ကျွမ်းကျင်သော ဒီဇိုင်းပြုလုပ်ခြင်းခံယူချက်ဟူသည်မှာ အဘယ်နည်း။


မပြောင်းလဲသော ရှုပ်ထွေးမှုကို “… ဖွဲ့စည်းပုံတစ်ခုထဲတွင် အဓိကသော အင်္ဂါအစိတ်အပိုင်းများ အပြန်အလှန်လှုပ်ရှား ပါဝင်ခြင်း၊ တစုံတခုကို ဖြုတ်ပစ်လိုက်ပါက ထိုအရာ၏လုပ်ဆောင်မှုကို ရပ်တန့်စေနိုင်ခြင်းဖြစ်သည်”ဟု ဖော်ပြနိုင် သည်။ ထိုနည်းတူ အသက်သည်လည်း ကောင်းမွန်စွာအလုပ်လုပ်နိုင်ရန်အတွက် တစ်ခုနှင့်တစ်ခု ချိတ်ဆက်အလုပ်လုပ်ရန် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ အစိတ်အပိုင်းတစ်ခုသည် အခြားတစ်ခုနှင့်ပေါင်းမှာ အရာဝတ္ထုတစ်ခု ပေါ်ပေါက်လာနိုင်ပြီး အကျုံးဝင်သောအရာတစ်ခုဖြစ်လာနိုင်သည်။ ဥပမာအားဖြင့်၊ မျက်စိသည် အလွန်အကျုံးဝင်သောအရာတစ်ခုဖြစ်သည်။ မျက်ဆန်၊ အမြင်အာရုံ၊ အခွံမပါဘဲ မျက်လုံးသည် ကောင်းမွန်စွာအလုပ်မလုပ် ဘဲ မြင်နိုင်တွေ့နိုင်မည်မဟုတ်ပါ။ ထိုကြောင့် ထိုအရာတစ်ခုစီတိုင်းသည် အလွန်အကျုံးဝင်သော ဖွဲ့စည်းမှုတစ်ခုပင် ဖြစ်သည်။ မျက်လုံးထဲမှာ ဖွဲ့စည်းထားသောအရာအားလုံးသည် ကောင်းမွန်စွာအလုပ်မလုပ်လျှင် မျက်လုံးအသုံးဝင်သော အရာဖြစ်တော့မည် မဟုတ်ပါ။

တိကျသောဖန်ဆင်းခြင်းဆိုသည်မှာ ဖွဲ့စည်းမှုများထဲမှာ တွေ့ရှိနိုင်သော ရှုပ်ထွေးမှု စံနမူနာပင် ဖြစ်သည်။ သူတို့သည် မူလစတင်ဖြစ်ထွန်းသောနေရာတစ်ခုရှိရမည်။ တိကျသောဖန်ဆင်းခြင်းများက တစုံတခုဖြစ်ထွန်းခြင်းအားဖြင့် တိုးတက်သော စံနမူနာမရှိနိုင်ဟု ငြင်းဆိုကြသည်။ ဥပမာအားဖြင့်၊ အခန်းတစ်ခုထဲမှာ ကွန်ပျူတာ အလုံး ၁၀၀ နှင့် မျောက် အကောင် ၁၀၀ ရှိသော်လည်း စကားလုံးဖြစ်ထွန်းမည်မဟုတ်ပါ။ ၀ါကျတစ်ခုတောင်မှ ဖြစ်ထွန်းမည်မဟုတ်ပါ။ Shakesperean များက စာရိုက်နိုင်မည်မဟုတ်ပါ။ Shakespearean များထက် ပိုပြီး လုပ်ဆောင်နိုင်သောသူ မည်မျှ ရှိမည် နည်း။

လူသားနှင့်ဆိုင်သော အခြေခံသဘောတရားက ကမ္ဘာနှင့်စကြာဝဋ္ဌာက ကမ္ဘာပေါ်မှာ သက်ရှိအားလုံးများ ရှင်သန်နိုင်သော ပစ္စည်းများကို ထုတ်လုပ်ပေးသည်။ ကမ္ဘာပေါ်မှာပျံဝဲနေသောလေ ရေဒီယိုလှိုင်းအား အနည်းငယ်ပြောင်းရွှေ့လျှင် အခြားသော လှိုင်းတစ်ခုသို့ အလျင်အမြန်ပြောင်းသွားမည် ဖြစ်သည်။ ကမ္ဘာကြီးသည် နေမှ အနည်းငယ်နီးလျှင်၄င်း၊ အနည်းငယ်ဝေးကွာလျှင်၄င်း များစွာသောအရာများသည် ရပ်တန့်သွားမည် ဖြစ်သည်။ ကမ္ဘာပေါ်မှာ ရှိသော လူသားများ အသက်ရှင်နိုင်ရန်အတွက် အသီးအနှံများစွာ လိုအပ်သည်။ ထိုအသီးအနှံများသည် တဆင့်မှတဆင့်သို့ တိုးတက်ပြောင်းလဲလာခြင်းဖြစ်လျှင် လူသားများသည် အသက်ရှင်နိုင်ကြမည်မဟုတ်ပါ။



ယခု ဝေမျှချက်ကို www.gotquestions.org/Myanmar မှ ယူဆောင်ဝေမျှပေးထားခြင်း ဖြစ်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။