် မပြီ:စီ:သေးခြင်း၊ ရှေ့ဆက်လုပ် ရမည့်အကြောင်း၊ မပြီးဆုံးနိုင်သောအလုပ်ဖြစ်သည်။  Delitzsch ၏အမြင် အရ ပြီ:ပြည့်စုံသွားသည်ဟု ဆိုနိုင်သည်။  လက်ဝါးကပ်တိုင်ပေါ်တွင် ကယ် တင်ရှင်သခင်က “အဘဘုရားသခင် ဤသူများသည် သူတို့ကို သူတို့ဘာလုပ် ကြမှန်း မသိကြသဖြင့် ခွင်လွှတ်တော်မူပါ” ဟု ဆိုသည်။  သို့သော် လက်ဝါး ကပ်တိုင်ပေါ်တွင်ပြီ:ခဲ့သော အမှုတော်ကို ဘုရားသခင်၏ လက်ယာတော် ဘက်မှာ စိုးစံကြည့်ရှုနေသည်။  ကယ်တင်အရှင်ဘုရား အပြစ်စိုးစံနေသည်။  ဣသရေလများနောင်တရသည့်အချိန်ထိ စိုးစံပြီ: အပြစ်ဒုစရိုက်များကို လွှတ်တော်မူမည်။၆၃

အထက်ဖေါ်ပြပါ ဝိဝါဒကွဲပြားစရာရှိသော ကျမ်းချက်နှင့်ပတ်သက်၍ Moody က ဤသို့ဆိုသည်။

စက်ဆုတ်ရွံရှာကြသော်လည်း လက်ခံကြသည်။  ကိုးကွယ်ကြသည်။  သူ ဆင်းရဲဖြစ်သော်လည်း စည်းစိမ်ကြွယ်ဝသည်။  အသေခံသော်လည်းအသက်ရှင် နေပြန်သည်။  ရဗ္ဗိဆရာများကမူ ဤကျမ်းပိုဒ်သည် မေရှိယနှစ်ထပ်ကွမ်း ပြည့် စုံခြင်းဟု ဆိုကြပေရော့မည်။၆၄

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။