ဒံယေလအနာဂတ္တိကျမ်း - ၁၂

ကာလကုန်ဆုံးချိန်
1ထိုကာလ၌ သင့်အမျိုးသားချင်းတို့၏အမှုကို စောင့်သော အရှင်ကြီးမိက္ခေလသည် ပေါ်လာလိမ့်မည်။ လူမျိုးတစ်စုံတစ်မျိုးမျှ ဖြစ်သည်ကာလမှစ၍ ထိုကာလတိုင်အောင်၊ မဖြစ်စဖူးသော ဆင်းရဲဒုက္ခကပ်ကာလသည် ရောက်လိမ့်မည်။ ထိုကာလအခါ စာစောင်၌ စာရင်းဝင်သမျှသော သင်၏အမျိုးသားချင်းတို့သည် ကယ်လွှတ်ခြင်းသို့ ရောက်ကြလိမ့်မည်။ 2ထိုကာလအခါ မြေမှုန့်၌ အိပ်ပျော်သောသူများတို့သည် နိုးကြလိမ့်မည်။ အချို့တို့ကား၊ ထာဝရ အသက်ရှင်ခြင်းနှင့်လည်းကောင်း၊ အချို့တို့ကား ရှက်ကြောက်ခြင်း၊ ထာဝရအသရေပျက်ခြင်းနှင့်လည်းကောင်း နိုးကြလိမ့်မည်။ 3ပညာရှိသော သူတို့သည်လည်း၊ ကောင်းကင်မျက်နှာကြက်၏ အရောင်အဝါကဲ့သို့လည်းကောင်း၊ လူအများတို့ကို ဖြောင့်မတ်ခြင်းတရားလမ်းထဲသို့ သွင်းသော သူတို့သည်လည်း၊ ကြယ်များကဲ့သို့လည်းကောင်း အစဉ်အမြဲ ထွန်းလင်းကြလိမ့်မည်။ 4သင်ဒံယေလမူကား၊ အမှုကုန်ရသည် ကာလတိုင်အောင်၊ ဤစကားတော်တို့ကို ပိတ်၍ စာစောင်ကို တံဆိပ်ခတ်ထားလော့။ အများသော သူတို့သည် ထိုစာကို ကြည့်ရှုသောအားဖြင့် ပညာတိုးပွားလိမ့်မည်ဟု ပြောဆို၏။
5ထိုအခါ ငါဒံယေလသည် ကြည့်ရှုလျှင်၊ အခြားသောသူနှစ်ပါးတို့သည် မြစ်ကမ်းတို့၌ တစ်ဖက်တစ်ပါးစီ ရပ်နေကြ၏။ 6တစ်ပါးကလည်း၊ အံ့ဖွယ်သော ဤအမူအရာတို့သည် မကုန်စင်မီ အဘယ်မျှလောက် ကြာလိမ့်မည်နည်းဟု ပိတ်ချောကိုဝတ်လျက်၊ မြစ်ရေပေါ်မှာရှိသော လူကို မေးမြန်း၏။ 7ပိတ်ချောကိုဝတ်လျက် မြစ်ရေပေါ်မှာရှိသော လူကလည်း တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက်ပတ်လုံး ဖြစ်လိမ့်မည်။ သန့်ရှင်း သူတို့၏အစွမ်းသတ္တိကို အရပ်ရပ်သို့ ဖြန့်လွှင့်ခြင်းအမှုပြီးသောအခါ ထိုအမူအရာ အလုံးစုံတို့သည် ကုန်စင်ကြလိမ့်မည်ဟု လက်နှစ်ဖက်ကို ကောင်းကင်သို့ချီလျက် ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသော ဘုရားကို တိုင်တည်၍ ကျိန်ဆိုသည်ကို ငါကြား၏။
8ထိုစကားကို ငါကြား၍ နားမလည်သောကြောင့်၊ သခင်ဘုရား၊ ဤအမူအရာတို့သည် အဘယ်သို့ ကုန်စင်ပါမည်နည်းဟု မေးလျှောက်လျှင်၊ 9ထိုသူက ဒံယေလ၊ သင်သွားလော့။ ထိုစကားသည် အမှုကုန်ရသည် ကာလတိုင်အောင် ပိတ်၍ တံဆိပ်ခတ်ထားလျက် ရှိ၏။ 10လူအများတို့သည် သန့်ရှင်းဖြူစင်ခြင်းသို့ရောက်၍ စုံစမ်းခြင်းကို ခံရကြလိမ့်မည်။ မတရားသောသူတို့သည် မတရားသဖြင့် ပြု၍ တစ်ယောက်မျှ နားမလည်ရ။ ပညာရှိသော သူတို့မူကား၊ နားလည်ကြလိမ့်မည်။  11နေ့ရက်အစဉ် ပြုသောဝတ်ကို ပယ်ရှင်း၍၊ ဖျက်ဆီးတတ်သော ရွံရှာဖွယ်အရာသည် ပေါ်လာပြီးမှ၊ အရက် တစ်ထောင်နှစ်ရာကိုးဆယ် ကြာလိမ့်မည်။ 12အရက် တစ်ထောင်သုံးရာသုံးဆယ်ငါးရက်တိုင်အောင် ငံ့လင့်၍ မီသောသူသည် မင်္ဂလာရှိ၏။ 13သင်မူကား အဆုံးမဖြစ်မီတိုင်အောင် သွားလော့။ ငြိမ်ဝပ်စွာနေရလိမ့်မည်။ နေ့ရက်ကာလ ကုန်စင်ပြီးမှ ကိုယ်အရိုက်အရာကိုခံ၍ ပေါ်ရလိမ့်မည်ဟုဆို၏။
ပရောဖက်ဒံယေလစီရင်ရေးထားသောအနာဂတ္တိကျမ်းပြီး၏။

လက်ရှိရွေးချယ်ထားမှု

ဒံယေလ 12: JBMLE

 
 

အရောင်မှတ်ချက်

 
 
 
 
 
 
 
 

မျှဝေရန်

 
 

ကူးယူ

ဒံယေလအနာဂတ္တိကျမ်း - ၁၂ (အနက်ဖွင့်)

(ဘေးဒဏ်ကြီး (အခန်း၁၂)

          ၁၂: အပိုဒ်ငယ် (၁) သည် ခရစ်တော်ဘုရား ဒုတိယအကြိမ်ကြွလာသောအခါ ဘေးဒဏ်ကြီးကာလ သုံးနှစ်ခွဲ သက်ရောက်လိမ့်မည်။ သေလွန်သူအချို့သည် ခရစ်နှင့်အတူ အနှစ်တထောင်ကာလ  စိုးစံဖို့ ပြန်လည်ထမြောက်လာကြမည်။ မတရားဆိုးညစ်၍ သေလွန်သူများသည် ဘေးဒဏ်ကြီ:ကာလ ကုန်ဆုံးသည့်အခါ ပြန်လည်ထမြောက်ကြမည် (ငယ်၂၊ဗျာ ၂၀:၅ ကိုလည်းကြည့်ပါ)။ ဘေးဒဏ်ကြီးကာလတွင် ပေါ်ထွန်းသည့် သန့်ရှင်းသူများသည် ဉာဏ်ပညာရှိ၍ သခင်ဘုရားကို နာခံကြသောကြောင့် တခြားသူများကိုလည်း ယုံကြည်ခြင်းနှင့် ဖြောင့်မတ်ခြင်းတရားသွန်သင်ကြမည်။ ထိုသို့ သွန်သင်သက်သေခံနိုင်ကြသည့်အတိုင်း ထာဝရကာလ ဘုန်းတန်ခိုး ကျက်သရေပြည့်စုံကြမည်။

အပိုဒ်ငယ် (၂) သည် ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထမြောက်ခြင်းမဟုတ်၊ တမျိုးသားလုံးနှင့်ယှဉ်၍ စိတ်သဘောထားခံယူချက် ပြောင်းလဲခြင်းဖြစ်သည်ဟု အချို့ကကျမ်းစာ ပညာရှင်များက ဆိုသည်။ ဘုရားသခင်၏ လူများပြန်လည်စည်းကြမည်။ ထိုအထဲမှ ဧဝံဂေလိတရားကို လက်သင့်ခံသော လူနည်းစုက အနှစ်တထောင် နိုင်ငံတော်တွင် စိုးစံကြရမည်။ ထာဝရအသက်ရရှိဖို့ တပ်လှန့်နှိုးဆော်ခြင်းတရပ် ဖြစ်သည်။ အခြားအန္တိခရစ်များသည် ပြစ်တင်ရှုတ်ချခြင်းခံရမည်။ အရှက်ရ၍ ထာဝရအသရေ ပျက်ခြင်းခံစားကြသည်။ ရာစုနှစ်ပေါင်းများစွာ မြေမှုန့်ထဲသို့ မြှုပ်နှံပြီးသူများသည်လည်း နိုးကြားမည်။ ဣသရေလများနိုးထကြ၍ ကျန်ကြွင်းသော ယုံကြည်သူများသည်လည်း ဝိညာဉ်ရေးရာ နိုးထကြမည် (ဟေရှာ ၂၆:၁၉၊ယေဇ ၃၇)။

          ၁၂: ဤစကားတော်များကို ဒံယေလအား စာအုပ်ထဲတွင်ရေ:မှတ်၍ တံဆိပ်ခတ်နှိပ်ခိုင်းထားသည်။ အပိုဒ်ငယ်(၄) ဒုတိယပိုင်းသည် သိပ္ပံနည်းကျသော ဉာဏ်ပညာတိုးပွားစေပါသည်။ သို့သော် ထိုမျှသာမကပါ။ Darby က “လူအများက အလေးအနက် ထားစုံစမ်းလေ့လာကြမည်” ဟုဆိုသည်။ Tergelles က “အဆုံးမှ အဆုံးတိုင်အောင် နှိုက်နှိုက်ချွတ်ချွတ်လေ့လာ ကြမည်၁၅ဟု ထောက်ခံထားသည်။ ဆိုလိုသည်မှာ ဤပရောဖက်ပြုချက်ကို လူအများက လေ့လာခြင်းဖြင့် အသိဉာဏ်တိုးပွား၍ ဘေးဒဏ်ကြီးကာလအကြောင်းပိုမို သိရှိနားလည်ကြမည်။

၁၂:၁၀ ဤကျမ်းတွင် သာမန်လူနှင့် မတူတမူထူးခြားစွာ ပိတ်ချောဝတ်ဆင်၍ မြစ်တဖက်ကမ်း၌ ရပ်နေသူအား တခြားတဖက်ကမ်းမှ လူတစ်ယောက်က မေးမြန်းပုံကို ရေးထားသည်။ ဤအမှုအရာမကုန်စင်မီ အဘယ်မျှလောက်ကြာဦးမည်နည်း ဟုမေးသည်။ ကြာမည့်အချိန်ကာလသည် သုံးနှစ်ခွဲ ဖြစ်သည်။ တစ်ကာလ၊ နှစ်ကာလ၊ ကာလတဝက်ပတ်လုံးဟုဆိုသည်။ ထိုအမှုအရာများကို ဒံယေလကသဘောမပေါက်၍ ထပ်မေးသောအခါ “သွားလော့၊ ထိုစကကားသည် အမှုကုန်ရသည်ကာလတိုင် အောင်ပိတ်၍ တံဆိပ်ခတ်ထားလော့ဟု” အမိန့်ပေးခြင်းခံရသည်။ သေချာသည်မှာဖြောင့်မတ်သူများသည် စင်ကြယ်ခွင့်ရကြမည်။ ဆိုးညစ်သူများသည် မိမိစရိတ်နှင့်ကို မိမိဖြစ်ကြရမည်။ ပညာရှိများသာလျှင် နားလည်နိုင်ကြမည်။ ဘေးဒဏ်ကြီးကာလအစမှ အဆုံးသည် တစ်ကာလ၊ နှစ်ကာလ၊ကာလတဝက် (သုံ:နှစ်ခွဲသို့မဟုတ် ရက်ပေါင်း ၁၂၆၀) ကြာရှည်မည်။

          ၁၂:၁၁ ဘေးဒဏ်ကြီးကာလမစမီ ရက်ပေါင်း (၃၀) လုံးလုံး ယေရုရှလင်ဗိမာန်တော်၌ စက်ဆုတ်ရွံရှာဘွယ်ရာပြုလုပ်ကြမည်။ ရက်ပေါင်းတစ်ထောင့်နှစ်ရာကိုးဆယ်ကြာလိမ့်မည် ဆိုသည်မှာ ထိုနေ့ရက်များထည့်တွက်ခြင်းဖြစ်သည်။

၁၂း၁၂ ရက်ပေါင်းတစ်ထောင့်နှစ်ရာကိုးဆယ်ကြာလိမ့်မည် ဆိုသည်မှာ ခရစ်တော်ဘုရားကြွလာပြီးနောက် ရန်သူများအားအပြစ်စီရင်၍ ခရစ်တော်အုပ်စိုခြင်း အစပြုခြင်း ကာလဖြစ်သည်။

          ၁၂:၁၃ ဒံယေလသည်လည်း အနားယူ(သေ) မည်။ ငြိမ်ဝပ်စွာနာယူပြီ:သော် ပြန်လည်ထမြောက်၍ သခင်ယေရှုခရစ်တော်နှင့်အတူ အနှစ်တထောင်နိုင်ငံတော်၌ ပျော်ရွှင်ချမ်းမြေ့စွာ ကောင်းမင်္ဂလာခံစားမည်။

မှတ်စု

၁။  (နိဒါန်း) Merrill F. Unger, Introductory Guide to the Old Testament, p. 396.

၂။  (နိဒါန်း) Ibid, p. 399.

၃။  (နိဒါန်း) Anderson က ဒံယေလ၏ သီတင်းပတ်(၇၀) ပရောဖက်ပြုချက်ကို The Coming Prince စာအုပ်တွင် အသေးစိတ်ရာဇဝင် သက္ကရာဇ် စဉ်လာကျကျရေးထားသည်။

၄။  (၄:၁၉-၂၆) Boanthropy (xo-man)မနုဿဥဿဘသည် monomania ရောဂါဖဖြစ်သည်။ Dr. R. K. Harrison က လန်ဒန်စိတ်ရောဂါပညာရှင် တက္ကသိုလ်တွင် ထိုရောဂါမျိုးအကြောင်း အသေးစိတ်သုတေသနပြုထားသည်။ (Introduction to the Old Testament, pp.114-117)

၅။  (၅:၁၀-၁၆) ဗေလရှာဇာ၏ မိဘုရားမဟုတ်ပါ။ မိဘုရားမယ်တော်သာဖြစ်သည်။

၆။  (၅:၂၅-၃၁) Tekel သည် ဟေဗြဲဘာသာ Shekel နှင့် ဆက်စပ်သည်။ ဝေါဟာရအသုံးနှုန်းများသည် ထိုကာလသုံးစကားလုံး (အာရမိတ်ဘာသာ) ဖြစ်သော်လည်း သညာဝှက်အထာစကားဖြစ်ကြောင့် လူမျိုးများကပို၍ နားမလည်နိုင်  လူမျိုးခြားမဆိုထားဘိ၊ အာရမိတ်ဘာသာစကားသုံးသော လူမျိုးများပင် သဘောမပေါက်နိုင်ကြပေ။

၇။  (၆:၉-၁၃) ဧသတာဝတ္ထုတွင်လည်း အာရွှေရုမင်သည် မိမိနှင့် မဆိုင်သည့် ယဇ်ပလ္လင်နှင့် ပတ်သက်သော ပညတ်ချက်ထုတ်ပြန်ပြီ:၊ သူ့လူများကို ညှဉ်းဆဲခဲ့သည်။ ထိုသို့ ဂန္တိဝင်ကြမ္မာဆိုး ရင်ဆိုင်ခဲ့ကြသော်လည်း ယုံကြည်ကိုးကွယ်မှုကြောင့် နှစ်ယောက်လုံး လွတ်မြောက်ခဲ့ကြသည်။ ထိုသူနှစ်ယောက်စလုံးသည် ပေရသိ(ပါရှား) နိုင်ငံသားများမဟုတ်။ ဧည့်နိုင်ငံသားများ ဖြစ်သည်။ ထိုအမှုအရေးအရာများတွင် ပါရှန်ဘုရင်က လက်မှတ်ထိုး၍ အမိန့်စာချွန်ထုတ်ခဲ့ကြသည်။ သို့သော် ဘုရားလူများသည် အသီးသီးလွတ်မြောက်ခဲ့ကြသည်။

၈။  (၇:၁-၃) တောင်ပံရှိသောခြင်္သေ့မှာ ဗာဗုလုန်နိုင်ငံ၏ အထိမ်းအမှတ် သင်္ကေတ ဖြစ်သည်။ ဂရီဗြိတိန်နိုင်ငံ၏အမှတ်သင်္ကေတဖြစ်သည် ခြင်္သေ့၊ အမေရိကန်နိုင်ငံ၏အမှတ်အသားသည် လင်းယုန်ကဲ့သို့ အမှတ်လက္ခဏာတံဆိပ်ဖြစ်သည်။

၉။  (၈:၉-၁၄) Antiochus၏ ယုဒလူမျိုးမုန်းတီးသည် ဟာမန်နှင့် ဟစ်တလာတို့ကဲ့သို့သော မုန်းတီးမှုမျိုးဖြစ်သည်။ လာမည့်အန္တိခရစ်ကို ပုံဆောင်သည်။ Antiochusသည် သူ့အား ဧပိဖနိတ် Epiphaes ဟုအခေါ်ခံလိုသည့် Epimanes(အရူး)ဟုသာ ခေါ်ကြသည်။ သူ့ဘဝဖြစ်ကြောင်းကုန်စင်ကို ကျမ်းပယ်ဖြစ်သော မက္ကာဘီကျမ်း Maccabees တွင် ရေးထားသည်။

၁၀။  (၉:၂၀-၂၃) ဟေဗြဲဘာသာစကားတွင် သီတင်းပတ်သည် “၇” ဂဏာန်ကို စံပြုသည်။ ထိုကြောင့်အချို.တို့က heptad ဟူသော ဂရိဝေါဟာရသုံ:သည်။ ဂရိဘာသာဖြင့် “၇” ဖြစ်သည်။

၁၁။  (၉:၂၆) Anderson ၏အလိုအရ အေဒီ ၃၂၊ ဧပြီလ ၆ ရက်နေ့ဖြစ်သည်။ Dr. Harold Hoehner ကဘီစီ ၄၄၄ က အစပြု၍ အေဒီ ၃၃တွင် ဆုံးသည်ဟုဆိုသည်။ Bibliotheca Sacra, January-March, 1975,pp.6264 ကိုကြည့်ပါ။

၁၂။  (၁၀:၁၀-၁၄) Leon Wood, Commentary on Daniel, pp 272,273.

၁၃။  (၁၀:၁၀-၁၄) William Kelly နှင့် အချို့ကျမ်းစာ ဆရာများက အပိုဒ်ငယ် ၁၃တွင် စကားပြောသူမှာ ဘုရားသခင်ထက်အခြားတစ်ဦး ပိုဖြစ်နိုင်သည်ဟု ယူဆကြသည်။

၁၄။  (၁၁:၅-၆) မြောက်ဘုရင်နှင့် တောင်ဘုရင်ဟူသော စကားဝေါဟာရအသုံးအနှုန်းသည် အရေးကြီးသည်။ ထိုခေတ်ကာလတွင် နန်းစံသော ဆီးရီးယားနှင့်အဲဂုတ္တုဘုရင်တို့ကို အသီးသီးရည်ညွှန်းသည်။ သမိုင်းတခေတ်တွင် စိုးစံသော ဆီးရီးယားနှင့် အဲဂုတ္တု ဘုရင်များကို သင်္ကေတပြုခေါ်ဆိုခြင်းမဟုတ်ပါ။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။