ဧဇရမှတ်စာ - ၇

ဧဇရရောက်ရှိလာခြင်း
1-5ထိုနောက်၊ ပေရသိရှင်ဘုရင် အာတဇေရဇ်လက်ထက်၌၊ ယဇ်ပုရောဟိတ်အကြီး အာရုန်၊ ဧလာဇာ၊ ဖိနဟတ်၊ အဘိရွှ၊ ဗုက္ကိ၊ ဩဇိ၊ ဇေရဟိ၊ မေရာယုတ်၊ အာဇရိ၊ အာမရိ၊ အဟိတုတ်၊ ဇာဒုတ်၊ ရှလ္လုံ၊ ဟိလခိ၊ အာဇရိ၊ စရာယတို့မှ ဆင်းသက်သောသူ၊ 6ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား ပေးတော်မူသော မောရှေ၏ပညတ္တိကျမ်းစာကို လေ့ကျက်သောဆရာ ဖြစ်သောသူဧဇရသည် ဗာဗုလုန်မြို့မှ ထွက်သွား၏။ ထိုသူတောင်းသမျှကို သူ၏ဘုရားသခင် ထာဝရဘုရား တန်ခိုးတော်ကြောင့် ရှင်ဘုရင် ပေးသနားတော်မူ၏။ 7အာတဇေရဇ်မင်းကြီး နန်းစံခုနစ်နှစ်တွင်၊ အချို့သော ဣသရေလအမျိုးသား ယဇ်ပုရောဟိတ်၊ လေဝိသား၊ သီချင်းသည်၊ တံခါးစောင့်၊ ဘုရားကျွန်တို့သည်လည်း၊ ယေရုရှလင်မြို့သို့ လိုက်သွားကြ၏။ 8ရှငျဘုရငျနနျးစံ ခုနစျနှစျ၊ ပဉ်စမလတှငျ ဧဇရသညျ ယရေုရှလငျမွို့သို့ ရောကျလေ၏။ 9ပထမလ တစျရကျနေ့တှငျ၊ ဗာဗုလုနျမွို့မှထှကျ၍၊ ပဉ်စမလ တစျရကျနေ့တှငျ၊ မိမိဘုရားသခငျ တနျခိုးကြေးဇူးတောျကွောငျ့၊ ယရေုရှလငျမွို့သို့ ရောကျလေ၏။ 10အကြောင်းမူကား၊ ဧဇရသည် ထာဝရဘုရား၏ တရားတော်ကို စစ်ဆေး စောင့်ရှောက်ခြင်းငှာလည်းကောင်း၊ စီရင်ထုံးဖွဲ့တော်မူချက်တို့ကို ဣသရေလအမျိုး၌ သွန်သင်ခြင်းငှာလည်းကောင်း သဘောကျသောသူဖြစ်၏။
အာတဇေရဇ်မင်းပေးအပ်သည့်အမိန့်စာ
11ထာဝရဘုရား၏ ပညတ်စကားနှင့် ဣသရေလအမျိုး၌ ထုံးဖွဲ့တော်မူချက်တို့ကို လေ့ကျက်သောဆရာ ယဇ်ပုရောဟိတ် ဧဇရအား၊ အာတဇေရဇ်မင်းကြီး ပေးတော်မူသော အမိန့်တော်စာချက် ဟူမူကား၊ 12ဘုရင်တို့၏ဘုရင် အာတဇေရဇ်သည် ကောင်းကင်ဘုံ၏အရှင် ဘုရားသခင့် တရားကျမ်းတတ်ဆရာ၊ ယဇ်ပုရောဟိတ်ဧဇရ၌ ခပ်သိမ်းသော မင်္ဂလာဖြစ်စေသောဟူ၍ ဤမည်သောကာလတွင် မှာလိုက်၏။ 13ငါ့နိုင်ငံ၌ရှိသော ဣသရေလအမျိုးသား၊ ယဇ်ပုရောဟိတ်၊ လေဝိသားတို့တွင် ယေရုရှလင်မြို့သို့ ကိုယ်အလိုအလျောက် သွားချင်သောသူ ရှိသမျှတို့သည် သင်နှင့်အတူ လိုက်သွားရမည်အကြောင်း ငါအမိန့်တော်ရှိ၏။ 14အကြောင်းမူကား၊ သင်၏ ဘုရားသခင့်တရားကို သင်လေ့ကျက်သည်အတိုင်း၊ ယုဒပြည်ယေရုရှလင်မြို့၌ တရားအမှုများကို မေးမြန်းစစ်ဆေးစေခြင်းငှာလည်းကောင်း၊ 15ယေရုရှလင်မြို့မှာ ကျိန်းဝပ်တော်မူသော ဣသရေလအမျိုး၏ ဘုရားသခင်အား၊ ရှင်ဘုရင်နှင့် အတွင်းဝန်တို့သည် ကြည်ညိုသောစိတ်နှင့် ပူဇော်သော ရွှေငွေနှင့်တကွ၊ 16ဣသရေလအမျိုးသား၊ ယဇ်ပုရောဟိတ်တို့သည် ယေရုရှလင်မြို့၏ ဘုရားအိမ်တော်အဖို့ အလိုလိုလှူ၍ ဗာဗုလုန်ပြည်၌ သင်ရနိုင်သမျှသော ရွှေငွေကို ဆောင်သွားစေခြင်းငှာလည်းကောင်း၊ ရှင်ဘုရင်နှင့် အတွင်းဝန်ခုနစ်ပါး စေလွှတ်၏။ 17ထိုငွေကိုယူပြီးလျှင် နွား၊ သိုးထီး၊ သိုးသငယ်နှင့်တကွ၊ ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာ ပူဇော်သကာတို့ကို အလျင်အမြန်ဝယ်၍၊ ယေရုရှလင်မြို့၌ရှိသော သင်တို့၏ဘုရားအိမ်တော် ယဇ်ပလ္လင်ပေါ်မှာ ပူဇော်ရမည်။ 18ကျန်ကြွင်းသော ရွှေငွေကို သင်နှင့် သင့်ညီအစ်ကိုတို့ ပြုချင်သမျှအတိုင်း၊ သင်တို့၏ ဘုရားသခင် အလိုတော်နှင့်အညီ ပြုလော့။ 19သင်၏ဘုရား အိမ်တော်ဝတ်ပြုစရာဖို့ သင်၌အပ်ပေးသော တန်ဆာများကိုလည်း၊ ယေရုရှလင်မြို့၏ ဘုရားသခင့်ရှေ့တော်တွင် သိုထားလော့။ 20သင်၏ဘုရားသခင့် အိမ်တော်အဖို့ လိုသေးသောအရာ၊ ဝယ်သင့်သမျှတို့ကို ဘဏ္ဍာတော်ထဲက ထုတ်၍ဝယ်လော့။ 21ကောင်းကင်ဘုံ၏အရှင် ဘုရားသခင့်တရားကို လေ့ကျက်သောဆရာ၊ ယဇ်ပုရောဟိတ်ဧဇရ တောင်းသမျှအတိုင်း၊ 22ငွေအခွက် တစ်ထောင်၊ ဂျုံဆန်ကောရ တစ်ရာ၊ စပျစ်ရည်ဗတ် တစ်ရာ၊ ဆီဗတ် တစ်ရာနှင့်တကွ ဆားမည်မျှမဆို၊ မြစ်အနောက်ဘက်၌နေသော အခွန်ဝန်အပေါင်းတို့သည် အလျင်အမြန်ပေးရမည်အကြောင်း၊ ငါရှင်ဘုရင် အာတဇေရဇ် အမိန့်တော်ရှိ၏။ 23ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်မှာ ထားတော်မူသမျှအတိုင်း၊ ထိုဘုရားသခင်၏ အိမ်တော်အဖို့ ကြိုးစား၍လုပ်ဆောင်စေ။ ရှင်ဘုရင်နှင့် ဆွေတော်မျိုးတော်အပေါ်သို့ အဘယ်ကြောင့် အမျက်တော် သက်ရောက်ရမည်နည်း။ 24ထိုမှတစ်ပါး၊ ယဇ်ပုရောဟိတ် လေဝိသား၊ သီချင်းသည်၊ တံခါးစောင့်၊ ဘုရားကျွန်၊ ဘုရားသခင်၏ အိမ်တော်အမှုစောင့် တစ်စုံတစ်ယောက်၌မျှ ငွေတော်ကို မခွဲစေနှင့်။ အခွန်တော်အကောက်တော်ကို မခံမယူစေနှင့်ဟု ငါမှာလိုက်၏။ 25သင်ဧဇရသည်လည်း၊ သင်၏ ဘုရားသခင့်တရားကို နားလည်သော၊ မြစ်အနောက်ဘက်သား အပေါင်းတို့တွင်၊ တရားမှုကို စီရင်စေခြင်းငှာလည်းကောင်း၊ မသိသောသူတို့ကို သွန်သင်စေခြင်းငှာလည်းကောင်း၊ မင်းများ၊ တရားသူကြီးများကို သင်၏ ဘုရားသခင့်ဉာဏ်နှင့် သင်ပြည့်စုံသည်အတိုင်း ခန့်ထားလော့။ 26သင်၏ဘုရားသခင့်တရားနှင့် ရှင်ဘုရင်အမိန့်တော်ကို ငြင်းဆန်သောသူ မည်သည်ကား၊ အသေသတ်ခြင်း၊ နှင်ထုတ်ခြင်း၊ ဥစ္စာသိမ်းယူခြင်း၊ ထောင်ထဲမှာ လှောင်ထားခြင်းတည်းဟူသော ရာဇဝတ်တစ်စုံတစ်ခုကို အလျင်အမြန်ခံစေဟု အမိန့်တော်စာ၌ပါသတည်း။
ဧဇရထောမနာပြုခြင်း
27ယေရုရှလင်မြို့၏ ဗိမာန်တော်ကို တင့်တယ်စေမည်အကြံကို ရှင်ဘုရင်စိတ်နှလုံးထဲသို့ သွင်းပေးတော်မူထသော၊ ရှင်ဘုရင်ရှေ့၊ အတွင်းဝန်များ၊ ဗိုလ်မင်းများရှေ့မှာ ငါ့အားအခွင့်ပေးတော်မူသော ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ 28ထိုသို့ ငါ၏ဘုရားသခင် ထာဝရဘုရား တန်ခိုးတော်ကြောင့်၊ ငါသည် ခွန်အားရှိ၍ ငါနှင့်အတူ လိုက်သွားရသော ဣသရေလအမျိုး အကြီးအကဲတို့ကို စုဝေးစေ၏။

ဧဇရမှတ်စာ - ၇ (အနက်ဖွင့်)

၂။ ဧဇရလက်ထက်တွင် ပြည်တော်ပြန်ဝင်လာကြခြင်း (အခန်း ၁၀)

(ကအာတဇေရဇ်၏မင်းစေတနာ သဒ္ဒါတရား (အခန်း၇)

: အခန်း ၆နှင့်၇ကြား ကာလတွင် နှစ်ပေါင်း (၅၈)နှစ်ကြာသည်။ (နိဒါန်းတွင် ဧဇရ၊ နေဟမိနှင့် ဧသတာတို့၏ နန်းစဉ်ကာလကို ကြည့်ပါ)။ ထိုကာလတွင် ဒါရိမင်းကို အာရွှေရုက လုပ်ကြံသည်။ နန်းစံကာလအကြောင်းကို ဧသတာဝတ္ထုတွင် မှတ်တမ်းတင်ထားသည်။ အာရွှေရုမင်းနောက်တွင် အာတဇေရဇ်မင်း (Longimanus)နန်းဆက်ခံသည်(ငယ် ၁)။

ဧဇရ၏ ဆွေစဉ်မျိုးဆက်စာရင်းကို ငယ် ၁-၅ တွင် လိုရင်းတိုရှင်း ရေးထားသည်။ ထိုအကြောင်းကို G.Cambell Morganကဤသို့ရေးထားသည်။

ဘုရားသခင်၏ အလိုတော်ဖြင့် ပေါ်ထွန်းလာသောသူဖြစ်သည့်အတိုင်း ဗျာဒိတ်ရူပါရုံ အထွေအထူးရရှိခြင်းမရှိဘဲ၊ တမျိုးတဖုံထူးခြားစွာပေါ်ထွန်းသည်။ ရှေးထုံးနည်းနာမျိုးကိုလည်း နှံ့စပ်၍ ကျွမ်းကျင်စွာ အသုံးချနိုင်သည်။သို့ဖြင့် ဧဇရသည် အုတ်မြစ်ပန္နက်အသစ်ဖြစ်လာသည်။ ဥပဒေရေးရာ ဓမ္မထုံးတမ်းစဉ်လာသာမက ပြင်ပလောက၌လည်း ကျွမ်းကျင်လိမ္မာသူဖြစ်သည်။ သူ၏အရည်အချင်း ပြည့်ဝတောက်ပြောင်ပုံကိုလည်း အခန်းငယ်(၁၀)တွင် တစေ့တစောင်း တွေ့ရှိနိုင်သည်။ “တရားတော်ကို ရှာဖွေ စီရင်ထုံးဖွဲ့သွန်သင်သည်။၁၀

 :၁၀ ထူးခြားပြောင်မြောက်သော ကိုယ်ရည်ကိုယ်သွေး ရှိသည့်အတိုင်း မောရှေစီရင်ထုံးကိုလည်း နှံ့စပ်ကျွမ်းကျင်သည်။ ဧဇရသည် ဟင်းလေးအိုးစာအုပ်ကြီးဟု ခေါ်ထိုက်သူဖြစ်သည်။ ဆာလံ(၁)မှ ပထမအခန်းငယ်(၃)ခုသည် ဧဇရကို ဖွဲ့ဆိုခြင်းဖြစ်သည်။၁၁ အဘယ်ကြောင့်ဆိုသော် နေ့ညဉ့်မပျက်ဘုရားသခင်၏  တရားတော်ကို ဆင်ခြင်မွေ့လျော်သည်။ ဘုရားသခင်၏အမှုတော်ထမ်းဆောင်ရာ၌ပျော်ရွင်သည်။ အမျက်တော် ထွက်စဉ်  ဆိုးညစ်သော ဘုရင်များကိုသုံး၍ ယုဒလူများအား ပြည်ပသို့ ဖမ်းဆီးခေါ်ဆောင်ခိုင်းသော်လည်း၊ ဧဇရကို အသုံးပြု၍ ယေရုရှလင်သို့ ပြန်လည်ခေါ်ဆောင်လာသည်။

 :၁၁၂၆ ပါရှားဘုရင် အာတဇေရဇ်က ယဇ်ပုရောဟိတ် ဧဇရသို့ ပေးစာကို မှတ်တမ်းတင်ထားသည်။ ယေရုရှလင်သို့ လိုက်ပါလိုသူများ လိုက်လံစည်းရုံးသည်။ သို့သော် မောရှေ၏ ပညတ်တရားများကို လိုက်နာစောင့်ထိန်းရမည်။ ရှင်ဘုရင်နှင့် မှူးမတ်ကြီးများ စေတနာ အလှူငွေထည့်ဝင်ကြသည်။ ထိုအလှူငွေများကို ဗိမာန်တော် ပြုပြင်မွမ်းမံစရိတ်အဖြစ် သုံးကြသည်။ ငွေ၊ ဂျုံဆန်၊ ဝိုင်၊ ဆီ၊ ဆား အစရှိသည့် လှူဖွယ်ဝတ္ထုများ အမြောက်အမြားရရှိကြသည်။ နောက်ဆုံ:အမယ်(၄)မျိုးသည် ယုဒထုံးစံအရ ပူဇော်သက္ကာပြုရာ ဘောဇဉ်များဖြစ်သည်။ ဗိမာန်တော်သို့ စနစ်တကျပေး လှူ၍ စီမံခန့်ခွဲကြသည်။ အလှူ ဘဏ္ဍာပမာဏများပြားလှသဖြင့်ဧဇရက ကရုဖရက်မြစ်အနောက်ဘက်ကမ်းဒေသ အုပ်စိုးဖို့ အစိုးရမင်းနှင့် တရားသူကြီးများ ခန့်အပ်သည်။ တရားသူကြီးဆိုသည်မှာ ဘုရားသခင်၏ပညတ်တရားများ သွန်သင်ပေးဖို့ ဖြစ်သည်။

 :၂၇၂၈ ဗိမာန်တော်ကို တင့်တယ်အောင် ရှင်ဘုရင်၏ စိတ်နှလုံးကို သိမ်မွေ့စေသော ဘုရားသခင်၏နာမတော်ကို ချီးမွမ်းကြသည်။ ဧဇရသည် ခွန်အားသတ္တိအစွမ်းပေးသော ဘုရားကို ထောမနာပြုသည်။ ဘုရားသခင်က အစွမ်းသတ္တိပေးသည့် အတိုင်း ဧဇရသည် ဣသရေလခေါင်းဆောင်များကို စုဝေး၍ ယေရုရှလင်သို့ ပြည်တော်ဝင်သည်။၁၂

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။