ဧဇရမှတ်စာ - ၅

ဗိမာန်တော်ကိုပြန်လည်တည်ဆောက်
1ထိုအခါ ပရောဖက်ဟဂ္ဂဲနှင့် ဣဒေါသားပရောဖက် ဇာခရိလူတို့သည် ယုဒပြည်သူ၊ ယေရုရှလင်မြို့သား၊ ယုဒလူတို့အား ထာဝရဘုရားအခွင့်နှင့် ဟောကြ၏။ 2ထိုဘုရားသခင်၏ ပရောဖက်တို့သည် ဝိုင်းသဖြင့်၊ ရှာလသေလသား ဇေရုဗဗေလနှင့် ယောဇဒက်သား ယောရှုသည် ထ၍ ယေရုရှလင်မြို့၏ ဗိမာန်တော်ကို တည်စပြုပြန်ကြ၏။ 3ထိုအခါ မြစ်အနောက်ဘက် မြို့ဝန်တာတန်နှင့် ရှေသာဗောဇနဲမှစ၍ သူတို့အပေါင်းအဖော်တို့သည် လာ၍၊ ဤအိမ်ကိုတည်ဆောက်ရမည်၊ ဤမြို့ရိုးကို ပြုပြင်ရမည်အကြောင်း အဘယ်သူမှာထားသနည်း ဟူ၍လည်းကောင်း၊ 4ဤအိမ်ကိုတည်ဆောက်သော သူတို့၏အမည်ကား အဘယ်သို့နည်း ဟူ၍လည်းကောင်း၊ မေးစစ်ကြသော်လည်း၊ 5ဒါရိမင်း အမိန့်တော်မရောက်မီ အလုပ်အကိုင် မပြတ်စေခြင်းငှာ၊ ဘုရားသခင်သည် ယုဒအမျိုးသား အသက်ကြီးသူတို့ကို ထောက်ရှုတော်မူ၏။ သို့ဖြစ်၍ အထံတော်သို့လျှောက်စာကို ပေးလိုက်ကြ၏။
6မြစ်အနောက်ဘက် မြို့ဝန်တာတနဲနှင့် ရှေသာဗောဇနဲမှစ၍ သူတို့အပေါင်းအဖော်၊ 7မြစ်အနောက်ဘက်၌နေသော အဖာသသက်လူတို့သည်၊ ဒါရိမင်းကြီးထံသို့ ပေးလိုက်သော စာချက်ဟူမူကား၊ ဒါရိမင်းကြီး၌ အစဉ်ချမ်းသာရှိပါစေသော။ 8ကျွန်တော်တို့သည် ယုဒပြည်တွင် ကြီးမြတ်သောဘုရားသခင်၏ အိမ်တော်သို့ရောက်၍၊ ထိုအရပ်သားတို့သည် အိမ်တော်ကို ကျောက်ကြီးနှင့်တည်လုပ်လျက်၊ ကျောက်ထရံပေါ်မှာ သစ်သားကို တင်လျက်၊ အလျင်အမြန်လုပ်ဆောင်၍ အကြံထမြောက်ကြောင်းကို သိမှတ်တော်မူပါ။ 9ဤအိမ်ကို တည်ဆောက်ရမည်၊ ဤမြို့ရိုးကို ပြုပြင်ရမည်အကြောင်း အဘယ်သူမှာထားသနည်း ဟူ၍လည်းကောင်း၊ 10သူကြီးတို့၏ အမည်များကိုစာရင်းယူ၍ အထံတော်သို့ ပေးလိုက်ခြင်းငှာ၊ သူကြီးတို့၏ အမည်များကိုလည်းကောင်း၊ အသက်ကြီးသူတို့၌ မေးမြန်းသောအခါ။ 11သူတို့က၊ ငါတို့သည် ကောင်းကင်နှင့်မြေကြီးအရှင် ဘုရားသခင်၏ကျွန်တော် ဖြစ်ကြ၏။ ရှေးကာလ၌ ကြီးမြတ်သော ဣသရေလရှင်ဘုရင် တည်ထောင်တော်မူသော အိမ်တော်ကို ယခုပြုပြင်ကြ၏။ 12ငါတို့ဘိုးဘေးတို့သည် ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်၏ အမျက်တော်ကို နှိုးဆော်သောကြောင့်၊ သူတို့ကို ခါလဒဲမင်း၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာလက်သို့ အပ်တော်မူသဖြင့်၊ ထိုရှင်ဘုရင်သည် ဤအိမ်တော်ကို ဖျက်ဆီး၍၊ ပြည်သားတို့ကို ဗာဗုလုန်မြို့သို့ သိမ်းသွား၏။ 13ဗာဗုလုန်ရှင်ဘုရင် ကုရုသည်၊ နန်းစံပထမနှစ်တွင် ဤဗိမာန်တော်ကို ပြုပြင်ရမည်အကြောင်း မိန့်တော်မူ၏။ 14နေဗုခဒ်နေဇာသည် ယေရုရှလင်မြို့၏ ဗိမာန်တော်ထဲကထုတ်၍၊ ဘုရားသခင်၏အိမ်တော်နှင့် ဆိုင်သော်လည်း၊ ဗာဗုလုန်မြို့၏ ဗိမာန်သို့ ဆောင်သွားသော ရွှေတန်ဆာ၊ ငွေတန်ဆာတို့ကို ကုရုမင်းကြီးသည် ဗာဗုလုန်မြို့၏ဗိမာန်ထဲက တစ်ဖန်ထုတ်၍၊ ရှေရှဗာဇာအမည်နှင့် မြို့ဝန်အရာ၌ ခန့်ထားသောသူလက်သို့ အပ်တော်မူလျက်၊ 15ဤတန်ဆာတို့ကို ယူ၍ ယေရုရှလင်မြို့၏ ဗိမာန်တော်သို့ ဆောင်သွားလော့။ ဘုရားသခင်၏အိမ်တော်ကို မိမိနေရာ၌ တည်ပြန်စေဟု မိန့်တော်မူသည်အတိုင်း၊ 16ထိုရှေရှဗာဇာသည် လာ၍ ယေရုရှလင်မြို့၏ ဘုရားအိမ်တော်အမြစ်ကို ချထားသဖြင့်၊ ထိုအချိန်မှစ၍ ယခုတိုင်အောင် ငါတို့သည်တည်လုပ်လျက် လက်စမသတ်သေးဟု ပြန်ပြောကြ၏။ 17သို့ဖြစ်၍၊ ယေရုရှလင်မြို့၌ ဘုရား၏အိမ်တော်ကို တည်ရမည်အကြောင်း၊ ကုရုမင်းကြီးအမိန့်တော် ရှိသည် မရှိသည်ကို သိလိုသဖြင့်၊ ဗာဗုလုန်မြို့ ဘဏ္ဍာတော်တိုက်၌ ရှာဖွေစေခြင်းငှာ၊ အလိုတော်ရှိလျှင် ရှာဖွေစေတော်မူပါ။ နောက်တစ်ဖန် ဤအမှု၌ အလိုတော်ရှိသည်အတိုင်း ကျွန်တော်တို့ဆီသို့ အမိန့်တော်စာကို ပေးလိုက်တော်မူပါဟု လျှောက်စာ၌ ပါသတည်း။

ဧဇရမှတ်စာ - ၅ (အနက်ဖွင့်)

(ဟဂ္ဂဲနှင့် ဇာခရိတို့က ဗိမာန်တော်ဆောက်လုပ်ရန် တွန်းအားပေးခြင်း (:)

 : ဟဂ္ဂဲနှင့် : နှင့် ဇာ :အရ ထိုခေတ်ကာလသည် ဒါရိမင်း နန်းစံ၊ ဒုတိယနှစ် (ငယ်) နှင့်၄:၂၄ ကို ယှဉ်ဖတ်) ဖြစ်သည်။ ထိုပရောဖတ်နှစ်ပါးက ဣသရေလလူများအား မိမိတို့နေအိမ်အား မွမ်းမံချယ်သခြင်းထက် ဗိမာန်တော် ဦးစားပေး ဆောက်လုပ် ကြရန် သွေးထိုးလှုံဆော်ကြသည် (ဟဂ္ဂဲ ၁:၄)။ ယေရုဗာဗေလနှင့် ယောရှုတို့သည် ဘုရားသခင်၏ စကားတော်ကို မြေဝယ်မကျ နာခံလျက် ဗိမာန်တော်တည်ဆောက်ရန် ချက်ချင်းကြိုးစားအားထုတ်ကြသည်။ ဘုရင့်အမိန့်ဖြင့်မဟုတ်၊ ဘုရားသခင်၏ ပရောဖက်များက သန့်ရှင်းသော ဝိညာဉ်တော် နှိုးဆော်မှုဖြင့် ပြောပြချက်အရ ပြုလုပ်ကြခြင်း ဖြစ်သည်။ (ဇာ ၄:၆ နှင့်ယှဉ်ဖတ်ပါ)။

(ဒါရိမင်းလက်ထက်၌ ဆန့်ကျင်ကြခြင်း (:)

: ဆန့်ကျင်ပုန်ကန်မှုများ ချက်ချင်းဟုန်းဟုန်းတောက်လောင်သည်။ ပါးရှားလူကြီးမင်းများသည် ဒေသခံလူအချို့နှင့် ပေါင်း၍ ယေရုရှလင်မြို့ လုပ်ငန်းခွင်သို့ ရောက်ရှိလာကြသည်။ မည်သူ့နာမည်ဖြင့် ဗိမာန်တော်ကို ဆောက်လုပ်ကြသနည်းဟု အော်ဟစ်ငေါက်ငန်းကြသည် (ငယ် ၉၊ ၁၀ ကိုကြည့်)။ ယုဒအမျိုးသားခေါင်းဆောင်၏ အမိန့်ဖြင့်ဆောက်လုပ်ကြကြောင်း ပြန်ဖြေကြသည်။ ဤနေရာတွင်ပါရှိသော ပါရှားလူကြီးမင်းများသည် အခန်း(၄)တွင်ပါရှိသူများထက် အမြော်အမြင်ရှိသူများဖြစ်သည်။ လုပ်ငန်းကိုမရပ်ဆိုင်းစေဘဲ၊ဒါရိမင်းထံ ကန့်ကွက်စာတရားဝင်ပို့သည်။ ယုဒလူများသည် ဘုရားသခင်၏ စကားတော်ကိုနာခံလျက်ဆောက်လုပ်သောကြောင့် လုပ်ငန်းပြီးဆုံးသွားသည်။

: ဒါရိမင်းထံသို့ ပေးစာတွင် ပါရှားအနောက်ဘက်မြို့ဝန် ကာတနဲနှင့် ရှေသာဗောင်နဲတို့က ပြန်စာမျှော်လင့်မည်ဟု ဆိုသည်။ ယုဒလူကြီးမင်းများက ဘုရားသခင်၏ အမိန့်တော် ဖြစ်သည်ဟု ဦးစွာခံယူကြသည်။ ယုဒလူများသည် ဘုရားသခင်လူများ ဟုတ်မှန်ပါသည်။ မိမိတို့အပြစ်ဒုစရိုက်ကြောင့် ဗာဗုလုန်သို့ ဖမ်းဆီးကျွန်ပြုခြင်းခံရသော်လည်း ဘုရားသခင်က ပြန်လည်ကယ်တင်သည်။ ထို့ကြောင့် ဗိမာန်တော်ပြန်လည်တည်ဆောက်ခွင့်ရသည်။ လောကမင်းအမိန့်အရဆိုလျှင် ကုရုမင်းကြီး၏ အမိန့်အာဏာဖြင့် တည်ဆောက်ခြင်းဖြစ်သည်။ ဗိမာန်တော်ပြန်လည်တည်ဆောက်ရန် ကုရုမင်းကိုယ်တိုင် စေတနာသဒ္ဓါရက်ရောစွာ ပေးလှူခဲ့သည်။ ကုရုမင်းကြီး၏ ခွင့်ပြုမိန့်ကို ဖတ်ရှုလိုလျှင် ဒါရိမင်းက တုန့်ပြန်လိုက်သည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။