ဟေရှာယအနာဂတ္တိကျမ်း - ၁၂

ကျေးဇူးတော်ချီးမွမ်းသည့်ဓမ္မသီချင်း
1ထိုကာလ၌ သင်မြွက်ဆိုရမည်ကား၊ အို ထာဝရဘုရား၊ အကျွန်ုပ်သည် ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းပါမည်။ အကျွန်ုပ်ကို အမျက်ထွက်တော်မူသော်လည်း၊ တစ်ဖန်အမျက်တော်ငြိမ်း၍၊ အကျွန်ုပ်ကို နှစ်သိမ့်စေတော်မူ၏။ 2ဘုရားသခင်သည် ငါ့ကို ကယ်တင်သောအရှင် ဖြစ်တော်မူ၏။ ကြောက်လန့်သောစိတ်မရှိဘဲ ရဲရင့်မည်။ ထာဝရဘုရားသည် ငါချီးမွမ်းရာ၊ ငါသီချင်းဆိုရာ၊ ငါ့ကိုကယ်တင်တော်မူသောအရှင် ဖြစ်တော်မူ၏။ 3သင်တို့သည် ဝမ်းမြောက်သောစိတ်နှင့် ကယ်တင်ခြင်း စမ်းရေတွင်းတို့၌ ရေခပ်ရကြလိမ့်မည်။ 4ထိုကာလ၌လည်း ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြလော့။ နာမတော်ကို ပတ္ထနာပြုကြလော့။ အမှုတော်တို့ကို လူများတို့တွင် ဖော်ပြကြလော့။ နာမတော်သည်မြင့်မြတ်သောကြောင့် ချီးမွမ်းကြလော့။ 5ထာဝရဘုရားကို ထောမနာသီချင်းဆိုကြလော့။ ထူးဆန်းသောအမှုကို ပြုတော်မူပြီ။ အမှုတော်သည် မြေတစ်ပြင်လုံး၌ ထင်ရှားပါစေ။ အို ဇိအုန်သတို့သမီး၊ ကြွေးကြော်လော့။ ဝမ်းမြောက်သဖြင့် အော်ဟစ်လော့။ 6အကြောင်းမူကား၊ ဣသရေလအမျိုး၏သန့်ရှင်းသောဘုရားသည် သင်၏အလယ်၌ ဘုန်းကြီးတော်မူ၏ဟု မြွက်ဆိုရလိမ့်မည်။

ဟေရှာယအနာဂတ္တိကျမ်း - ၁၂ (အနက်ဖွင့်)

၁၂:၁-၆ပျော်ရွှင်ဖွယ်ရာအနှစ်တစ်ထောင်အုပ်စိုးခြင်းကာလနေ့ရက်များ တွင်ဣသရေလတို့သည်ဘုရားသခင်အားကျေးဇူးတော်ချီးမွမ်းခြင်းသီချင်း ဟစ်ကြွေးကြမည်။ ရွေးနှုတ်ခြင်းခံရသောဣသရေလလူအကြွင်းအကျန်များ သည်ကယ်တင်ခြင်း၊စမ်းရေတွက်ကိုခပ်၍ပျော်ရွှင်စွာသောက်သုံးကြသည်။  ဘုရားသခင်၏တိုင်းနိုင်ငံများသို့အမှုတော်ပြမ့်ပွားစေခြင်းအကြောင်းကို တေးဖွဲ့သီဆိုကြမည်။ တပါးအမျိုးသားများကိုခရစ်တော်၌ခိုလှုံကြဖို့အော် ဟစ်ဖိတ်ခေါ်ကြမည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။