ယောဘ၀တ္ထု - နိဒါန်း

နိဒါန်း

“ပထမဆုံးနှင့် ရှေးအကျဆုံး ကျမ်းစာ ဖြစ်သည်ဟု အငြင်းပွားနေသော ကျမ်းစာ ဖြစ်သည်။ ကမ္ဘာမြေပေါ်တွင် လူဖြစ်လာရခြင်း ရှေးကုသိုလ်ကံကြမ္မာသည် ဘုရားသခင်၏ အလိုတော် ဖြစ်သည်။ လူ့ဘဝတွင် ကြေကွဲဝမ်းနည်းခြင်း၊ ပြန်လည်ဖြေဆည်ခြင်းများ ကြုံတွေ့ရမည်။ နူးညံ့သိမ်မွေ့ခြင်း၊ ကြီးမြတ်ခြင်းကို နွေညဉ့်လည်ယံသဖွယ် တွေ့မြင်နိုင်ကဲ့သို့ ပင်လယ်ပြာနှင့် ကြယ်တာရာများကိုလည်း အဝေးမှလှမ်းမြင်နိုင်သည်။ လူ့အတွေးအမြင်သည် သမ္မာကျမ်းစာထက် မကျယ်ပြန့်နိုင်။ သမ္မာကျမ်းစာအတိုင်း စာဖတ်ရှု ခံစားသင့်သည်”

Thomas Carlyle

၁။ စံတော်မီဝိသေသလက္ခဏာ

ယောဘဝတ္ထု တစ်အုပ်လုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် ထုံမွှန်းထားသည်။ ပြဇာတ်ဆန်ဆန် စကားသွား၊ စကားလာများဖြင့် ရေးသားထားသည်။ မျက်နှာ အမြောက်အမြား သွေးထားသော စိန်ပွင့်နှင့်တူသည်။ မူရင်းဟေဗြဲကျမ်းတွင် အခန်း၁၊ ၂၊ ၃၂:၁-၆၊ ၄ ၂:၇-၁ရမှ လွဲ၍ ဤကျမ်းပိုဒ်ကို ကဗျာဖြင့် သီကုံးရေးထားသည်။

ယောဘဝတ္ထုကို ကျမ်းဂန်အဖြစ် သမ္မာကျမ်းစာတွင် ပါရှိခြင်းအကြောင်းကို Samuel Ridout က ဤသို့ဆိုသည်။

            စာပေသွားဟန်၊ အတွင်းမာန်မှစ၍အကြောင်းအရာအချက်အလက်များသည် ဘုရားသခင်၏နှုတ်ကပတ်တော်များဖြစ်၍ အရေးကြီးသည်။ပာဝင်သောအချက်များသည် တဆစ်တတိုပစ်ပယ်စရာမရှိအောင်ရသမြောက်သည်။အပေါ်ယံပုံပန်းသဏာန်ထက်ပို၍ အနှစ်အရသာပိုကောင်းသည်။၁

ပြန်လည်ပြုပြင်ရေးနှင့်မိမိကိုယ်ကို ဘုရားသခင်၏ကလောင် လက်ဆောင်အပ်နှင်းခြင်းခံရသည်ဟု ခံယူသော Martin Luther က “ယောဘဝတ္ထုသည် အခြားကျမ်းစာများထက် ခန့်ညားသည်” ဟုဆိုသည်။ အင်္ဂလိပ်ကဗျာဆရာကြီးအကျော်ဒေးယျ Alferd Lord Tennyson က “ရှေးခေတ်၊မျက်မှောက်ခေတ် ကာလနှစ်ခုစလုံးတွင် အကြီးအကျယ်ဆုံးသော စာကဗျာဖြစ်သည်”ဟု ထောက်ခံကြသည်။

ယောဘဝတ္ထုသည် ခန့်ညား၍ အတွင်းသရုပ်သည် လူ့သဘောသဘာဝ ဖော်ထုတ်ပြသခြင်းဖြစ်သည်။ လူတို့၏ နေ့စဉ်ကြုံတွေ့ရသော လောကဓံတရားများကို ဤဝတ္ထုထဲတွင် အပြည့်ဖော်ပြထားသည်။အောက်တွင် နမူနာအချို့ကောက်နှုတ်ထားသည်။ပတ်ဝန်းကျင်တွင်နေ့စဉ်ကြုံတွေ့ကြားသိရသောစကားများဖြစ်သည်။

ငါသည်ကြက်သီး မွှေးညှင်း၏ (၄း၁၅)


ကိုယ့်အသက်ကိုလက်နှင့်ကိုင်ဆောင်သွား၏ (၁၃း၁၄)

(ငါ့ကံကြမ္မာငါ့လက်ထဲမှာရှိသည်)

“ယောဘအားနှစ်သိမ့်သူများ”(ဤစကားလုံးအတိအကျကိုမတွေ့ရသော်လည်း ၁၆:၂ တွင်ယောဘကသူ့မိတ်ဆွေများဟုဆိုသည်)

တရားသဖြင့် စီရင်သူမရှိ (၁၉:၇)

သွားဖုံးတစ်ခုသာပါ၍ ငါပြေးလွှားရ၏(၁၉:၂၀)

မူလအကြောင်းအရင်းကိုတွေ့လျက်(၁၉:၂၈)

သင်တို့ပါးစပ်ကို လက်ဖြင့်ဖုံးအုပ်ကျလော့။ (၂၁:၅)

အသက်ရှင်သောသူတို့၏နေရာ။ (၂၈:၁၃)

မျက်စိကန်းသောသူတို့အတွက် ငါသည်မျက်စိဖြစ်၏။

ခြေဆွံ့သူတို့အတွက် ခြေဖြစ်၏။ (၂၉း၁၅)


လူကြီးတို့သည် အစဉ်ပညာရှိသည်မဟုတ်။ (၃၂း၉)

ပညာမရှိသူသည် စကားများစွာပြော၏။ (၃၅း၁၆)

တိုး၍မလွန်ရ။ဤအရပ်၌ သင်၏ထောင်လွှားသောတံပိုးဆုံးရက် (၃၈း၁၁)

သေခြင်းတံခါးကိုသင်ဖွင့်ဖူးသလော။ (၃၈း၁၇)

စစ်တိုက်ပွဲကို အဝေးကအနံ့ခံတတ်၏။ (၃၉း၂၅)

(စစ်ငွေ့စစ်နံ့သင်းလာပြီ)

မြေမှုန့်နှင့်မီးဖိုပြာ၌ထိုင်၍ နောင်တရပါ၏။ (၄၂း၆)

“ငါ့ကိုရွှေးသောသခင်သည် အသက်ရှင်၍” (၁၉း၂၅) ကို Handel ၏ ဓမ္မတေးတွင် “မေရှိယသခင်” ဟုဆိုသည်။

ယာ၅:၁၁ KJV တွင်ပါရှိသည့် ယောဘ၏သည်းခံခြင်းအကြောင်း သည် ယောဘ၏ အသက်တာကို ဆိုလိုသည်မဟုတ်။အသက်တာပြောင်းလဲပုံကိုဆိုလိုသည်။

ကျမ်းစာတစ်ခုလုံးကို သတ္တုချကြည့်လျှင် ယောဘ၏ လူ့ဘဝခံယူပုံကို သင်ခန်းစာရရှိနိုင်သည်။လူသားဆန်ဆန် အဓိပ္ပါယ်ရှိသောလူ့ဘဝအသုံးပြုပုံကို တွေ့ရသည်။ဆင်းရဲဒုက္ခရောက်သည့်ဖြစ်စေ။သေလွန်သည်ဖြစ်စေ။သေလွန်ပြီးထမြောက်သည်ဖြစ်စေ၊ဘုရားသခင်နှင့်အောင်သွယ်ဆက်စပ်ပေးမည့်သခင်ယေရှုခရစ်တော် စိတ်ချယုံကြည်ခြင်းဘဝပိုင်ဆိုင်သည်။

၂။ကျမ်းရေးသူ

ကျမ်းစာအုပ်ရေးသားသူ အမည်နာမဖော်ပြထားသော်လည်း ယုဒလူကြီးသူမများက မောရှေဖြစ်သည်ဟုခံယူကြသည်။ အချို့ကမူ ဧလိဟူ၊ ရှောလမုန်၊ ဟေဇကိ၊ ဧဇရ၊ ဘီစီ ၅၀ဝ မှ ၂၀ဝ အတွင်း ယုဒပညာရှင်တစ်ဦး၊ ယောဘကိုယ်တိုင်အစရှိသဖြင့် အမျိုးမျိုးထင်ကြေးပေးကြသည်။အကယ်၍ယောဘသည် ဤစာအုပ်ပါ အချက်အလက်အဖြစ်အပျက်ပြီးနောက် နှစ်ပေါင်း (၁၄၀) အသက်ရှင်သည်ဆိုသောကြောင့် ဦးစားပေးရွှေးချယ်ခံရပါသည်။

၃။အချိန်ကာလ


ထို့ကြောင့် ဖခင်များအုပ်စိုးသည့် သမိုင်းဦးဘုံမြေခေတ်ကာလ ဘီစီ ၂၁၀၀-၁၉၀ဝ အတွင်းဖြစ်မည်ဟု ထင်မြင်ယူဆရပါသည်။

စဉ်းစားစရာအချက်မှာ ဖခင်အုပ်စိုးသောခေတ်နှင့်ဉာဏ်ပညာထက်မြက်သောခေတ်ကာလအကြောင်းဖြစ်သည်။ခေတ်သစ်အနောက်တိုင်းပညာရှင်များက စကားအပြန်အလှန် ပြောဆိုခန်းများကို ဇဝေဇဝါဖြစ်ကြသည်။ မည်သို့ပင်ဖြစ်စေ အရှေ့တိုင်းသားများနှင့် Semitic မျိုးနွယ်စုများ၏ အတွေးအမြင် အယူအဆသည် အလေးအနက်စဉ်းစားစရာရှိပါသည်။

နောက်ဆုံးတချက်မှာ ကျမ်းစာတွင်ပါရှိသော ပညာရှိစကားအသွားအလာဖြစ်သည်။ ရှောလမုန်ဘုရင်၏လုပ်ဆောက်ချက်နှင့်မတူညီသော ဉာဏ်ပညာ အမြော်အမြင်ဖြစ်သည်။ ဓမ္မဟောင်းကျမ်းစာပညာရှင် Franz Delizsch နှင့် Merrill F. Unger ကပါးစပ်ပုံပြင်ကို ရှောလမုန်ခေတ်ကာတွင် ရေးသားခြင်း ဖြစ်သည်ဟုဆိုသည်။ အရှေ့တိုင်းသားများအတွက် ဆက်စပ်ယူဆနိုင်သော်လည်း အနောက်တိုင်းသားများအတွက် လက်ခံရခက်ခဲပါသည်။

၄။ နောက်ခံသမိုင်းနှင့်ရည်ရွယ်ချက်

ကျမ်းစာရေးသားသူ အသေအချာ မသိရသော်လည်း ဝိညာဉ်တော်မှုတ်သွင်းထားကြောင်းကိုမူသံသယဖြစ်ဖွယ်မရှိ။ သမိုင်းခေတ်ကာလကိုလည်း မေးခွန်းထုတ်ဖွယ်ရာမရှိပါ. တမန်တော်ရှင်ပေါလုက ယောဘ ၅:၁၃ ကိုကိုးကား၍ ၁ ကော ၃:၁၉ တွင် “ဘုရားသခင်သည် ပညာရှိတို့ကို သူတို့၏ပရိယာယ် အားဖြင့်ဖမ်းဆီးတော်မူ၏” ဟုဆိုထားသည်။ယေဇ ၁၄:၁၄ တွက်ယောဘကို ရာဇဝတ်ကောင်မဟုတ်ပဲ သမိုင်းမှတ်တိုင်အဖြစ်ဖော်ပြထားသည်။ ယာ ၅:၁၁ တွင်လည်း “ယောဘသည် သည်းခံခြင်းအကြောင်းကို သင်တို့ကြားရပြီး၊ ထာဝရဘုရားသည် မိမိအမှုကို လက်စ သတ်တော်မူရာမှာအလွန်သနားစုံမက်ကြောင်း” ဟုဆိုထားသည်

ဤကျမ်းစာ၏ ရည်ရွယ်ချက်မှာ လူ့ဘဝတွင်ဆင်းရဲကျပ်တည်းမူနှင့်ဝေဒနာခါးစည်းခံစားရပုံအကြောင်းဖြစ်သည်။လူတချို့သည်ဒုက္ခဆင်းရဲပင်လယ်ဝေနေခိုက်တချို့သည် လူ့ဘဝကို ဇိမ်နှင့်ပိမ်နှင့်စိုးစံနေကြသည်။ အဘယ်ကြောင့်တရားမမျှတပါသနည်း။လူ့လောကတွင် အသက်ရှင်ဘူးခဲ့သမျှတွင် သခင်ယေရှုခံစားသောဆင်းရဲဒုက္ခမှလွှဲ၍ယောဘခံစားသောအနာရောဂါဝေဒနာသည်အပြင်းထန်ဆုံးဖြစ်သည်။ထို့သို့ဆင်းရဲ့ဒုက္ခခံစားခြင်းသည် ဘုရားသခင်က ယောဘနှင့်မိဿဟာဖွဲ့မှုပိုမိုခိုင်မာစေရန် ခွင့်ပြုခြင်းဖြစ်သည်။ ဘုရားသခင်က ယုဒလူများအား သွန်သင်ရာတွင် နည်းလမ်းပေါင်းများစွာ သုံးပါသည် ဤအချက်သည်လည်း ယုဒလူများအား တရားရနိုင်ရန် နည်းဗျူဟာတစ်ခုဖြစ်သည်။

အကယ်၍ မေရှိယသခင်၏ ဆင်းရဲဒုက္ခခံစားမှုကို ယုဒလူများလက်ခံသဘောတူလျှင် ခရစ်တော် ပြန်လည်ကြွလာသောအခါ ဆင်းရဲဒုက္ခခံစားရတော့မည်မဟုတ်ကြောင်းကို နားလည်နိုင်ကြပေမည်။ခရစ်တော်ဘုရားသည် မတရားသူ၊ တရားသူအားလုံးအတွက်ဆင်းရဲဒုက္ခခံစားခဲ့သည်။

ဤကျမ်းပိုဒ်မှ ဆင်းရဲဒုက္ခခံစားခြင်းများကို ယေရှုခရစ်တော်တွင် တွေ့မြင်နိုင်ပါသည်။

၁။ ၉:၃၃။ “ငါတို့နှစ်ဦးကို ဆီးတားပိုင်သော စပ်ကြာနေအမှုစောင့်မရှိ”

(ခရစ်တော်သည် ဘုရားခင်နှင့်လူအကြားအတားအဆီးမရှိအောင် ဆက်စပ်ပေးသောပေါင်းကူးတံတားအောင်သွယ်တော်ဖြစ်သည်)

၂။၁၆:၈-၉။ ယောဘ၏ဆင်းရဲဒုက္ခ။ ဤကျမ်းပိုဒ်ထဲမှဆင်းရဲဒုက္ခများကို မေရှိယသခင်၏ ဆင်းရဲဒုက္ခအဖြစ် ဆာလံကျမ်းတွင်ဖော်ပြထားသည်။

၃။၁၆:၂၁။လူသည် မိမိအသိအကျွမ်းနှင့် ဆွေးနွေးသကဲ့သို့ ဘုရားသခင်နှင့်ဆွေးနွေးရသောအခွင့်ရှိပါစေသော။”(သခင်ယေရှုသည် ခမည်းတော်ဘုရားသခင်ရှေ့တွင် ကျွန်ုပ်တို့၏ရှေ့နေကြီးဖြစ်သည်။)

၄။၁၆:၂၅-၂၆။”ငါ့ကိုရွေးသောဘုရားသခင်သည်အသက်ရှင်၍”(ခရစ်တော်သည် ရွေးနှုတ်သောအရှင်သခင်နှင့်အသက်ရှင်တော်မူသောဘုရားဖြစ်သည်။)

၅။၃၃:၂၄။”ဘုရားသခင်က သချိုင်းတွင်းထဲသို့ထိုသူကိုမဆင်းစေပဲ ကယ်တင်လော့။ရွေးစရာအကြောင်းကိုငါတွေ့ပြီဟုဆိုသည်။” (ဤနေရာတွင် ကယ်တင်လော့ဟူသည် အပြစ်ဖြေခြင်းနှင့်အဓိပ္ပါယ်တူတူဖြစ်သည်။ခရစ်တော်သည်သချ်ိုင်းတွင်းမှကယ်တင်ခြင်း ခံရသကဲ့သိုယုံကြည်သူများသည်လည်း သေတွင်းထဲသို့ကျမည့်အပြစ်ကို ဖြေလွှတ်ခြင်းခံကြရပြီဖြစ်သည် )။

သိပ္ပံပညာအတတ်ပညာနှင့်ပတ်သတ်သော ကျမ်းပေါင်းများစွာလည်းတွေ့ရှိရသည်။

၁။ ရေသံသရာလည်ပုံ။(၃၆:၂၇-၂၈)


၃။လူ့ကိုယ်ခန္ဒာဖွဲ့စည်းပုံ။(၃၃:၆)

၄။ကမ္ဘာမြေကြီးတည်ရှိပုံ။(၂၆:၇)

၅။ပင်လယ်သမုဒ္ဒရာအောက်မျက်နှာပြင်။(၃၈:၁၆)


၇။ကောင်းကင်နှင့်နက္ခတ်တာရာများက ကမ္ဘာမြေကို အုပ်စိုးပုံ။(၃၈:၃၂-၃၃)

ပါဝင်သောအချက်များ

၁။နှုတ်ခွန်းဆက်စကား။ယောဘအားစုံစမ်းခြင်း(အခန်း ၁၊၂)

(က)ဖြစ်စဉ်၁     ။ ဥဇပြည်(၁:၁-၅)

(ခ) ဖြစ်စဉ်၂      ။ ဘုရားသခင်ကိန်းဝပ်စံပယ်ရာကောင်းကင်ဘုံ(၁:၆-၁၂)

(ဂ) ဖြစ်စဉ်၃      ။ ဥဇပြည်ရှိယောဘပစ္စည်းဥစွာပျက်စီးဆုံးပါးခြင်း(၁:၁၃-၂၂)

(ယ) ဖြစ်စဉ်၄    ။ဘုရားခင်ရှေ့တော်သိုနောက်တစ်ခေါက်(၂:၁-၆)

(င) ဖြစ်စဉ်၅      ။ ယောဘခန္ဓာကိုယ်ပေါ်သို့ကျရောက်သောကာလနာရောဂါ(၂:၇-၁၃)

၂။ယောဘနှင့်မိတ်ဆွေများစကားဖောင်ဖွဲ့ခြင်း (အခန်း၃-၃၁)

(က) ပထမအချီ (အခန်း၃-၁၄)

၁။ယောဘ၏ငြီးတွားစကား (အခန်း ၃)

၂။ဧလိဖတ်၏ပထမစကား (အခန်း၄၊၅)

၃။ယောဘ၏တုန့်ပြန်စကား (အခန်း၆၊၇)

၄။ဗိလဒတ်၏ လက်ဦးစကား (အခန်း၈)

၅။ယောဘ၏တုန့်ပြန်ချက်(အခန်း၉၊၁၀)

၆။ဇောဖာ၏စကားဦး(အခန်း၁၁)

၇။ယောဘ၏ချေပချက်(အခန်း၁၂-၁၄)

(ခ) ဒုတိယအချီ(အခန်း၁၅-၂၁)

၁။ဧလိဖတ်၏ဒုတိယစကား (အခန်း ၁၅)

၂။ယောဘ၏တုန့်ပြန်သောစကား (အခန်း ၁၆၊၁၇)

၃။ဗိလဒတ်၏ဒုတိယစကား(အခန်း၁၈)

၄။ ယောဘ၏တုန့်ပြန်ချက်(အခန်း၁၉)

၅။ဖေလာ၏ဒုတိယစကား (အခန်း၂၀)

၆။ယောဘ၏ဒုတိယအကြိမ်ချေပချက်(အခန်း၂၁)

(ဂ)တတိယအချီ(အခန်း ၂၂-၃၁)

၁။ဧလိဖတ်၏တတိယအချီစကား(အခန်း၂၂)

၂။ယောဘ၏ထုချေချက်(အခန်း၂၃၊၂၄)

၃။ဗိလဒတ်၏တတိယစကားထိုးစစ်(အခန်း၂၅)

၄။ယောဘ၏ချေပချက်(အခန်း၂၆)

၅။ယောဘ၏အပိတ်လေကြော(အခန်း၂၇-၃၁)

၃။ဧလိဟုကြားဝင်ခြင်း(အခန်း၃၂-၃၇)

(က) ယောဘ၏မိတ်ဆွေသုံးဦးသို့ ဧလိဟုစကား(အခန်း၃၂)

(ခ) ယောဘသို့ဧလိဟုစကား(အခန်း၃၃)

(ဂ)ယောဘ၏မိတ်ဆွေများသို့ ဧလိဟု၏ဒုတိယစကား(အခန်း ၃၄)

(ယ) ယောဘသို့ ဒုတိယမ္ပိစကား(အခန်း၃၅-၃၇)

၄။ ဘုရားသခင်၏ ဗျာဒိတ်တော်(၃၈:၁-၄၂:၆)

(က)ယောဘအားပထမအကြိမ်ခေါ်ခြင်း(၃၈:၁-၄၀-၂)

(၁)နိဒါန်းစကား(၃၈:၁-၃)

(၂)ဩကာသ လောကသို့စိမ်ခေါ်ခြင်း(၃၈:၄-၃၈)

(၃)သတ္တလောကသို့စိမ်ခေါ်ခြင်း(၃၈:၃၉-၄ဝး၂)

(ခ)ယောဘ၏တုန့်ပြန်စကား(၄ဝး၃-၅)

(ဂ)ဒုတိယမ္ပိစိမ်ခေါ်ခြင်း(၄ဝး၆-၄၁:၃၄)

(၁)လူသားကဲ့သို့တုံ့ပြန်ရန်စိမ်ခေါ်ခြင်း(၄ဝး၆-၁၄)

(၂)ဗေဟမုတ်မြင်းကိုကြည့်ခိုင်းခြင်း(၄ဝး၁၅-၂၄)

(၃)လေဝိသန်ငါးကိုကြည့်ခိုင်းခြင်း(အခန်း ၄၁)

(ယ)ယောဘ၏နှိမ့်ချဝန်ခံစကား(၄၂:၁-၆)

၅။နှုတ်ဆက်ခြင်း။ယောဘအောင်ပွဲခံခြင်း။(၄၂:၇-၁၇)

(က)ယောဘ၏မိတ်ဆွေများအလင်းဝင်လာခြင်း(၄၂:၇-၉)

(ခ)ပျက်စီးနှစ်နာသောစည်းစိမ်များပြန်လည်ရရှိခြင်း(၄၂:၁၀-၁၇)

၆။နိဂုံး။ ယောဘဝတ္ထုမှသင်ခန်းစာများ

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။