ဟေရှာယအနာဂတ္တိကျမ်း - ၂၀

အဝတ်မ၀တ်သောပရောဖက်
1အာရှုရိရှင်ဘုရင် သာဂုန်စေလွှတ်သောဗိုလ်မင်းတာတန်သည် အာဇုတ်မြို့သို့စစ်ချီ၍၊ ထိုမြို့ကို လုပ်ကြံသောနှစ်တွင်၊ 2ထာဝရဘုရားက၊ သင်သည်သွား၍ ခါးစည်းသောလျှော်တေအဝတ်နှင့် ခြေနင်းကိုချွတ်လော့ဟု၊ အာမုတ်သားဟေရှာယကို မိန့်တော်မူသည်အတိုင်း၊ သူသည်ပြု၍ အဝတ်ကိုမဝတ်၊ ခြေနင်းကိုမစီးဘဲ သွားလာလျက်နေ၏။ 3ထာဝရဘုရားကလည်း၊ ငါ့ကျွန်ဟေရှာယသည် အဲဂုတ္တုပြည်နှင့် ကုရှပြည်၌ ပုပ္ပနိမိတ်၊ အံ့ဖွယ်သောအရာကို ပြခြင်းငှာ၊ သုံးနှစ်ပတ်လုံး အဝတ်ကိုမဝတ်၊ ခြေနင်းကိုမစီးဘဲ သွားလာသကဲ့သို့၊ 4ထိုနည်းတူ၊ အဲဂုတ္တုလူများကို အရှက်ခွဲခြင်းအလိုငှာ၊ အာရှုရိရှင်ဘုရင်သည် အဲဂုတ္တုလူနှင့် ကုရှလူအကြီးအငယ်တို့အား အဝတ်နှင့်ခြေနင်းကို ချွတ်၍၊ တင်ပါးကိုမျှ မဖုံးစေဘဲ၊ ဖမ်းဆီးချုပ်ထားသိမ်းသွားလိမ့်မည်။ 5အာဇုတ်မြို့သားတို့သည် ကြောက်ကြလိမ့်မည်။ သူတို့ကိုးစားသော ကုရှပြည်ကိုလည်းကောင်း၊ ဝါကြွားသော အဲဂုတ္တုပြည်ကိုလည်းကောင်း ရှက်ကြလိမ့်မည်။ 6ထိုကမ်းနားမှာ နေသောသူများကလည်း၊ ကြည့်ပါ၊ အာရှုရိရှင်ဘုရင်၏လက်မှလွတ်ခြင်းငှာ ငါတို့ မျှော်လင့်ရာအရာ၊ ပြေး၍ ခိုလှုံရာအရာသည် ထိုသို့ ဖြစ်ပါသည်တကား။ ငါတို့သည် အဘယ်သို့လွတ်နိုင်ပါမည်နည်းဟု ထိုအခါ ဆိုကြလိမ့်မည်။

ဟေရှာယအနာဂတ္တိကျမ်း - ၂၀ (အနက်ဖွင့်)

၂၀:၁-၆ အာရှုရိဘုရင်သာဂုန်၏စစ်သေနာပတိတာတန်သည်ဘီစီ (၇၁၁)ခုနှစ်တွင်ဖိလိတ္တိမြို့တော်အာနသုပ်မြို့ကိုတိုက်ခိုက်အောင်မြင်သည်။  ထိုအခိုက်တွင်ဘုရားရှင်သည်ဟေရှာယအားအဝတ်အစားမပါဘဲသွားလာ စေသည်။ (အမှန်တကယ်ကိုယ်လုံးတီးနေခြင်းမဟုတ်)။ ဘိနပ်မပါဘဲသွား လာခြင်းမှာအာရှုရိပြည်ကအဲဂုတ္တုနှင့်အဲသယောပိပြည်အားအောင်မြင်၍ အရှက်တကွဲအကျိုးနည်းကြမည့်အကြောင်းအမှတ်သင်္ကေ တဖြစ်သည်။  ထိုအဖြစ်ကိုကြည့်၍ယုဒလူမျိုးသည်အဲဂုတ္တုသားများ၏အာရှုရိရန်ကာ ကွယ်ကြပုံကိုတွေ့မြင်ကြသည်။ (အချို့ကအခန်းငယ်၅-၆သည်ဖိလိတ္တိလား၊ ယုဒလားဟုမသဲမကွဲ၍အငြင်းပွားချင်ကြသည်။ ပါလက်စတိုင်းဒေသတစ်ခု လုံးကိုရည်ညွန်းပါသည်။ )၂၉

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။