ဆာလံကျမ်း - ၅၂

ဝါကြွားခြင်းကိုစီရင်ခြင်း
“ဒါဝိဒ်သည် အဟိမလက်အိမ်သို့ရောက်ကြောင်းကို ဧဒုံအမျိုးသားဒေါဂသည် ရှောလုထံသို့လာ၍လျှောက်သောအခါ စပ်ဆိုသောဆာလံ။”
(၁ရာ၊ ၂၂:၉-၁၀)
1အားကြီးသောအချင်းလူ၊ သင်သည်သူ့အကျိုးကိုဖျက်ခြင်းအမှု၌ အဘယ်ကြောင့် ဝါကြွားသနည်း။ ဘုရားသခင်၏ ကရုဏာတော်သည် အစဉ်မပြတ်တည်၏။ 2သင်၏လျှာသည် ထက်သောသင်တုန်းကဲ့သို့ လှည့်စားသဖြင့်၊ သူ့အကျိုးကိုဖျက်ခြင်းအမှုကို ပြုစုတတ်၏။ 3သင်သည် သုစရိုက်ထက် ဒုစရိုက်ကိုလည်းကောင်း၊ ဖြောင့်မတ်သောစကားထက် မုသားစကားကိုလည်းကောင်း သာ၍နှစ်သက်တတ်၏။ 4အို လှည့်စားတတ်သောလျှာ၊ သင်သည် ပျက်စီးသောစကားရှိသမျှတို့ကို နှစ်သက်တတ်၏။ 5အကယ်စင်စစ် ဘုရားသခင်သည် သင့်ကို အစဉ်အမြဲ ချိုးဖျက်ပယ်ရှင်းလျက်၊ သင်၏နေရာထဲကနှင်ထုတ်၍၊ အသက်ရှင်သောသူတို့၏နေရာထဲက နုတ်ပစ်တော်မူမည်။ 6ဖြောင့်မတ်သောသူတို့သည်မြင်၍ ကြောက်ရွံ့ကြလိမ့်မည်။ 7ဘုရားသခင်ကို မခိုလှုံ၊ မိမိဥစ္စာကြွယ်ဝခြင်း၌ ကိုးစား၍၊ မိမိဒုစရိုက်၌ ခိုင်ခံ့သောသူကိုကြည့်ပါဟူ၍ သူ၌ရယ်ကြလိမ့်မည်။ 8ငါမူကား၊ ဘုရားသခင်၏အိမ်တော်၌ စိမ်းလန်းသော သံလွင်ပင်ကဲ့သို့ဖြစ်၍၊ ဘုရားသခင်၏ကရုဏာတော်၌ ကာလအစဉ်အမြဲ ကိုးစားမည်။ 9ကိုယ်တော် စီရင်တော်မူသောကြောင့်၊ အကျွန်ုပ်သည် ကိုယ်တော်ကို ကာလအစဉ်အမြဲ ချီးမွမ်းပါမည်။ ကောင်းမြတ်တော်မူသောကြောင့်၊ ကိုယ်တော်၏သန့်ရှင်းသူတို့ရှေ့မှာ နာမတော်ကိုမျှော်လင့်ပါမည်။

ဆာလံကျမ်း - ၅၂ (အနက်ဖွင့်)

ဆာ ၅၂ ဗြောင်ကျကျသစ္စာဖောက်

နောက်ခံသမိုင်းကြောင်းကို ၁ ရာ ၂၁၊ ၂၂ တွင်တွေ့နိုင်သည်။ ရှောလုဘုရင်၏ သိုးတော်ထိန်းအုပ် ဧဒုံအမျိုးပါဒေါဂ အကြောင်းဖြစ်သည်။ သူသည် ဒါဝိဒ်ဆင်းရဲဒုက္ခရောက်၍ ထွက်ပြေးတိမ်းရှောင်နေစဉ် ဂေါလျက်၏ဓါးအား အဘိမလက်ယဇ်ပုရောဟိတ်ထံမှယူပေးခဲ့သည်။ ထို့နောက် ရှောလုမင်းထံသို့ သတင်းပေးသည်။ ရှောလုမင်း၏ အမိန့်အရ ဘုရားသခင်၏ ယဇစ်ပုရောဟိတ် (၈၄)ပါးကို သတ်ဖြတ်ခြင်းဖြင့် ဆုလက်ဆောင်ရယူခဲ့သည်။ ထို့အပြင် အဟိမလတ် ယဇ်ပုရောဟိတ်ပိုင်သော နောဗအရပ်မှ ကလေးသူငယ်များ၊ မိန်းမများမှစ၍ တိရိစ္ဆာန်များပါမကျန် ရွာလုံးကျွတ်ဖျက်ဆီးခဲ့သည်။

ဒေါဂ၏ အကျင့်စရိုက်ကို ၁ရာ၂၁:၁-၄ တွင်၎င်း ဘဝကံကြမ္မာကို ငယ် ၅-၇တွင်း၎င်း တွေ့ရသည်။ ဆာလံဆရာက အခန်းငယ် ၈-၉ တွင် တမျိုးတဖုံသရုပ်ဖော်ထားသည်။

၅၂: ဒါဝိဒ်က သစ္စာဖောက်များ၏ မာန်မာနကို “သင်သည် သူ့အကျိုးကို ဖျက်ခြင်းအမှု၌ အဘယ်ကြောင့် ဝါကြွားသနည်း”ဟု နိဒါန်းချီမေးခွန်းထုတ်ထားသည်။ ထိုစကားသည် အန္တီခရစ်၏ လိမ်ညာမှုအား ဗရိတ်ဓါးသမျှ ထက်မြက်သော လျှာကိုထုတ်ဖော်ပြသခြင်းဖြစ်သည်။ ကောင်းသော စကားဆောက်တည်ဖွယ်ရာထက် စိတ်ညစ်ဖွယ်ရာ အနှုတ်လက္ခဏာအတင်းအဖျင်းစကားဆို တတ်သည်။ မုသာဝါဒဖြင့် ဖွဲ့စည်းထားသောကြောင့် ပြောဆိုသမျှသည် လိမ်ညာခြင်း၊ လှည့်စားခြင်း များသာ ပြောလေ့ရှိသည်။

၅၂:   ဘုရားသခင်နှင့်လူတို့၏ ဖြောင့်မတ်ခြင်းကို ဆာလံဆရာကဒေါဂ၏ဘဝတွင် ပုံဖော် ထားသည်။ အဆောက်အဦးဖြိုဖျက်သည့်နှယ် ဘုရားသခင်ကသူ့ကို တွန်းလှဲဖြိုဖျက်ဦးမည်။ အမြင့် ဆုံးသောတဲတော်နေရာသို့ထားသော်လည်း အမြစ်မှဆွဲနှုတ်ပစ်မည်။ ချီးမြှင့်ခြင်းမခံယူနိုင်သူများ သည်ပစ်ပယ်ခြင်းခံရမည်။

၅၂:.                   ဆာလံဆရာကသူ့အကျင့်လက္ခဏာကို သရုပ်ဖော်ထားသည်။ သူကိုယ်သူ ဘုရားသခင်အိမ်တော်မှ စိမ်းလန်းသောသံလွင်ပင် ဟုဆိုသည်။ စိမ်းလန်းစိုပြေ၍ အသီးများပြွတ်ခိုင် သည်။ သံလွင်ပငက်အကြောင်းကို F.W.Grant ကဤသို့ဆိုသည်

ထိုသံလွင်ပင်တွင် ဘုရားသခင်၏ဝိညာဉ်တော်တည်းဟူသော အဆီပြည့်သည်။ ထာဝရစိမ်း လန်းစိုပြေ၍လတ်ဆက်သည်။ ဘုရားသခင်၏အိမ်တော်ထဲတွင် ဒုစရိုက်ဟူ၍တတောင့်တ နေရာမှမ ရှိ။

ဒါဝိဒ်ကဒေါဂသည် တနေ့ထိုသို့ဆိုးသွမ်းလာမည်ဟု မထင်မှတ်ခဲ့။ ဘုရားသခင်၏ကရုဏာ တော်အားထာဝရကာလပတ်လုံး ခံစားမည်ဟုထင်ခဲ့သည်။

ဘုရားသခင်သည် နောက်ဆုံးကာလတိုင်အောင်ယုံကြည်ခြင်းသစ္စာရှိသူများကို ထင်ရှားစေ သည်။ ထိုသူများနှင့်အတူရှိတော်မူ၍ ပြုသမျှ၌ကောင်းစားကြသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။