ဟေရှာယအနာဂတ္တိကျမ်း - ၂၁
ဟေရှာယအနာဂတ္တိကျမ်း - ၂၁ (အနက်ဖွင့်)
၈။ ဗာဗုလုန်အမျိုး(၂၁:၁-၁၀)
၂၁:၁-၄ အခန်းကြီး(၂၁)တွင်ပါရှိသည့်ဗျာဒိတ်တော်များသည်ဗာဗုလုန်၊ ဧဒုံနှင့်အာရေဗျများအတွက် အမင်္ဂလာသတင်းဖြစ်သည်။
ရေလွှမ်းမိုးသောကန္တရတောဆိုသည်မှာဗာဗုလုန်ပြည်ဖြစ်သည်။ ပါရှန် ပင်လယ်ကွေ့ဒေသကိုမြင်သာအောင်ညွှန်းဆိုသည်။ ဖျက်ဆီးခြင်းတောင် လေမုန်တိုင်းတိုက်သံသည်ကြောက်မက်ဘွယ်မြည်ဟိန်းသည်။ ပါရှန်း (ဧလံပြည်)နှင့်မေဒိ(မိဒျန်)ပြည်သားများကအနှံ့အပြားဖုံးလွှမ်းလာကြမည်။ ဗာဗုလုန်ပြည်ခံစားရသောပျက်စီးခြင်းမျိုးအခြားသူများကြုံဖူးကြမည်မ ဟုတ်။ မြင်ရသောရူပါရုံသည်ကြောက်လန့်စိုးထိတ်ဖွယ်ရာဖြစ်သောကြောင့် ဟေရှာယသည်အကြီးအကျယ်တုန်လှုပ်ခြောက်ခြားသည်။
၂၁:၅ အုပ်စိုးသူမင်းများသည်လုံခြုံရေးအစောင့်အကြပ်ချ၍ပွဲတော် တည်နေကြစဉ်“လွှားကိုဆီလောင်းကြ”ဟူသောသတိပေးစကားကြရသည်။ ဤကျမ်းပိုဒ်သည်(ဒံ၅)တွင်ပါရှိသည့်ဗေရှာဇာမင်း၏ပွဲတော်ကိုရည်ညွှန်းကိုး ကားခြင်းဖြစ်မည်။
၂၁:၆-၁၀ ဘုရားသခင်ကဟေရှာယအားကင်းချထားခိုင်းသည်။ ရန်သူ များသည်မြင်းများရထားများစီး၍အလုံးအရင်းဖြင့်ဝင်ရောက်လာကြမည်။ မြင်းစစ်သည်တော်များသည်နေ့နေ့ညဉ့်ညဉ့်တတွဲစီ၊တတွဲစီဖြင့်အဆက်မ ပြတ်ဝင်ရောက်လာကြမည်။ ထိုစကားသည်မေဒိနှင့်ပါရှန်း(ပေရသိ)များ လက်တွဲဝင်ရောက်လာမည့်အကြောင်းဖြစ်သည်။ ထိုမြင်ကွင်းကြောင့်ဗာဗု လုန်မြို့ပြိုလဲပျက်စီးပါပြီဟု ခြင်္သေ့အော်သံကဲ့သို့ငယ်သံပါအောင်အလန့်တ ကြားထအော်မိသည်။ ထိုသတင်းစကားသည်ဗာဗုလုန်လူများအတွက်သ တင်းဆိုးဖြစ်သော်လည်းဣသရေလများအတွက်စိတ်သက်သာရာဖြစ် သည်။ ဟေရှာယ၏ထိုပရောဖက်ပြုချက်သည်ဗာဗုလုန်မပျက်စီးမီနှစ်ပေါင်း (၂၀၀)ခန့်ကနိမိတ်ဖတ်ခြင်းဖြစ်သည်။
ယနေ့ခေတ်ကာလယုံကြည်သူများသည်လည်းဘုရားသခင်၏နိုင်ငံ တော်ကိုကင်းစောင့်သူများဖြစ်သင့်သည်။
ကင်းစောင့်သည်ဘုရားသခင်၏အမှုတော်တွင်တိုင်ပင်ဖော်တိုင်ပင် ဖက်ဖြစ်သည်။ ချဉ်းကပ်လာသောကြမ္မာဆိုးများကိုစောင့်ကြည့်ရသည်။ သမ္မာကျမ်းစာပါဘုရားသခင်၏အကြံအစည်တော်များကိုအနက်ဖွင့်ဆိုရုံ မျှသာမက၊သမ္မာကျမ်းစာသွန်သင်ချက်နှင့်နေ့စဉ်အသက်တာကိုချင့်ချိန် သုံးသပ်ရသည်။ အခြားသူများကိုဝေငှခြင်း၊တိုက်တွန်းခြင်း၊သတိပေးခြင်း ပြုရသည်။ ဘုရားသခင်သည်ကင်းစောင့်မျှော်စင်တွင်ကင်းစောင့်နေသူကို အထက်မှကြည့်နေပါသည်(ငယ်၇)။ ကင်းစောင့်ခြင်းဖြင့်ဘုရားသခင်နှင့်မိ ဿဟာယဖွဲ့ကြပါစို့။၃၀
၉။ ဒူမာ(ဧဒုံံ)အမျိုး(၂၁:၁၁-၁၂)
ဒုမာကို အီဒုမိ(သို့)ဧဒုံဟုလည်းခေါ်သည်။ စိုးရိမ်သောကရောက်တတ် သောဧဒုံလူမျိုးများကကင်းသမားအားညဉ့်အချိန်မည်သို့ကုန်လွန် ကြောင်းမေးကြသည်။ အာရှုရိတို့၏ခြိမ်းခြောက်သံကတချိန်လုံးစိုးထိတ်စေ သည်။ ဤသို့ဖြေကြားထားပါသည်။
တညဉ့်လုံးပူပန်သောကရောက်သည့်အဖြစ်ဆုံးကာလကုန်လွန်ပါမည်။ နေ့ကုန်လျှင်တခြားညဉ့်ပြန်ရောက်လာမည်။ အကယ်၍ထိုစိုးရိမ်သောကနေ့ ရက်များကုန်ခမ်းလွတ်မြောက်လိုလျှင်အဖြေစကားသည်တစ်ခုတည်းသာဖြစ်ပါ သည်။ နောင်တရလော့။ သင့်မျှော်လင့်ချက်ပြည့်စုံလာမည်။ နေ့ညဉ့်မပြတ်အိပ် ရေးပျက်သည့်ကာလပြီးဆုံးသွားမည်။ နံနက်အာရုဏ်သစ်စန်းထ၍နေခြည် သစ်မှာနွေးကြမည်။၃၁
၁၁။ အာရေဗျအမျိုး(၂၁:၁၃-၁၇)
အာရေဗျအမျိုးလည်းပူပန်သောကရောက်၍စိုးရိမ်ကြောင့်ကြကြမည်။ အာရှုရိစစ်သားများ၏ဘေးရန်မှလွတ်ကင်းအောင်အစာရေစာအငတ်ခံ၍သစ် တောဝါးတောထဲတွင်ပုန်းခိုကြမည်။ အာရေဗျ၏ကောင်းစားမှုသည်တနှစ်သား ခံမည်ဟုဘုရားသခင်ကသတိပေးထားသည်။ တခဏအောက်မြင်ကျော်ကြား ပြီးနောက်တွင်ပြေးလွှားကုန်ရုံးရမည်။ ”အခစားသောသူရေတွက်သည့်အ တိုင်း”ဟူသောစကားသည်တရက်ကိုဆိုလိုခြင်းမဟုတ်။ တနှစ်ထက်ပိုသည် ဟုအနက်ရသည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။