ဧဇရမှတ်စာ - ၂
ဧဇရမှတ်စာ - ၂ (အနက်ဖွင့်)
(ဂ) ပြည်တော်ပြန်ဝင်သူများစာရင်း (အခန်း၂)
၂:၁–၅၈ ဤ ကျမ်းပိုဒ်တွင် ယေရုဗာဗေလ လက်အောက်ရှိ ဗာဗုလုန်ပြည်မှ ပြည်တော်ပြန် ဝင်လာသူများစာရင်း ရေးထားသည်။ အချို့ကို မိဘ၊ ဘိုးဘွားမျိုးရိုးအလိုက်ဖော်ပြ၍ (ငယ် ၃-၁၉)အချို့ကို မွေးရပ်မြေ ဒေသအလိုက် ဖော်ပြသည် (ငယ် ၂၀-၃၅)။ ယဇ်ပုရောဟိတ်များစာရင်းကို (ငယ် ၃၆-၃၉)၊ လေဝိအမျိုးစာရင်းကို (ငယ် ၄၀–၄၂)၊ ဘုရားကျွန် (သို့) နေသိနိမ်အမျိုးကို (ငယ် ၄၃-၅၄) တွင် သီးသန့် ရေးမှတ်ထားသည်။ ထိုလူထုလူတန်းစားများသည် ဗိမာန်တော်ပြန်လည်တည်ဆောက်ကြရာတွင် အရေးပါ အရာရောက်သူများဖြစ်သည်။
၂:၅၉–၆၃ အချို့ယဇ်ပုရောဟိတ် အမည်ခံသူများသည် မျိုးရိုးဗီဇအရ ယဇ်ပုရောဟိတ်အမျိုး ဖြစ်ကြောင်း သက်သေမပြနိုင်ကြသဖြင့် ဥရိမ်နှင့် သုမိမ်မထင်ရှားစေနိုင်သည့်ကာလအထိ ယဇ်ပုရောဟိတ်အမှုထမ်းဆောင်ခြင်း ၊ ယဇ်ပုရောဟိတ် ဝေစုခံစားခြင်းများကို တားမြစ်ခဲ့သည်။၄ထိုကာလတွင် ယုဒဘုရင်ခံ(or Tirskatha NKJV Marg ငယ် ၆၃)မှာ ယေရုဗာဗေလဖြစ်သည်။
၂:၆၄–၆၇ ပြည်တော်သို့ ပြန်ဝင်သူများစာရင်းကို နေဟမိ အခန်း (၇)တွင်လည်း ထိုသို့နီးပါးရေးသားထားသည်။ အသေးအဖွဲ့မှလွဲ၍ ယေဘူယျအားဖြင့် အတူတူဖြစ်သည်။ ပြည်တော်ပြန်ဝင်ကြသူ ယုဒလူ စုစုပေါင်းမှာ လေးသောင်းနှစ်ထောင်သုံးရာ့ခြောက်ဆယ်ရှိသည်။ အစေခံနှင့် ကပ်ပါးလူဦ:ရေ ခုနှစ်ထောင် သုံးရာသုံးဆယ့်ခုနှစ်ယောက်ရှိသည်။ ဧဇရကျမ်းတွင် သီချင်းသည် စာဆိုတော်ပေါင်း နှစ်ရာထပ်ဆောင်း၍ နေဟမိမှတ်စာတွင် နှစ်ရာ့လေးဆယ့်ငါး ဟုဆိုသည်။ ထို့ကြောင့် စုစုပေါင်း ရေတွက်လျှင် လူဦးရေ ငါးသောင်းခန့်ရှိသည်။
၂:၆၈–၇၀ ယေရုရှလင်သို့ ပြန်လည်ဝင်ရောက် ခြေချသောအခါ ဆွေကြီးမျိုးကြီး ဖခင်ကြီးများသည် ဘုရားသခင်၏ အိမ်တော် ပြန်လည်တည်ဆောက်ရန်နှင့် ယဇ်ပုရောဟိတ်များ ဝတ်ရုံအတွက် ရွှေထည်ငွေထည်များ ပေးလှူကြသည်။ တိုင်းသူပြည်သားများသည် မြို့ပြပြည်ရွာ ပြန်လည်ထူထောင်ကြသည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။