ဗျာဒိတ်ကျမ်း - ၂၂

အသက်ရေစီးရာမြစ်
1တစ်ဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။-ယေဇ၊ ၄၇:၁။ ဇာ၊ ၁၄:၈။ 2မြို့လမ်းမအလယ်၌လည်းကောင်း၊ ထိုမြစ်နှစ်ဖက်၌လည်းကောင်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတစ်ဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီးကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါငြိမ်းစရာဖို့ ဖြစ်၏။-က၊ ၂:၉။ ယေဇ၊ ၄၇:၁၂။ 3နောက်တစ်ဖန် ကျိန်ခြင်းဘေး တစ်စုံတစ်ခုမျှမရှိ။ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ ပလ္လင်တော်ရှိ၍ ဘုရားသခင်၏ ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။-ဇာ၊ ၁၄:၁၁။ 4မျက်နှာတော်ကိုမြင်ရ၍ သူတို့နဖူး၌လည်း နာမတော် ရေးထားလျက်ရှိလိမ့်မည်။- 5ထိုမြို့၌ ညမရှိရ၊ ဆီမီးကို အလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်းမူကား၊ ထာဝရအရှင် ဘုရားသခင်သည် သူတို့၌ ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရ ကြလတ္တံ့။ဟေရှာ၊ ၆၀:၁၉။ ဒံ၊ ၇:၁၈။
6ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သော စကားဖြစ်၏။ ပရောဖက်တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည်၊ ကာလမကြာမမြင့်မီ ဖြစ်ရမည့် အမှုအရာများကို မိမိကျွန်တို့အား ပြစေခြင်းငှာ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။- 7ငါသည် အလျင်အမြန်လာမည်။ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟု ပြောဆို၏။- 8ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကို ပြသော ကောင်းကင်တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှာ ပျပ်ဝပ်၏။- 9သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏ လုပ်ဖော်ဆောင်ဖက်ဖြစ်၏။ သင်၏အစ်ကို ပရောဖက်တို့နှင့် ဤစာစောင်၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်း ဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။
10တစ်ဖန်တုံ၊ ငါ့အားမိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန် ရောက်လုနီးပြီ။- 11မတရားသောသူသည် မတရားသဖြင့် ပြုစေဦး။ ညစ်ညူးသောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ် သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။-ဒံ၊ ၁၂:၁၀။ 12ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကို ဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးအသီးတို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။-ဟေရှာ၊ ၄၀:၁၀၊ ၆၂:၁၁။ ဆာ၊ ၂၈:၄။ ယေ၊ ၁၇:၁၀။ 13ငါသည် အာလဖဖြစ်၏။ ဩမေဃလည်းဖြစ်၏။ အဦးဆုံးသောသူ၊ နောက်ဆုံးသောသူ ဖြစ်၏။ အစနှင့်အဆုံးလည်း ဖြစ်၏။-ဗျာ၊ ၁:၈၊ ၁၇၊ ၂:၈။ ဟေရှာ၊ ၄၄:၆၊ ၄၈:၁၂။ 14အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှာ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။- 15ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကို သတ်သောသူ၊ ရုပ်ထုကို ကိုးကွယ်သောသူ၊ သစ္စာပျက်ခြင်းကိုနှစ်သက်၍ ပြုသောသူအပေါင်းတို့သည် ရှိကြ၏။- 16ငါယေရှုသည် အသင်းတော်တို့အဖို့ ဤအရာများကို သင်တို့အားသက်သေခံစေခြင်းငှာ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွယ်လည်းဖြစ်၏။ ထွန်းတောက်သော မိုးသောက်ကြယ်လည်းဖြစ်၏။-ဟေရှာ၊ ၁၁:၁၊ ၁၀။ 17ဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက လာခဲ့ပါဟု ဆိုကြ၏။ ကြားသောသူကလည်း၊ လာခဲ့ပါဟုဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဖိုးကိုမပေးဘဲ အသက်ရေကို ယူပါစေ။-ဟေရှာ၊ ၅၅:၁။
18ဤစာစောင်၏အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူသည် ဤအရာတို့၌ထပ်၍ အသစ်သွင်း၏။ ဤစာစောင်၌ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။-တရား၊ ၄:၂။ ၁၂:၃၂။ 19အကြင်သူသည် ဤစာစောင်၏အနာဂတ္တိစကား အချို့ကိုနုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်လည်းကောင်း၊ သန့်ရှင်းသောမြို့တော်နှင့်လည်းကောင်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင်နုတ်ပယ်တော်မူမည်။- 20-21ငါသည် အလျင်အမြန်လာမည်မှန်ပေ၏ဟု၊ ဤအရာများကို သက်သေခံသောသူမိန့်တော်မူ၏ အာမင်။ သခင်ယေရှုကြွလာတော်မူပါ။ ငါတို့သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သန့်ရှင်းသူအပေါင်းတို့၌ ရှိစေသတည်း။
ဓမ္မသစ်ကျမ်းတို့တွင် နောက်ဆုံးကျမ်းတည်းဟူသော ရှင်ယောဟန် စီရင်ရေးထားသောဗျာဒိတ်ကျမ်းပြီး၏။

ဗျာဒိတ်ကျမ်း - ၂၂ (အနက်ဖွင့်)

၂၂: တဖန် ကျောက်သလင်းကဲ့သို့ ကြည်လင်သော အသက်စမ်းရေကြည်သည် ဘုရားသခင်နှင့် သိုးသငယ်  ပလ္လင်တော်ထဲ ကထွက်လာသည်။ ထို မြစ်တဘက်တချက်နှင့် မြို့လယ်လမ်းမတွင် အသက်ပင်ရှိသည်။ အသီးတဆယ့် နှစ်မျိုးသီး၍ အတားအဆီးမရှိ လူတိုင်းရနိုင်သည်။ အချိန်ရာ သီ မရွေးရရှိနိုင် သော ဘုရားသခင်၏ ထောက်ပံ့စီစဉ်ခြင်း ဖြစ်သည်။ အရွက်များသည်လည်း လူသားတိုင်း၏ အနာရောဂါ များကို ကင်းငြိမ်းစေသဖြင့် လူတိုင်း သည် ကျန်းမာခြင်း သုခချမ်းသာ ခံစားကြရသည်။

          ၂၂: A.T.Piersoriက အောက်ပါအတိုင်း ဆိုထားသည်-

-ကျိန်ခြင်း အမင်္ဂလာမရှိ- အပြစ်လုံးဝအနတ္တကင်း စင်ရာဖြစ်သည်။

-ဘုရားသခင်၏ ပလ္လင်တော်နှင့် သိုးသငယ်ရှိနေသောကြောင့် ပြည့်စုံသော အုပ်စိုးခြင်းရှိသည်။

-ကိုယ်တော် အစေခံများက ထံနီးခစားကြမည် ဖြစ်၍ ချမ်းမြေ့သော အုပ်စိုးခြင်းရှိသည်။

-မျက်နှာ တော်ဖူးမြင်ရ၍ စစ်မှန်သော ဆက်ဆံရေး ဖြစ်သည်။

-နာမတော်အား နဖူးပေါ် ၌ရေးမှတ်သောကြောင့် အဆင်းသဏ္ဍာန်တူကြသည်။

-မှောင်မိုက်ညဉ့်ယံခါ မရှိ၊ ကောင်းကြီးမင်္ဂလာအပြည့် ရှိသည်။

-ထာဝရ ကာလစိုးစံရသောကြောင့် ပြီးပြည့်စုံ သော သုခမင်္ဂလာ တရားတည်း။

()နောက်ဆုံးသတိပေးစကား၊ဖြေသိမ့်ခြင်း၊ ဖိတ်ခေါ်ခြင်းနှင့် ကောင်းကြီးပေးခြင်း၊(၂၂:၂၁)

          ၂၂: ဆက်ဆံရေးကောင်းကင်တမန်တော် ကရှင်ယောဟန်အား ကာလမကြာမြင့်မီ ဖြစ်ပေါ်မည့် ထာဝရဘုရားသခင် စီရင်တော်မူသော အရာများကို ပြသသည်။

၂၂: အဓိက ကျဆုံးသောအရာမှာ မကြာမြင့်မီ ကယ်တင်ရှင်ယေရူသခင်ပြန်လည်ကြွမြန်းလာမည့် အကြောင်း ဖြစ်သည်။ မကြာမီ ပြန်လာမည်ဟု ကတိတော်ပေးထား သည်။ မကြာမီ လည်းဖြစ်နိုင် သည်။ ရုတ်တရက် လည်းဖြစ်နိုင်သည်။ လာမှာတော့ သေချာ သည်။ ထိုပရောဖက်ပြုချက်ကို စောင့်ထိန်းနာခံသူများသည်ဝိသေသကောင်းကြီးမင်္ဂလာ ခံစားရမည်။အသက်ရှင်ခြင်း၏ မျှော်လင့်ချက် အဖြစ် ခံယူရမည်။

၂၂: မြင်သမျှ သောအရာများအတွက် ကျေးဇူးဥပကာရတင်ရှိသောကြောင့် ယောဟန်သည်ကောင်းကင်တမန်ခြေရင်း၌ ရှိခိုးရန် ပြပ်ဝပ်၏။ ကောင်းကင်တမန်ကလည်း သူလည်းဖန်ဆင်းခံ၍ ရှိခိုးခြင်းမပြုရန် တားမြစ်၍ ဘုရားသခင် တပါးတည်းကို သာရှိခိုးရန်ပြောပြသည်။

၂၂:၁၀ ယောဟန်သည် ထိုပရောဖက်ပြုချက်များကို တံဆိပ်မခတ်နှိပ်ထားပါ။အဘယ်ကြောင့် ဆိုသော် ထိုအချိန်အခါ သည်နီးကပ်နေသည်။ ဤနေရာတွင် တံဆိပ်ခတ်နှိပ်ခြင်းဆိုသည်မှာ အချိန်ကာလ ရက်ရွေ့ဖို့ ဖြစ်သည်။

၂၂:၁၂၁၃ တဖန် ကတိတော်ပြုသည် မှာ မိမိ တို့ အကျင့်အတိုင်း ဆုလက်ဆောင်ပေးဖို့ရန် ဘုရား သခင်သည် အလျင်အမြန်လာမည့် အကြောင်း ဖြစ်သည်။ ကိုယ်တော်သည် အာလဖ နှင့် သြမေဃဖြစ်ကြောင်း သူ့ကိုယ်သူ ထပ်မံအတည်ပြုသည်။ အရာ ခပ်သိမ်းသည် ဖန်ဆင်းထားသော အရာများဖြစ်သော ကြောင့် ဖန်ဆင်းရှင် ထံတော်ပါး သို့ ရောက်လာမည်။

၂၂:၁၄ ဤကျမ်းပိုဒ် ကို “ကတိတော် စောင့် ထိန်းသူများ သည် မင်္ဂလာရှိကြ၏” သို့မဟုတ် “ဝတ်ရုံကို ဖြူစင်စွာဝတ်ဆင်သူများ သည် မင်္ဂလာရှိကြ၏” ဟု ရွတ်ဆိုသင့်သည်။ ယုံကြည်ခြင်း အားဖြင့် ကယ်တင်ခြင်း ရသည် ဟု မဆိုလိုသော်လည်း ယုံကြည်ခြင်းသည် ကယ်တင်ခြင်း ရရှိ မှု ၏ အသီးအပွင့် များဖြစ်သည်။ စစ်မှန်သော ယုံကြည်သူများသာလျှင် အသက်ပင်နှင့် ဆက်စပ်ပတ်သက်သော ထာဝရမြို့တော်သို့ ဝင်ရောက်ခွင့်ရှိသည်။

၂၂:၁၅ ထာဝရကာလကောင်းကင် နိုင်ငံတွင် ခွေးများ၊ပြုစားတတ်သော စုန်းကဝေများ ၊မတရားသော မေထုန်မှီ ဝဲသူ ၊အသက်သတ်သူ၊ ရုပ်တုကိုးကွယ်သူနှင့် ၏မုသာသမားများ မပါဝင်ပါ။ ဤနေရာတွင် ခွေး ဆိုသည်မှာ ယောက်ျားပြည့်တန်ဆာ များ(တရား ၂၃:၁၈)၊ မသန့်ရှင်းသော တပါးအမျိုးသား(မ၁၅:၂၆)၊ ယုဒဝါဒီများ(ဖိ ၃:၂) ဖြစ်သည်။

၂၂:၁၆ ဘုရားရှင်သည် ဤသတင်းစကားပြောကြားရန် ကောင်းကင်တမန်အား အသင်းတော်များသို့ စေလွှတ်သည်။ ကိုယ်တော်သည် ဒါဝိဒ်၏ အနွယ်၊ နေမထွက်ခင် မိုးကောင်းကင် တခွင်လုံ: အလင်းပေးသော မိုးသောက် ကြယ်ဖြစ်သည်။ အသင်းတော်တွင် ထွန်းတောက်သော မိုးသောက်ကြယ်ကဲ့သို့ ဦးစွာ ခရစ်တော်ပေါ်ထွန်းလာမည်။ ထိုသို့ ပေါ်ထွန်းလာခြင်းသည် အသင်းတော်အားချီဆောင် ဖို့ဖြစ်သည်။ နောက် တခါ ဖြောင့်မတ်ခြင်း နေရောင်ကဲ့သို့ တောက်ပ၍ ကမ္ဘာမြေပေါ် သို့ ရောက်လာမည် (မာလ၄:၂)။

၂၂:၁၇ ဤကျမ်းပိုဒ်ကို အဓိပ္ပါယ် နှစ်မျိုးကောက်ယူနိုင်သည်။ ပထမ အချက်မှာ ဧဝံဂေလိတရား သည် ဝိညာဉ်တော်၊ သတို့သမီးကဲ့သို့ ရောက်လာမည်။ သူတို့ အသံကို ကြားရသူများသည် ခရစ်တော်၏ ကယ်တင်ခြင်းကို အငမ်းမရကြားနာမည့် အကြောင်း ဖြစ်သည်။ သို့မဟုတ် ခရစ်တော်ဘုရား ကြွရောက်လာဖို့ ဆိုတောင်းခြင်း၊ ကယ်တင်ခြင်း မရသူများ အသက်စမ်းရေ(ကယ်တင်ခြင်း) သောက်ဖို့ဖိတ်ခေါ်ခြင်းနှင့် ကိုယ်တော်ကြွလာ ဖို့ အဆင်သင့် စောင့်နေခြင်းဟု ကောက်ယူနိုင်သည်။

၂၂:၁၈၁၉ အကယ်၍တ စုံတဦးသည် ဤဗျာဒိတ်ကျမ်းအား ထပ်မံဖြည့်စွက်လျှင် ဤကျမ်း မှ ကပ်ဆိုးများကို  ထိုသူ့ထံသို့ သက်ရောက်မည်။ ပရော ဖက်ပြုချက်များအား ပြင်ဆင်ဖြည့်စွက်ခြင်း အလျဉ်း မပြုရပါ။ အကယ်၍ နှုတ်ပယ်လျှင် လည်း အလားတူအပြစ်စီရင်ခြင်းမျိုးခံရမည်။အခြားကျမ်းပိုဒ်များ အနက် ဖွင့် ဆိုသကဲ့သို့ ပေါ့ပေါ့ တန်တန် သဘောမထားရ။ ဘုရားသခင် တန်ခိုးမှုတ်သွင်း တော်မူသော သမ္မာကျမ်းစာ ပြည့်စုံရာဖြစ်သည်။ ဤကျမ်းစာ အတွက် အပြစ်ဒဏ်မှာ ထာဝရ ဘဝမှောင်မိုက်ခြင်းဖြစ်သည်။ ထိုသူနှင့် စပ်ဆိုင်သော အသက်ပင်ကို ဘုရားသခင်ဖယ်ရှားမည်(NKJV Margin)။ ဘယ်သော အခါမှထာဝရ အသက်ဆုကျေးဇူးမရနိုင်တော့ပါဟု ဆိုလိုသည်။

၂၂:၂၀ ဗျာဒိတ်ကျမ်းကို ကတိတော်နှင့် ကောင်းကြီးမင်္ဂလာဖြင့် နိဂုံ:ချုပ်သည်။ကတိတော်မှာယေရူခရစ်တော် အလျင်အမြန်ရောက်လာမည်။ မကြာမီ ရောက်လာခြင်းကဲ့ သို့ ချက်ချင်းလည်း ရောက်လာနိုင်သည်။ ရုတ်တရပ် ရောက်လာခြင်းသည် မကြာမီ ရောက်လာခြင်းကဲ့သို့ စိတ်လှုပ်ရှား ဖွယ်ရာ မရှိနိုင်။ရွေးနှုတ်ခြင်း ခံရသူတိုင်းအာမင် ၊သခင်ခရစ်တော် အမြန် ကြွလာပါ ဟုမျှော်လင့်ခြင်းမင်္ဂလာရှိကြရမည်။

ကမ္ဘာဦးကျမ်း သည် သမ္မာကျမ်းစာ၏ အစဖြစ်၍ ဗျာဒိတ်ကျမ်းသည် အဆုံး စာအုပ် ဖြစ်သည်။ပထမဦးဆုံး သမ္မာကျမ်းစာအုပ်၏ အသီးအပွင့်များကို နောက်ဆုံ:တွင်ဤ သို့ ယူဆောင်လာပါသည်။

ကမ္ဘာဦးကျမ်း ဗျာဒိတ်ကျမ်းကောင်းကင်နှင့် မြေကြီး မိုးနှင့် မြေပျက်စီးခြင်း ဖန်ဆင်းခြင်း(က၁:၁) (၂၀:၁၁) ကောင်းကင်သစ်နှင့်မြေကြီးသစ် ဖန်ဆင်ခြင်း(၂၁:၁)

ကမ္ဘာမြေတွင် မာရ်နတ်စတင်ခြင်း(၃:၁-၇)            မီးအိုင်သို့စာတန်မာရ်နတ်ပစ်ချခြင်း(၂၀:၁၀)

အပြစ်တရားဝင်လာခြင်း(၃:၁-၇)             အပြစ်တရားပထုတ်ခြင်း(၂၁:၁၇)

ဖန်ဆင်းသောအရာများကျိန်စာသင့်ခြင်း    ကျိန်ခြင်းအမင်္ဂလာမောင်းထုတ်ခြင်း(၂၂:၃)                                   (၃:၁၇-၁၉)

အသက်ပင်အစောင့်ချခြင်း(၃:၂၄)             အသက်ပင်နှင့် ပုလဲနံပသင့်ခြင်း(၂၂:၂-၁၉)

ဧဒင်ဥယျာဉ်မှ လူသားခါထုတ်ခြင်း                       ပရဒိသုဘုံတွင် လူသားကို ပြန်လည်ကြိုဆိုခြင်း

(၂၂:၁-၇)

ကမ္ဘာမြေတွင် မရဏာ အနိစ္စဝင်ရောက်လာခြင်း      မရဏာထာဝရကွယ်ပျောက်ခြင်း(၂၂:၁-၇)

(၂:၁၇၊၅:၅)

ပထမဦးဆုံ:ထိမ်းမြား မင်္ဂလာအာဒံ(၄:၁)  နောက်ဆုံ: အာဒံ၏ထိမ်းမြားမင်္ဂလာ(၁၉:၇)

လူ့ဘဝသို့ကြေကွဲဝမ်းနည်းမှုရောက်ခြင်း (၃:၁၆)ဝမ်းနည်းမှုပျောက်ခြင်း(၂၁:၄)

          ၂၂:၂၁ ဤအံ့သြဖွယ်ရာ ဗျာဒိတ်ကျမ်း၏ အဆုံ:ဓမ္မသတ်ကောင်းကြီး မင်္ဂလာ၊ ဘုရားရှင်တော်၏ နှုတ်ကပတ်တော်အားဖြင့် ရောက်လာပါပြီ။ မိုးကြိုးသွားမျှထက်မြက်သော နှုတ်ကပတ်တော် အားဖြင့် ငြိမ်သက်ခြင်း သုခချမ်းသာ အမှန်ရကြပါသည်။

သခင်ယေရူခရစ်တော်၏ ကောင်းကြီးမင်္ဂလာသည် ဘုရားသားသမီးများအပေါ် တည်ရှိနေဖို့ ယောဟန်က ဆန္ဒပြုဆုတောင်းပေးပါသည်။ဤ ကျမ်းပိုဒ်နှင့် ပတ်သက်၍ အထူးစိတ်ဝင်စားဖွယ်ရာ(၃)ချက် ရှိပါသည်။

၁။အဓိက ကျမ်း(NU)တွင် ခရစ်တော်၏ကျေးဇူးတော်အား လူတိုင်းပေါ်သို့ သက်ရောက်တည်နေစေလို သည်။ အထူးသဖြင့် ဗျာဒိတ်ကျမ်း၏ အာဘော်ကို ဘဝင်မကျ၍ အမျက်ဒေါသထွက်သူများ အား မျက်မုန်းတော်ပြေစေလိုသည်။

၂။ (TR,KJV,NKJV)ကျမ်းကို လက်စွဲ သူများ အတွက်လည်း ပိုကောင်းပါသည်။ “ခရစ်တော်၏ ကျေးဇူးတော် သည်အားလုံး၏လိုအပ်ချက်ဖြစ်သည်” ဟုဆိုသည်။ ဗျာဒိတ်ကျမ်း ကြားနားသူနှင့် ဖတ်ရူသူ အများစုသည် စစ်မှန်သော ယုံကြည်သူများဖြစ်သည်။

၃။ သန့်ရှင်းသူများနှင့် အပြစ်သားများအကြားတွင် အကောင်းဆုံးအလင်း ပေးနိုင်မည့် ကျမ်းချက်ကို့MKJV Marginတွင်” ငါတို့ ဘုရားသခင်ယေရူ ခရစ်တော်၏ ကျေးဇူးတော်သည် သန့်ရှင်းသူ များအပေါ်  ရပ်တည်နေပါစေသော်။အာမင်” ဟုတွေ့ရသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။