ဆာလံကျမ်း - ၅၄

ရန်သူကိုကွယ်ကာရန်ဆုတောင်း
“ဒါဝိဒ်သည် ကျွန်တော်တို့တွင်ပုန်းရှောင်၍ နေပါသည်မဟုတ်လောဟု၊ ဇိဖသားတို့သည် ရှောလုထံသို့လာ၍ လျှောက်သောအခါ စပ်ဆိုသောဆာလံ။”
(၁ရာ၊ ၂၃း၁၉၊ ၂၆း၁)
1အိုဘုရားသခင်၊ နာမတော်အားဖြင့် အကျွန်ုပ်ကို ကယ်တင်တော်မူပါ။ တန်ခိုးတော်အားဖြင့် အကျွန်ုပ်ဘက်၌ တရားစီရင်တော်မူပါ။ 2အကျွန်ုပ်ပြုသောပတ္ထနာနှင့် အကျွန်ုပ်မြွက်သောစကားကို နားထောင်နားညောင်းတော်မူပါဘုရား။ 3အကြောင်းမူကား၊ တစ်ကျွန်းတစ်နိုင်ငံသားတို့သည် အကျွန်ုပ်ကိုရန်ဘက်ပြု၍ ထကြပါပြီ။ ကြမ်းတမ်းသောသူတို့သည် အကျွန်ုပ်အသက်ကို ရှာကြပါ၏။ ဘုရားသခင်၏မျက်နှာတော်ကို မထောက်ကြပါ။
4ကြည့်ရှုလော့။ ဘုရားသခင်သည် ငါ့ကိုကူမတော်မူ၏။ ငါ့အသက်ကို ထောက်ပင့်သောသူတို့တွင် ထာဝရဘုရား ရှိတော်မူ၏။ 5ငါ၏ရန်သူတို့အား မကောင်းသောအကျိုးကို ဆပ်ပေးတော်မူမည်။ သစ္စာတော်ရှိသည်အတိုင်း သူတို့ကို ပယ်ရှင်းတော်မူပါ။ 6အကျွန်ုပ်သည်လည်း၊ စေတနာစိတ်နှင့် ကိုယ်တော်အားယဇ်ပူဇော်ပါမည်။ အိုထာဝရဘုရား၊ နာမတော်ကိုချီးမွမ်းပါမည်။ အကြောင်းမူကား၊ ကောင်းမြတ်တော်မူ၏။ 7အကျွန်ုပ်ကို ခပ်သိမ်းသောဒုက္ခထဲက ကယ်နုတ်တော်မူသဖြင့်၊ အကျွန်ုပ်သည် ရန်သူတို့ကို ကိုယ်မျက်စိနှင့်မြင်၍ အားရပါ၏။

ဆာလံကျမ်း - ၅၄ (အနက်ဖွင့်)

ဆာ ၅၄ ငါ့ကိုကူညီသူ ဘုရားရှင်

ဒါဝိဒ်သည် ရှောလုဘေးရန်မှပုန်းရှောင်နေစဉ် ဇိဖသားတို့ကဒါဝိဒ်ပုန်းခိုသောနေရာကို (၂) ကြိမ်တိုင်တိုင်သတင်းပေးကြသည် (၁ရာ ၂၃:၁၉၊ ၂၆:၁)။ ထိုသစ္စာဖောက်များလက်ထဲမှ ဘုရားရှင် ၏ကူမပုံကိုဒါဝိဒ်က ဆာလံသီချင်းစပ်ဆိုခဲ့သည်။

၅၄:  ဆာလံသီချင်း၊ ဖွင့်လျှင်ဖွင့်ခြင်းဘုရားသခင်၏ နာမတော်ဖြင့်ကယ်တင်ရန် တန်ခိုး တော်ဖြင့်တရားစီရင်ရန် အော်မြည်သံကြားရသည်။ နာမတော်သည် ကိုယ်တော်၏သဘောသဘာဝ နှင့်သွင်ပြင်လက္ခဏာကို၎င်း၊ တန်ခိုးတော်သည်နေရာတိုင်းမှာရှိတော်မူပုံကို၎င်း ပြသည်။ ကယ်တင် ခြင်းဆိုသည်မှာရန်သူများလက်ထဲမှ ကယ်ထုတ်ခြင်းကို ဆိုလိုသည်။

၅၄:.                   ဆာလံဆရာသက်စွန့်ဆံဖျား သဲထိတ်ရင်ဖိုဘေးရန် ကြုံကြိုက်နေရသော ကြောင့်အပူတပြင်း ဆုတောင်းနေသည်။ ဆုတောင်းသံများကိုဘုရားရှင်နားညောင်း တော်မူပါဟု ဖုတ်ပူမီးတိုက်ဆုတောင်းသည်။

တကျွန်းတိုင်းငံသားများက (၂)ကြိမ်တိုင်တိုင်မိလုမိခင်ဝိုင်းကြသည်။ သွေးဆာဆာဖြင့် ရန်ရှာ ကြပြီ။ ဘုရားသခင်မှလွဲ၍ ကယ်နိုင်မည့်လူမရှိ။

၅၄:.                   ဆုတောင်းသံကို ဘုရားရှင်ကအဖြေပေးသည်။ ဘုရားသခင်ယုံကြည်သူများ ၏ဆုတောင်းသံကို အဖြေပေးလေ့ရှိသည်။ လူများအားဒုက္ခပေးသည့်ရန်သူများကို တနေ့သောအခါ ပျက်စီးမျိုးကန်းစေမည်။

ဘုရားသခင်ကဆုတောင်းသံအတိုင်း ချက်ခြင်းအဖြေပေးသည်။ ကတိတော်ရှိသည့်အတိုင်းမ တရားသူများကို ဘဝဆုံးခန်းတိုင်းစေသည်။

၅၄:  အပိုဒ် ၁ မှကယ်မတော်မူပါဟုအော်မြည် တမ်းတခဲ့သူများသည် ယခုအခါ ချီးမွမ်း ထောမနာပြုသူများဖြစ်လာကြသည်။ ဒါဝိဒ်သည်အားရကျေနပ်စွာ ဘုရားသခင်ထံသို့ယဇ်ပူဇော် သည်။ နာမတော်အားချီးမွမ်းခြင်း၊ ယဇ်ပူဇော်သည်။ နာမတော်သည်ကောင်းမြတ်သော ကြောင့်ချီး မွမ်းဘွယ်ရာအတိဖြစ်ပါသည်။

၅၄: နိဂုံးကျမ်းပိုဒ်တွင်ဒါဝိဒ်ကဘေးရန်လွန်မြောက်ကုန်၍ ရန်သူများအတုံးအရုံးလဲကျ သည်ကိုနှစ်ထောင်းအားရပါ၏ဟုဆိုထားသည်။ ကိုယ့်မျက်စိနှင့်မြင်ရပါ၏ဟူသောကျမ်းစကားကို Morgan ကဆုံးရှုံးသွားသောရန်သူများအလယ်မှ ချီးမွမ်းသီချင်းသီဆိုမည့်အကြောင်းဟုဆိုသည်။ ယုံကြည်ခြင်းအကြောင်းကို ဟေဗြဲ ၁၁:၁တွင် “မျှော်လင့်သောအရာကိုမျက်မှောက်ပြုခြင်းဖြစ်၏။ မမြင်သေးသောအရာကိုစွဲလန်းခြင်းဖြစ်၏” ဟုဆိုထားသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။