ဟေရှာယအနာဂတ္တိကျမ်း - ၁၆
ဟေရှာယအနာဂတ္တိကျမ်း - ၁၆ (အနက်ဖွင့်)
၁၆:၁-၂ မောဘသားတို့၏ဘဝပျက်သည့်အကြောင်းကိုအခန်းကြီး(၁၆) တွင်ဆက်လက်ရှင်းပြထားသည်။ မောဘလူမျိုးများသည်သိလမြို့(ပေတရဧဒုံ မြို့တော်)ကိုမြေရှင်ထံသို့သိုးသငယ်ပေးလှူသကဲ့သို့ပေးအပ်စွန့်လွှတ်ရလိမ့် မည်။ ဇိအုန်တောင်၏သမီး(ယေရုရှလင်)သည်ယခင်ကတည်းကသိုးငယ်များကိုရှမာရိလူများလက်ထဲသို့ဝကွက်အပ်နှံပြီ:ဖြစ်သည်(၄ရာ၃:၄)။ ရပ်ကြီးသူများ သည်ဘေးဒုက္ခကပ်ဆိုဒ်များတစ်ခုပြီ:တစ်ခုရင်ဆိုင်တွေ့ကြုံကြမည်။
၁၆:၃-၅ ဘုရားသခင်ကမောဘလူများအားယုဒများထံမှီခိုကြရန်အ ကြံပေးသည်။ အမှောင်ရိပ်ခိုကြလျှင်သာ၍လုံခြုံကြမည်။ မောဘပြည်ကို ညှင်းဆဲသတ်ဖြတ်သူများ၊ပယ်ရှင်းသူများ၏ဘေးရန်ငြိမ်ကျသွားသောအခါ၊ဘုရားသခင်သည်ရာဇပလ္လင်တည်မည်။ ဒါဝိဒ်မင်း၏ပလ္လင်ပေါ်တွင်စိုးစံ ၍၊ကရုဏာတော်၊သစ္စာတရား၊တရားမျှတခြင်း၊ဖြောင့်မတ်စင်ကြယ်ခြင်း ပြည့်စုံစေမည်။
၁၆:၆-၁၂ ထိုသို့မောဘပြည်ပြိုလဲပျက်စီးခြင်းမှာမာနထောင်လွှားခြင်း၊ ဝါကြွားဟော့ရမ်းခြင်းကြောင့်ဖြစ်သည်။ တနယ်တခွင်လုံးပျက်စီးငိုကြွေးကြ မည်။ ဟေရှဘုန်လွင်ပြင်သည်မြေဩဇာခမ်းခြောက်မည်။ စိုက်ပျိုးထားသော ဓိဗမာစပျစ်နွယ်များ၏အညွန့်များကိုတပါးအမျိုးသားများကချိုးဖြတ်ကြသ ဖြင့်ပျက်စီးကုန်ပြီ။ ထိုပျက်စီးသွားသောအရာများကိုကြည့်သောအခါဟေရှာယသည်ဝမ်းနည်းပက်လက်ဖြစ်နေရပြန်သည်။ မောဘပြည်သားများ သည်သူတို့ရုပ်တုဘုရားများငိုယို၍၊အကူအညီတောင်းရှိခိုးကြသော်လည်း အလကားဖြစ်သည်။
၁၆:၁၃-၁၄ မောဘပြည်ပြိုလဲပျက်စီးမည့်အကြောင်းကိုဟေရှာယက ပရောဖက်ပြုထားသည်။ ထိုအဖြစ်အပျက်ကံကြမ္မာဆိုးသည်လာမည့်(၃)နှစ် အတွင်းတွင်ကြုံတွေ့ကြမည်ဟုထပ်ဆိုလိုက်သေးသည်။ စာရင်းငှားအလုပ် သမားများကအချိန်နာရီရေတွက်နေသည့်အတိုင်းအတိအကျလာမည်။ တမိ နစ်မျှမပိုမလိုအတိအကျရောက်လာမည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။