ဟေရှာယအနာဂတ္တိကျမ်း - ၅၂
ဟေရှာယအနာဂတ္တိကျမ်း - ၅၂ (အနက်ဖွင့်)
၅၂:၁-၂ ဇိအုန်တောင်ကိုနိုးလော့၊နိုးလော့ ဟုထပ်မံလှုပ်နိုးပြန်ပြီ။ ဖမ်းဆီးချုပ် နှောင်ခြင်းတွင်အိပ်ပျော်နေရာမှထလော့၊တင့်တယ်သောအဝတ်တန်ဆာကို ဝတ်ဆင်လော့။ နောက်တဖန်သူတပါးရက်စက်အနိုင်ကျင့်ခြင်းမခံရ။ ရှေ့ကိုသာ မျှော်ကြည့်လော့။ ဘုန်းတန်ခိုးဖြင့်ထွန်းတောက်လာမည့်နိုင်ငံတော်ကိုသာရည်စူးလော့။ ထိုနိုင်ငံတော်သာလျှင်သစ္စာတရားဖြစ်သည်။
၅၂:၃-၆ ဣသရေလကိုကျွန်အဖြစ်နောက်တဖန်ရောင်းစားခြင်းမရှိရ။ အ ဖိုးစားနားမပါဘဲပြန်လည်ရွေးနှုတ်ခြင်းမကြုံရ။ ဣသရေလတို့သည်ပထမဦး စွာအဲဂုတ္တုပြည်သို့လူစိမ်းသူစိမ်းသဖွယ်ရောက်ခဲ့သည်။ ညှဉ်းပန်းနှိပ်စက်ခြင်း ခံခဲ့ရသည်။ နောက်အာရှုရိတို့၏ဖိနှိပ်မှုအောက်ရောက်ရပြန်သည်။ သို့သော်ဘာ သာရေးကိစ္စကြောင့်မဟုတ်။ ယခုတဖန်အခကြေးငွေတစ်ပြားတစ်ချက်မှမရဘဲ ဖိစီးနှိပ်စက်မှုခံနေကြရပြန်သည်။ ဘုရားသခင်၏နာမတော်ကိုလည်းကဲ့ရဲ့ကြ သည်။ သို့သော်တွေးပူခြင်းမရှိရ။ ဘုရားသခင်သည်ခွန်အားကြီးသောသူဖြစ် ကြောင်းကိုယ်တော်တိုင်ထုတ်ဖော်ပြသမည်။ ထိုသို့ဖြင့်ဘုရားသခင်သည်ကတိ တော်နှင့်ပြည့်စုံသူဖြစ်ကြောင်းသိရှိသွားကြမည်။
၅၂:၇-၁၀ နောက်ကျမ်းပိုဒ်များသည်ကမ္ဘာအနှံ့သို့ပြန့်ကြဲနေသောဂျူးလူ မျိုးများနေရပ်ဌာနေသို့ပြန်လာကြမည့်အကြောင်းဖြစ်သည်။ ပြည်တော်ဝင်သူ များသည်ဇိအုန်တောင်ပေါ်သို့လျှောက်လှမ်းလျက်မေရှိယသခင်အုပ်စိုးမည့်အ ကြောင်းသတင်းကောင်းကြေညာကြမည်။ ယေရုရှလင်မြို့ရိုးပေါ်ရှိကင်းစောင့် တပ်သားများကလည်းလူစုအုပ်ကြီးကိုဦးစီးလျက်ကြွလာတော်မူသောသခင်ကို လှမ်းမြင်ကြမည်။ ယေရုရှလင်ကိုယ်တိုင်ကလည်းသခင်ဘုရား၏ရွေးနှုတ်ခြင်း ဘုန်းတန်ခိုးတော်ကိုချီးမွမ်းကြဖို့လူများကိုဆင့်ခေါ်မည်။
၅၂:၁၁-၁၂ ပြည်တော်ဝင်များသည်အဖမ်းဆီးခံပြည်၊ဗိမာန်တော်မှအရာ များကိုမယူရ။ မသန့်ရှင်းသောမြေမှတစုံတရာမယူရ။ အမြန်ထွက်သွားကြ။ စိုး ရိမ်ပူပန်ခြင်းမရှိကြနှင့်။ ဣသရေလတို့၏ဘုရားသခင်ကရှေ့၊နောက်ဝဲယာ ကွယ်ကာစောင့်ထိန်းပေးမည်။
၄။ အပြစ်ဒုစရိုက်များကိုမေရှိယသခင်ယူဆောင်သွားခြင်း(၅၂:၁၃-၅၃:၁၂)
အခန်းကြီး၅၂၏နိဂုံးပိုင်းသည် အခန်းကြီး၅၃နှင့်ဆက်စပ်သည်။ ယေ ဟောဝါဘုရားရှင်၏အစေခံတော်၊လူ့ဘဝအသက်တာ၊လက်ဝါးကပ်တိုင် ကျောက်ရှိခြင်းနှင့်ဘုန်းတန်ခိုးထင်ရှားခြင်းစသည့်အကြောင်းများဖြစ်သည်။ ဟေဗြဲခရစ်ယာန် Adoplh Saphirကလက်ဝါးကပ်တိုင်အကြောင်းမဟာပရော ဖက်ပြုချက်ကိုစိတ်နှလုံးရွှင်လန်းစွာဤသို့ကွန့်မြူးထားသည်။
ကောင်းကြီးမင်္ဂလာပြည့်စုံသောအဖိုးတန်ကျမ်းချက်ဖြစ်သည်။ ဤကျမ်းပိုဒ်ကြောင့်ရှေးယုံကြည်သူအမြောက်အမြားသည်လက်ဝါးကပ်တိုင်ခြေရင်းသို့ရောက်ကြပေမည်။ ကားတိုင်ပေါ်တွင်ရေးထားသည့် “ယေရှုခရစ်တော်၊ယုဒတို့၏ဘုရင်”ဟူသောစာသားကိုဖတ်ရှုကြပေမည်။အလိုလေးဗျာ။ ကိုယ်တော်ဘုရားမြေကြီးပေါ်မှခွာသွားသော်လည်းဘုန်း တန်ခိုးတော်သည်မွှေးကြိုင်သင်းပျံ့နေဆဲ၊ဣသရေလများနောင်တရကြ၍ ယုံကြည်လက်ခံကြပြီ။ “စင်စစ်ယေရှုခရစ်တော်သည်ငါတို့အတွက်ဝေဒနာခံခဲ့ပြီ၊ ဝမ်းနည်းခြင်းများယူဆောင်ဖယ်ရှားပေးခဲ့ပြီ။ ကိုယ်တော်ကိုပြစ်မှားမိခဲ့ပြီ။ ကျူးလွန်မိခဲ့ကြပြီ။ ဒုက္ခပေးမိခဲ့ကြပြီ”၆၀
၅၂:၁၃ ယေဟောဝါ၏အစေခံတော်သည်မြေကြီးပေါ်တွင်ပညာသတိပြည့် စုံစွာအမှုတော်ပြုခဲ့သည်။ ရှင်ပြန်ထမြောက်ခဲ့ပြီ။ အထက်မိုးယံသို့ကြွခဲ့ပြီ။ အမြင့် ဆုံးသောနေရာဘုရားသခင်၏ လက်ယာတော်၌စိုးစံတော်မူပြီ။
၅၂:၁၄ ပထမအကြိမ်ကြွလာစဉ်တွင်ခရစ်တော်သည်ဆင်းရဲဝေဒနာ နာကျင်စွာခံစားခဲ့သည်။ ဝေဒနာ၏နာကျင်မှုကိုလူများကမျှဝေခံစားနိုင်စွမ်းမရှိ ကြ။ မျက်နှာနှင့်ခန္ဓာကိုယ်များသည်လူ့ခန္ဓာကိုယ်နှင့်မညီအောင်အဆင်းအသ ရေပျက်ခဲ့သည်။ လူနှင့်မတူအောင်ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့သည်။ ထိုသို့ဆင်းရဲခံ ခြင်းကိုလူများစွာကအံ့ဩကြသည်။
၅၂:၁၅ သို့သော်နောက်တခါပြန်လာလျှင်လူများထိတ်လန့်ကြမည် (NKJV)၆၁။ ဘုန်းတန်ခိုးအပြည့်အလျှံရှိမည်။ တပါးအမျိုးသားများသည်အသက် ရှုမဝံ့အောင်တိတ်ဆိတ်ကြမည်။ ကရာနီကုန်းပေါ်လက်ဝါးကပ်တိုင်ပေါ်တွင်အ သက်စွန့်ခဲ့သူသည် ဘုရင်တို့၏ ဘုရင်၊သခင်တို့၏သခင် ဖြစ်ကြောင်းသိရှိ သွားကြမည်။
ကိုယ်တော်၏ဘုန်းတန်ခိုးတော်သည် ကြီ:မြတ်ပါစေသား၊ မျက်နှာ တော်မှ လေးနက်သော အရာ လျှို့ဝှက်ချက်ကြောင်းအရာများသည် ဘုန်းတန် ခိုးအာနုဘော်ဖြစ်ကုန်ပြီ။
Miss C Thomason
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။