ဟေရှာယအနာဂတ္တိကျမ်း - ၃၇
ဟေရှာယအနာဂတ္တိကျမ်း - ၃၇ (အနက်ဖွင့်)
၂။ ဘုရားသခင်က အာရှုရိပြည်ဖျက်ဆီးခြင်း(အခန်း၃၇)
၃၇:၁-၄ ရာဗရှာခ၏စကားကိုကြားသောအခါဟိဇကိမင်းသည်ပူဆွေး ဝမ်းနည်းစွာဖြင့်ဗိမာန်တော်သို့သွားသည်။ ဗိမာန်တော်သို့ရောက်ရှိသောအခါ ပရောဖက်ဟေရှာယသို့“သားဘွားချိန်ရောက်သော်လည်းသားဘွားနိုင်သော ခွန်အားမရှိသည့်ဘဝ”ရောက်နေကြောင်းသတင်းစကားသွားပြောခိုင်းသည်။ ထိုအကြောင်းကိုJ.A.Alexander က“အဆုံးစွန်သောဒေသနာသေရေးရှင် ရေးပြဿနာအရေးပေါ်ဆုံးဖြတ်ရမည့်ကိစ္စ၊အားအင်ပြတ်လပ်၍တစုံတစ်ခုခုမှီ တွယ်ရမည့်အခြေအနေဆိုးဖြစ်သည်”၄၃ဟုဆိုသည်။ ယေဟောဝါဘုရားသခင်က ရာဗရှာခ၏မင်္ဂလာမရှိသောစကားကိုကြားသိ၍သူ့ကိုတဖန်အပြစ်တင်ပါစေ ဟုဟိဇကိမင်းဆိုလိုဟန်ရှိသည်။
၃၇:၅-၇ ဘုရားသခင်ကပရောဖက်မှတဆင့်အဖြေစကားပြန်ပေးထား သည်။ ဘုရားသခင်ကဝိညာဉ်တော်စေလွှတ်၍ထိုစကားသည်ကောလဟာလ သတင်းအဖြစ်သဘောထားခိုင်းသည်။ ထိုသူများအားမိမိတို့နေရပ်ဌာနေသို့ပြန် သွားခိုင်း၍ဓါးချက်ဖြင့်သေဆုံးခိုင်းသည်။
၃၇:၈-၁၃ ရာဗရှခသည်ယေရုရှလင်မှထွက်ခွာ၍သနာခရိပ်ထံသို့ပြန် ရောက်သောအခါအနောက်မြောက်အရပ်ဆယ်မိုင်အကွာတွင်လာခိရှနှင့်လိဗန မြို့သားများချဉ်းနင်းဝင်ရောက်လာကြောင်းစစ်သတင်းကြားသိရသည်။ အ ခြားတစ်ဘက်တွင်ယေရုရှလင်ဘေးရန်ကိုစိတ်မအေးနိုင်။ ထိုသို့စိတ်ပူထွေပြား နေခိုက်တွင်တပူပေါ်တပူထပ်ဆင့်လာသည်။ အဲဂုတ္တုပြည်ကိုအစိုးရသောဧသ ယောပိမင်း တိရက္က သည်လည်းစစ်တိုက်ဖို့ချီတက်လာသည်ဟုသတင်းရသည်။ သနာခရိပ်သည်ဟိဇကိမင်းထံခြေမြန်တော်စေလွှတ်၍သတင်းစကားပြောခိုင်းသည်။ သူ့စာထဲတွင်ဘုရားတရားပြစ်မှားမိကြောင်းရာဗရှခဖြင့်လုံခြုံရာရ ကြောင်းယေဟောဝါဘုရားသခင်ကိုကိုးစားခြင်းဖြင့်အမှုမင်းများအပေါ် အောင်မြင်ခြင်းအကြောင်းများရေးထားသည်။
၁၇:၂၁-၂၉ ပရောဖက်ဟေရှာယကယေရုရှလင်မြို့အားမဒီကညာနှင့်တင် စားထားသည်။ သနာခရိပ်ကိုရှုံးနိမ့်သူအဖြစ်မခံချိမခံသာဖြစ်အောင်သရော် ထားသည်။ ယုဒနှင့်အဲဂုတ္တုပြည်ကိုအောင်မြင်တော့မည့်ဟန်လေလုံးကြီးသော အာရှုရိကိုလည်းပြက်ယယ်ပြုထားသည်။ ဘုရားရှင်ကသနာခရိပ်အားလက်ထဲမှစစ်ဘုရင်နယ်ရုပ်ကလေးဖြစ်ကြောင်းသတိပေးသည်။ ဖြစ်သမျှအကြောင်း သည်ရှေးမဆွကဘုရားသခင်အစီအစဉ်ရှိတော်မူသည့်အတိုင်းသာဖြစ်ပျက် နေသည်။ ဘုရားသခင်သည်အရာခပ်သိမ်းကိုသိရှိထားသည်နှင့်အညီဆိုးညစ် သောမင်းများကချည်တိုင်မှာနှာခေါင်းကြိုးချည်ထားသည့်တိရစ္ဆာန်များနှင့်အာ ရှုရိမင်းများထံသို့ခြေဦးလှည့်ကြမည့်အကြောင်းကိုလည်းသိသည်။
၃၇:၃၀-၃၂ ဘုရားသခင်ကဟိဇကိမင်းအားယခုနှစ်နှင့်လာမည့်နှစ်တွင် စိုက်ပျိုးသီးနှံအောင်မြင်စွာထွန်းမည်ဟုအာမခံချက်ပေးသည်။ တတိယနှစ်တွင်မူအာရှုရိသားများကလာရောက်လုယက်ကြသဖြင့်ပုံမှန်အနေအထားရှိမည်။ ယေရုရှလင်သားများသည်ဘဝမပျက်ပုံမှန်အခြေအနေရှိနိုင်ရန်တတိယနှစ်အ တွက်ကြိုတင်ပြင်ဆင်ထားကြရမည်။ ကြိုးစားအားထုတ်လုံ့လရှိသူများသည် ဘဝလုံခြုံမည်ဟုဘုရားရှင်ကကတိတော်ပြုသည်။
၃၇:၃၃-၃၅ အာရှုရိမင်းယေရုရှလင်မြို့ကိုကျူးကျော်တိုက်ခိုက်မည်မ ဟုတ်၊အနားသို့သီဝံ့မည်မဟုတ်ဘုရားသခင်ကဟိဇကိမင်းအားကတိတော် ပေးထားသည်။ ယေရုရှလင်မြို့ကိုဘုရားသခင်ကကွယ်ကာစောင့်ရှောက်မည်။ ကျူးကျော်ဖို့ချီတက်လာသူများအားလာရာလမ်းအတိုင်းဒုံရင်းဒုံရင်းနေရာသို့ ပြန်ပို့ပေးမည်။
၃၇:၃၆ ထိုစကားတော်နှင့်အညီဘုရားသခင်၏ကောင်းကင်တမန်သည်ထိုတ ညဉ့်တည်းတွင်ကျူးကျော်သူအာရှုရိစစ်သားတစ်သိန်းရှစ်သောင်း ငါးထောင်ချေမှုန်းသုတ်သင်ပေး လိုက်သည်။
၁၈၁၅-ခုနှစ်တွင် ဤအဖြစ်အပျက်ကိုပြဇာတ်ကြီးအဖြစ်အင်္ဂလိပ်ဇာတ်ဆ ရာကြီးတပါးကစင်တင်ကပြအသုံးတော်ခံဘူးသည်။ ယနေ့ခေတ်ကာလလူများကလက်လှမ်းမမှီတော့သဖြင့်အပြည့်အစုံပြန်လည်ဖေါ်ပြပါမည်။
သနာခရိပ်ပျက်သုဉ်းခြင်း
အာရှုရိသားများဝံပုလွေအုပ်ပမာအနှံ့အပြားမှပေါ်ထွက်လာကြ လည်ဆံမွှေးများသည်ရွှေရောင်၊ခရမ်းရောင်းတောက်ထိန်သည်။ ဓါးလှံများသည်ပင်လယ်ပြင်တွင်ကြယ်များပမာအရောင်ဟပ် လှိုင်းလုံးများသည်ဂါလိလဲအိုင်ရေပြင်တွင်အလိပ်လိုက်အလိပ်လိုက်။ နွေဦးရွက်နုများသည်တောအုပ်တခွင်စိုးစိုလျက် နေရောင်ခြည်အရှေ့မှာ တံခွန်အောင်လံပမာ ဆောင်းဦးရာသီရောက်ပြန်တော့ကြွေကျပြီ လေရူးနော့ တော့ရော်ရွက်တွေမြေခရပြီပေါ့။ သေမင်း၏စေတမန်တောင်ပုံစုံခတ်တော့ ရန်သူများ၏အသက်ရှူသံတိတ်ဆိတ်ပြန် အိပ်ပျော်စဉ်မှိတ်ထားသောမျက်လုံးများ ရင်ခုန်သံများတဖန်နိုးကြားခြင်းမရှိတော့ပါ။
နှာခေါင်းကျယ်ကျယ်အသက်ရှူပြင်းခဲ့သမျှ အသက်ပြင်းပြင်းရှူထုတ်ခဲ့သမျှ ပလုံစီအမြုပ်များထွက်နေရပြီ အသက်ရှူသံစည်းမျက်မှန်ပျောက်လွင့်ပြီ။
လွှင့်ထူခဲ့သောအောင်လံတလူလူလည်းအရောင်မှိန်ပြီ မျက်ခုံးများနှင်းသီလို့၊ချပ်ဝတ်တန်ဆာလည်းသံချေးကိုက်ပြီ တဲကလေးတွေတိတ်ဆိတ်လို့၊အလံနွမ်းသာကျန်ရှိ တပိုးသံလည်းမကြားရတော့ပြီ။
အာရှုရိမုဆိုးမများငိုဆွေးသံကျယ်လောင်လို့ ဗာလရုပ်တုဘုရားများကျိုးပဲ့ကြေမွကုန်ပြီ တပါးအမျိုးသားတို့အင်အားဓါးချက်မိကုန်ပြီ ဘုရားသခင်၏နှင်းပွင့်ကျေးဇူးတော်လင်းလက်ပြီပေါ့။
George Gordon, Lord Byron (1788-1824)
၃၇:၃၇-၃၈ သနာခရိပ်သည်နိနဝေသို့ပြန်ရောက်လာသည်။ ရောက်မည့် ရောက်တော့လည်းသားတော်အာဒြမွေလက်နှင့်ရှရေဇာတို့၏ခုတ်ပိုင်းလုပ်ကြံ ခြင်းခံရသည်။ ရုပ်တုဘုရားပျပ်ဝပ်ကိုးကွယ်နေသကိုး။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။