ရာဇဝင်ချုပ်ပဌမစောင် - ၁၈
ရာဇဝင်ချုပ်ပဌမစောင် - ၁၈ (အနက်ဖွင့်)
(ဃ)ဒါဝိဒ်၏အော်နိုင်မှုများ
(အခန်း ၁၈–၂၀)
ပဋိညာဉ်သေတ္တာတော်အား ယေရုရှလင်သို့ မပင့်ဆောင်မီအကြောင်းကို အခန်း၁၃-၁၇ တွင်း ရှင်းပြပြီး ဒါဝိဒ်မင်းနန်းစံပြီး နောက် သမိုင်းဖြစ်စဉ်များကို အခန်း၁၈-၂၀ တွင်မှတ်တမ်း တင်ထားပါသည်။
ဣသရေလတိုင်းပြည် မထူထောင်မီ သူတလူငါတမင်း ပုန်ကန်သောင်းကျန်းခဲ့ကြသော အိမ်နီးချင်းနိုင်ငံများသည် ဘုရားသခင်စီရင်ခန့်အပ်ထားသော ဒါဝိဒ်မင်းနန်းစံချိန်မှစ၍ ငြိမ်ဝပ်ပိပြားကြသည်။ နာခံခြင်းမရှိ၊ ကလန်ကဆန်ပြုခဲသူများသည် ခေါင်းငုံ့လျက် ဒါဝိဒ်မင်းထံ အခွန်အကောက်ဆက်သကြသည်။ သြဇာခံယူကြသည်။ တပါးအမျိုးသားများက ဒါဝိဒ်မင်းကို အသိအမှတ်ပြုကြသည်။ လေးစားလာကြသည်။
၁၈:၁–၆ ဘုရားသခင်က ဒါဝိဒ်မင်းအား ကွယ်ကာထောက်မ (ကူညီ NASB) သောကြောင့် ဒါဝိဒ်မင်းသည် သွားလေရာအရပ် ဖိလိတ္တိ၊ မောဘ၊ ရှုရိနှင့် ဧဒုံ လူများကို အောင်မြင်သည်။
အပိုဒ်ငယ် ၄ တွင် ဣသရေလဘုရင်များ အမူအကျင့်ဗီဇအတိုင်း ဒါဝိဒ်မင်း၏ အားနည်းချက် တခုမှတ်တမ်းတင်ထားသည်။ တရား ၁၇:၁၅-၁၇ တွက် တားမြစ်ထားသော မြင်းအမြောက်အမြား မွေးမြူသည်။ ပထမသည် ဒါဝိဒ်သည် မိဖုရား အမြောက်အမြားယူသည် (၁၄:၃)။ ယခုမြင်းအမြောက်အမြား မွေးမြူနေပြန်ပြီ။
၁၈:၇–၁၁ ကြွယ်ဝချမ်းသာခြင်းနောက်သို့ လိုက်ပြန်သည်။ ဥပမာအားဖြင့် ဟာဒဒေဇာ၏ ကျွန်ထံမှ၊ ရွှေ၊ ငွေ၊ ကြေး၊ ဒိုင်းလွှားများသိမ်း ယူ၍ ဘုရားသခင်ထံ ဆက်သသည်။ ရှောလမုန်မင်းလက်ထက်တွင် ထိုရတနာများကို ဗိမာန်တော်ဆောက်လုပ်ရာတွင် အသုံးပြုသည်။
၁၈:၁၂–၁၃ စစ်သူကြီး အဘိရှဲက ဆားချိုင့်ဝှမ်းတွင် ဧဒုံရန်သူ တစ်သောင်းရှစ်ထောင် နှိမ်နှင်းသတ်ဖြတ်သည်ဟု ဆို၍ ၂ရာ ၈:၁၃ တွင် ဒါဝိဒ်ကနှိမ်နှင်းသည် ဟုဆိုသည်။ အဘိရှဲသည် ဒါဝိဒ်၏ စစ်သူကြီးဖြစ်၍ ဒါဝိဒ်၏ အောင်ပွဲနှင့်အတူတူ ဖြစ်သည်။
၁၈:၁၄–၁၇ ဒါဝိဒ်မင်းက သူပုန်ကန်သူရန်သူများ နှိမ်နှင်းအောင်မြင်ပြီးသောအခါ ပြည်သူများသည် ဖြောင့်မတ်ခြင်းနှင့် တရားမျှတခြင်း၌ ပျော်ရွှင်လာကြသည်။ ဒါဝိဒ်မင်းသည် အောင်မြင်သော စစ်သူရဲကောင်းကြီးသာမက နိုင်ငံခေါင်းဆောင်ကောင်းလည်းဖြစ်သည်။ ဒါဝိဒ်၏ လုပ်ဖော်ဆောင်ဖက် ညာလက်ရုံးကြီးများ၏ အမည်စာရင်းကို ဤကျမ်းပိုဒ်နှင့် ၂ရာ ၈:၁၆–၁၈ တွင် မော်ကွန်းသမိုင်းထိုးထားသည်။ ဘုရားသခင်သည် ဒါဝိဒ်နှင့် လက်ရုံးတော်များအား ကောင်းကြီးပေးထားသည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။