ရှင်ယာကုပ်ဩဝါဒစာ - ၃

လျှာကိုချုပ်တည်းခြင်း
1ငါ့ညီအစ်ကိုတို့၊ ငါတို့သည်သာ၍ ကျပ်တည်းသော စစ်ကြောစီရင်ခြင်းကို ခံရမည်ဟု သင်တို့သိ၍ အများသောဆရာ မဖြစ်ကြနှင့်။- 2ငါတို့ရှိသမျှသည် အများသောအားဖြင့် မှားတတ်ကြ၏။ စကားအားဖြင့် မှားခြင်းမရှိသောသူမည်သည်ကား၊ စုံလင်သောသူဖြစ်၏။ မိမိကိုယ်တစ်ကိုယ်လုံးကို ချုပ်တည်းနိုင်သောသူ ဖြစ်၏။- 3မြင်းကိုနိုင်ခြင်းငှာ ပါးစပ်ကိုဇက်ခွံ့တတ်၏။ သို့ပြု၍ မြင်းကိုယ်တစ်ကိုယ်လုံးကို လှည့်စေတတ်၏။- 4ထိုမှတစ်ပါး၊ အလွန်ကြီးသောသင်္ဘောသည် ပြင်းစွာသောလေဟုန်နှင့် လွင့်သွားသော်လည်း၊ တက်မကိုင် အလိုရှိသည်အတိုင်း၊ ငယ်သောတက်မဖြင့် လှည့်တတ်၏။- 5ထိုနည်းတူ၊ လျှာသည် ငယ်သောအင်္ဂါဖြစ်သော်လည်း အလွန်ဝါကြွားတတ်၏။ အဘယ်မျှလောက် များစွာသောထင်းကို အနည်းငယ်သောမီးသည် ညှိနိုင်သည်ကို ကြည့်ပါလော့။- 6လျှာသည် မီးဖြစ်၏။ ဒုစရိုက်၏ လောကဓာတ်လည်းဖြစ်၏။ ထိုသို့နှင့်အညီ၊ လျှာသည် ငါတို့၏အင်္ဂါတို့တွင်တည်၍ တစ်ကိုယ်လုံးကို ညစ်ညူးစေ၏။ ဇာတိစက်ကိုလည်း ရှို့တတ်၏။ မိမိသည်လည်း ငရဲမီးရှို့ခြင်းကို ခံလျက်ရှိ၏။- 7သားရဲမျိုး၊ ငှက်မျိုး၊ တွားတတ်သောတိရစ္ဆာန်မျိုး၊ ငါးမျိုးတို့ကို လူမျိုးသည် အောင်တတ်သည်အတိုင်း အောင်ခဲ့ပြီ။- 8လျှာကိုကား၊ အဘယ်လူမျှမအောင်နိုင်၊ မဆုံးမနိုင်သော အဆိုးအညစ်ဖြစ်၏။ သေစေတတ်သော အဆိပ်အတောက်နှင့် ပြည့်စုံ၏။- 9ငါတို့သည် လျှာဖြင့် ခမည်းတော်ဘုရားသခင်ကို ကောင်းချီးပေးတတ်ကြ၏။ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းသောလူတို့ကို လျှာဖြင့် ကျိန်ဆဲတတ်ကြ၏။- 10နှုတ်တစ်ပါးတည်းအထဲက၊ ထောမနာချီးမွမ်းခြင်းနှင့် ကျိန်ဆဲခြင်း ထွက်တတ်ပါသည်တကား၊ ငါ့ညီအစ်ကိုတို့၊ ထိုသို့မဖြစ်ကောင်းရာ။- 11စမ်းရေပေါက် တစ်ပေါက်တည်းအထဲက ချိုသောရေနှင့် ခါးသောရေ ထွက်တတ်သလော။- 12ငါ့ညီအစ်ကိုတို့၊ သင်္ဘောသဖန်းပင်သည် သံလွင်သီးကို သီးနိုင်သလော။ စပျစ်ပင်သည် သင်္ဘောသဖန်းသီးကို သီးနိုင်သလော။ ထိုအတူ၊ ငန်သောရေသည် ချိုသောရေကို မဖြစ်စေနိုင်။
အထက်မှသက်ရောက်သောပညာ
13သင်တို့တွင် အတတ်အလိမ္မာနှင့်ပြည့်စုံသော ပညာရှိ တစ်စုံတစ်ယောက်ရှိလျှင်၊ ထိုသူသည် ပညာ၏ နူးညံ့သိမ်မွေ့ခြင်းနှင့်တကွ၊ ကောင်းမြတ်သော ကျင့်ကြံပြုမူခြင်းအားဖြင့် မိမိအမှုတို့ကို ပြပါစေ။- 14သို့မဟုတ် သင်တို့စိတ်ထဲမှာ ခါးစွာသော ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်းရှိလျှင်၊ သမ္မာတရားကို မုသားဖြင့်ဆန်၍ မဝါကြွားကြနှင့်။- 15ထိုသို့သောပညာသည် အထက်မှ သက်ရောက်သောပညာမဟုတ်။ မြေကြီးပညာ၊ ဇာတိပကတိပညာ၊ နတ်ဆိုးပညာဖြစ်၏။- 16အကြောင်းမူကား၊ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်းရှိလျှင်၊ မငြိမ်မဝပ်ရုန်းရင်းခတ်ခြင်း၊ ဆိုးညစ်စွာ ပြုမူခြင်း အမျိုးမျိုးရှိတတ်၏။- 17အထက်မှ သက်ရောက်သောပညာမူကား၊ ရှေ့ဦးစွာစင်ကြယ်၏။ ထိုမှတစ်ပါး၊ အသင့်အတင့်နေတတ်၏။ ဖြည်းညင်းသောသဘော ရှိ၏။ သွေးဆောင်လွယ်၏။ ကရုဏာနှင့်လည်းကောင်း၊ ကောင်းကျိုးနှင့်လည်းကောင်း ပြည့်စုံ၏။ လျစ်လျူသောစိတ်ရှိ၏။ လျှို့ဝှက်ခြင်းနှင့် ကင်းစင်၏။- 18အသင့်အတင့်နေခြင်းငှာပြုစုတတ်သော သူတို့သည် ဖြောင့်မတ်ခြင်းတရား၏ မျိုးစေ့ကို ငြိမ်သက်စွာ ကြဲတတ်ကြ၏။

ရှင်ယာကုပ်ဩဝါဒစာ - ၃ (အနက်ဖွင့်)

၆။ လျှာချုပ်တည်းခြင်းနှင့်မသင့်မလျှော်သုံးခြင်း (:၁၂)

          ဤအခန်းအစပထမပိုင်း ၁၂ပိုဒ်သည် လျှာအကြောင်းဖြစ်သည် (၁:၁၉၊၂၆၊၂:၁၂၊၄:၁၁၊ ၅:၁၂ တွင်လည်းပါသည်)။ ဆရာဝန်က လူနာအားလျှာထုတ်ခိုင်းပြီးရောဂါရှာဖွေသကဲ့သို့ ရှင်ယာကုပ် ကလည်းယုံကြည်သူများ၏ ဝိညာဉ်ရေးရာရင့်ကျက်မှုရှိမရှိ၊ ပြောင်းလဲသောအသက်တာရှိမရှိ ဆန်းစစ်ရန် လျှာထုတ်ခိုင်းပါသည်။ ထိုလူတွင် ပင်ရင်းရောဂါအဇစ်အမြစ်ရှိမရှိ စကားလေသံ အားဖြင့်ဆန်းစစ်ရသည်။ ခေတ်သစ်ဆရာဝန်များ၏ “သင့်လျှာကိုကြည့်စမ်း၊ မဲသဲနေတာဘဲ၊ ဘယ်လိုလုပ်နေကောင်းနိုင်မှာလဲ” ဟူသောစကားကို ရှင်ယာကုပ်ကလည်းသဘောတူထားသည်။

: နှုတ်ကပတ်တော်က “ဆရာမလုပ်လွန်းနှင့်”ဟု ဆုံးမထားပါသည်။ လျှာသည်ဟောပြော ရာတွင်မရှိမဖြစ်သောအရာဖြစ်သော်လည်း နှုတ်ကပတ်တောသွန်သင်ရာတွင် “လူနှင့်ဘုရားကြား တွင်နားလည်မှုလွဲမှားစေနိုင်သော ဆရာမဖြစ်ကြနှင့်”ဟု သတိပေးထားပါသည်။ ဆိုလိုသည်မှာ “အရည်အချင်း မပြည့်ဝဘဲဆရာမလုပ်နှင့်” “တတ်ယောင်ကားမလုပ်နှင့်”ဟုဆိုသည်။ သို့သော် သွန်သင်ဟောပြောခြင်း ဝိညာဉ်လက်ဆောင်ကို ထိခိုက်စေလိုသည် မဟုတ်။ ပေါ့ပေါ့တန်တန်မယူဆ ရပါ။ သမ္မာတရားများကိုသွန်သင်ပေးသူသည် မိမိအသက်တာ၌ ကျင့်ကြံခြင်းမရှိလျှင် ကြီးလေးသော အပြစ်ဒဏ်ပေးသင့်ပါသည်။

သမ္မာကျမ်းစာသွန်သင်ခြင်းသည် အလွန်ကြီးမားသောဝတ္တရားဖြစ်သည်။ သင်ဆရာသည် ပထမဦးစွာနာခံခြင်းရှိရသည်။ သူကိုယ်တိုင်နားလည်ပြုမူကျင့်ကြံခြင်းမရှိသောတရားကို အခြားသူ များအားသွန်သင်ခြင်းမပြုရပါ။ သူ၏သွန်သင်ချက်များသည် သူ့အသက်တာတွင် မည်မျှအကျိုး သက်ရောက်စေခဲ့ကြောင်း ပြသနိုင်သည်။ သင်ဆရာသည် တပည့်များကိုမိမိဘဝနှင့် နှိုင်းယှဉ်၍ သွန်သင်ရသည်။ အကယ်၍ သွန်သင်ချက်များသည် သမ္မာကျမ်းစာသဘောနှင့် အလှမ်းဝေးကွာနေ လျှင်သင်တ်းသားများ၏ ဝိညာဉ်ရေးရာတိုးတက်တက်မှု အဟန့်အတားဖြစ်ကြောင်းသတိပြုရမည်။ အကယ်၍ အမှားအယွန်းသွန်သင်မိလျှင် မစင်ကြယ်သော မျိုးစေ့စိုက်ပျိုးခြင်းဖြစ်သည်။ အခြားစာ အုပ်များကို ဓမ္မသစ်ကျမ်းကဲ့သို့ လက်ကိုင်စွဲခြင်း မပြုရ။ ဓမ္မသစ်ကျမ်းသည် ယေရှုခရစ်တော်နှင့် မလွတ်ကင်းသော သွန်သင်ချက်များဖြစ်သည်။ ကျမ်းပိုဒ်တိုင်းသည် သခင်ခရစ်တော်အားယုံကြည် သူများ၏ ဘဝအသက်တာဖြစ်စေသည်။ ထို့ကြောင့် ထိုဓမ္မသစ်ကျမ်းကိုသာ အလေးနက်ထား သွန်သင်ပေးသင့်သည်။

: သွန်သင်ခြင်းမှ ပြောင်းလဲခြင်းသင်ခန်းစာသို့ကူးပြောင်းသွားသည်။ လူတိုင်းမှားတတ် ကြသောလည်းမိမိလျှာကို ထိန်းသိမ်းနိုင်သောသူသည် အမှာနည်းသည်။ ထိုသူသည်ကောင်းသော အကျင့်၊ ကောင်းသောအမှုရှိသူဖြစ်သည်။ မိမိလျှာကိုချုပ်တည်းနိုင်လျှင်အခြားအကျင့်ကြံများ ကိုလည်းချုပ်တည်းရန် အခက်အခဲမရှိတော့ပါ။ သို့သော် ထိုသို့ချုပ်တည်းရန် သခင်ခရစ်တော်တပါး တည်းသာတတ်စွမ်းနိုင်သည်။ အကယ်၍လျှာကိုနိုင်လျှင် ပြည့်စုံသူ၊ ရင့်ကျက်သူ၊စည်းကမ်းကောင်း မွန်သူဖြစ်လာပါမည်။

: စကားပြောရာတွင် နမူနာယူရမည့်အရာ(၅)ခုရှင်းပြထားသည်။ ပထမဆုံးမှာမြင်းကို ချုပ်ထည်းသော ဇက်ခွံ့ခြင်းဖြစ်သည်။ မြင်းကို ဇက်စွဲခြင်းဖြင့်မြင်းတကိုယ်လုံးအား လိုရာအရပ်သို့ လှည့်စေနိုင်သည်။ ထိုသေးငယ်သောအရာဖြင့် မြင်ကိုထိန်းနိုင်သကဲ့သို လူကိုလည်းထိုသေးငယ်သော လျှာက ထိန်းချုပ်ပါသည်။ လျှာသည်လူကိုကောင်းရာသို၎င်း၊ပျက်စီးရာသို၎င်း လှည့်ခိုင်းစေ နိုင်ပါသည။

          : ဒုတိယအရာမှာ တက်မဖြစ်သည်။ သင်္ဘောကြီးနှင့်နှိုင်းယှဉ်လျှင် တက်မသည် မပြောစလောက်ခပ်သေးသေးဖြစ်ပါသည်။ သင်္ဘောပေါရှိ ဝန်စည်စလယ်များ၏အစိပ်အပိုင်းလေး တစ်ခုမျှသာပေးပါသည်။ ဥပမာအားဖြင့် ဧလိဇဘက်ဘုရင်မအမည်ရှိသော သဘော်သည် တန်ချိန် ၈၃၆၇ တန်လေးပါသည်။ ထိုသင်္ဘောတက်မသည် တန်ချိန်၁၄၀သာရှိပါသည်။ ၂/၁၀ခန့်သာ ရှိသည်။သို့သော်လည်း ထိုတက်မက ပဲ့ထိန်းသည့်အတိုင်း အရပ်မျက်နှာရွှေ့ရသည်။ ထိုကဲ့သို့ပင် ကြီးထွားသန်မာသော လူခန္ဓာကိုယ်သည်လည်းသေးငယ်သောအရာဝတ္ထုက ထိန်းကျောင်းပဲ့ကိုပါ သည်။ထို့ကြောင့်လျှာကို သူ့နေရာနှင့်သူ သင့်တင့်လျှောက်ပတ်အောင်ထိန်းသိမ်းထားရှိရသည်။ သေးငယ်သောအရာဖြစ်လျှက် အတွင်းပိုင်းတွင် ပုန်းအောင်းနေသော်လည်း လူခန္ဓာကိုယ်ကြီးတစ်ခု လုံးကိုအဆိုးသို့၎င်း၊အကောင်းသို့၎င်း ဦးတည်မောင်းနှင်နိုင်သည်။

: တတိယနမူနာ နှိုင်းယှဉ်ချက်မှာ မီးဖြစ်သည်။ မီးစတစအားနမော်နမဲ့လွှင့်ပစ်ပါက အမှိုက်ကစ ပြသာဒ်မီးလောင်နိုင်ပါသည်။ အကယ်၍မြက်တောကြီးဖြစ်ပါက သစ်တောဝါးကြီးတစ်ခု လုံးသို့ကူးစက်ပြီး ကြီးမားသောဆုံးရှုံးမှုဖြစ်စေနိုင်သည်။ မည်သို့သဘောရသလဲ။ နမော်နမဲ့မီးစတစ သည်လူကိုကောင်းကျိုးပြုစေသလား၊ ဆိုးကျိုးပြုစေသလား။သမိုင်းစဉ်တလျှောက်မှာ ၁၈၇၁ ခုနှစ် ချီကာကိုမီးသည် အဆိုးဝါးဆုံးသော သမိုင်းမှတ်တမ်းတင်ခဲ့သည်။Mr.O’Leary’s တို့၏ နွားတင်းကုပ်မှမီးစတင်ခြင်းဖြစ်သည်။ သုံးရက်သုံးညလုံးလုံးမီးလောင်ကျွမ်းရာ မြို့တော်၏ သုံးမိုင်ခွဲပတ်လည် ပြာကျခဲ့သည်ဟုဆိုသည်။ လူပေါင်း၂၅၀ခန့်သေဆုံးပြီး၊လူတစ်သိန်းခန့် အိုးမဲ့ အိမ်မဲ့ဖြစ်ပွားကြသည်။ ကာလတန်ဖိုးသိန်းပေါင်း၁၇၅၀ ဒေါလာတန် ခန့်ပျက်စီးသည်။ လျှာသည် လည်းမီးစတစ်စသို့မဟုတ် မီးခွက်တစ်ခုကဲ့သို့ဖြစ်သည်။ သူ့သဘောသည်ဇာတိအာဖြင့် ဖျက်ဆီးခြင်း သဘောရှိသည်။ ထို့ကြောင့်ကျမ်းစာက “ဆိုးညစ်သောကမ္ဘာ ကျွန်ုပ်တို့အမြဲမှာ” ဟု ဆိုထားခြင်း ဖြစ်သည်။ ဒုက္ခများမြောင်ကြီးမားခြင်းကို ဆိုလိုခြင်းဖြစ်သည်။ လျှာသည် သေးငယ်သောအရာ ဖြစ်သောလည်း ကြီးမားသောဆိုးယုတ်မှုခြင်း အစွမ်းသတ္တိရှိသည်။

အပြောအဆို မယဉ်ကျေးခြင်းသည် ပြောင်းလဲသူများထံသို့ ကူးစက်တတ်ပုံကို အမျိုးသမီး နှစ်ဦး စကားပြောခြင်း၌ လေ့လာကြည့်ကြပါစို့။ တစ်ယောက်က “တီလီ၊ခုနနင့်ကိုလာပြောတဲ့ လျှို့ဝှက်စကားငါ့ကိုလည်း ပြောဦး၊ ဘယ်သူ့ကိုမှငါမပြောဘူး”။ တစ်ယောက်ကလည်း ” နင်မို့လို့ပြောပြ မယ်” ဒါပေမယ့် ငါပြောပြတယ်လို့ တခြားလူကို မပြောနဲ့နော်” ဟုဆိုကာ ပြောပြသည်။

လျှာသည် လူ့ခန္ဓာတစ်ခုလုံးကို ပျက်စီးစေနိုင်သည်။ လူသည်လျှာအားဖြင့် လူသတ်မှု၊ မိုက်ရိုင်းသောစကားလိမ်ညာမှု၊အပြစ်ဖို့မှုနှင့် ကျိန်ဆဲမှုပြုလုပ်တတ်သည်။ ထိုအကြောင်းကို Chappel က ဤသို့ရေးထားသည်။

အပြစ်ရှာတတ်သူသည် မိမိကိုယ်ကိုအနာတရ ပေးခြင်းဖြစ်သည်။ လက်တွင်ရွှံ့ပေကျံသူသည် အာရုံထိအောင် ပေကျံစေသဖြင့်သူ၏ အကောင်းဆုံးအချိန်ကို ပြန်လည်မရနိုင်ပါ။ ထိုရည်ရွယ်ချက် မျိုးမရှိသော်လည်း မကြာခဏကြုံတွေ့ရတတ်သည်။ အိမ်နီးနားခြင်းများ၏ အိမ့်ရှေ့ရှိတုတ် တချောင်းအား မဖယ်ရှားနိုင်လောက်အောင် မမြင်မကန်းဖြစ်ကြသည်။ ထိုသို့မဖြစ်သင့်ပါ။ သူတပါး အားဒုက္ခပေးနိုင်ပါသည်။ သို့သော် ထိုဒုက္ခကို ထိုသူခံရခြင်းထက်မိမိက ပိုမိုနာကျင်စွာ ခံစားရသည်။

လျှာသည် မီးဖြစ်၏။ လောကဓာတ်လည်းဖြစ်၏။လောကဓာတ်ဆိုသည်မှာ လူအဖွဲ့အစည်း တစ်ခုလုံးကိုဆိုလိုသည်။ ညစ်ညမ်းစေသည်သာမဟုတ်၊ ပတ်ဝန်းကျင်တစ်ခုလုံးကိုလည်း ညစ်စုတ် စေသည်။ လူ့ဘဝတစ်ခုလုံး၊ လူ့အသက်တစ်ခုလုံး ညစ်ညမ်းစေနိုင်သည်။ ဆိုးညစ်ကြမ်းတမ်းသော လျှာသည် ငရဲပြည်မှမီးကဲ့သို့ဖြစ်သည်။ ညစ်ညမ်းယုတ်ပတ်သော စကား၏အမြစ်ဖြစ်သည်။ လှုပ်ရှားပြုမှုတိုင်းသည် ငရဲပြည်နှင့်ဆိုင်သောအပြုအမှုဖြစ်သည်။ ဤနေရာတွင် သုံးသောငရဲဂေဟာ နကိုဆိုလိုသည်။ ဘယ်သူမှမနေသော တစပြင်သုသာန်မြေဖြစ်သည်။ ထိုစကားလုံးကို ခရစ်တော် တပါးတည်းကသာ ဓမ္မသစ်ကျမ်းတွင်သုံးသည်။

: စတုတ္ထအချက်တွင်မူကား လျှာသည်ယဉ်ပါးအောင်မသွန်သင်ပေးသော တောတိရိစ္ဆာန် ရိုင်းကဲ့သို့ဖြစ်သည်။ မည်သည့်သားရဲတိရိစ္ဆာန်၊ ကျေးငှက်သာရကာ၊ မြွေဟောက်နှင့် ရေသတ္တဝါမဆို ယဉ်ပါးအောင်လေ့ကျင့်ပေးသည်။ ယဉ်ပါးသောဆင်၊ ခြင်္သေ့၊ ကျား၊ လင်းယုန်၊ မြွေဟောက်၊ လင်းပိုင်များတွေ့ဘူးကြလိမ့်မည်။ ထိုတိရိစ္ဆာန်များသည် သဘာဝအရ ယဉ်ပါးနိုင်သည်မဟုတ်။ လူကယဉ်ပါးအောင် လေ့ကျင့်ပေးသောကြောင့်ဖြစ်သည်။ သားရဲများထဲမှ မြွေပွေး၊မြွေဟောက်နှင့် မိကျောင်း၊ငါအမျိုးမျိုးစသည့် တိရိစ္ဆာန်ရိုင်းများကိုအချိန်ယူ လေ့ကျင့်ပေးခြင်းဖြင့် ယဉ်ပါးနိုင်သည် မှာမယုံနိုင်လောက်အောင် အံ့သြစရာကောင်းပါသည်။

ထိုကိစ္စနှင့်ပတ်သက်၍ Robert G. Lee က ဤသို့ဆိုထားသည်။ လူသည်သူ့ထက်ကြီးမား လှသောတောကြီးမျက်မည်းထဲမှဆင်ကို ထောင်ချောက်ဆင်ဖမ်းယူပြီး၊ ယဉ်ပါးအောင်လေ့ကျင့်ကာ သစ်တုံးကြီးများကို သယ်ခိုင်းသည်။ အလုပ်သမားအဖြစ်စေခိုင်းနိုင်သည်။ မျက်လုံးစိမ်းစိမ်းနှင့် အကြည့်စူးရှသောကျားများကို ဖမ်းဆီးချုပ်နှောင်ပြီး ယဉ်ပါးအောင်သွန်သင်ကာ၊ ကစားဖော်အဖြစ် လုပ်သည်။ ကြောက်ရွံ့ဖွယ်ကောင်းလှသော ရက်စက်ကြမ်းကြုတ်သည့် အာဖရိကခြင်္သေ့ကြီးများကို ဖမ်းဆီးပြီး ယဉ်ပါးအောင်သွန်သင်ကာ မီးကွင်းခုန်ခိုင်းသည်။ မြင်းစီးခိုင်းသည်၊ စင်မြင့်ခုံပြား ထိပ်ပေါ်တွင် ထိုင်ခိုင်းသည်။ အစာငတ်လာသောအခါ၊အစာဗန်းပြလျှက် ဝပ်ခိုင်းသည်။ လူကဲ့သို့ မတ်တပ်ရပ်ခိုင်းသည်။ ပြေးခိုင်းသည်။ အော်ခိုင်းသည်။ လူ့အမိန့်အတိုင်း လိုက်လုပ်ခိုင်းသည်။ တခါကဆပ်ကပ်ပွဲသွားကြည့်စဉ် ဆာလောင်ငတ်မွတ်နေသော ခြင်္သေ့ကပရိတ်သတ် တစ်ယောက် အားဟဲလိုက်ရာ ပိုင်ရှင်ကခြင်္သေ့ပါးစပ်ကို လက်နှစ်ဖက်နှင့်အတင်းဝင်ဖြဲပြီး ထိုသူအားဝင်ရောက် ကယ်တင်ရသည်ကိုတွေ့ဘူးသည်။

ကလေးသူငယ်များသည် ဆားကပ်ပွဲများသို့သွား၍ ထိုဆားကပ်ဆရာများကို ချီးကျူးသြဘာ ပေးပြီး၊ပန်ကုံးစွပ်ပေးတတ်ကြသည်။ တိရစ္ဆာန်ပြပွဲသို့သွားကြသည်။ အကွက်အကွက်များနှင့် ကျားသစ်၊ သွေးဆားနေသောကျားသစ်နက်များကို လူကမည်သို့စားနိုင်စားကြောင်း သွားကြည့် တတ်ကြသည်။ ထိုကျားသစ်ရိုင်းများကို သိုးသငယ်ကဲ့သို့ ပြပ်ဝပ်အောင် လေ့ကျင့်သင်ပေးနိုင်သည်။ ချိုးငှက်နှင့် လင်းယုန်ငှက်သည် အသိုက်အတူတူလုပ်၍၊ ဝံပုလွေနှင့်ယုန်သူငယ်များသည်လည်း အတူတူလဲလျောင်းအောင် လေ့ကျင့်ပေးနိုင်သည်။

: ထိုတိရစ္ဆာန်ရိုင်းများကိုယဉ်ပါးအောင် သွန်သင်လေ့ကျင့်ပေးနိုင်သော်လည် လူသည်သူ့ ပါးစပ်ထဲမှ လျှာကလေးတစ်ခုကိုမျှ ယဉ်ပါးအောင်လေ့ကျင့်ပေးရခက်နေသည်။ ရိုးရိုးသားသားပြော ရလျှင် ဤစကားကိုဝန်ခံသင့်သည်။ ဤအသားပြားလေးတစ်ခုကြောင့် မိမိပတ်ဝန်းကျင်တစ်ခုလုံး ဆုံရှုံးနစ်နာနိုင်သည်။ လူ့သဘောသဘာဝအားဖြင့်ဆိုလျှင် လူသည်ဤသေးငယ်သောအရာကို ထိန်းသိမ်းကွပ်ကဲနိုင်သော အရည်အချင်းမရှိပါ။ ဘုရားသခင်နည်းလမ်းတစ်မျိုးတည်းဖြင့်သာ ကွက်ကဲထိန်းချုပ်နိုင်သည်။

တဖန်ကျမ်းစာက မဆုံးမနိုင်သောအရိုင်းအစိုင်အဖြစ်ဆိုထားသည်။ သေစေနိုင်သောမြွေအ ဆိပ်နှင့်ခိုင်နှိုင်းခြင်းဖြစ်သည်။ တစ်စက်နှစ်စက်ဖြင့်အဆိပ်တက်စေသည်။ လျှာသည်အသိအာရုံနှင့် အကျင့်သိက္ခာကိုလည်း အဆိပ်တက်စေနိုင်သည်။ တပါသူများမကောင်းကြောင်းအတင်းအဖျင်းပြော ရန်မည်မျှလွယ်ကူသနည်း။ တကြိမ်တခါ အမှားလုပ်မိသည်နှင့်မကြာခန အကြိမ်ကြိမ်အဖန်ဖန် ဝေဖန်အတင်းပြောတတ်ကြသည။ တခါတရံမိမိအား မထိခိုက်စေဘဲနှင့်လည်း ဝေဖန်ခိုင်းနှိုင်းကာ အထင်အမြင်သေးတတ်ကြသည်။ လူတစ်ယောက်၏ဒုက္ခနှင့် မျက်ရည်၊ရင်ကွဲခြင်းနှင့် နစ်နာခြင်းများ ကိုဘယ်သူနားလည်ပေးနိုင်သနည်း။ မိသားစုအတွင်း စိတ်ဆင်းရဲမှုများကို မည်သူဝင်ရောက်ခံစား ကူသနည်း။ ကြိတ်မှိတ်ခံစားရသော နာကျင်မှုဝေဒနာများ နိုးထလာသောအခါ ကျန်မားရေးထိခိုက် စေပါသည်။ သားသမီးများက ယုံကြည်သူအသစ်များဝေဖန်ခြင်းအား မိဘများကမတားဆီးလျှင် ထိုအကျင့်ဆိုးအား အားပေးသကဲ့သို့ဖြစ်သည်။ စည်းမရှိ၊ကမ်းမရှိ ပြောဖိုခြင်းသည် အန္တရယ်ကြီးမား ၍စည်းကမ်းစနစ်တကျရှိခြင်းသည် တန်ဖိုးကြီးမားသည်။

မည်သို့ကုစားရမည်နည်း။ နေ့စဉ်ဆုတောင်းခြင်းဖြင့် အတင်းအဖျင်းပြောခြင်း၊ အပြစ်ရှာခြင်း၊ မကြင်နာသောစကား ပြောဆိုခြင်းကိုရှောင်ရှားနိုင်ပါသည်။ “အချင်းချင်း၊အားပေး သောချစ်ခြင်းမေတ္တာရှိကြလော့၊ ချစ်ခြင်းမေတ္တာသည်များစွာသော အပြစ်ကိုဖုံးအုပ်တတ်၏” (၁ပေ ၄:၈)။ အကယ်၍ တစ်စုံတစ်ဦးနှင့်မသင့်မမြတ်ဖြစ်နေလျှင် ထိုသူထံသို့သွားရောက်၍ ချစ်ခြင်းမေတ္တာ ပြပါ။ အတူတူဒူးထောက်ဆုတောင်းပါ (မ ၁၈:၁၅၊လု ၁၇:၃)။ အသေးအဖွဲကိစ္စအတွက်နှင့် ပျက်စီး သွားမည့်အစား ထိုအရာထဲတွင် ယေရှုခရစ်ကိုရှာပါ။ အကယ်၍စကားပြောနေဆဲတွင် မကောင်း သောစကားပြောမိမှန်းသတိထားမိလျှင် ချက်ချင်းရပ်ပစ်လိုက်ပါ။ မည်ကဲ့သို့ဆက်လက်ပြောဆို သင့်သည်ကိုဆင်ခြင်၍ ချက်ချင်းပြုပြင်ပါ။ တဝက်တပြက်နှင့်ရပ်သည်လည်း ပိုကောင်းပါသည်။

:၁၀ လျှာသည်အကောင်းကိုပြောနိုင်ကဲ့သို့ အဆိုးအယုတ်ကိုလည်းပြောတတ်သည်။ တမိနစ်တည်းမှာ ထိုလျှာဖြင့်ဘုရားသခင်အား ချီးမွမ်းပြီး၊ထိုတမိနစ်တည်းမှာ တပါးသူအားအပြစ် တင်စကားပြောတတ်သည်။ သူတပါးအား ထိခိုက်နာကျင်စေမည့်အစား ထိုလျှာဖြင့်ဘုရားသခင်၏ ကောင်းကြီးမင်္ဂလားရယူသင့်သည်။ ထိုသို့ဟုတ်မဟုတ်ကို ဆန်းစစ်ကြည့်ပါ။ မိမိပြောသောစကား သည်မှန်ကန်ပါသလား။ ကျွန်ုပ်တို့၏နှုတ်ဖျားကို စဉ်ဆက်မပြတ်ကင်းစောင့်သင့်သည် (ဆာ ၁၄၁:၃)။ နှုတ်မှဆုတောင်းသံ၊ရင်ထဲမှချီးမွမ်းသံများသည် ကယ်တင်ရှင်ဘုရားသခင်မှ လက်ခံနိုင် ဖွယ်ရာဖြစ်ရမည် (ဆာ ၁၉:၁၄)။ ရော ၁၂:၁မှ လျှာအကြောင်းကိုလည်း အမြဲတန်းမှတ်ထားရမည်။

:၁၁ စမ်းရေပေါက်တစ်ခုပေါက်တည်းက ချိုသောရေနှင့်ခါးသောရေထွတ်တတ်သလော။ လျှာသည်လည်းထိုအတိုင်းဖြစ်သည်။ ပုံစံတစ်မျိုးတည်းသာ ထွက်တတ်ပါသည်။

:၁၂ တောင်ကျစမ်းရေသည် ကြည်လင်လန်းဆန်းသောကြောင့် သဘောသဖန်းပင်သည် သံလွင်သီးကိုမသီးနိုင်သကဲ့သို့ စပျစ်ပင်သည်လည်း သဘောသဖန်းသီးမသီးနိုင်ပါ။ သဘာဝအရ အပင်တစ်မျိုးသည် အသီးတစ်မျိုးသာသီးနိုင်သည်။ လျှာသည်ကောင်သောအသီးသီးမည်လား၊ ဆိုးသောအသီးသီးမည်လား။

ဤကျမ်းပိုဒ်အား မ ၇:၁၆-၂၀ နှင့်မရောစေလိုပါ။ ထိုကျမ်းပိုဒ်တွင်ဆိုးသောအပင်မှ ကောင်းသော အသီးမသီးနိုင်ဟု ဆိုထားပါသည်။ မကောင်းသောသူသည် မကောင်းသောအသီးကိုသာ သီးသည်။ ဤကျမ်းပိုဒ်တွင် မကောင်းသောအသီးနှင့် ဆိုးသောအသီးတပြိုင်တည်းတွင် မသီးနိုင် ကြောင်း၊ သွန်သင်ပါသည်။

စမ်းရေတပေါက်တည်းက ဆားငန်ရေနှင့် ရေကြည်တစ်ချိန်တည်းတွင် မထွက်နိုင်ပါ။ တစ်ခုသာ ထွက်ရသည်။ ဤကျမ်းပိုဒ်ဆိုလိုချက်မှာ ကောင်းသောစကားကိုသာပြောရန် သတိပေးသွန်သင်ခြင်း ဖြစ်သည်။

နှုတ်စကားများအမြဲဆင်ခြင်ဖို့ သွန်သင်ပါသည်။ သင်ခန်းစာနိဂုံးမချုပ်မီအောက်ပါမေးခွန်း များဖြင့် မိမိကိုယ်ကို ဆန်းစစ်ကြည့်ကြပါစို့။ ကျွန်ုပ်တို့ကိုယ်တိုင် မနာခံသောစကားကို တပါးသူအား သွန်သင်ပြောကြားပါသလား။ တပါးသူအားမမြင်ကွယ်ရာမှာ ဝေဖန်တတ်ပါသလား။ မိမိပြောစကား သည်အမြဲတန်းနှစ်လိုဖွယ်ရာ၊ နာပျော်ဖွယ်ရာဖြစ်ပါသလား။ “အို ကောင်းလိုက်တာ၊ လှလိုက်တာ၊ သာဓု၊ အာမင်အံ့သြစရာဘဲနော်” အစရှိသဖြင့် ကောင်းကင်သားနှင့်ဆိုင်သောအာမေဋိတ်သံများဖြင့် ချီးမွမ်းတတ်ပါသလား။ ဘုရားရှိခိုးကျောင်း အပြင်ဘက်ရောက်သည်နှင့် ဘုရားတရားအကြောင်း ပြောသလား။ ဇာတ်ကားအကြောင်း ပြောပါသလား။ သမ္မာကျမ်းစာအကြောင်း ပြောပါသလား။ ခွန်အားရစေမည့် အာဟာရစကားများ ပြောပါသလား။ မျက်နှာမမြင်ရသော်လည်း ငွေကြေးချို့တဲ့ သော်လည်းထိုသူအား ဟိမဝန္တာချီးမွမ်းခန်းဖွင့်တတ်ပါသလား။

၄။ ဉာဏ်ပညာအစ်အမှန်နှင့်အတုအယောင် (:၁၃၁၈)

          ဤကျမ်းပိုဒ်တွင် စစ်မှန်သောပညာနှင့် အတုအယောင် ပညာခြားနားချက်ကို ဖော်ပြထားသည်။ ပညတ်အစစ်အမှန်ဟု ဆိုရာတွင် မည်မျှအသိလိမ္မာကြွယ်ဝကြောင်းကိုဆိုလိုခြင်းမဟုတ်။နေ့စဉ်အသက် တာတွင် စောင့်ထိန်းနိုင်ဟု ဆိုလိုသည်။ ဉာဏ်ပညာမည်မျှရှိကြောင်း မဆိုလိုပါ။ မည်မျှလက်တွေ့ အသုံးချနိုင်ကြောင်း ဆိုလိုပါသည်။ ဤနေရာတွင် ပညာတတအမှန်ကိုဆိုလိုရာ ထိုပညာရှင်သခင် ယေရှုခရစ်တော်ဖြစ်သည်။ ပညာတရားသည် (မ ၁၁:၁၉၊ ၁ကော ၁:၃၀)။ လိမ္မာပါးနပ်သူသည် ခရစ်တော်၏ အသက်တာကို ထင်ဟပ်၍ ဝိညာဉ်အသီးအပွင့်များသီးပွင့်သည် (ဂလါ ၅:၂၂-၂၃)။

ကျွန်ုပ်တို့သည် လောကဉာဏ်ပညာလည်း ရှိကြသည်။ လောကနိယာမများအတိုင်း ကျင့်ကြံကြသည်။ လက်ခုပ်သြဘာအကြားတွင် သာယာစေသည်။ သို့သော်လည်း ထိုဉာဏ်ပညာသည် ဘုရားသခင်၏ ဘုန်းတော်ထင်ရှားရာ မဖြစ်နိုင်။

:၁၃  အတတ်အလိမ္မာနှင့် ပြည့်စုံသော ပညာရှိသည်။ နူးညံ့သိမ်မွေ့ခြင်းနှင့် တတ်ကောင်းမြတ်သော အကျင့်ကြံပြုမူခြင်း ရှိပါစေ။ သခင်ယေရှုသည် မာန်မာနမရှိ၊ ထောင်လွှားမောက်မာခြင်းမရှိ၊ ဉာဏ်ပညာ အပြည့်အဝရှိသူဖြစ်၏။ လိမ္မာသူတိုင်းသည်နူးညံ့သိမ်မွေ့သည်။

:၁၄ လောကပညာရှိသည် သူ့နှလုံးသားထဲတွင် ခါးသီးသော ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း ရှိသည်။ ကိုယ်ရေးကိုယ်တာကိုသာ စိတ်ဝင်စားသည်။ ပြိုင်ဖက်များကို မနာလိုမုန်းတာရှလျှက်၊ မညှာမတာ ဆက်ဆံတတ်သည်။ သူ့အတတ်ပညာကို အထင်ကြီး၍အောင်မြင်မှုအပေါ်တွင် ကြွားဝါ တတ်သည်။ ဤကျမ်းချက်၏ သွန်သင်ချက်သည် ထိုသို့မဟုတ်။ သမ္မာတရားကိုတတ်သိနားလည် သောပညာရှိကြောင်းဖြစ်၍ အမှန်တကယ် တတ်သိလိမ္မာသူသည် ယဉ်ကျေးသိမ်မွေ့သည့်အကြောင်း ဖြစ်သည်။

:၁၅ ခရစ်ယာန်လောကတွင်လည်း မနာလိုမုန်းတီးခြင်း၊ခါးသီးသောယှဉ်ပြိုင်ခြင်းများတွေ့ ရတတ်သည်။ မိမိနေရာတည်မြဲရေးအတွက် အခြားသူများကိုဘေးသို့တွန်းပို့တတ်သည်။ ထိုကဲ့သို့ သောပညာသည် လောကပညာဖြစ်၍ ကြောက်ဖွယ်ကောင်းသော အသင်းတော်ခေါင်းဆောင်မှု ဖြစ်သည်။ ထို့ကြောင့် လောကအသိပညာကို ဝိညာဉ်ရေးရာအသိဉာဏ်ထဲသို့ ဝင်မလာအောင်ကာဆီး ရမည်။ ထိုဉာဏ်ပညာသည် ကျမ်းစာက သွန်သင်သော လောကအသိဉာဏ်ပညာ၊ အာရုံငါးပါးနှင့် ဆိုင်သော အသိဉာဏ်၊ နတ်မိစ္ဆာနှင့်ဆိုင်သော အသိဉာဏ်ဖြစ်သည်။ လောကဉာဏ်ပညာသည် ကောင်းကင်တရားနှင့်မဆိုင်။ လောကမှလာသော ဉာဏ်ပညာ ဖြစ်သည်။ အာရုံငါးပါးနှင့်ဆိုင်သော အသိဉာဏ်သည် သန့်ရှင်းသောဝိညာဉ်တော် အသီးအပွင့် မသီး လူ့ဇာတိသဘောအတိုင်း ဖြစ်သည်။ နတ်မိစ္ဆာနှင့်ဆိုင်သောဉာဏ်ပညာဆိုသည်မှာ လူအသိဉာဏ်ထက်သာ၍ မကောင်းဆိုးဝါးများ၏ အကျင့်စရိုက်အတိုင်း ပြုမူခြင်းဖြစ်သည်။

:၁၆ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်းရှိသောနေရာသည် ငြိမ်သက်ခြင်းမရှိ၊ ရုန်းရင်းဆန်ခတ် လေ့ရှိသည်။ သဟဇာတလိုက်လျောညီထွေးခြင်းမရှိ။ ယနေ့ကမ္ဘာကြီးတွင် တည်ငြိမ်ခြင်းမရှိ၊ ဗြောင်းဆန်နေကြခြင်းသည် သမ္မာတရားနှင့် ယှဉ်သော အသိဉာဏ်ပညာ ကင်းဝေးလျှက်၊ မိမိတို့ တတ်သိလိမ္မာသည့်အတိုင်းလုပ်ဆောင် ကြသည်။

:၁၇ အထက်မှလာသော ပညာမူကား အစကတည်းက စင်ကြယ်၏။ အပြောနှင့်အလုပ်၊ ဝိညာဉ်နှင့်ရုပ်ခန္ဓာ၊ မူဝါဒနှင့်လက်တွေ့၊ ယုံကြည်ခြင်းနှင့်သီလတို့သည် ဒွန်တွဲလျှက်ရှိသည်။ သဟဇာတ လိုက်လျောညီထွေမှု ရှိသည်။ ပွင်ပွင့်လင်းလင်းပြောရလျှင် ပညာရှိသည် ငြိမ်သက်ခြင်းကို မြတ်နိုး၏။ တတ်စွမ်းသမျှငြိမ်သက်ခြင်းကို ထိန်းသိမ်းပြုပြင်သည်။ ထိုအကြောင်းကို တံတားပေါ် တွင်မျက်နှာချင်းဆိုင် ဆုံတွေ့ကြသော ဆိတ်နှစ်ကောင်ဖြင့် Luther က ပုံဥပမာ ပေးထားသည်။ ထိုဆိတ်နှစ်ကောင်လုံးသည် ဝှေ့ခတ်ကြရန် မဖြစ်နိုင်သကဲ့သို့ နောက်ပြန်လှည့်၍လည်း မရနိုင်။ လိမ့်ကျသေသွားနိုင်သည်။ ထို့ကြောင့်ဆိတ် တစ်ကောင်က မှောက်ဝပ်ပေး၍၊ တစ်ကောင်ကနင်းကျော် သွားခြင်းဖြင့် ထိုဆိတ်နှစ်ကောင်းစလုံး လိုရာခရီးဆက်နိုင်ကြသည်။ ထိုကဲ့သို့ပင် တပါးသူက တင်စီးလျှင် ဉာဏ်ပညာရှိသောသူသည် အောက်ကျို့ နှိမ့်ချခြင်းဖြင့် ငြိမ်သက်ခြင်း ရယူသည်။ တကယ့် ပညာရှိသူသည် ယဉ်ကျေးသိမ်မွေ့သည်။ မောက်မာခြင်း။ ထောင်လွှားခြင်း၊ ရင့်သီးခြင်း၊ ကောက်ကျစ်ခြင်းမရှိ။ ပညာရှိသည်တပါးသူများ နမူနာယူစရာသာဖြစ်သည်။ A.B.Simpon က “ရက်စက်ခြင်း၊ စောင်းချိတ်ခြင်း၊ ချေပခြင်း၊ မနာပျော်ဖွယ်မကောင်းသောစကားများသည် ငြိမ်သက်ခြင်းအရှင်၏ သွန်သင်ချက်များတွင်မပါပါ” ဟု ဆိုထားပါသည်။

နောက်တစ်ချက်မှာ လျစ်လျူရှုသောစိတ်ဥပေက္ခာတရားဖြစ်သည်။ ထိုစကားအဓိပ္ပါယ်မှာ ကြည်အေးခြင်း၊ အကျိုးအကြောင်း ချဉ်းကပ်ခြင်း၊ သမ္မာတရားလိုလားခြင်းဖြစ်သည်။ ခေါင်းမာခြင်း၊ စိတ်နှလုံးမာကြောခြင်း၏ ဆန့်ကျင်ဘက်ဖြစ်သည်။ အထက်မှဆင်းသက်လာသောဉာဏ်ပညာသည် ဖြည်းညင်းသောသဘောရှိ၏။ ကောင်းသော အသီးအပွင့်များသီး၏။ ကိုယ်ချင်းစာနာသောစိတ်ထား ရှိသဖြင့် လမ်းမှားလိုက်နေသူကိုလည်း လမ်မှန်သို့ ပို့ဆောင်ပေး၏။ ဂရုစိုက်၍သနားတတ်၏။ လက်စားချေခြင်း အလျဉ်းမရှိ။ သနားကြင်နာစွာယုယတတ်၏။ မျက်နှာသာပေးခြင်း၊ မျက်နှာလိုက် ခြင်းမရှိ။ အခြားသောသူများကို ဦးစားပေးတတ်သည်။ မျက်နှာလိုက်ခြင်း၊ မျက်နှာမောက်မာထောင် လွှားခြင်းမရှိ။ ဟန်ဆောင်မနေတတ်။ တတ်ယောင်ကားမပြုတတ်။

ဤအချက်များကို လူနှစ်ယောက်ဖြင့် ပုံဥပမာပေးကြပါစို့။ စစ်မှန်သော ဉာဏ်ပညာနှင့် ဉာဏ်ပညာအတုအယောင် ဆိုပါစို့။ စစ်မှန်သောဉာဏ်ပညာရှိသူသည်သိမ်မွေ့၍ နှိမ့်ချခြင်းရှိ၏။ လူတိုင်းသူ့ထက်သာသည်ဟု ဆရာတင်တတ်၏။ လေဖြင့်သာလမ်းညွှန်သည်မဟုတ်။ ကိုယ်တိုင် ကိုယ်ကျ သမ္မာလမ်းပေါ် ပို့ဆောင်ပေးသည်။ သူ့အပြုအမှုအား ပတ်ဝန်းကျင်အကျင့်စရိုက်က မလွှမ်းမိုးနိုင်။ သီးခြားလူသန့် ဖြစ်သည်။ ဇာတိအလိုမလိုက်၊ ဝိညာဉ်အတွက်အသက်ရှင်သည်။ ယေရှု ခရစ်တော်ကဲ့သို့ အပြောနှင့်အလုပ် ညီသည်။ သူ့အသက်တာသည် စင်ကြယ်သည့်အကျင့်သီလ၊ ဝိညာဉ်ရေးရားသန့်ရှင်းသည်။ ထို့အပြင် ငြိမ်သက်ခြင်းကိုတန်ဖိုးထားသည်။ မှားယွင်းသောစွပ်စွဲ ချက်နှင့်စုံစမ်းသွေးဆောင်ခြင်း ကြုံသောအခါတွင်လည်း လက်တုံ့မပြန်၊ ကလဲ့စားမချေတတ်။ ဖြောင့်မတ်မှန်ကန်ခြင်ကိုသာရှာဖွေသော ဘဝပိုင်ရှင်ဖြစ်သည်။ ကလဲ့စား မချေတတ်သည့်အပြင် သူ့ကိုပြစ်မှားသူများအား ခွင့်လွှတ်သည်။ ထိုမျှသာမက ထိုသူများကိုလည်းသနားသည်။ အများသူငါ ကဲ့သို့ သူများချစ်ခင်ဖို့ရှေးရှုသည်မဟုတ်။ လူချမ်းသာဖြစ်စေ၊ လူဆင်းရဲဖြစ်စေ သူများပြုစုခြင်းကို ခံယူချင်ကြသော်လည်းသူသည် ထိုကဲ့သို့မဟုတ်ပါ။ နောက်ဆုံး ပြောရလျှင်ထိုသူသည် မထောင်လွှားတတ်။ မျက်နှာဖုံးလည်းမစွပ်တတ်။ သမ္မာတရားသာ ပြောဆိုတတ်သည်။

လောကပညာရှိမှာမှု ထိုသို့မဟုတ်။ မနာလို မုန်းထားရှိ၍ ရန်ပြုတတ်သည်။ သူ့အတွေးအာရုံ တွင်ပိုက်ဆံသာ မြင်သည်။ နေရာတိုင်းတွင် ပြိုင်ဆိုင်ယှဉ်ပြိုင်သူပေါသည်။ သူ့ထက်မြင့်မားသူမရှိဟု ထင်တတ်၍ ငါတကော ကောတတ်သည်။ သူ့ဘဝကိုသူ တိရစ္ဆာန်ကဲ့သို့ အဟုတ်ထင်တတ်သည်။ ရက်စက်ယုတ်မားခြင်း၊ စိတ်မမှန် ဂဏှာမငြိမ်ဖြစ်လျှက် မကောင်းဆိုးဝါးပူးတတ်သည်။ ဝန်ထုပ် ဝန်ပိုးပိနေသောအသက်တာဖြစ်သည်။ အတွေးအာရုံလည်း ညစ်နွမ်းလျှက်၊ အကျင့်၊သီလနိမ့် ကျလျှက် ဖရုသဝါစာနာ ပြောတတ်သည်။ မကျေနပ်ချက်များ၍ တလောကလုံးနှင့်ရန်ဖြစ် တတ်သည်။ အလုပ်၊နေအိမ်၊ပတ်ဝန်းကျင်တွင်လည်း အစဉ်တစိုက် ငြင်းခုံတတ်သည်။ ကြမ်းတမ်း ခက်ထန်၍တွေးပူတတ်သည်။ ရက်စက်ယုတ်မာသည်။ သူ့ထံသို့ လူတိုင်းမချဉ်းကပ်နိုင်။ ချည်းကပ် သူများကိုတုတ်နှောင်တတ်သည်။ နည်းလမ်းမှန်ကန်စွာ ချည်းကပ်၍မရနိုင်။ သဘောထားအနည် ထိုင်ပြီ ဖြစ်သောကြောင့် ပြုပြင်ရန် မလွယ်တော့ပါ။ ခွင့်လွှတ်ခြင်းမရှိ။ ကလဲ့စားချေလိုစိတ်သာ ရှိသည်။ တပါးသူအားအပြစ်နာတွေ့လျှင် မညှာတာတတ်။ သူ့ကိုအကျိုးပြုသူများကိုသာ လူဟုထင် သည်။ ထိုသူများသည်လည်း အကျိုးမပြု၊ မျှော်လင့်ချက်မရှိတော့လျှင် ဝေးဝေးလံလံသို့မောင်းထုတ် တတ်သည်။ ထိုလူသည် မျက်နှာနှစ်ဖက် ရှိသောလူစားမျိုးဖြစ်၍ စိတ်ချယုံကြည်မှုမရှိ။ သူ့အပြော၊ သူ့အလုပ်ကိုမယုံရ။

:၁၈ ဤအခန်းကို အသင့်အတင့်နေစေခြင်းငှာ ပြုစုတတ်သောသူတို့သည် ဖြောင့်မတ် တရား၏မျိုးစေ့ကို ငြိမ်သက်စွာကြဲတတ်ကြ၏။” ဟူသော စကားဖြင့် အဆုံးသတ်ထားသည်။ ဤကျမ်းပိုဒ်သည် အထက်ကဆွေးနွေးပြောဆိုသောစကားများအား လက်တွေ့ဘဝတွင်လိုက်နာ ကျင့်ကြံရမည့်အကြောင်း ဖြစ်သည်။ နောက်အခန်းတွင် ထိုအကြောင်း ထပ်ရှင်းဦးမည်။ သူ့ဘဝသည် လယ်ယာစိုက်ပျိုးခြင်းနှင့်သာပါသည်။ ကျွန်တော်တို့မှာ လယ်ပိုင်ရှင် (ငြိမ်သက်ခြင်းပြဒသော ပညာရှိသုခမိန်)၊ ရာသီဉတု (ငြိမ်သက်ခြင်း) နှင့်ကောက်လှိုင်း(ဖြောင့်မတ်မှန်ကန်ခြင်း) တို့ရှိပါသည်။ လယ်ပိုင်ရှင်သည် ဖြောင့်မတ်မှန်ကန်ခြင်း ကောက်လှိုင်းများကို အလိုရှိပါသည်။ ငြိမ်သက်ခြင်း မြေပေါ်တွင်သာ မျိုးစေ့ကြဲနိုင်ပါသည်။ ငြိမ်သက်ခြင်း ရှိမှသာလျှင် ထိုသို့ရိတ်သိမ်း နိုင်မည်။ သို့မှသာလျှင် အသက်တာတွင် အသီးအပွင့်သီးလျှက် လယ်ရှင်အတွက် အကျိုးဖြစ်ထွန်း စေနိုင်သည်။

တဖန် ကျွန်ုပ်တို့အသက်တာမှာ ဤကျမ်းစာက သင်ပေးသော ဉာဏ်ပညာရှိပါသလားဟု ဆန်းစစ်ကြည့်ရအောင်။ ဘုရားသခင်ကို ယုံကြည်သောကြောင့်နှိမ့်ချသူထက်မာနထောင်လွှားသူအား လေးစားပါသလား။ ဘုရားသခင်အား ရိုသေကိုင်းရှိုင်းခြင်း မရှိဘဲ ကိုးကွယ်နေပါသလား၊ လိုချင်သည့် အဖြေမရလျှင် ဘုရားရှင်ကို မေးခွန်းထုတ်တတ်ပါသလား။ လောကအရ  လွှမ်းမိုးမှုအောက်တွင်ပိပြား နေပါသလား။ တပါးသူအား မညှာမတာ ပြစ်ပြစ်နှစ်နှစ် ဝေဖန်ပါသလား။ မိမိအတွေး၊ အပြောနှင့် အကျင့်သီလ တကယ်စင်ကြယ်ပါသလား။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

[post-views]

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။