ရှင်ယာကုပ်ဩဝါဒစာ - ၄
ရှင်ယာကုပ်ဩဝါဒစာ - ၄ (အနက်ဖွင့်)
၈။ တပ်မက်ခြင်းအကြောင်းနှင့်ကုသနည်း (အခန်း၄)
ပညာရှိသုခမိန်သည် ငြိမ်းချမ်းရေးကိုလိုလားသူဖြစ်ကြောင်း သွန်သင်ပြီးနော် ဤအခန်းဝတွင် ယုံကြည်သူများ မကြာခဏကြုံတွေ့ရသော ခလုတ်ကန်သင်း တပ်မက်ခြင်း အကြောင်းကိုရှင်းပြထားသည်။ အကြောင်းအရင်းကဘာလဲ။ နေအိမ်တွင်ဖြစ်စေ ဘုရားကျောင်းတွင် ဖြစ်စေအဘယ့်ကြောင့် ပျော်ရွှင်ခြင်းမရှိနိုင်ကြသနည်း။ မွေးရပ်မြေတွင်ဖြစ်စေ၊ ပင်လယ်ရပ်ခြား သာသနာမြေတွင်ဖြစ်စေ ခရစ်ယာန်အစေခံများသည် အဘယ်ကြောင့်ထိုတပ်မက်ခြင်း၏ ခါးသီး သောအရသာကို မြည်းစမ်းချင်ကြသနည်း။ မိမိပျော်ရွှင်မှု၊ ပိုင်ဆိုင်မှုအတွက် တပါးသူများကို မနေမနား အသုံးချချင်သောကြောင့်ဖြစ်သည်။
၄:၁–၂(က) ဝမ်းနည်းဖွယ်ရာကောင်းသည်မှာ ခရစ်ယာန်များအကြားတွင် အချင်းချင်း ရန်တိုက်ခြင်းနှင့် ရန်ဖြစ်ခြင်းများ ဖြစ်သည်။ ထိုသို့ပြောရာတွင် ယုံကြည်သူများသည် သမ္မာကျမ်း လက်ဆွဲသူများမဟုတ်ဟု ဆိုလိုခြင်း မဟုတ်ပါ။ ကျွန်ုပ်တို့၏ တန်ဖိုးအားဓားပြတိုက်လုယူခြင်း သာဖြစ်သည်။ ဤစစ်တိုက်ခြင်း၏ အကြောင်းအရင်းသည် ဘာလဲ။ မိမိစိတ်ဆန္ဒ ကျေနပ်စေသော တပ်မက်စိတ်ကြောင့်ဖြစ်သည်။ ရုပ်ဝတ္ထုပစ္စည်းများအား ငမ်းငမ်းတက်ခြင်း ဖြစ်သည်။ ထိုလိုချင်တပ် မက်စိတ်သည် ဂုဏ်သိက္ခာ ထိခိုက်စေပါသည်။ ခန္ဓာကိုယ်သာယာမှုအတွက် ပျော်ရွှင်မှုငမ်းငမ်းတက် ခြင်းဖြစ်သည်။ ထိုစေတသိတ်များ၏ အတွင်းစိတ်ကို စေ့ဆော်တွန်းအား ပေးပါသည်။ သို့သော် ကျေနပ်တင်းတိမ်းမှုမရှိနိုင်။ ရလေလိုလေ အိုတစ္ဆေဖြစ်ကြသည်။ ထိုသို့ဖြင့်မိမိဘဝသည် အာသာရမက်၏ ကျေးကျွန်ဖြစ်သွားသည်။ မပြည့်စုံသောအရာများက ပြည့်စုံချင်လာသဖြင့် အနှောက်အယှက် အတားအဆီးများကို သုတ်သင်ဖယ်ရှားကြသည်။ အတ္တများခြင်းကို ကျမ်းစာက “လူ့အသက်သတ်ခြင်း” ဟုနက်နဲကျယ်ပြန့်စွာ သုံးထားသည်။ အမှန်တကယ် ကိုယ်ထိလက်ရောက် ဥပေစ္ဆဒကံသင့်ခြင်း မဟုတ်ပါ။ သို့သော အမျက်ဒေါသ၊ မနာလိုမှု၊ ရက်စက်ယုတ်မာမှုအားလုံး အကြုံးဝင်သည်။
၄:၂(ခ)-၃ လိုချင်တပ်မက်သော်လည်းမရရှိနိုင်ကြ။ ရှိသည့်အရာထက်သာ၍ ကောင်းသော ပစ္စည်းကို လိုချင်ကြသည်။ ထိုလိုချင်တပ်မက်စိတ်ကြောင့် ကိုယ့်ကိုယ်ကို ရန်ပြန်တွေ့ကြသည်။
ဂျွန်နှင့်ဂျန်သည် အကြင်လင်မယားဖြစ်သည်။ ဂျွန်တွင် သင့်တင့်လျောက်ပတ်သော ဝင်ငွေ ရှိသည်။ ဂျန်က အခြားလူငယ်များကဲ့သို့ အိမ်ကောင်းကောင်းလိုချင်သည်။ ဂျွန်က နောက်ဆုံးပေါ် မော်တော်ကား ဝယ်ချင်သည်။ ဂျန်က အိမ်ထောင်ပရိဘောဂနှင့် အသုံးအဆောင်ပစ္စည်းများဝယ် ချင်သည်။ အချို့ကို အရစ်ကျပေးချေစနစ်ဖြင့် ဝယ်ယူလိုက်သည်။ ဂျွန်၏ လစာဝင်ငွေလျော့နည်းသွား သဖြင့် အခက်အခဲတွေ့ရကြသည်။ ဝင်ငွေအသုံးစရိတ် ကြပ်တည်းလာသည်။ ဂျန်၏အိမ်သုံးစရတ် တောင်းဆိုမှုကြောင့် ဂျွန်တွင်အခက်အခဲကြုံရသည်။ ဂျန်ကမျက်ရည်တွဲလဲနှင့် နံရံထုပစ်သည်။ သို့ဖြင့် အိမ်ထောင်မိသားစုအရေးသည် တုန်လှုပ်လာသည်။ ရုပ်ဝတ္ထုပစ္စည်းတပ်မက်ခြင်းသည် ပျက်စီးခြင်းအကြောင်းဖြစ်သည်။
တနည်းပြောရလျှင် ဂျန်သည်မနာလိုမှုရှိသည်။ ဘောနှင့်စမစ်တို့စုံတွဲကသူတို့ထက် တင့်တောင့်တင့်တယ် ရှိနေကြသောကြောင့် မနာလိုခြင်းဖြစ်သည်။ ထိုဇာတ်လမ်း အရှိန်မြင့်လာက ဂျွန်နှင့်ဘောလည်း ရန်ဖြစ်လာကြသည်။ အခြားယုံကြည်သူများ လာရောက်ဖျန်ဖြေကြသည်။ ထိုသို့ ဖြစ်ရခြင်းသည် ပေါ်လွင်ထင်ရှားလိုမှုနှင့်တပ်မက်ခြင်းကြောင့်ဖြစ်သည်။
ထိုအကြောင်းသည် ယုံကြည်သူများအကြားတွင် အချင်းများခြင်း၊ ပဋိပက္ခဖြစ်ခြင်း၏ အကြောင်းရင်းဖြစ်သည်။ လိုသထက်လိုချင်သောစိတ်မှ ပေါ်ထွက်လားခြင်းဖြစ်သည်။ လိုချင်တပ် မက်စိတ်သည် လူများအားဣန္ဒြေသိက္ခာ မဆယ်နိုင်လောက်အောင် အရှက်ကင်းမဲ့စေတတ်သည်။ ထိုနည်းလမ်းဖြင့် ပျော်ရွှင်မှုမရနိုင်ပါ။ ရောင့်ရဲတင်းတိမ်ခြင်းဖြင့်သာ ရနိုင်သည် (၁တိ ၆:၈)။
ဆုတောင်းခြင်းဖြင့်သာ ထိုပြဿနာကို အမြစ်ပြတ်ဖြေရှင်းနိုင်သည်။ “အငြင်းမပွားနှင့်။ ရန်မဖြစ်နှင့်။ ဆုတောင်းပါ။ ထိုသို့ဖြစ်ရခြင်းမှာမူကား ဆုမတောင်းဘဲ နေကြ၏” ဟု ကျမ်းစာက သွန်သင်ထားပါသည်။ ထိုသို့ကြုံတွေ့ရခြင်းမှာ ဘုရားထံတွင်ဆက်ကပ်ဆုတောင်းမည့်အစား လောကလူသားများနည်းဟန်အတိုင်း ဖြေရှင်းကြသောကြောင့် ဖြစ်သည်။ အကယ်၍ မတတ်နိုင်သော အရာလိုချင်လျှင် ဘုရားရှင်ထံသို့ ဆက်ကပ်ဆုတောင်းရသည်။ ဆုတောင်းသော်လည်း အဖြေမရလျှင် မည်သို့လုပ်ရမည်နည်း။ အဖြေကရှင်းပါသည်။ ဆုတောင်းချက်သည် မစင်ကြယ်သောကြောင့်တည်း။ ထိုအရာသည် ဘုရားသခင်ဘုန်းတော် ထင်ရှားရာမဟုတ်သကဲ့သို့ သင့်အတွက်လည်းအကုသိုလ် ဖြစ်စေနိုင်သည်။ လူသည်လိုချင် တပ်မက်ကြသည်။ ရုပ်ခန္ဓာကိုယ်အတွက်ပျော်ရွှင်ချင်သည်။ ထိုဆုတောင်းမျိုးအတွက် ဘုရားသခင်က အဖြေမပေးတတ်ပါ။
ဤအခန်းငယ်သုံးခုနှင့်ပတ်သက်၍ မည်သည့် စိတ်ပိုင်းဆိုင်ရာ သင်ခန်းစာရပါသနည်း။ လူ့အတွက် အကျိုးသက်ရောက်မှုမရှိသော ဆုတောင်းချက်မျိုးကိုဘုရားသခင်က အဖြေမပေးပါ။ အကယ်၍ အိမ်နီးနားချင်းများကို မိမိကဲ့သို့ အမှန်တကယ် ချစ်ခင်လျှင် သူတို့အရေးအရာကို ပိုမို စိတ်ဝင်စားပေးပါ။ ပေးဝေကမ်းလှမ်းပါ။ အကယ်၍ ကယ်တင်ရှင်၏ခြေရာကို လိုက်နင်းချင်လျှင် မြေကြီးဘဏ္ဍာကို မဆည်းပူးနှင့်။ ကောင်းကင်ဘဏ္ဍာကိုသာ ဆည်းပူးပါ။
၄:၄ လောကရုပ်ဝတ္ထုများကိုတပ်မက်ခြင်းသည် ဝိညာဉ်တော်အားပြစ်မှားခြင်းဖြစ်သည်ဟု ကျမ်းစာက ရှုတ်ချထားပါသည်။ အကယ်၍လောကရုပ်ဝတ္ထုပစ္စည်းများကို ခင်တွယ်တပ်မက်နေပါက ဘုရားသခင်အား အမှန်တကယ်မချစ်ပါ။
တဏှာတပ်မက်ခြင်းသည် ရုပ်တုဆင်းတုအမျိုးဖြစ်သည်။ ဘုရားသခင်က မပြုစုချင်သော အရာအားလိုချင်တပ်မက်ခြင်းဖြစ်သည်။ ရင်ထဲတွင် ရုပ်တုဆင်းတုထားရှိခြင်းနှင့် အတူတူဖြစ်သည်။ ဘုရားသခင်၏ အလိုတော်ထက် တန်ဖိုးထားရာရောက်သည်။ ထို့ကြောင့် တဏှာတပ်မက်ခြင်းသည် ရုပ်တုဆင်းတုကိုးကွယ်ခြင်း ဖြစ်သည်။ ရုပ်တုဆင်းတုကိုးကွယ်ခြင်းသည် ဘုရားသခင်အား မယုံကြည်ခြင်းဖြစ်သည်။
လောကီ မိဿဟာယသည် ဘုရားသခင်နှင့်ဆန့်ကျင်ဘက် ဖြစ်သည်။ လောကီမိဿဟာယဆို သည်မှာ မိမိဘဝကို ကျေနပ်နေစေရန် လိုချင်သော မျက်လုံး၊ တပ်မက်သော အသွေးအသားနှင့် ထောင်လွှားသော စိတ်နေသဘောထားကို ဆိုလိုသည်။ ထိုလူများအတွက်ဘုရားသခင်နှင့်သားတော် ထံတွင်နေရာထိုင်ခင်းမရှိပါ။ လောကီပန်းချီ၊ ယဉ်ကျေးမှု၊ ပညာရေး၊ သိပ္ပံနှင့်ဘာသာရေးမျှသာ ဖြစ်သည်။ ထိုအရာမျိုးကို ခရစ်တော် ပတ်ဝန်းကျင်၌ အလိုမရှိသကဲ့သို့တားမြစ်ရာလည်းဖြစ်သည်။ ခပ်တိုတိုပြောရလျှင် တကယ့်အသင်းတော် အပြင်ဘက်၌သာ ရှိနိုင်သည်။ လောကီနှင့်မိဿဟာယ ဖွဲ့ခြင်းသည် ဘုရားရှင်နှင့်ဆန့်ကျင်ဘက်ဖြစ်သည်။ သခင်ဘုရားအား လက်းဝါးကပ်တိုင် ပို့သော သူဖြစ်သည်။ ဘာသောရေးထုံးတမ်းစဉ်လာသာ ဖြစ်၍ ခရစ်တော်အား အသေခံစေသည့် အခရာဖြစ် သည်။ စဉ်းစားကြည့်ပါ။ကယ်တင်ရှင်အား အသေသတ်စေသည့် တရားခံနှင့်မည်ကဲ့သို့ ဖက်လှဲ တကင်း မိတ်ဖွဲ့နိုင်မည်နည်း။
၄:၅ ဤအပိုဒ်သည် အလွန်လေးနက်သော ကျမ်းချက်ဖြစ်သည်။ ကျမ်းခက် အချည်းအနှီးသက် သက်ဖြစ်သည်ဟူ၍၎င်း၊ ငါတို့၌တည်နေသော ဝိညာည်တော်သည် ငြူစူစေချင်သောသဘောရှိသည် ဟူ၍၎င်း ထင်ကြသလား” ဟုမေးထားသည်။
ပထမဆုံးနားလည်ရန်မှာ ဤကျမ်းပိုဒ်သည် ဓမ္မဟောင်းမှ ကူးယူဟန်တူသော်လည်း ဓမ္မဟောင်းမှာဖြစ်စေ၊ ကျမ်းပယ်မှာဖြစ်စေ အစအနရှာမတွေ့ပါ။ ရှင်းပြစရာနှစ်ခုရှိပါသည်။ ဓမ္မဟောင်းကျမ်းတွင် စကားလုံးအတိအကျမတွေ့သော်လည်း ခြုံငုံ၍ကိုကားဟန်တူသည်။ ဒုတိယအကြောင်းပြချက်မှာ RV ကျမ်းချက်ဖြစ်သည်။ ကျမ်းပိုဒ်သည်နှစ်ပိုင်းနှစ်စဖြစ်နေသည်။ “ကျမ်းစာချက်အချည်းနှီးသက်သက်ဖြစ်သလား” နှင့်ဝိညာဉ်တော်သည် ငါတို့အား ငြူစူစေချင် သလော”ဟူ၍ဖြစ်သည်။ စဉ်းစားစရာရှိသည်မှာ လောကဝိညာဉ်နှင့် ယှဉ်ပြောသလား။ သမ္မာကျမ်း စာသည်စကားလေဖောခြင်းမဟုတ်ပါ။
ဤကျမ်းပိုဒ်၏ လေးနက်သောအပိုင်းမှာ ဒုတိယပိုင်းဖြစ်သည်။ ဝိညာဉ်ဆိုသည်မှာ သန့်ရှင်း သောဝိညာဉ်တော် ကိုဆိုလိုသလား (NKJ-VIO) စိတ်အပြင်းအထန် လှုပ်ရှား၍ မနာလိုဖြစ်ပေါ်ခြင်း ကိုဆိုလိုပါသလား။ အကယ်၍ စာသားအတိုင်း ရိုးရိုးလေးကောက်လျှင် ကျွန်ုပ်တို့အထဲ၌ရှိသော သန့်ရှင်းသော ဝိညာဉ်တော်သည် ကျွန်ုပ်တို့အား လိုချင်တပ်မက်ခြင်း၊ ငြူစူခြင်းမပြုရုံသာမက၊ ခရစ်တော်အား ဆည်းကပ် ကိုးကွယ်ရန်သာ၍ တိုက်တွန်းသူဖြစ်သည်။ အကယ်၍ဒုတိယအချက်ကို ဆိုလိုပါက ကျွန်ုပ်တို့ထဲတွင် ရှိသောမနာလိုမှု၊ တပ်မက်စိတ်များဖြစ်၍ ဘုရားသခင်အား မယုံကြည်စေ ချင်သော ဝိညာဉ်ဆိုးဖြစ်သည်။
၄:၆ ဝိညာဉ်တော်သည် သာ၍များသောကျေးဇူးကိုပြုတော်မူ၏။ ပထမအခန်းငယ် (၅)ခုတွင် ဇာတိဟောင်းကလူကို မည်ကဲ့သို့ ကောက်ကျစ်စဉ်းလဲစေကြောင်း တွေ့ရှိခဲ့ပါပြီ။ ယခုအခါတွင် အသွေးအသားအလို ရမ္မက်နှင့် ကင်းစင်ရမည့်အကြောင်း သွန်သင်ပါသည်။ ကျေးဇူးတော် ချီးမွမ်းပါသည် အိုအရှင်။ “ဝိညာဉ်တော်သည် ကျွန်ုပ်တို့လိုအပ်သော ခွန်အားထက်သာ၍ကျေးဇူးတော် ပြုပါသည် (ဟေဗြဲ ၄:၁၆)။ “သင်၏နေ့ရက်အတိုင်း သင့်အစွမ်းသတ္တိဖြစ်လိမ့်မည်” (တရား၃၃:၂၅)။
ဝန်ထုတ်ဝန်ပိုးထမ်းနိုင်သောအင်အားထက် သာ၍ ခွန်အားပေးသည်။ ဝန်ထုတ်ပိုလေး လာလျှင်လည်း ပို၍ အင်အား ထပ်ဆောင်းပေးသည်။ ဒုက္ခဆင်းရဲရောက်လေ၊ငြိမ်သက်ရင့်ကျက်ခြင်း ပိုများလေလေပါလား။
Annie Johson Flint
လိုသည်ထက် ကျေးဇူးပြုကြောင်း သု ၃:၃၄ကိုကိုးကား၍ နှိမ့်ချခြင်းရရှိရန် တိုက်တွန်း ထားသည်။ သို့သော်ထိုကျေးဇူးတော်သည် ဝါကြွားစရာမဟုတ်။ဘုရားရှင်သည် ဝါကြွားခြင်းကို မနှစ်သက်။ ကြေမွသောစိတ်ဝိညာဉ်ကိုသာ လက်ခံသည်။
၄:၇ စစ်မှန်သောနောင်တရဖို့ရန်အဆင့် (၆)ဆင့်ဖြင့်အခန်းငယ် ၇-၁၀တွင်သွန်သင်ထားပါ သည်။ ကျမ်းစာက သန့်ရှင်းသူများ၏ အပြစ်အတွက် အာမေဋိတ်သံထွက်အောင် လန့်အော်ထား ပါသည်။ ထိုအော်သံသည် ကျွန်ုပ်တို့၏ နှလုံးသားထဲသို့ မြှားစိုက်ဝင်သကဲ့သို့ ထိုးဖောက်နာကျင်စေ ပါသည်။ ဘုရားသခင်ပလ္လင်တော်မှ ပစ်ချလိုက်သော မိုးကြိုးသွားကဲ့သို့ ကျွန်ုပ်တို့နှလုံးသားထဲသို့ ထိုးဆိုက်ပါသည်။ အထံတော်ပါးသို့ ဦးညွတ်ဒူးထောက်ကြရမည်။ သို့သော်ခက်သည်ကား “မည်သို့လုပ်ရမည်နည်း”။
ပထမဦးဆုံးအချက်မှာ ဘုရားသခင်ထံ အညံ့ခံရမည်။ ဆိုလိုသည်မှာ ဘုရားသခင်သို့သာ မျက်မှောက်ပြု၍၊ သခင်ရှေ့မှာ အသင့်ဖြစ်နေသော အမဲလိုက်ခွေးကဲ့သို့ နာခံခြင်းရှိရမည်။ စိတ်ရည် သည်းခံခြင်းရှိရမည်။ ထောင်လွှားခြင်း၊ မာကျောခြင်းမရှိရ။ မကောင်းဆိုးဝါးများကို ကာကွယ်ခုခံ ရမည်။စုံစမ်နှောက်ယှက်ခြင်းမဝင်ရောက်လာနိုင်ရန် နားကိုပိတ်၊ နှလုံးသားတံခါးကိုစို့ထားရမည်။ တဘက်တွင် သမ္မာတရား သန်လျက်တော်ဓားကို ဆွဲကိုင်၍ ခုခံချေမှုန်းရမည်။ ထိုသို့ပြုလျှင် ကျွန်ုပ်တို့ ထံမှဝေးသောနေရာသို့ ရောက်သွားမည်။
၄:၈ နောက်တစ်ချက်ကား အထံပါးသို့သာ၍ တိုးဝင်ချဉ်းကပ်ရမည်။ ဆုတောင်းခြင်းဖြင့် တိုးကပ်ရမည်။ အထံတော်ပါးသို့ ပစ်စလက်ခတ် ဝင်ရောက်ချဉ်းကပ်ခိုလှုံခြင်း၊ ယုံကြည်စွာ ဆုတောင်းခြင်း၊ နှလုံးသားထဲတွင် ဘုရားသခင်ကိုသာ နေရာပေးခြင်း ပြုရမည်။ ထိုသို့ပြုလျှင် ဘုရားသခင်နှင့် အလှမ်းဝေးသည်ဟု ထင်ရသော်လည်း၊ အထံတော်ပါးသို့ တိုးဝင်ချဉ်းကပ်လျှင် ခွန်အား ပြည့်စုံလာပါသည်။ အပြစ်များကို ခွင့်လွှတ်လျက် အားသစ်အင်သစ်ပေးပါသည်။ “သင်တို့လက်ကို စင်ကြယ်၍ စိတ်နှလုံးကို သန့်စင်ခြင်း ဆိုသည်မှာ အပြစ်ဝန်ချခြင်းဖြစ်သည်။ အပြစ်သားများပီပီ အပြစ်ဝန်ချတောင်းပန်ရမည်။ စိတ်နှခွရှိသူများဖြစ်သည့်အတိုင်း မိမိတို့ရည်ရွယ် ချက်မှစ၍ ဝန်ချတောင်းပန်ရသည်။
၄:၉ အပြစ်ဝန်ချရာတွင် အပြစ်အတွက်ကြီးစွာဝမ်းနည်းရမည်။ ဆင်းရဲငြူငြင်ခြင်း၊ စိတ်မသာ ညည်းတွားခြင်း၊ ငိုကြွေးမြည်တမ်းခြင်း ရှိလော့။ သင်တို့ရယ်ခြင်းကို စိတ်မသာညီးတွား ခြင်းဖြစ်စေလော့” ဟုသွန်သင်ထားပါသည်။ ဘုရားသခင်က ကျွန်တော့်အပြစ်ကို လှစ်ပြခြင်းသည် ဝန်ပေါ့ပါးဖို့မဟုတ်ပါ။ အထံတော်ရှေ့မှာ တိုးဝင်ခွင့်ရဖို့ မိမိအပြစ်ဗလပွ၊ ခွန်အားချိနဲ့မှု၊ မာကြောမှု နှင့်အေးစက်မှုများကို သတိရစေရန်ဖြစ်သည်။ လောကဉာဏ်ပညာနှင့် သမရိုးကျ ကိစ္စလိုက်များခြင်း အတွက်အောက်ကျို့နှိမ့်ချစွာ နောင်တရရန် ဖြစ်သည်။ နောင်တအသီးအပွင့်များ သီးပွင့်ရန်ဖြစ်သည်။
၄:၁၀ နောက်ဆုံးတွင် ဘုရားသခင်ထံတော်သို နှိမ့်ချစွာ တိုးဝင်ချဉ်းကပ်ရမည်။ နှိမ့်ချစွာ ခြေတော်ရင်း၌ ပြပ်ဝပ်လျှင်၊ ဘုရာရှင်သည် ကြင်နာစွာဖြင့်ထူမ ပါမည်။
ထိုနည်းလမ်းအားဖြင့်သာ ဘုရားထံတော်သို့တုံ့ပြန်နိုင်သည်။ ထိုကဲသို့မကြာခဏကြိမ်ဖန် များစွာလုပ်စရာလိုပါ။ တခါတရံဝတ်ပြုစည်းဝေးတွင် ဘုရားသခင်၏အသံတော်ကို နှလုံးသားထဲသို့ ကျယ်လောင်စွာ ကြားတတ်ရသည်။ ထိုအခါမျိုးတွင် ကောင်းမွန်စွာတုံ့ပြန်ရတတ်သည်။ တတ်ပြုအစည်းအဝေး ပြီးဆုံးသွားသောအခါ စိတ်ပေါ့ပါးပြီး သွက်လက်ဖြတ်လတ်စွာ လှုပ်ရှားခြင်းမျိုး ရှိတတ်သည်။ ပြင်ပလောကကမ္ဘာနှင့် ပြတ်တောက်ပြီး ဝိညာဉ်အင်အားပြည့် လာသည်။ ဘုရားသခင်၏ ဝိညာဉ်တော်လည်း သောက်လေသောက်လေ၊ ငတ်မပြေ စီးဝင်လာ တတ်သည်။
၄:၁၁–၁၂ နောက်အပြစ်တစ်ခုမျာ အပြစ်ရှာလိုခြင်း၊ ညီအကိုအားကဲ့ရဲ့ခြင်း ဖြစ်သည်။ ထိုသို့ သူတပါးအားအပြစ်ရှာခြင်၊ ကဲ့ရဲ့ခြင်းမပြုမှီ၊ မေးခွန်းသုံးခုအား မိမိကိုယ်ကိုမေးမြန်းချင်သည်။ ဘုရားသခင်က သင့်ညီအစ်ကိုအား ဘာလုပ်သနည်း။ ဘုရားသခင်က သင့်ကိုဘာလုပ်သနည်း။ ထိုအမှု အတွက် ဘုရားသခင်ဘုန်းတော် ထင်ရှားစရာဟုတ်ပါသလား။
မိမိအိမ်နီးနားခြင်းများအား မိမိကိုယ်ကဲ့သို့ ချစ်ခင်မြတ်နိုးရန်ရွှေပညတ်တော်ပြဋ္ဌာန်း ထားပါသည်။ မိမိညီအစ်ကိုအား အပြစ်ရှာခြင်း၊ ကဲ့ရဲ့ခြင်းသည် ဤရွှေပဋိညာဉ်အား ချိုးဖျက်ဆန့် ကျင်ရာရောက်ပါသည်။ ဤပဋိညာဉ်အား ရှုတ်ချခြင်းလည်း ဖြစ်သွားသည် ပဋိညာဉ်မကောင်း ကြောင်း၊နာခံစရာမသင့်ကြောင်း ဆိုခြင်းနှင့်အတူတူဖြစ်သည်။ ပဋိညာဉ်ကိုနာခံခြင်းမရှိသူသည် ထိုပဋိညာဉ်အား ဖျက်ဆီးခြင်းဖြစ်သည။ မိမိညီအစ်ကိုအား ပြစ်တင်စီရင်သောသူအား ကြီးမြတ်ည် ဟုယူဆသူ ဖြစ်၏။ ဘုရားသခင် တစ်ပါးတည်းသာလျှင် တရားထက် ကြီးမြတ်သူရှိပါသည်။ တရားကို ပြဌာန်းသူနှင့် တရားကို စီရင်ခွင့် ရှိသူဖြစ်သည်။ မိမိကိုယ်ကို ဘုရားသခင်နေရာတွင်ထား၍ ညီအစ်ကို များကိုတရားစီရင်ရဲပါသလား။
၄:၁၃ နောက်တစ်ခုအပြစ်မှာ မိမိကိုယ်ကို ယုံကြည်အားကြီးခြင်း ဖြစ်သည်(ငယ် ၁၃-၁၆)။ ကျမ်းစာကထိုသူကို မိုးကောင်းကင် အိမ်မက်မက်နေသော ကုန်သည်ကဲ့သို့ ဆိုထားသည်။ အချိန်ကို တွက်ဆသည် (ယနေ့၊ သို့မဟုတ်မနက်ဖြန်) ဇာတ်ကောင် (ကျွန်ုပ်တို့)၊ နေရာ (မြို့တော်တနေရာရာ)၊ ကြာရှည်ခံမှု (တနှစ်) အလုပ်အကိုင် (အရောင်းအဝယ်)၊ ရလာဒ်(အမြတ်)။ဘာကျန်ရစ်ခဲ့သလဲ။ ဘုရားသခင်ကိုမေ့နေသည်။ တခွန်းတပါဒမျှ ထဲ့သွင်းခြင်း မပြု။ သူလိုချင်သမျှအနာဂတ်စီမံကိန်း ရေးဆွဲထားသော်လည်း အတ္တနှင့်ဆိုင်သောလောက အရာများဖြစ်သည်။ “ငါ””ငါတို့”ဟူသော စကားလုံးသည် လူစီဖာ၏စကားလုံး (ဟေရှာ ၁၄:၁၃-၁၄)ဖြစ်သည်။ “ကောင်းကင်ပေါသို ငါတက်မည်။ ဘုရားသခင်၏ကြယ်တို့အပေါ်မှာ ငါ့ပလ္လင်ကို ငါချီးမြှောက်မည်။ မြောက်မျက်နှာဘက်၊ ဗျာဒိတ်တော်ပေါ်မှာ ငါထိုင်မည်။ မိုးတိမ်ထက်ပေါ်သို့ငါတက်မည်။ အမြင့်ဆုံးသော ဘုရားကဲ့သို့ ငါနေမည်” ဟူသောစကားကိုသတိရပါ။
၄:၁၄ မနက်ဖြန်အတွက် စီမံချက်ရေးဆွဲခြင်းသည် မှားပါသည်။ “မနက်ဖြန်မှ ဟုမပြောနှင့်” (သု ၃:၂၈) ဟုကျမ်းကားဆိုထားပါသည်။ မနက်ဖြန်ဘာဖြစ်မည်ကို ဘယ်သူမှမသိကြပါ။ ကျွန်ုပ်တို့၏ အသက်ဝိညာဉ်ကာလသည် ကွေးသောလက် မဆန့်မမှီ၊ ဆန့်သောလက်မကွေးမှီကဲ့သို့ တိုတောင်းပါသည်။
၄:၁၅ ဘုရားသခင်က ကျွန်ုပ်တို့၏စီမံကိုန်းကို တိုင်ပင်အကြံပေးချင်ပါသည်။ ထို့ကြောင့် ဘုရားသခင်၏အလိုတော်ကို တိုင်ပင်ပါ။ ကျွန်ုပ်တို့ကံကြမ္မာသည် ဘုရားလက်ထဲတွင် ချုပ်ကိုင်ထား ကြောင်း နားလည်ရမည်။ “ဘုရားသခင်အလိုတော်ရှိ၍သာ ယခုလိုနေနိုင်၊ စားနိုင်၊ သွားနိုင်တာပါ”ဟု ပြောတတ်ကြသည်။ ရှင်ပေါလုက “ဘုရားသခင်အလိုတော်ရှိလျှင် နောက်တဖန်သင်တို့ရှိရာသို့ ငါပြန်ဦးမည်”(တ ၁၈:၂၁)ဟူ၍၎င်း၊ “သခင်ဘုရားသည် အလိုတော် ရှိလျှင်ငါသည် မြန်မြန်လာမည်” (၁ ကော ၄:၁၉)ဟူ၍၎င်း ဆိုထားပါသည်။ တခါတရံ ခရစ်ယာန်များသည် ဤစကားကို ဘုရားသခင် ပေါ်သို့ပုံချထားတတ်သည်။ ဤစကားလုံးသည် မူရင်းလက်တင် စကားလုံးတွင် စကားနှစ်လုံးဖြစ်၍ Deo Volente ဖြစ်သည်“ဘုရားသခင်အလိုတော်” ဟုအနက်ရသည်။
၄:၁၆ “ယခုသင်တို့သည် မာနထောင်လွှားခြင်းရှိပြီ” ဟုကျမ်းစာကသတိပေးထားသည်။ ခရစ်ယာန်များသည် ကိုယ့်စိတ်ကူးနှင့်ကို သာယာနေတတ်ကြသည်။ မည်သည့်အရာကမှ သူတို့စိတ် ကူးအားလာရောက် မဖျက်ဆီး၊ မဟန့်ထားနိုင်တော့သကဲ့သို့ မာနထောင်လွှားတတ်ကြသည်။ ထိုကဲ့သို့မိုးပေါ် တိုက်ဆောက်ခြင်းသည် ဘုရားသခင် မပါရှိသောကြောင့် အပြစ်ဒုက္ခစရိုက်ဖြစ်သည်။
၄:၁၇ ထို့ကြောင့် အကောင်းနှင့်အဆိုးကို ခွဲခြားသိကြပြီး၊ ထို့သို့သိသည်ပင်လျှင် အပြစ်ဖြစ်စရာ အကြောင်းရှိ၏။ ကျွန်ုပ်တို့ အသက်တာတွင် ကောင်းသောအကျင့်များကိုသာ ကျင့်ရမည်။ အချိန်တိုင်း နာရီတိုင်းမှာ ကောင်းသောအကျင့် ကျင့်ကြံခြင်းဖြင့် အထံတော်ပါးသို့ တည်မှီနေရမည်။ ထိုသို့ပြုခြင်းသည် ကောင်းသောအကျင့် ဖြစ်မှန်းသိလျှက်နှင့် မကျင့်ဘဲနေလျှင် အပြစ်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် နိယာမတရား ဖြစ်သည်။ နေရာပတ်ဝန်းကျင်တိုင်းမှာ ကောင်းသောအကျင့်ကျင့်ကြံဖို့ ဝတ္တရားရှိသည်။ ကောင်းသောအကျင့် ကျင့်မှန်းသိလျှင် သိသည့်အတိုင်း လိုက်လုပ်ရသည်။ ကောင်းသောအကျင့် ကျင့်ကောင်းရမှန်း သိလျှက်နှင့်မကျင့်လျှင်၊ မိမိကိုယ်ကိုနှင့် အိမ်နီးနားခြင်းများ လိမ်ညာခြင်းဖြစ်သကဲ့သို့ ဘုရားသခင် အလိုတော်ကိုလည်း ဆန့်ကျင်ရာရောက်ပါသည်။
ဤအခန်း၄တွင် တပ်မက်ခြင်း တဏှာအကြောင်း၊ ရုန်းရင်းကြမ်းတမ်းသော စကားပြောဆို ခြင်းအကြောင်း၊ ဘုရားသခင်အားမတိုင်ပင်ဘဲ စီမံကိန်းရေးဆွဲခြင်း အကြောင်းတို့ကို သွန်သင်ထားပါသည်။ ထိုအကြောင်းနှင့် ပတ်သက်၍ မိမိကိုယ်ကို မေးခွန်းထုတ် ဆန်းစစ်ကြည့်ကြပါစို့။ ရှိသည့်အရာထက်ပို၍ လိုချင်စိတ်ရှိသလား (သို့မဟုတ်) ရှိသည့်အရာလေးနှင့် လုံလောက်လှပအောင် ဝတ်စားတတ်ပါသလား။ မိမိထက် ပြည့်စုံသူများကို မနာလိုဖြစ်တတ်ပါသလား။ ထိုမနာလိုစိတ်မရှိမီ ဆုတောင်းတတ်ပါသလား။ ဘုရားသခင်က စကားပြောလာသောအခါ နာခံပါသလား၊ ဆင်ခြေတက် ပါသလား။ ညီအစ်ကိုမောင်နှမများနှင့် ငြင်းဆိုတတ်ပါသလား၊ ဘုရားသခင်အား နှီးနှောတိုင်ပင်ခြင်း မပြုဘဲ၊ ကိုယ့်သဘောနှင့်ကို စီမံကိန်း ရေးဆွဲပါသလား။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။