ဟေရှာယအနာဂတ္တိကျမ်း - ၂၃
ဟေရှာယအနာဂတ္တိကျမ်း - ၂၃ (အနက်ဖွင့်)
၁၂။ တုရုသားများ (အခန်း၂၃)
၂၃:၁-၅တာရှု (စပိန်ပြည်)မှပြန်လာ၍ကုပရကျွန်းသို့ရောက်သောအခါ တံ ငါများထံမှတုရုမြို့ပျက်စီးသည့်သတင်းစကားကြားရသည်။ လူနေအိမ်ခြေများတစ်ခုမကျန်ပျက်စီးသွားသောကြောင့်ခိုလှုံတည်းခိုစရာနေရာမရှိကြ။ ဗလာကျင်း ဖြစ်သွားကြသည်။ တုရုသားများဘဝမုန်တိုင်းကျသောကြားသိရသောအခါအိမ် နီးနားခြင်းခိတုန်ကုန်သည်များသည်စကားတခွန်းမပြောနိုင်ဘဲရေငုံနှုတ်ပိတ်တိတ်ဆိတ်ကြသည်။ နိုင်းမြစ်ဝှမ်းဒေသအထက်ပိုင်းမှယူဆောင်လာသောအခါ မျိုးစေ့သီးနှံများကိုမည်ကဲ့သို့ရောင်းရတော့မည်နည်း။ တုရုပြည်၏ဗဟိုမြို့ တော် ခိတုန်မြို့သည်အရှက်ကွဲစေပြီ။ လှိုင်းပုတ်သံကြောင့်တမြို့လုံးပြိုကျပျက် စီးရပြီ။ မြို့တော်သူမြို့တော်သားများ၏ငိုကြွေးအော်ဟစ်သံသည်ပဲ့တင်သံ ထပ်နေပြီ။ တုရုမြို့သည်အမွေ့ဆက်ခံမည့်သူမရှိမျိုးကန်းပြီ။ ထိုသတင်းကြောင့်ဖောက်သည်ကြီးအဲဂုတ္တုပြည်သည်လည်းဝမ်းနည်းပက်လက်ကြေကွဲရပြီ။
၂၃:၆-၉ တာရှု(စပိန်)သားများသည် ဝေးလံသောအရပ်ဒေသ၌ခိုလှုံစရာ ရှာကြမည်။ ရှေးယခင်ကဥစ္စာဓနကြွယ်ဝ၍စည်ပင်ဝပြောခဲ့သောမြို့သည်ယခုအခါတွင်ရပ်ဝေးမြေခြားသို့ခြေသလုံးအိမ်တိုင်ထူကြပြီ။ အလုပ်လက်မဲ့ဖြစ်နေ ကြပြီ။ တုရုမြို့၏ကြွယ်ဝချမ်းသာခြင်း၊ဘုန်းတန်ခိုးနှင့်ကျက်သရေများကိုမည်သူ လုယူသွားသနည်း။ မမှန်ကန်သောမာနထောင်လွှားခြင်း၊ လူ့အစွမ်းဘုန်းတန်ခိုး ၌သာယာကြခြင်းတို့ကြောင့်ထာဝရဘုရားသခင်ကယူဆောင်သွားသည်။
၂၃:၁၀-၁၇ နေဗုခ်နေဇာဘုရင်ကတုရုမြို့ကိုတိုက်ခိုက်သောအခါ၊အရပ်သူ အရပ်သားများသည်လွတ်ရာကျွတ်ရာအခြားတိုင်းပြည်များသို့အလျှိုလျှိုထွက် ပြေးတိမ်းရှောင်ကြသည်။ မြစ်ကဲ့သို့ကွဲပြားပျံ့လွင့်ကြသည်။ (ဥဖရတ်မြစ်သည် တိုင်းနိုင်ငံများစွာဖြတ်သန်းစီးဆင်းသည်။) ဘုရားရှင်သည်ကုန်သည်ပွဲစား ခါနာန်ပြည်အားဖျက်ဆီးရန်ဗာဗုလုန်ကိုအသုံးပြုသည်။ ကုရုပြည်သို့ထွက်ပြေးကြသူများသည်ငြိမ်သက်ချမ်းသာရကြမည်မဟုတ်။ တုရုပြည်ဖျက်သိမ်းရန်ဘုရားသခင်က အာရှုရိသားများအသုံးပြုခြင်းကိုပရောဖက်ဟေရှာယနားမလည်နိုင်။ အံ့အားသင့်သည်။ ခါလဒဲများကြီးစိုးခြင်းအနှစ်(၇၀)ကာလတွင်တုရုပြည်သည် အလူးအလဲခံစားရမည်။ ထိုကာလလွန်မြောက်လျှင်တဖန်ငွေနောက်သို့ပြန်လိုက်မည်။ ကမ္ဘာ့ ဒုစရိုက်မြို့တော်ပြန်ဖြစ်သည်။
၂၃:၁၈“တာရှုမြို့၏ကုန်သွယ်ခြင်း၊အမြတ်ရခြင်းအရာ”ဆိုသည်မှာ ခရစ်တော်ဘုရားဒုတိယအကြိမ်ပြန်လည်ကြွလာခြင်း“တုရုမင်းသမီးမှစ၍လူစုတွင်ဥစ္စာရတတ်သောသူတို့သည်လက်ဆောင်ပဏ္ဍပါလျက်သင့်ကိုဖျောင်းဖျရ ကြမည်”(ဆာ၄၅:၁၂) ကျမ်းပိုဒ်ကိုရည်ညွှန်းကိုးကားခြင်းဖြစ်သည်။ သူ့ဥစ္စာ ပစ္စည်းများသည်သန့်ရှင်းစင်ကြယ်သောပူဇော်သက္ကာအဖြစ်ကပ်လှူကြမည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။