ဆာလံကျမ်း - ၅

စောင့်ထိန်းတော်မူရန်ဆုတောင်း
1အိုထာဝရဘုရား၊ အကျွန်ုပ်၏စကားကိုနားထောင်တော်မူ၍၊ အကျွန်ုပ်မြည်တမ်းခြင်းကို ဆင်ခြင်တော်မူပါ။ 2အကျွန်ုပ်၏ရှင်ဘုရင်၊ အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကိုဆုတောင်းသည်ဖြစ်၍၊ အကျွန်ုပ်အော်ဟစ်သောအသံကို နားထောင်တော်မူပါ။ 3အိုထာဝရဘုရား၊ နံနက်အခါ အကျွန်ုပ်စကားသံကို ကြားတော်မူရပါ၏။ နံနက်အခါကိုယ်တော်ကို မျက်မှောက်ပြု၍ မျှော်လင့်ပါမည်။ 4ကိုယ်တော်သည် မတရားသောအမှုကို နှစ်သက်သောဘုရား မဟုတ်။ ဆိုးသောသူကို လက်ခံတော်မမူ။ 5မိုက်သောသူသည် အထံတော်သို့ မဝင်ရ။ မတရားသဖြင့် ပြုသောသူအပေါင်းတို့ကို မုန်းတော်မူ၏။ 6မုသားစကားပြောသောသူတို့ကို ဖျက်ဆီးတော်မူ၏။ လူအသက်ကိုသတ်တတ်သောသူနှင့် လှည့်စားတတ်သောသူတို့ကို ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။ 7အကျွန်ုပ်မူကား၊ များစွာသော ကျေးဇူးတော်ကိုခံစားရသဖြင့်၊ အိမ်တော်သို့ရောက်၍၊ ကိုယ်တော်ကို ကြောက်ရွံ့သောစိတ်နှင့် သန့်ရှင်းသောဗိမာန်တော်တွင် ကိုးကွယ်ပါလိမ့်မည်။
8အိုထာဝရဘုရား၊ အကျွန်ုပ်၏ရန်သူတို့ကြောင့် အကျွန်ုပ်ကို တရားတော်လမ်းထဲသို့ ပို့ဆောင်တော်မူပါ။ ကိုယ်တော်၏လမ်းကို အကျွန်ုပ်ရှေ့မှာဖြောင့်စေတော်မူပါ။ 9သူတို့၏နှုတ်တွင် သစ္စာမရှိပါ။ သူတို့နှလုံးသည် အလွန်ဆိုးပါ၏။ သူတို့၏လည်ချောင်းသည် ဖွင့်ထားသောသင်္ချိုင်းတွင်း ဖြစ်ပါ၏။ သူတို့သည် လျှာနှင့် ချော့မော့တတ်ကြ၏။ 10အိုဘုရားသခင်၊ သူတို့အပေါ်မှာ အပြစ်ရောက်စေတော်မူပါ။ မိမိတို့အကြံအစည်အားဖြင့် လဲကြပါစေသော။ ကိုယ်တော်ကို ပုန်ကန်သောသူဖြစ်၍၊ ပြစ်မှားသော အပြစ်များသောကြောင့်၊ သူတို့ကို နှင်ထုတ်တော်မူပါ။
11ကိုယ်တော်ကို ကိုးစားသောသူတို့မူကား၊ ဝမ်းမြောက်ကြပါစေသော။ စောင့်ရှောက်တော်မူခြင်းကိုခံရ၍ ဝမ်းမြောက်သည်နှင့် ကြွေးကြော်ကြပါစေသော။ နာမတော်ကိုချစ်သောသူတို့သည် ကိုယ်တော်ကြောင့် ဝမ်းသာရွှင်လန်းခြင်း ရှိကြပါစေသော။ 12အိုထာဝရဘုရား၊ ကိုယ်တော်သည် ဖြောင့်မတ်သောသူကို ကောင်းချီးပေး၍ ကျေးဇူးတော်အားဖြင့် ကွယ်ကာစောင့်မတော်မူလိမ့်သတည်း။

ဆာလံကျမ်း - ၅ (အနက်ဖွင့်)

ဆ၅။ နံနက်ယံဆုတောင်းမင်္ဂလာ                                                                                                                     ဆာ၅၏ ခေါင်းစဉ်သည် စတေးဂီတမှူး                                                                                                               ပုလွေဆရာဒါဝိဒ်၏ ဆာလံတေးဖြစ်သည်။

ဆာလံတေးအများစုသည် ဆင်တူရိုးမှားဖြစ်ကြသောကြောင့် ကျမ်းစာသုတေသီများက ဤဆာလံကျမ်း၏ ဆင့်ပွါးစွယ်ဖွားများလားဟုဆိုကြသည်။ အချို့မှာကျမ်းမူတခုတည်းဖြစ်သည်။ အချို့တေးဂီတပညာရှင်များက ဆာလံသီချင်း၏ အဆုံးကိုခေါင်းစဉ်အဖြစ်ခံယူကြသည်။ သို့သော် ထိုအချက်သည်လည်းခိုင်မာခြင်းမရှိ။ အကြီးမားဆုံးအခက်အခဲမှာ ဆာလံသီချင်း၏ခေါင်းစဉ်များသည် ပေါ်လွင်ထင်ရှားခြင်းမရှိကြ။ဆာ၅ကို တေးဂီတတူရိယာများဖြင့်လည်း တွဲဖက်သီဆိုနိုင်သည်။ ဆာ၅၇ကို “set to do not destroy”ဟုထိုစဉ်အခါက လူသိများထင်ရှားခဲ့သည်။ ထိုကဲ့သို့သောသီချင်းပုံစံဖြစ်သည်။ ဖြစ်နိုင်စရာတခုမှာ NKJ ကျမ်းမူသို့ ဟေဗြဲဘာသာမှပြန်ဆိုရာတွင် ဘာသာပြန်ဆရာ၏စာပေအယူအဆ အာဘော်ဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေကာမူ ဆာလံသီချင်းခေါင်းစဉ်များက တေးကဗျာရသကို မထိပါးစေသောကြောင့် ဝမ်းသာပျော်ရွှင်ရပါသည်။

ဆာ၅သည် ဘုရားသခင်က ဖြောင့်မတ်သူနှင့်မတရားသူများအပေါ် တရားမျှတသဖြင့် တရားသဖြင့်တရားစီရင်မည့်အကြောင်း ဒါဝိဒ်၏ယုံကြည်ချက်ဖြစ်သည်။

၅း၁-၂ ဒါဝိဒ်ကသူ၏ ဆုတောင်းစကား ကိုနားညောင်းတော် မူ ရုံ သာမဟု တ် ပဲ ဆင်ခြင်တော်မူပေးပါရန် လျှောက်လဲသည်။ လေးနက်သောဆုတောင်းချက်ဖြစ်သည်။ ထိုကဲ့သို့ပင် ယုံကြည်သူများ၏ဆုတောင်းသံများကိုလည်း သန့်ရှင်းဝိညာဉ်တော်က ဆင်ခြင်၍ အနက်ပြန်ဆိုပေးပါသည်။ဆင်ခြင်ခြင်းသာမက မြည်တမ်းသံကိုလည်း နားထောင်ပေးပါဟု ဆုတောင်းသည်။ ဆိုလိုသည်မှာသာမန်က လျှံကာရွတ်ဆိုခြင်းမျိုးသာမက စိတ်နှလုံးထဲမှ ထွက်သောစကား၏လေးနက်သံ၊ ရှိုက်ငင်သံ၊ တုန်ရီသံများကို ရည်ညွှန်းသည်။ သာမန်ဆုတောင်းသံနှင့်နှလုံးသဲပွတ်ကြားမှ အသံနေအသံထားသည် မတူညီပါ။

“အကျွန်ုပ်၏ရှင် ဘုရင်၊ အကျွန်ုပ်ဘု ရား”ဟုဆိုသောအခါ ကြက်သီးမွှေးညှင်းထ၍ ခွန်အားသစ်များဖြင့် နွေးထွေးလာပေမည်။ အကျွန်ုပ်ဟုဆိုသောအခါ ဘုရားရှင်၏ ရင်းနှီးဆက်နွယ်ပုံနားလည်နိုင်သည်။ ကိုယ်တော်ကို ဆုတောင်းသည်ဆိုသည်မှာယုံကြည်ကိုးကွယ်ရာကို အားကိုးတကြီးဖြင့် ဆုတောင်းသည်။ အထံတော်သို့သာဟုဆိုခြင်းဖြင့် ဘုရားရှင်နှင့်ရင်းနှီးသည်သာမက နီးစပ်မှုကိုလည်းနားလည်နိုင်သည်။

၅း၃ ဒါဝိဒ်၏ဆုတောင်းသံသည် အခက်အခဲတွေ့ခါမှ တောင်းသောပြတ်တောင်းပြတ်တောင်းသံမဟုတ်။ ပုံမှန်ဖြစ်သည်။ နံနက်ယံတိုင်းဒါဝိဒ်ဆုတောင်းသံကြားနေရသည်။ ဘုရားသခင်၏လူ ဒါဝိဒ်သည် တနေကုန်လုပ်ငန်းဆောင်တာကို ဘုရားသခင်ထံသို့ ချီးမွမ်းဆက်ကပ်ခြင်းဖြင့် အစပြုလေ့ရှိသည်။ယုံကြည်သူများသည် ထိုသို့ဆုတောင်းကြသော်လည်းဘုရားသခင်၏ပေးသည့်အဖြေကို မစောင့်ကြ။ FBMeyerက “ကုန်အပြည့်တင်ထားသောသင်္ဘောပြန်အလာကို မစောင့်နိုင်ကြ”ဟု ဆိုထားသည်။

၅း၄-၆ ရန်သူများပတ်ချာလည်ဝိုင်းရံကြသော်လည်း ဘုရားသခင်၏ဖြောင့်မတ်ခြင်းနှင့် မြင့်မြတ်ခြင်းကို ယုံကြည်စိတ်ချသောကြောင့် ဆုတောင်းမပြတ်။ယုံကြည်သူများသည် စိတ်နှလုံးထဲ၌ ကျေးဇူးတော်ရေတွက်နေနိုင်ရသည်။ မတရားသောသူများမှာ ထိုသို့မပြုတတ်ကြဘုရားသခင်သည် မတရားသောသူများ၏ ဆိုးယုတ်မှုများကို မကျေနပ်နိုင်။ ဘုရားရှင်နှင့်ဒုစရိုက်သည် လားလားမျှမအပ်စပ်။ ရှင်ဘုရင်ရှေ့တော်တွင် ဝါထောင်လွှားစရာမရှိ။ မကောင်းမှုပြုသူအားလုံးကို မုန်းတီးသည်။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာတရားဖြစ်၍ အရာခပ်သိမ်းကို အဆင်ပြေစေသူဖြစ်သောကြောင့် ဒုစရိုက်သမားများက မုန်းတီးကြသည်။ လူလိမ်လူညာ မုသာဝါဒီများ၊ လူသတ်သမားများနှင့် လှည့်စားသူများအားလုံးကို အပြစ်ဒဏ်စီရင်တော်မူမည်။

၅း၇ ထိုလူဆိုးသူယုတ်များနှင့် ဆန့်ကျင် လျှက်ဒါဝိဒ်သည် မဆုံးနိုင်သောဘုရားရှင်၏ ကျေးဇူး တော်၊ကရုဏာတော်ခံစားရသည်။ စိတ်နှလုံးအလေးအနက်ထား၍ သန့်ရှင်းသော ဗိမာန်တော်သို့ရောက်သည့်နှယ် ဝတ်ပြုကိုးကွယ်သည်။ စင်စစ်တွင် ဒါဝိဒ်မင်းကွယ်လွန်သည့်တိုင်အောင် ဗိမာန်တော်မဆောက်ဖြစ်သဖြင့် တဲတော်ဟုနားလည်ပေးရသည်။ ၁ရာ၁း၉၊၃း၃နှင့် ၂ရာ ၂၂း၇ တို့ကိုကြည့်။

၅း၈ ရန်သူများက အတောမသတ်ဒုက္ခပေးနေကြသဖြင့် ဘုရားသခင်အား တရားမျှတစွာစီရင်ပေး ပါရန်နှင့် ဝိုင်းဝိုင်းလည်နေသော ဘေးရန်အပေါင်းမှ လမ်းရှင်းပေးပါရန်တောင်းခံသည်။

၅း၉ ဆာလံဆရာက ဘုရားသခင်၏ဖြောင့်မတ်သော အစေခံကို ဘေးရန်ကင်းစေ၍ မတရားသူများအား အရေးယူပေးပါရန် အကြောင်းအချက်သက်သေကပ်ပြသည်။ ထိုသူများ၏ စကားသည် တလုံးတပါဒမှ ယုံကြည်စရာမရှိ။ အတွေးအခေါ်၊ အကြံအစည်ဟူသမျှသည် ပုပ်ပွရွတ်တွေကုန်သည်။ ပျက်စီးခြင်းအကြောင်းသာ စဉ်းစားပြောဆိုကြသည်။ လည်ချောင်းသည် အလောင်းကောင်မြို့ချမည့် သင်္ချိုင်းဂူသို့ဖြစ်သည်။ ဆင်းရဲဒုက္ခသည်များကို ဖျက်ဆီးဖို့သာစဉ်းစားကြသည်။

၅း၁၀ သူတို့ကံကြမ္မာအတိုင်းဖြစ်ပါစေ။ မိမိတို့ကျူးလွန်သောအပြစ်အတိုင်းခံစားကြပါစေ။ ဒုစရိုက်ကြံစည်သမျှသည် သူတို့ခေါင်းပေါ်သို့ ပြန်ကျပါစေ။အပြစ်ပြုကြသည့်အတိုင်း ကံတူအကျိုးပေးကြပါစေ။ဘုရားသခင်ကို ပုန်ကန်ဆန့်ကျင်သည့် အပြစ်သရဖူကိုဆောင်းကြပါစေသော်။

၅း၁၁-၁၂ ဘုရားသခင်က ရန်သူများကို အပြစ်စီရင်သည့်နှယ် အခြားတဘက်တွင် ဘုရားသခင်၏လူမိတ်ဆွေများသည် ပျော်ရွှင်စွာအော်ဟစ်သီဆိုကြပါစေ။ အထံတော်တွင် ခိုလှုံလျှက်လုံခြုံစိတ်ချမှုရကြပါစေ။ ယေဟောဝါဘုရားရှင်ကို ချစ်ခင်ယုံကြည်သူတိုင်းဘယ်သောအခါမှ ဆုံးရှုံးခြင်းမကြုံကြရ။ ဘုရားသခင်က ဖြောင့်မတ်သူများမျက်နှာ သာပေးသည်မှာသံသယဖြစ်ဘွယ်မရှိ။ ကျေးဇူးတော် ဖြင့် လွှမ်းခြုံလျှက်ဒိုင်းလွှားသဖွယ်ကွယ်ကာပါသည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။