ဟေရှာယအနာဂတ္တိကျမ်း - ၃၄
ဟေရှာယအနာဂတ္တိကျမ်း - ၃၄ (အနက်ဖွင့်)
၆။ တိုင်းနိုင်ငံသားများသို့အမင်္ဂလာ(အခန်း၃၄)
၃၄:၁-၄ အခန်းကြီး(၃၄)တွင်ဘုရားသခင်ကတိုင်းနိုင်ငံတိုင်းအားစက် ဆုတ်ရွံရှာခြင်းအကြောင်းတွေ့ရသည်။ အထူးသဖြင့်ဧဒုံလူမျိုးဖြစ်၍နောက်မှ တိုင်းနိုင်ငံသားအားလုံးကိုပြစ်တင်သည်။ ဘုရားသခင်ကတပါးအမျိုးသား များကိုတရားစီရင်သောအခါမြေကြီးနှင့်ပါသမျှသောလောကဓာတ်တန်ဆာ အားလုံးကြားသိကြမည်။ ခပ်သိမ်းသောကောင်းကင်တန်ဆာများပြုတ်ကျ၍ အသေကောင်တို့၏အသွေးတော်များကိုအရည်ပျော်ဝင်သေမည်။ သင်္ဘော သဖန်းသီမြေပေါ်သို့ပြုတ်ကျသကဲ့သို့ကောင်းကင်ပေါ်ရှိအရာများပြုတ်ကျကြ မည်။
၃၄:၅-၇ ဘုရားသခင်၏ဓါးတော်“သွေးဆိပ်ပါသောဓါး”သည်ဧဒုံပြည် ပေါ်သို့ကျမည်။ လူအားလုံး(ဆိတ်၊သိုး၊သိုးကောင်ငယ်)များမကျန်၊နွားလားဥ ဿဖနွားကြီးနွားငယ်များအပေါ်သို့ကျရောက်မည်။
၃၄:၈ ထိုနေ့ရက်သည်ထာဝရဘုရားသခင်ကဒဏ်ပေးရာနေ့ရက်ဖြစ် သည်။
ဒဏ်ပေးရာနေ့ရက်ဟူသောစကားရပ်သည်အရေးကြီးသည်။ လူများကအချင်းချင်းဒဏ်ပေးခြင်းမျိုးမဟုတ်။ ဘုရားသခင်ကမတရားသူများတရားတော် နှင့်အညီအသက်မရှင်သူများပြစ်ဒဏ်စီရင်ခြင်းအမိန့်ချမှတ်သည့်နေ့ရက်ဖြစ် သည်။ (Daily Notes of the Scripture Union)
၃၄:၉-၁၇ ဤကျမ်းပိုဒ်သည်ဧဒုံပြည်ကံကြမ္မာဆိုးငင်သည့်အကြောင်းဖြစ် သည်။ အမွေခံမည့်သူမရှိအမျိုးတုံးမည်၊အလောင်းကောက်မည့်သူမရှိသဖြင့် ငှက်ဆိုးများကထိုးဆိတ်ကြသည်။ သားရဲတိရစ္ဆာန်များထူပြောကြမည်။ ဘုရား သခင်သည်ထိုပြည်သူအားမမှတ်မိအောင်စီရင်မည်။၄၁ ထိုသူများသည်ဘုရားမရှိ၊ နယ်မြေမရှိ၊မူးမတ်မရှိ၊ထင်ပေါ်ကျော်ကြားသူနတ္တိ။ မြို့ပျက်ရွာပျက်ဖုန်းဆိုး တောတွင်သားရဲတိရစ္ဆာန်ကျင်လည်ကျက်စားခိုအောင်းကြမည်။ သန့်ရှင်း သောနေရာဟောင်းကိုလည်းမှတ်မိကြတော့မဟုတ်။ သားရဲတိရစ္ဆာန်အမျိုးမျိုး ထူပြောကြသဖြင့်ဧဒုံပြည်သည်လုံးလုံးလျားလျားပျက်စီးမည်။ ထိုပြည်မှပေါ်သ မျှသောမျိုးရိုးစဉ်ဆက်များသည်ထိုဆိုးမွေကိုခံကြရမည်။ အပိုဒ်ငယ်၁၀-၁၇ တွင်ပါရှိသည့်အမြဲမပြတ်ဟူသောစကားသည်မျိုးဆက်အဆက်ဆက်ကိုဆိုလို သည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။