အာမုတ်အနာဂတ္တိကျမ်း - ၄
အာမုတ်အနာဂတ္တိကျမ်း - ၄ (အနက်ဖွင့်)
(ခ) ဒုတိယအကြိမ်ဆင့်ခေါ်ခြင်း(အခန်း၄)
၄:၁–၃ ရှုမာရိသူကြွယ်မများသည် အဝအလင်ကျွေးမွေးထားသော ဗာရှန်နွားမများနှင့် တူသည်။ မရှိဆင်းရဲသားများ၏ ဂုပ်သွေးဖောက်စုတ် ခေါင်းပုံဖြတ်လျက် မတရားသဖြင့် ဇိမ်ခံနေကြသည်။ ထို့ကြောင့်မိမိမွေးရပ်မြေကို စွန့်ခွါလျက် အာရှုရိတို့၏ ဖမ်းဆီးကျွန်ပြုခြင်းခံရမည်။ သူတို့နှင့်တကွ သူတို့သားစဉ်မြေးဆက်တို့သည် ငါးမျှားချိတ်နှင့် ပိုက်ကွန်၌မိသော ငါးကဲ့သို့ ဖမ်းဆီးသွားခြင်းခံရလိမ့်မည်။ သူတို့မြို့ရွာ စည်းရိုးတံတိုင်း များပြိုလဲပျက်စီ:ကုန်မည်။
အချို့ကျမ်းမူများ(RSV,NASB,NKJV) ကထိုအရပ်ဒေသကို Harmon ဟုဆိုကြသည်။ KJV ကျမ်း၌ “နန်းတော်” ဟုသုံးထားသည်။ ထိုအကြောင်းကို Darby ကဤသို့ဆိုထားပလါသည်။
အချို့က “တောင်ကုန်းများ” ဟု ဘာသာပြန်ဆို၍ အချို့က “(ရန်သူ)ခံတပ်” ဟုပြန်ဆိုကြသည်။ KJV ကျမ်းမူတွင် “နန်းတော်” ဟုဆိုထားသည်။ ၁:၄ တွင်ပါရှိသည့်အတိုင်း အဓိပ္ပါယ်မထူးခြားလှပါ။
၄:၄–၁၃ ဘုရားသခင်က ထိုသူကိုးကွယ်သော ရုပ်တုဆင်းတုများကို ကိုးကွယ်ဖို့ ဗေသလသို့ယူဆောင်လာရန် အရွဲ့တိုက်ခိုင်းသည်။ အမှန်တကယ်ကိုးကွယ်စေဖို့မဟုတ်။ အငေါ်တူးစကားဖြစ်သည်။ သူတို့အရပ်ဒေသ၌ အစာခေါင်းပါးစေသည်(ငယ်၊၆) ။ မိုးခေါင်စေသည်(ငယ်၊၇-၈)။ အပင်ရောဂါ၊မှို၊ ပိုးနှင့် ကျိုင်းကောင်အန္တရာယ်များကျရောက်စေသည်(ငယ်၊၉) ။ ကာလနာ၊ စစ်မက်ရေးရာနှင့် လုယက်သတ်ဖြတ်မှုများ ဖြစ်ပေါ်စေသည်(ငယ်၊၁၀)။ သဘာဝဘေးဆိုးကြီးများ(ငယ်၊၁၁) ရုတ်ချည်းဖြစ်ပေါ်စေသည်။ သို့သော်လည်း ဣသရေလလူမျိုးတို့သည် နောင်တမရကြ။ ထို့ကြောင့်သူတို့သည် ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင်နှင့် တွေ့ဆုံဖို့ ပြင်ဆင်ကြရမည်။ အပိုဒ်ငယ်(၁၂)သည် မေတ္တာရပ်ခံဟောပြောခြင်းမဟုတ်။ တရားစီရင်မည့်အကြောင်းသတိပေးချက ဖြစ်သည်။၄
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။