၁ကော - ၁၃

မေတ္တာ
1ငါသည် လူဘာသာစကားကိုလည်းကောင်း၊ ကောင်းကင်တမန် ဘာသာစကားကိုလည်းကောင်း ပြောနိုင်သော်လည်း မေတ္တာမရှိလျှင် အသံမြည်သော တံပိုးခရာကဲ့သို့လည်းကောင်း၊ တီးသံကိုသာ ပေးတတ်သော လင်းကွင်းကဲ့သို့လည်းကောင်း ဖြစ်၏။- 2ပရောဖက်ဉာဏ်ကို ငါရ၍၊ နက်နဲသော အရာရှိသမျှတို့နှင့် သိပ္ပံအတတ်အမျိုးမျိုးကို တတ်သော်လည်းကောင်း၊ တောင်များကိုရွှေ့နိုင်သော ယုံကြည်ခြင်းအမျိုးမျိုးနှင့် ပြည့်စုံသော်လည်းကောင်း၊ မေတ္တာမရှိလျှင် အချည်းနှီးသက်သက် ဖြစ်၏။- 3သူတစ်ပါးကို ငါကျွေးမွေး၍ ဥစ္စာရှိသမျှကို စွန့်ကြဲသည်သာမက၊ ကိုယ်ခန္ဓာကို မီးရှို့စေခြင်းငှာ အပ်သော်လည်း၊ မေတ္တာမရှိလျှင်၊ ငါ၌အကျိုးမရှိ။- 4မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါကြွားခြင်းမရှိ၊ မာန်မာနမရှိ။- 5မလျောက်ပတ်စွာ မကျင့်တတ်၊ ကိုယ်အကျိုးကို မရှာတတ်၊ ဒေါသအမျက် မထွက်တတ်၊ အပြစ်ရှိသည်ဟု မထင်တတ်၊- 6မတရားသောအမှု၌ ဝမ်းမြောက်ခြင်း မရှိတတ်၊ သမ္မာတရား၌ ဝမ်းမြောက်တတ်၏။- 7ခပ်သိမ်းသောအရာကို ဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကို ယုံတတ်၏။ ခပ်သိမ်းသောအရာကို မျှော်လင့်တတ်၏။ ခပ်သိမ်းသောအရာကို သည်းခံတတ်၏။- 8မေတ္တာသည် ဖောက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်၏။ ပရောဖက်ဉာဏ်သော်လည်းကောင်း၊ အမျိုးမျိုးသော ဘာသာစကားကို ပြောနိုင်သောအခွင့်သော်လည်းကောင်း၊ သိပ္ပံအတတ်သော်လည်းကောင်း၊ ကွယ်ပျောက်လိမ့်မည်။
9ယခုမူကား၊ ငါတို့သည် မစုံမလင် သိတတ်ကြ၏။ ပရောဖက်ဉာဏ်နှင့် မစုံမလင် ဟောတတ်ကြ၏။- 10စုံလင်ခြင်းသို့ ရောက်သောအခါမူကား၊ မစုံလင်သမျှတို့သည် ကွယ်ပျောက်ကြလိမ့်မည်။- 11ငါသည် သူငယ်ဖြစ်စဉ်အခါ၊ သူငယ်လို စကားပြော၏။ သူငယ်လို စိတ်ထင်၏။ သူငယ်လို ကြံစည်၏။ အသက်ကြီးသောအခါမူကား၊ သူငယ်၏အရာများကို ငါပယ်ရှား၏။- 12ယခုတွင် ငါတို့သည် မှန်အားဖြင့် ရိပ်မိလျက်သာ နေကြ၏။ ထိုအခါမူကား၊ မျက်မှောက်ထင်ထင် မြင်ရကြလိမ့်မည်။ ယခုတွင် ငါအသိအမြင် မစုံမလင်ဖြစ်၏။ ထိုအခါမူကား၊ သူတစ်ပါးသည် ငါ့ကိုသိသကဲ့သို့ ငါသိရလိမ့်မည်။- 13ယခုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်း၊ ဤသုံးပါးတည်လျက် ရှိ၏။ ဤသုံးပါးတို့တွင် ချစ်ခြင်း မေတ္တာသည် အမြတ်ဆုံးဖြစ်သတည်း။

၁ကော - ၁၃ (အနက်ဖွင့်)

၁၃: ဘာသာစကားအစုံ ပြောတတ်သည့်အပြင် ကောင်းကင်စကားကိုလည်း ပြောတတ်ပါစေ။ ချစ်ခြင်းမေတ္တာ မပါရှိလျှင် ထိုစကားသည် ကြားနာသူအတွက် အကျိုးအာနိသင်မရှိ။ ပျော်ရွှင်စရာမဖြစ်။ ကြေးမောင်း သံပုံးများ ထုသည့်အသံကဲ့သို့ နားငြီးဖွယ်ရာသာ ဖြစ်သည်။ တစ်ဖက်သား နားမလည်သော စကားပြောခြင်းသည် အချည်းအနှီးဖြစ်သည်။ ပြောသူ၊ နာသူအကျိုး အမြတ်မရှိ။ ကောင်းကင်စကားသည် အဖိုးတန်စကားဖြစ်သည်။ သို့သော် ဆိုလိုယင်းကို နားမလည်လျှင် အဓိပ္ပါယ်မရှိ။ သမ္မာကျမ်းစာပါ ကောင်းကင်သားစကားများသည် နားလည်နိုင်သော စကားများဖြစ်သည်။

၁၃: ထိုကဲ့သို့ပင် ဘုရားသခင်ထံမှ ဗျာဒိတ်တော်ရရှိ၍ နက်နဲသောအမှုအရာများကိုလည်း ထိုးဖောက် သိမြင်သည်ဖြစ်အံ့။ တစုံတစ်ဦးအတွက်အကျိုးသက်ရောက်မှုမရှိလျှင် အမြတ်မရျ။ တောင်ကို ရွှေ့နိုင်သည့် ယုံကြည်မှုရှိသော်လည်း ညီအစ်ကိုမောင်နှမများ အကျိုးမပြု၊ မိမိတကိုယ်တော် အတွက်သာဆိုလျှင်တန်ဖိုးမရှိ။ သူများကို အကျိုးမပြုသောအရာသည် အချည်းအနှီးဖြစ်သည်။

၁၃: ပိုင်ဆိုင်သမျှကို မရှိဆင်းရဲသားများသို့ ပေးကမ်းစွန့်ကြဲပါစေ၊ ယုတ်စွအဆုံး မိမိခန္ဓာကိုယ်ကို ပြာချ၍ ပေကမ်းရက်သည့်တိုင်အောင် စေတနာသဒ္ဓါ ပွားများပါစေ၊ ဝိညာဉ်ရေးရာ ချစ်ခင်ခြင်း မရှိလျှင်တန်ဖိုးမရှိ။ မိမိနာမည်ကျော်ကြားမှု၊ ဂုဏ်သတင်းထင်ရှားဖို့၊ ပကာသနဆန်ဆန် လုပ်ဆောင်ခြင်းများသည် တန်ဖိုးမရှိ။

: အချို့က “ချစ်ခြင်းမေတ္တာသည် ဓမ္မသစ်ကျမ်း၏အဖိုးတန်ဆုံးရတနာဖြစ်ပါသည်။ သို့သော် အသင်းတော်နှင့် မဆိုင်”ဟု ဆိုသည်။ ထိုအကြောင်းကို Hodze က ကောရိန္တုအသင်းတော် သားများ၏ စာနာခြင်းကင်းမဲ့မှု၊ မနာလိုမှု၊ စိတ်မရှည်မှု၊ အတ္တများမှု၊ စိတ်သဘောထားမပြည့်ဝမှု၊ အခြားသူများအား စိတ်မဝင်စားမှု၊ မသင်္ကာရှိမှု စသည့်အချက်များဖြင့် ထောက်ပြချေပခဲ့သည်။

ထို့ကြောင့် တမန်တော်ပေါလုက မေတ္တာစစ်မေတ္တာမှန်၏ ဂုဏ်အင်လက္ခဏာများကို ရှင်းပြသည်။ ပထမဆုံးအချက်မှာ သည်းခံတတ်၏။ သည်းခံခြင်းဆိုသည်မှာ နာကျင်ခြင်းကို တုန့်ပြန်မှု မပြုခြင်းဖြစ်သည်  ကြင်နာသနားတတ်သည် ဆိုခြင်းမှာ မစကူညီရန် တက်ကြွခြင်း၊ သူတစ်ပါးအရေးကို ဂရုစိုက်ပေးခြင်းဖြစ်သည်။ မနာလိုစိတ်မရှိ။ သူများအောင်မြင် ကောင်းစားသည့်အခါ ထပ်တူထပ်မျှ ဝမ်းသာခြင်း ဖြစ်သည။ ကြွားဝါခြင်းမရှိ၊ မာန်မာနမရှိ၊ ဘုရားသခင်ပေးသော ဆုလက်ဆောင်ပီသကြောင်း ထင်ရှားစေခြင်းဖြစ်သည်။ ဘုရားသခင်ပေးသော လက်ဆောင်များသည် ဝါကြွားစရာ မဟုတ်ပါ။ ဘုရားသခင်သည် ဝိညာဉ်ဆုလက်ဆောင်များအား ဝါကြွားဖို့ရာပေးသနား တော်မူခြင်းမဟုတ်။ ဟော့ရမ်းဆိုးသွမ်းဖို့ အလွဲသုံးစားပြုဖို့ပေးသည်မဟုတ်။

          ၁၃: ချစ်ခြင်းမေတ္တာသည် ကြမ်းတမ်းစွာမပြုတတ်။ ချစ်ခြင်းမေတ္တာရှိလျှင် လူသည် ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုဆက်ဆံသည်။ ကိုယ်ကျိုးမရှာတတ်။ အခြားသူများကို ကူညီမစဖို့ အကျိုးပြုဖို့သာ စဉ်းစားသည်။ ဒေါသအမျက် မထွက်တတ်။ ဖြည်းညှင်းသိမ်မွေ့စွာပြောဆိုသည်။ ညှိနှိုင်းပြောဆိုတတ်သည်။ ချစ်ခြင်းမေတ္တာသည် သူတစ်ပါးပျက်စီးရာပျက်စီးကြောင်းမစဉ်းစားပါ။ သူတစ်ပါးအား မယုံသင်္ကာမှုမရှိ။ အပြစ်မရှာ။ စရိုက်ကြမ်းတမ်းစွာ မဆက်ဆံ။

၁၃: ချစ်ခြင်းမေတ္တာသည် မတရားသောအမှု၌ ဝမ်းမြောက်ခြင်းမရှိ။ သမ္မာတရား၌ ဝမ်းမြောက်၏။ ဤစကားသည် လူ့သဘောသဘာဝကို ထောက်ပြခြင်းဖြစ်သည်။ လူသည်မတရားမှု၌ မွေ့လျော်ပျော်ပါးတတ်သည်။ အထူးသဖြင့် တရားသောအမှု၌ အောင်မြင်လျှင် အောင်ပွဲခံလေ့ရှိသည်။ ထိုကဲ့သို့ပျော်ရွှင်ခြင်းသည် ချစ်ခြင်းမေတ္တာနှင့် မသက်ဆိုင်။ ချစ်ခြင်းမေတ္တာ သည်တရားတော်နှင့် အောင်မြင်သူများအပေါ်၌ မေတ္တာပွားများသည်။ ပျော်ရွှင်သည်။ အားပေးထောက်ခံသည်။

၁၃: ခပ်သိမ်းသောအရာတို့ကို ဖုံးအုပ်တတ်၏ ဆိုခြင်းမှာ အခြားသူများ၏ အပြစ်များကို မမြင်တတ်။ အားနည်းချက်များကို မနင်းတတ်။ ဖုံးဖိတတ်သည်။ အကြောင်းမြင်တတ်သည်။ သူတစ်ပါး၏ အားနည်းချက် အထုတ်ဖြေခြင်း မပြုတတ်။ ဘုရားသခင်၏ မေတ္တာတော်ကို ထောက်ရှု၍ ဖေးမကူညီဖြည့်ဆည်းပေးသည်။

          ချစ်ခြင်းမေတ္တာသည် အမြဲယုံကြည်တတ်၏ ဆိုသည်မှာအကောင်းဆုံး အနေအထားကို အမြဲရှေးရှုသည်။ အမြဲမျှော်လင့်တတ်၏ ဆိုခြင်းမှာ အကောင်းဆုံး လုပ်ဆောင်သည်ဟု ယူဆပေးသည်။ အမြဲသည်းခံ၏ဆိုခြင်းမှာ ညှင်းပန်းနှိပ်စက်ခြင်းနှင့် အကုသိုလ်များ ကျော်လွန်မည့် အချိန်ကိုသာ အမြဲမျှော်လင့်ခြင်းဖြစ်သည်။

၁၃: ဝိညာဉ်ဆုလက်ဆောင်များသည် ပျောက်ပျက်နိုင်သောအရာများသည်။ သင်္သါရတရားများဖြစ်သည်။ ချစ်ခြင်းမေတ္တာသည် ပျောက်ကွယ်ပျက်စီးခြင်းမရှိ။ ဘုရားသခင်ကို ချစ်မြတ်နိုးသကဲ့သို့ အချင်းချင်းချစ်ခြင်းမေတ္တာရှိကြရမည်။

အခန်းငယ် ၈-၁၃ ကိုအဓိပ္ပါယ်နှစ်မျိုး ကောက်ယူနိုင်သည်။ ထာဝရကာလသို့ ရောက်သောအခါ ပရောဖက်ပြုခြင်း၊ အခြားသောဘာသာစကားနှင့် ခွဲခြားပိုင်းဖြတ်တတ်သော အသိဉာဏ် ဝိညာဉ်ဆုကျေးဇူးများသည် ပျောက်ဆုံးချုပ်ငြိမ်းသွားမည်။ သမ္မာကျမ်းစာ ဗျာဒိတ်တော် ပြည့်စုံသော အခါ ဝိညာဉ်ဆုအားလုံး ချုပ်ငြိမ်းသွားမည်။ အပိုဒ် ၈ မှ ၁၂ ကို ထာဝရသဘောနှင့် ဗျာဒိတ်တော် ပြည့်စုံခြင်းဟူ၍ ယှဉ်တွဲဖော်ပြပါမည်။

          ၁၃:၁၃ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့်ချစ်ခြင်းမေတ္တာသည်ခရစ်ယာန်များ၏ အဓိက အကျင့်လက္ခဏာ။

ထာဝရမှန်ကန်ခြင်း

          မေတ္တာသည် ထာဝစဉ်တည်၏။ ဘုရားသခင်၏ကောင်းကင်အိမ်သို့ ရောက်သောအခါ ပရောဖက်ပြုခြင်း အပါအဝင်ကာလလည်း ချုပ်ငြိမ်းသွားမည်။ ဘုန်းတန်ခိုးပြည့်စုံသော နောက်ဆုံး ကာလတွင် ဝိညာဉ်ဆုကျေးဇူးများ ချုပ်ငြိမ်းသွားမည်။ (ပေါလုမှအသိတရားပျောက်ကွယ်မည်ဆိုခြင်းသည် နိုင်ငံတော်တွင် အသိဉာဏ်မလိုဟု ဆိုခြင်းမဟုတ်။ အသိဉာဏ်၊ဝိညာဉ်ဆုကျေးဇူးသည် ဘုန်းတန်ခိုးဖြင့် ပြည့်စုံမည်ဟု ဆိုလိုခြင်းဖြစ်သည်)။

၁၃: လူ့ဉာဏ်ပညာများနှင့် ပရောဖက်ပြုချက်များသည် အခိုက်အတန့်အားဖြင့် မှန်သည်။ သမ္မာကျမ်းတွင်လူ့ဉာဏ်ဖြင့်မမီသော ဘုရားသခင်၏နက်နဲသောပညာများစွာရှိသည်။

၁၃:၁၀ သို့သော်စုံလင်သောအခါ မိမိအထင်ကြီးသည့် ဝိညာဉ်ဆုကျေးဇူး၊ တပိုင်းတစအသိ ဉာဏ်တစ်ဝက်တပျက် ပရောဖက်ပြုချက်များနှင့် သမုတိသစ္စာတရားများ ချုပ်ငြိမ်းပျောက်ကွယ်သွား မည်။

ဗျာဒိတ်တော်ပြည့်စုံခြင်း

          မေတ္တာသည် ဖောက်ပြန်ခြင်းသဘောမရှိ။ ဓမ္မသစ်ကျမ်းပြည့်စုံသောအခါ ပေါလုအသက်တာရှိ ပရောဖက်ပြုချက်များ ကုန်ဆုံးချုပ်ငြိမ်းသွားမည်။ သမ္မာကျမ်းစာအုပ် (၆၆) အုပ်ကျမ်းစာပါ အချက်အလက်များ အားလုံး ပြီးပြည့်စုံချိန်ရောက်အခါ အခြားသောဘာ သာစကားများသည် အသုံးဝင်တော့မည် မဟုတ်။ တမန်တော်များနှင့် ပရောက်ဖက်များ၏ ကြိုတင်ဟောကြားချက်များ သည်လည်း ချုပ်ငြိမ်းသွားလိမ့်မည် (ဟေဗြဲ ၂:၃-၄)။ ဘုရားသခင်ပေးသနားတော်မူသော အသိဉာဏ်ပညာဆုကျေးဇူးများနှင့် ကြိုတင် ပရောဖက်ပြုချက်များသည်လည်း လုံးဝချုပ်ငြိမ်း ပျောက်ကွယ်သွားလိမ့်မည့်မဟုတ်ပါ။

တမန်တော်များသည် ဘုရားသခင်ထံတော်မှ ဘုရားသခင်၏ဗျာဒိတ်တော်များကို တိုက်ရိုက် လက်ခံရယူသူများ ဖြစ်သည်။ သို့သော်လည်း ဘုရားသခင်၏ ဗျာဒိတ်တော်များကို တိုက်ရိုက် လက်မခံရယူသူများ ဖြစ်သည်။ သို့သော်လည်း ဘုရားသခင်၏ ဗျာဒိတ်တော်များကို တပိုင်းတစသာ လက်ခံရရှိပြီး တချို့တစ်ဝက်ကိုသာ ပရောဖက်ပြုကာ ပြန်လည်ဟောကြားပေးကြ သည်။

ထိုအချိန်ကာလရောက်သောအခါ သမ္မာကျမ်းစာ၌ ဖော်ပြသမျှသည် ပြည့်စုံသွားလိမ့်မည်။ ပရောဖက်ပြုချက်နှင့် ဗျာဒိတ်တော်ပြုချက်များသည် အမှန်တကယ် ပြည့်စုံသွားပေလိမ့်မည်။ မပြည့်စုံ သောအရာ တစုံတရာမျှရှိလိမ့်မည် မဟုတ်ပါ။ သမုတိသစ္စာတရားများသည် ပရမတ္တသစ္စာတရားများ အဖြစ်သို့ ပြီးပြည့်စုံသွားလိမ့်မည်။

၁၃:၁၁ အသက်တာကို သူငယ်ဘဝနှင့်နှိုင်းထားသည်။ အပြောအဆို၊ အသိတရားနှင့်အတွေး အခေါ်များသည် သူငယ်နှပ်စားကဲ့သို့ ဖြစ်သည်။ ကောင်းကင်နိုင်ငံသားဘဝသည် လူလားမြောက် သူနှင့်တူသည်။ လူ့ဘဝသည် လူလားမြောက်သူနှင့် တူသည်။ လူ့ဘဝသည် သူငယ်ဘဝနှင့်တူသော အတိတ်ဖြစ်သည်။

၁၃:၁၂ ထိုအချိန်တွင် တမန်တော်ခေတ်အဖြစ်အပျက်ကို မှုန်ဝါးဝါးသာမြင်ရမည်။ တမန်တော် များစကားသည် ပဟေဠိသဖွယ်ဖြစ်သွားမည်။ သမ္မာကျမ်းစာ ဖော်ပြချက် ပြည့်စုံချိန်တွင် မှောင်မိုက်ခြင်းများ ပျောက်လွင့်ကုန်မည်။ ယခုရှိသော အသိဉာဏ်များသည်လည်း လိုလေသေးမရှိ ပြည့်စုံသွားမည်။

ဘုရားသခင် ပေးသနားတော်မူသော ဝိညာဉ်ဆုကျေးဇူး လက်ဆောင်များသည် အသင်းတော၏ ကလေးသူငယ်ဘဝနှင့် သက်ဆိုင်သည်။ ထိုနောက်ဆုံးသောကာလနေ့ရက် ရောက်သောအခါ ရယူခံစားရသော ဝိညာဉ်ဆုကျေးဇူးများသည် သန့်ရှင်းသောဝိညာဉ်တော် အားဖြင့် ကလေးသူငယ်နှပ်စား မဟုတ်တော့ဘဲ ဘုရားသခင်၏ ဗျာဒိတ်တော်အတိုင်း ရင့်ကျက်ပြည့်စုံခြင်းသို့ ရောက်လိမ့်မည်။ ကလေးစကားဟူသော အနက်အဓိပ္ပါယ်မျာ အတည်ယူစရာ မဟုတ်သောစကားဟု အနက်ရပါသည်။

ဤဝိညာဉ်ကျေးဇူးတော်များသည် နိစ္စထာဝရ တည်မြဲသော တရားများ ဖြစ်သည်။ ခပ်ရှင်းရှင်း ပြောရလျှင် ဝိညာဉ်ဆုလက်ဆောင်ထက် ဝိညာဉ်အသီးအပွင့်များက ပိုအရေးကြီးပါသည်။

ထိုဝိညာဉ်ကျေးဇူးတော်များထဲတွင် ချစ်ခြင်းမေတ္တာသည် အခြားကျေးဇူးထက် အရေးကြီးသည်။ အကြီးမြတ်ဆုံးဖြစ်သည်။ ချစ်ခြင်းမေတ္တာသည် ကိုယ်ကျိုးမဖက်။ အခြားသူ၏ အကျိုးဆောင် ဖို့ဗဟိုပြုသည်။

သင်ခန်းစာအသစ်သို့ မကူးပြောင်းမီပြီးခဲ့သောသင်ခန်းစာကို အနည်းငယ်ပြန်ကြည့်ရအောင် အငယ်၈-၁၂သည်လက်တွေ့အသက်တာနှင့် ဆန့်ကျင်နေကြောင်းတွေ့ရမည်။

သို့သော်ယုံကြည်သူ ဆက်ကပ်သူ ခရစ်ယာန်များသည် တမန်တော်များထက် ဗျာဒိတ်တော် ပြည့်စုံရမည့်အရာများကို ရှေးရှုတွေးမြင်ကြပါသည်။ ဓမ္မသစ်ကျမ်းတွင် ပါရှိသမျှပြည့်စုံသွားမည်။ တမန်တော်များ စကားသည် သမ္မာတရားကျသည်ဟု လက်ခံနိုင်လျှင်နောက်ဆုံးသောကာလ၌ ပြည့်စုံသွားမည်မှာ မလွဲဧကန် ဖြစ်ပါသည်။  ဝိညာဉ်ဆုလက်ဆောင်များသည် ကာလကန့်သတ်ချက်ရှိ၍ ဝိညာဉ်အသီးအပွင့်များသည် ကာလကန့်သတ်ချက် မရှိ။ ထာဝရအတွက် ဖြစ်သည်။ချစ်ခြင်းမေတ္တာဖက်လျှင် ဝိညာဉ်ဆုလက်ဆောင် များကိုလည်း တလွဲမသုံးနိုင်။ ကွဲပြားခြားနားခြင်း အငြင်းပွားခြင်းမရှိနိုင်ပါ။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။