ယေဇကျေလအနာဂတ္တိကျမ်း - ၁၅
ယေဇကျေလအနာဂတ္တိကျမ်း - ၁၅ (အနက်ဖွင့်)
(ဍ) အသိးမသီးသောစပျစ်ပင်ပုံဥပမာ (အခန်း ၁၅)
စပျစ်ပင်သည် စပျစ်သီး သီးခြင်းတစ်ခု၌ သာလျှင် အကျိုးရှိသည်။ စပျစ်ပင်ကို အိမ်ထောင်ပရိဘောဂများလုပ်၍ မရသကဲ့သို့ တံစို့ အဖြစ်လည်းသုံးမရပါ။ မီးရှို့ရုံရှိသည်။ မီးလောင်ကျွမ်းပြီးသော် သာ၍ပင်အသုံးမရ။ ယေရုရှလင်သားတို့သည် စပျစ်ပင်သို့နှယ်(ငယ်၆) ဖြစ်ကြ၏ ဘုရားအဖို့အသီးမသီးသောအခါ ဗာဗုလုန်ကျူးကျော်မှုက မီးရှို့ဖျက်ဆီးလိုက်သည််။ အခြားတဖက်မှစဉ်းစားလျှင် စပျစ်ပင်သည် ယုဒနှင့် ဤသရေလလူမျိုးနှစ်မျိုးလုံးပါဝင်သော လူမျိုးတော်ကို ပုံဆောင်သည်(ငယ်၄)။ မြောက်ဘက်ခြမ်း အကိုင်းအခက်ကို အာရှုရိတို့က မီးရှို့လောင်ကျွမ်းစေသည်။ တောင်ဘက်အကိုင်းအခက်ကို အဲဂုတ္တုတို့က မီးရှို့လောင်မြှိက်စေသည်။ ယခုအလယ်ဗဟိုပင်စည် ယေရုရှလင်မြို့ကို ဗာဗုလုန်တို့က မီးရှို့မည် (၄ရာ၊ ၂၅:၉)။ အငယ်−၇၌ ဖော်ပြသည့် မီးတစ်ပုံမှလွတ်၍ အခြားမီးတစ်ပုံ၌ လောင်ကျွမ်းမည့်သူတို့မှာ ဖမ်းဆီးခံရာမှ ပြန်လည်လွတ်မြောက်လာသူများကို ဆိုလိုသည်။ ဘုရားသခင်သည် ထိုမြေကို ခြောက်သယောင်းထစေဖို့အစီအမံရှိသည်(ငယ်၈)။
ယုံကြည်သူများသည် ဘုရားသခင်အထံမှ အထူးအခွင့်အရေး ခံစားရရှိသူများ ဖြစ်သလို ဘုရားသခင်ဘုန်းတော်အတွက် အသီးဖြစ်ထွန်းခြင်းဖြင့် တုန့်ပြန်ဖို့ ဝတ္တရားရှိသည်။ အကယ်၍ ကျေးဇူးတရားမသိ၊ အသီးမဖြစ်ထွန်းလျှင် ကျွန်ုပ်တို့အသက်တာသည် အချည်းနှီး ဖြစ်မည်။ အသီးမသီးသောစပျစ်ပင်သည် အသုံးမဝင်သဖြင့်မီးရှို့ဖျက်ဆီးခြင်းခံရမည်(ယော၊ ၁၅:၆)။ ခရစ်တော်တည်းဟူသော စပျစ်ပင်စစ်၏ အကိုင်းအခက်များ မှန်ကန်လျှင် ဘုရားသခင်အတွက် အသီးသီးရမည်ဖြစ်သည်။ ဆိုလိုသည်မှာ ခရစ်ယာန်အသက်တာ ကြီးထွားရင့်ကျက်ဖွံ့ဖြိုးခြင်းကို ဝိညာဉ်အသီးသိးပွင့်ခြင်း၌ မြင်တွေ့နိုင်ပါသည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။