နာဟုံအနာဂတ္တိကျမ်း - ၁
နာဟုံအနာဂတ္တိကျမ်း - ၁ (အနက်ဖွင့်)
၁။ ဘုရားသခင်၏ ဂုဏ်အင်လက္ခဏာ–တရားသူကြီး (၁:၁–၈)
၁:၁–၅ ဘုရားသခင် ဂုဏ်အင်လက္ခဏာများမှာ သဝန်တိုခြင်း၊ ဒဏ်ပေးခြင်၊ အမျက်တော်ပြင်းခြင်းဖြစ်သကဲ့သို့ အခြားတစ်ဘက်တွင်လည်း စိတ်ရှည်ခြင်း၊။ တန်ခိုးကြီးခြင်းလည်း ဖြစ်၏။ စကြဝဠာနှင့် တကွမှီတင်းနေထိုင်ကြကုန်သော ခပ်သိမ်းသတ္တဝါ တို့ကိုလည်း ထိန်းချုပ်သည်။ သဝန်တိုခြင်းဆိုသည်မှာ ခင်ပွန်းသည်က ဇနီးအပေါ်ထားသော သဝန်တိုမှုမျိုးဖြစ်သည်။ သူများပျော်ရွှင်မှုကို မနာလိုခြင်းမဟုတ်။ ဣသရေလလူမျိုးကို ယေဟောဝါဘုရား၏ ဇနီးအဖြစ်ပုံနှိုင်းထားသည်။ (NKJV, ဟောရှေကျမ်းကိုကြည့်)။
၁:၆–၈ ဘုရားသခင်၏အရေးယူခြင်းကို ကြံ့ကြံ့ခံရပ်နိုင်သူ တစ်စုံတစ်ဦးမှ မရှိပါ။ သို့သော် သူအားယုံကြည်သူများပေါ်တွင် ကောင်းမြတ်သည်။ ဘုရားရှင်၏ အမျက်ဒေါသသည် နိနေဝေမြို့တော်အပါအဝင်အာရှုရိပြည်တခွင်လုံး အားတိုက်စားလွှမ်းမိုးသော မြစ်ရေကဲ့သို့ ဆေးကြောပယ်ရှင်းမည်။
၂။ နိနေဝေမြို့၏ကံကြမ္မာဆိုး(၁:၉–၁၅)
၁:၉–၁၁ ဤကျမ်းစကားများကို အာရှုရိပြည်သားများသို့ လိပ်မူပြောဆိုခြင်းဖြစ်သည်။ သူတို့အား ဖျက်စီးပစ်တော့မည်။ ထာဝရဘုရားတဖက်၌ မကောင်းကြံစည်သူသည် ပျက်စီးရမည်။ ထိုစကားမှာ သနာခရိပ်မင်း သို့မဟုတ် သူ၏အမတ်စစ်သူကြီး ရာဗရှာခကို ရည်ညွှန်းဟန်ရှိသည်။
၁:၁၂–၁၃ မျက်မှောက်ကာလတွင် အာရှုရိသားများသည် ဘဝလုံခြုံကြသော်လည်း အပင်မှချိုင်ပစ်သည့် သစ်ကိုင်းပမာ ခြောက်သွေ့ကြဦးမည်။ ဣသရေလတို့ ယခုဆင်းရဲဖိစီးခံနေရသော်လည်း နောင်တွင် ဖိနှိပ်ခံရတော့မည်မဟုတ်။ အာရှုရိတို့ တင်ထားသော ထမ်းပိုးကို ဘုရားသခင်က ရိုက်ချိုးပစ်လိမ့်မည်။
၁:၁၄ နောက်တစ်ခွန်းမှာ အာရှုရီဘုရင်သို့ တိုက်ရိုက်ပြောကြားသော စကားတော်ဖြစ်သည်။ ထိုမင်းအမည်ကို သမိုင်းတွင် မကျန်စေရ။ သူတည်ထားခဲ့သော ရုပ်တုဆင်းတုများနှင့်မတူ တိမ်ကောပပျောက်မည်။ သူ၏ယုတ်မာမှုအတွက် ဘုရားရှင်ကိုယ်တော်တိုင် သချိုင်းပြင်ဆင်ပေးမည်။
၁:၁၅ ဤကျမ်းပိုင်းတွင် အာရှုရိပြည် ပျက်သုဉ်းမည့်အကြောင်းနှင့် ယုဒပြည်တွင် ငြိမ်သက်ခြင်း မင်္ဂလာသတင်းစကားကြားပြောသူကိုတွေ့ရသည်။ ဤကျမ်းချက်ကို ရောမ၊ ၁၀:၁၅ တွင် ပေါလုက ဧဝံဂေလိသတင်းကောင်း ဟောကြားသူ အမြင်ရှုထောင့်ဖြင့် ကိုးကားထားသည်(ဟေရှာ၊ ၅၂:၇ကိုလည်းကြည့်)။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။