မိက္ခာအနာဂတ္တိကျမ်း - ၇
မိက္ခာအနာဂတ္တိကျမ်း - ၇ (အနက်ဖွင့်)
၈။ တိုင်းနိုင်ငံများ မိမိတို့တိုင်းပြည်အတွက် ငိုကြွေးမည့်အကြောင်း(၇:၁–၁၀)
၇:၁-၂ ဤနေရာတွင် မိက္ခာသည် ဘုရားသခင်နှင့်တိုင်းနိုင်ငံများအကြားတွင် ရပ်တည်သည်။ မြို့ရွာများမှ ဖြောင့်မတ်သော ပြည်သားများသည် ပျောက်ကွယ်သွားကြပြီ။ အကြမ်းဖက်သတ်ဖြတ်မှု အနှံ့အပြားဖြစ်နေကြသည်။ ခေတ်ကာလလူများ၏ အခြေအနေကို ဆွတ်ယူစားချင့်စဖွယ်မကောင်း (အပြွတ်အခိုင်လိုက် တွဲလျက်မရှိ) သောနွေကာလနှောင်း သင်္ဘောသဖန်းသီးနှင့်၎င်း၊ လိုက်လံစကောက်ထားသော စပျစ်သီးအကြွင်းအကျန်နှင့်၎င်း ခိုင်းနှိုင်းထားသည်။
၇:၃–၆ အုပ်စိုးမည့်သူများနှင့် တရားသူကြီးများသည် တံစိုးလက်ဆောင် လာဘ်ယူကြသောကြောင့် စီရင်ခြင်းပြစ်ဒဏ် ခံရလုနီးပြီ။ ယုံကြည်မှီကိုးထိုက်သူတစ်ယောက်မျှမရှိ။။ မိတ်ဆွေများ၊ အိမ်နီးနားချင်းများနှင့် ဆွေမျိုးများလည်း တစ်ဦးကိုတစ်ဦး သစ္စာဖောက်ဖျက်ရန်ဘက်ပြုကြပြီ။
၇:၇–၁၀ ထာဝရဘုရားသခင် တစ်ပါးတည်းသာလျှင် မှီခိုအားကိုးစရာရှိတော့သည်။ ကြွင်းကျန်သောယုံကြည်သူများက ရန်သူအား “မိမိတို့အပေါ်မှာ ဝါကြွားဝမ်းမြောက်နေမှု မလွန်ကဲကြနှင့်”ဟု သတိပေးသည်။ ဒုစရိုက် အဓမ္မလူတို့အဖို့ ပျက်စီးခြင်းအဆုံးရှိ၏။ ဘုရားသခင်သည် သူ၏လူများကိုမှု ကရုဏာတော်ဖြင့် ပြန်လည်ထူမပေးမည်။ သူတို့၏ ရန်ကိုလည်း မရှူနိုင်မရှိုက်နိုင်အောင် ရှက်ရွံ့စေလိမ့်မည်။
၉။ ဣသရေလတို့၏အနာဂတ်ကောင်းချီးမင်္ဂလာ (၇:၁၁–၂၀)
၇:၁၁–၁၂ ထိုနောက်ယေရုရှလင်မြို့သို့ လိပ်မူပြောဆိုသည်။ မြို့ရိုးပြန်တည်ရမည့်အကြောင်းနှင့် နယ်နိမိတ်စည်းရိုးများ မြဲမြံမည့်အချိန်ရောက်လာမည်။ ဖမ်းဆီးခေါ်ဆောင်ခံရသူများ အမိမြေသို့ ပြန်လာကြမည်။ မိစ္ဆာတိုင်းနိုင်ငံတို့သည် သူတို့ဆိုးယုတ်မှုအတွက် အပြစ်စီရင်ခြင်းခံရမည်။
၇:၁၃ ဤကျမ်းပိုဒ်ကို ရုတ်တရက်ဖတ်လျှင် ထူးဆန်းသည်ဟုထင်ရသည်။ တပါးအမျိုးသားများ မိမိတို့ဆိုးယုတ်မှုမတိုင်း အပြစ်စီရင်ခြင်းခံရသောကြောင့် လူဆိတ်ညံရာ လွင်တီးခေါင်ပြင်ဖြစ်ရသည်ဟု ထင်မှတ်စရာရှိသည်။ “ပြည်တော်” ၏ မူရင်းဟေဗြဲစကားလုံးဖြစ်သည့် eretz ကို land “မြေ”နှင့်“ပြည်တော်”ဟု ပြန်ဆိုသကဲ့သို့ earth “ကမ္ဘာလောက” ဟုလည်း ပြန်လည်ဆိုလေ့ရှိသည်။၅ပြန်လည်စုစည်းခြင်းမပြုမီ ထိုအဖြစ်အပျက်ကြုံတွေ့ကြမည်။ Moffatt က “ကမ္ဘာလောကသည် ရုပ်တုဆင်းတုတို့နောက်သို့ ရေလိုက်လွဲခဲ့ကြသည့်အလျောက် အတုံ့အလှည့်အဖြစ် လူသူညံရာလွင်တီးခေါင်အဖြစ် လဲလျောင်းလိမ့်မည်” ဟုပြန်ဆိုသည်။
၇:၁၄–၁၇ အပိုဒ်ငယ် ၁၄ မှာ လုံလောက်သောအစားအစာနှင့် သိုးထိန်းရရှိဖို့ ဘုရားသခင်ထံ ဆုတောင်းခြင်းဖြစ်သည်။ ဘုရားသခင်က သူ့လူများအား အံ့သြဖွယ်အမှုများပြုမည့် အကြောင်းနှင့် လူမျိုးတော်အား ညှဉ်းပန်းနှိပ်စက်သူများသည် အရှက်တကွဲအကျိုးနည်းဖြင့် ကတိပေးထားသည်။
၇:၁၈–၂၀ ဤအနာဂတ္တိကျမ်းကို ဘုရားသခင်အား ချီးမွမ်းသီချင်းဖြင့် အဆုံးသတ်ထားသည်။ ဘုရားရှင်ထံတော်မှ ခံစားရသောသနားခြင်းကရုဏာတော်၊ အပြစ်ခွင့်လွှတ်ခြင်း၊ စာနာမှု၊ သစ္စာတရားနှင့် မကုန်ခမ်းနိုင်သော ချစ်ခြင်းမေတ္တာများဖွဲ့ဆိုဖော်ကျူးထားသည်။
မှတ်စု
၁။ (၁:၁၀-၁၄) စာပေသဒ္ဒါအားဖြင့် တိကျမှုကို NKJV Margin တွင်ကြည့်ပါ။
၂။ (၁:၁၀-၁၄) The Bible, A New Translation, by James Moffatt, Micah 1:10-14.
၃။ (၄:၁-၄) ဤစာသား (ကျမ်းပြိုင်-ဟေရှာယ၊၂:၂-၄၌ လည်းကြည့်)ကို နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ရုံးချူပ်အဆောက်အဦးတွင် ရေးထွင်းထားသော်လည်း ငြိမ်သက်ခြင်း၏အရှင်သခင်၊ ခရစ်တော်ဘုရားကိုယ်တော်တိုင် မကြွလာမချင်း စစ်မှန်တည်တံ့သောငြိမ်သက်ခြင်း ရရှိနိုင်မည်မဟုတ်ပေ။
၄။ (၅:၄-၆) ဤဂဏန်းရေတွက်နည်းမှာ ဓမ္မဟောင်းကျမ်းတွင် အဆန်းအကျယ်မဟုတ်ပါ။ ယောဘ၊၅:၁၉။ဆာ၊၆၂:၁၁-၁၂၊အာမုတ်၊၁:၃ တို့တွင်ကြည့်ပါ။
၅။ NIV ကျမ်းမူတွင် “ဤနေရာ” ဟုပြန်ဆိုထားသည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။