ဧဇရမှတ်စာ - ၁
ဧဇရမှတ်စာ - ၁ (အနက်ဖွင့်)
၁။ ယေရုရှလင်မြို့ ယေရုဗာဗေလလက်အောက်သို့ ပြည်တော်ပြန်ဝင်ကြခြင်း (အခန်း ၁–၆)
(က) ကုရုမင်းအမိန့် (၁:၁–၄)
၁:၁–၄ ပထမပိုင်း အခန်းငယ် (၃)ခုသည် ရာဇဝင်ချုပ်ကျမ်းစာတို့၏ အဆက်ဖြစ်သည်။ ယုဒလူများအား ပြည်တော်သို့ ပြန်ဝင်၍ ဗိမာန်တော်ပြန်လည် တည်ဆောက်စေရန် ဘုရားသခင်က ကုရုမင်းကို အသုံးပြုသည်။ ထို့အပြင် ယုဒပြည်အိမ်နီးနားချင်းများကိုလည်း ပါဝင်ကူညီကြရန် မိန့်ဆိုထားသည်။မမွေးဖွားမီ နှစ်ပေါင်းများစွာကပင်ကုရုမင်းအားဘုရားသခင်က ရှေးမဆွကပင် ကြိုတင်ခွဲခန့်စီစဉ်ထားပြီးဖြစ်သည် (ဟေရှာ ၄၄:၂၈-၄၅:၁၃)။ ကုရုမင်း၏အသက်တာသည် “ရှင်ဘုရင်စိတ်နှလုံးသည်ရေချောင်းကဲ့သို့ပင်ဖြစ်၍ ထာဝရဘုရား၏ လက်တော်၌ ရှိသဖြင့် အလိုတော်ရှိသည့်အတိုင်း လှည့်လည်စေတော်မူ၏” (သု ၂၁:၁) ကျမ်းချက်အတိုင်းဖြစ်သည်။
ကုရုမင်း၏အမိန့်ဖြင့် ယုဒတို့၏ အနှစ်(၇၀) ကျွန်ဘဝဇာတ်သိမ်းသည်။ထိုနှစ်ပေါင်း (၇၀)ကာလတာကို (၂)မျိုး ရေတွက်နိုင်သည်။ နေဗုခပ်နေဇာဘုရင်က ဘီစီ ၆၀၅ ခုနှစ်တွင် ပထမအကြိမ် ယေရုရှလင်တိုက်ခိုက်သိမ်းပိုက်၍ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကာလမှ ဗိမာန်တော် အုတ်မြစ် ပန္နက်ပြန်ချသည့် ဘီစီ၅၃၅ထိဖြစ်သည်။ နောက်တခုမှာ ယေရုရှလင်မြို့ လုံးဝပျက်သုဉ်းသည့် ဘီစီ ၅၈၆မှစ၍ ဗိမာန်တော်လုံးဝပြီးစီးသည့် ဘီစီ ၅၁၆ထိဖြစ်သည်။
(ခ) ထောက်ပံကူညီကြခြင်း (၁:၅–၁၁)
၁:၅–၁၁ အိမ်းနီးနားချင်း ယုဒလူများကလည်း တတ်စွမ်းသရွေ့ ပေးလှူကြသည်။ ယေရုရှလင်မှ နေဗုခပ်နေဇာမင်း လုယက်သိမ်းယူ သွားသောရွှေ၊ ငွေ အကျပ်လေးထောင်ကို ကုရုမင်းက ပြန်လည်ပေးအပ်သည်။ ငယ် ၈၌ပါရှိသော ရှေရှဗာဇာသည် ယေရုဗာဗေလမင်း၏ ပါရှားနာမည်ဖြစ်သည်။ ငယ်၉တွင်ပါရှိသည့် ဓါး(၂၉)စင်း၉ကို သတိပြုပါ။ ဘုရားသခင်သည် ထိုအသေးအဖွဲ့ပစ္စည်းမှစ၍ ဂရုစိုက်လျှင် သူ့လူများကို အဘယ်မျှ အလေးထားမည်နည်း။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။