ရာဇဝင်ချုပ်ပဌမစောင် - ၄
ရာဇဝင်ချုပ်ပဌမစောင် - ၄ (အနက်ဖွင့်)
“ထိုအဆွေအမျိုး၌ ယာဗက်သည် ထူးဆန်းသူဖြစ်၏” (၄:၉)။
ဘုရားသခင်၏ မျက်နှာတော်ကို လိုက်ရှာသူဖြစ်သည်။ ဘုရားသခင်၏ကောင်းကြီးမင်္ဂလာကို တန်ဖိုးထားသည်။ ယုံကြည်ကိုးစားသူဖြစ်၍ ဘုရားသခင်ရှေ့၌ မျက်နှာတော်ရသည်။ “ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်စိတ်တော်နှင့် မတွေ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင်ထံတော်သို့ ချဉ်းကပ်သောသူသည် ဘုရားသခင်ရှိတော်မူသည်ကို၎င်း၊ ကိုယ်တော်ကို ရှာသောသူအား အကျိုးပေးသည်ကို ၎င်း၊ ယုံကြည်ရမည်” (ဟေဗြဲ ၁၁:၁၆) ဟူသော ကျမ်းစကားနှင့်အညီ ဖြစ်သည်။ ထိုအကြောင်းက Ironside က ဤသို့ထောက်ခံထားသည်။
သူ၏ဆုတောင်းချက်တွင် လေးချက်ပါဝင်သည်။ “ကောင်းကြီးအမှန်ပေးတော်မူပါ” ဆိုသည်မှာ ပျော်ရွှင်ခြင်း အစစ်အမှန်တောင်းဆိုခြင်းဖြစ်သည်။ ဘုရားသခင်နှင့် အတူအမြဲတန်းလျှောက်လှမ်းနိုင်မှ ခံစားရသော ဆုလက်ဆောင်ဖြစ်သည်။ “အကျွန်ုပ်နေရာကို ကျယ်ဝန်းစေတော်မူပါ” ဆိုသည်မှာ သူ့မိသားစု ပတ်ဝန်းကျင်တွင်သာ နာမတော် ချီးမွမ်းဖို့မတင်းတိမ်နိုင်။ သားစဉ်မြေးဆက်သို့ တောက်လျှောက် ကောင်းကြီးစီးဆင်းစေလိုသည်။ ဘေးဥပဒ်အနှောင့်အယှက်နှင့်ကင်းလွတ် ပါမည်အကြောင်းဆိုသည်မှာ ဘုရားသခင်၏ ကွယ်ကာစောင့်ရှောက်မှုကို မျှော်လင့်အား ကိုးခြင်းဖြစ်သည်။ နောက်ဆုံးအချက်တွင် “လက်တော်သည် အကျွန်ုပ်ဘက်၌ ကွယ်ကာစောင်မတော်မူပါ” ဟုဆိုသည်။ အပြစ်ဒုစရိုက်သည် ဘုရားသခင်ထံတွင် ပျော်ရွှင်နေသော ယုံကြည်သူ သားသမီးများအား ဖျက်စီးသူဖြစ်သည်။၉
ဟာဗက်သည် ယုံကြည်သည့်အတိုင်း ဆုလက်ဆောင်ရရှိသည်။ ဟာဗက်ကဲ့သို့သော ယုံကြည်ခြင်း လက်ဆောင် ရရှိနိုင်ကြပါစေ။
မျိုးရိုးစဉ်ဆက်စာရင်းတွင် ရှားရှားပါးပါး တွေ့ရသောအမျိုးသမီးမှာ ယေဟုဒိယ (၄:၁၈) တွေ့ရသည်။ ဖာရော့၏ သမီးဖြစ်သော်လည်း ရွေးကောက်တော်မူထားသော လူမျိုးတော်ထဲ၌ အသက်ရှင်နေထိုင်သည်။ နာမည်၏အဓိပ္ပါယ်သည်လည်း ယေဟောဝါ၏ သမီးဖြစ်သည်။
ဤအခန်းကို မကျော်လွန်မီ ပြောစရာ တကွက်ရှိသည်။ ၂:၁၅ တွင် ဒါဝိဒ်သည် ယေရှဲ၏ (၇)ယောက်မြောက် သားဟုဆို၍ ၁ရာ ၁၆:၁၀-၁၁ နှင့် ၁၇:၁၂ တွင် (၈)ယောက်မြောက်ဟုတ်ဆိုသည်။ ယေရှဲ၏သားများတွင် တဦးသည် ကလေးမရဘဲသေလွန်ခြင်းသို့မဟုတ် မိန်းမမရခင်သေဆုံးသောကြောင်း သမိုင်းမှတ်တမ်းမတင်ခြင်းဖြစ်ပေမည်။
၂။ရှိမုန် (၄:၂၄–၄၃)
၄:၂၄–၄၃ ယာကုပ်၏ ဒုတိယမြောက်သားဖြစ်သည်။ ကတိတော်မြေအား ပိုင်းခြားခွဲဝေကြရာတွင် ယုဒနယ်ထဲမှ ဝေစုရရှိသည် (ယော ရှု ၁၉:၉)။ ၄:၂၈-၃၃ တွင် ပါရှိသော မြို့ကြီးပြကြီး များသည် ရှိမောင်၏ အမွေခံမြို့များဖြစ်သည်။ နောက်ကြာလာသောအခါ နယ်မြေချဲ့ထွင်လာကြသည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။