ရှင်လုကာခရစ်ဝင် - ၁၁

ပတ္ထနာတော်
(မ၊ ၆:၉-၁၃၊ ၇:၇-၁၁)
1တစ်ရံရောအခါ ကိုယ်တော်သည် တစ်စုံတစ်ခုသောအရပ်တွင် ဆုတောင်းတော်မူပြီးလျှင်၊ တပည့်တော်တစ်ယောက်က၊ သခင်၊ ဆုတောင်းစေခြင်းငှာ ယောဟန်သည်မိမိတပည့်တို့အား နည်းပေးသကဲ့သို့ အကျွန်ုပ်တို့အား နည်းပေးတော်မူပါဟု လျှောက်သော်၊- 2ကိုယ်တော်က၊ သင်တို့သည်ဆုတောင်းလျှင် မြွက်ဆိုရမည်မှာ၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော။ နိုင်ငံတော် တည်ထောင်ပါစေသော။- 3အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။ အသက်မွေးလောက်သောအစာကို အကျွန်ုပ်တို့အား နေ့ရက် အစဉ်အတိုင်း ပေးသနားတော်မူပါ။- 4အကျွန်ုပ်တို့ကို ပြစ်မှားသောသူရှိသမျှတို့၏ အပြစ်ကို အကျွန်ုပ်တို့သည်လွှတ်သောကြောင့်၊ အကျွန်ုပ်တို့၏အပြစ်များကို လွှတ်တော်မူပါ။ အပြစ်သွေးဆောင်ရာသို့ မလိုက်မပါစေဘဲ၊ မကောင်းသောအမှုအရာမှလည်း ကယ်နုတ်တော်မူပါဟု ဆုတောင်းကြလော့ဟု မိန့်တော်မူ၏။
5တစ်ဖန် မိန့်တော်မူသည်ကား၊ သင်တို့တွင် တစ်စုံတစ်ယောက်သောသူ၌ အဆွေခင်ပွန်းရှိသည်ဖြစ်၍၊ သန်းခေါင်အချိန်တွင် ထိုအဆွေခင်ပွန်း၏ အိမ်သို့သွားပြီးလျှင်၊ အဆွေ၊- 6အကျွန်ုပ် အဆွေခင်ပွန်းတစ်ယောက်သည် ခရီးမှလာ၍ အကျွန်ုပ်ထံသို့ရောက်ပါပြီ။ သူ့ကို ကျွေးစရာမရှိသောကြောင့် မုန့်သုံးလုံးချေးနှင့်ပါဟု ဆိုသော်၊- 7အိမ်ရှင်ကလည်း၊ ငါ့ကိုမနှောင့်ယှက်နှင့်။ တံခါးပိတ်လျက်ရှိ၏။ ငါ့သားသမီးတို့သည် ငါနှင့် အိပ်လျက်ရှိကြ၏။ ငါထ၍ သင့်အားမပေးနိုင်ဟု အိမ်ထဲက ပြန်ပြောသည်အရာမှာ၊- 8ငါဆိုသည်ကား၊ အဆွေခင်ပွန်းဖြစ်သည်ကိုထောက်၍ မထ၊ မပေးသော်လည်း၊ အားမလျော့ဘဲ တောင်း၍နေသောကြောင့် ထ၍လိုချင်သမျှကို ပေးလိမ့်မည်။- 9တစ်ဖန် ငါဆိုသည်ကား၊ တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့၊ ခေါက်လျှင်ဖွင့်မည်။- 10တောင်းသောသူမည်သည်ကား ရ၏။ ရှာသောသူလည်း တွေ့၏။ ခေါက်သောသူအားလည်း တံခါးကို ဖွင့်၏။- 11သင်တို့တွင် အဘဖြစ်သောသူ၌ သားသည် မုန့်ကိုတောင်းလျှင် အဘသည် ကျောက်ကိုပေးမည်လော့။ ငါးကိုတောင်းလျှင် ငါးအစား၌ မြွေကိုပေးမည်လော့။- 12ဥကိုတောင်းလျှင် ကင်းမြီးကောက်ကို ပေးမည်လော။- 13သင်တို့သည် အဆိုးဖြစ်လျက်ပင် ကိုယ်သားတို့အား ကောင်းသောအရာကို ပေးတတ်လျှင်၊ ထိုမျှမက ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် ဆုတောင်းသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို သာ၍ ပေးတော်မူမည် မဟုတ်လောဟု မိန့်တော်မူ၏။
သခင်ယေရှုနှင့်ဗေလဇေဗုလ
(မ၊ ၁၂:၂၂-၃၀။ မာ၊ ၃:၂၀-၂၇)
14တစ်ရံရောအခါ စကားအသောနတ်ဆိုးကို နှင်ထုတ်တော်မူ၍၊ နတ်ဆိုးထွက်သည်နောက် အသောသူသည် စကားပြော၏။ အစုအဝေးတို့သည်လည်း အံ့ဩကြ၏။- 15အချို့တို့က ဤသူသည် နတ်ဆိုးမင်း ဗေလဇေဗုလကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ဆိုကြ၏။-မ၊ ၉:၃၄၊ ၁၀:၂၅။ 16အချို့တို့သည်လည်း၊ စုံစမ်းနှောင့်ယှက်ခြင်းငှာ မိုးကောင်းကင်ကဖြစ်သော နိမိတ်လက္ခဏာကို တောင်းကြ၏။-မ၊ ၁၂:၃၈၊ ၁၆:၁။ မာ၊ ၈:၁၁။ 17ထိုသူတို့၏စိတ်ကို သိတော်မူသည်ဖြစ်၍၊ တိုင်းနိုင်ငံမည်သည်ကား၊ မိမိနှင့်မသင့်မတင့် ကွဲပြားလျှင် ပျက်စီးခြင်းသို့ရောက်လိမ့်မည်၊ အိမ်မည်သည်ကား၊ မိမိနှင့် မသင့်မတင့် ကွဲပြားလျှင် လဲလိမ့်မည်။- 18ငါသည် ဗေလဇေဗုလကို အမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ်သည်ဟု သင်တို့ဆိုသည်အတိုင်း၊ စာတန်သည် မိမိနှင့် မသင်မတင့်ကွဲပြားလျှင် သူ၏နိုင်ငံသည် အဘယ်သို့တည်နိုင်မည်နည်း။- 19ငါသည် ဗေလဇေဗုလကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်မှန်လျှင်၊ သင်တို့၏သားတို့သည် အဘယ်သူကိုအမှီပြု၍ နှင်ထုတ်ကြသနည်း။ ထိုကြောင့် သူတို့သည် သင်တို့အား တရားစီရင်သောသူ ဖြစ်ကြလိမ့်မည်။- 20ငါသည် ဘုရားသခင်၏ လက်ညှိုးတော်အားဖြင့် နတ်ဆိုးတို့ကို နှင်ထုတ်သည်မှန်လျှင်၊ အကယ်စင်စစ် သင်တို့၌ ဘုရားသခင်၏နိုင်ငံတော် တည်ချိန်ရောက်လေပြီ။- 21သူရဲသည် လက်နက်စုံနှင့် မိမိအိမ်ဦး၌ စောင့်နေစဉ်အခါ သူ၏ဥစ္စာသည် လုံခြုံစွာရှိ၏။- 22သူ့ထက် တတ်စွမ်းနိုင်သောသူသည် လာ၍ သူ့ကိုအောင်ပြီးမှ၊ သူကိုးစားသော လက်နက်စုံကိုသိမ်းယူ၍ ဥစ္စာပရိကံများကို ခွဲဝေလိမ့်မည်။- 23ငါ့ဘက်၌ မနေသောသူသည် ငါ့ရန်ဘက်ဖြစ်၏။ ငါနှင့်အတူ မစုမသိမ်းသောသူသည် ကြဲဖြန့်သောသူဖြစ်၏။မာ၊ ၉:၄၀။
ညစ်ညူးသောနတ်ပြန်လာခြင်း
(မ၊ ၁၂:၄၃-၄၅)
24ညစ်ညူးသောနတ်သည် လူထဲကထွက်လျှင်၊ ခြောက်ကပ်သောအရပ်တို့၌ လည်၍ ငြိမ်သက်ခြင်းကို ရှာတတ်၏။ မတွေ့လျှင်၊ ငါသည်ထွက်ခဲ့သော နေမြဲအိမ်သို့ပြန်ရဦးမည်ဟု ဆို၍၊- 25ရောက်သောအခါ၊ ထိုအိမ်သည် သုတ်သင်ပြင်ဆင်လျက်ရှိသည်ကို တွေ့သော်၊- 26မိမိထက်သာ၍ ညစ်ညူးသောနတ်ဆိုးခုနစ်ယောက်ကို ခေါ်ပြီးလျှင် ထိုလူထဲသို့ဝင်၍ နေကြ၏၊ ထိုလူ၏နောက်ဖြစ်ဟန်သည် ရှေ့ဖြစ်ဟန်ထက်သာ၍ ဆိုးသည်ဟု မိန့်တော်မူ၏။
မင်္ဂလာအစစ်အမှန်
27ထိုသို့မိန့်တော်မူစဉ်တွင် မိန်းမတစ်ယောက်သည် လူအစုအဝေးထဲကခေါ်၍ ကိုယ်တော်ကို လွယ်သောဝမ်းနှင့် စို့တော်မူသောသားမြတ်သည် မင်္ဂလာရှိပါ၏ဟု လျှောက်လျှင်၊- 28ကိုယ်တော်က၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို နာ၍ ကျင့်စောင့်သောသူသည် မြတ်စွာသော မင်္ဂလာရှိသည်ဟု မိန့်တော်မူ၏။
နိမိတ်လက္ခဏာကိုတောင်းဆိုခြင်း
(မ၊ ၁၂:၃၈-၄၂)
29လူအစုအဝေးတို့သည် ထူထပ်လျက်ရှိကြသောအခါ ကိုယ်တော်က၊ ဤလူမျိုးသည် ဆိုးညစ်သောအမျိုးဖြစ်၏။ နိမိတ်လက္ခဏာကို တောင်းသည်မှာ ပရောဖက်ယောန၏ နိမိတ်လက္ခဏာမှတစ်ပါး အဘယ်လက္ခဏာကိုမျှ သူတို့အားမပြရာ။-မ၊ ၁၆:၄။ မာ၊ ၈:၁၂။ 30ယောနသည် နိနေဝေမြို့သားတို့အား နိမိတ်လက္ခဏာဖြစ်သကဲ့သို့ လူသားသည် ဤလူမျိုးအား ဖြစ်လိမ့်မည်။-ယောန၊ ၃:၄။ 31တရားဆုံးဖြတ်တော်မူသောအခါ တောင်ပြည်ကို အစိုးရသောမိဖုရားသည် ဤလူမျိုးတစ်ဖက်၌ထ၍ အရှုံးခံစေလတ္တံ့။ အကြောင်းမူကား။ ထိုမိဖုရားသည် ရှောလမုန်မင်းကြီး၏ ပညာစကားကို နားထောင်ခြင်းငှာ မြေကြီးစွန်းမှလာ၏။ ဤအရပ်၌ကား၊ ရှောလမုန်ထက်သာ၍ ကြီးမြတ်သောသူရှိ၏။-၃ရာ၊ ၁၀:၁-၁၀။ ၆ရာ၊ ၉:၁-၁၂။ 32တရားဆုံးဖြတ်တော်မူသောအခါ နိနေဝေမြို့သားတို့သည် ဤလူမျိုးတစ်ဖက်၌ထ၍ အရှုံးခံစေလတ္တံ့။ အကြောင်းမူကား၊ ထိုသူတို့သည် ယောနဟောပြောသော စကားကြောင့် နောင်တရကြ၏။ ဤအရပ်၌ကား ယောနထက်သာ၍ ကြီးမြတ်သောသူရှိ၏။ယောန၊ ၃:၅။
ကိုယ်၏ဆီမီး
(မ၊ ၅:၁၅၊ ၆:၂၂-၂၃)
33ဆီမီးထွန်း၍ ကွယ်ရာ၌ဖုံးထားလေ့မရှိ။ တောင်းဇလားအောက်၌လည်း ထားလေ့မရှိ။ ဝင်လာသောသူသည် အလင်းကိုရစေခြင်းငှာ ဆီမီးခုံအပေါ်မှာ တင်ထားလေ့ရှိ၏။-မ၊ ၅:၁၅။ မာ၊ ၄:၂၁။ လု၊ ၈:၁၆။ 34ကိုယ်၏ဆီမီးကား၊ မျက်စိတည်း။ ထိုကြောင့် မျက်စိကြည်လင်သောအခါ တစ်ကိုယ်လုံးလင်းလိမ့်မည်။ မျက်စိမြှေးယှက်သောအခါ တစ်ကိုယ်လုံးမိုက်လိမ့်မည်။- 35ကိုယ်၌ရှိသောအလင်းကို မှောင်မိုက်မဖြစ်စေခြင်းငှာ သတိပြုလော့။- 36အင်္ဂါတစ်ခုမျှမမိုက်ဘဲ တစ်ကိုယ်လုံးလင်းလျှင်၊ ဆီမီး၏အရောင်နှင့် လင်းစေသကဲ့သို့ လုံးလုံးလင်းလျက်ရှိလိမ့်မည်ဟု မိန့်တော်မူ၏။
ဖာရိရှဲနှင့်ကျမ်းတတ်ဆရာတို့ကို အပြစ်တင်ခြင်း
(မ၊ ၂၃:၁-၃၆။ မာ၊ ၁၂:၃၈-၄၀)
37ထိုသို့မိန့်တော်မူစဉ်တွင် ဖာရိရှဲတစ်ယောက်သည် အစာကိုသုံးဆောင်တော်မူစေခြင်းငှာ ကိုယ်တော်ကို ခေါ်ပင့်လျှင်၊ သူ၏အိမ်သို့ကြွ၍ စားပွဲ၌ လျောင်းတော်မူ၏။- 38အစာကိုမစားမီ ဆေးခြင်းကို ပြုတော်မမူသည်ကို ဖာရိရှဲသည်မြင်လျှင် အံ့ဩလေ၏။- 39သခင်ဘုရားကလည်း၊ ဖာရိရှဲဖြစ်သော သင်တို့သည် ဖလား၊ လင်ပန်းကို အပြင်၌ဆေးကြောကြ၏။ အတွင်း၌ကား လုယူခြင်း၊ ဆိုးညစ်ခြင်းနှင့် ပြည့်လျက်ရှိ၏။- 40လူမိုက်တို့၊ အပြင်ကို ဖန်ဆင်းသောသူသည် အတွင်းကိုလည်း ဖန်ဆင်းတော်မူသည် မဟုတ်လော။- 41သာ၍ကောင်းသောနည်းမူကား၊ တတ်နိုင်သမျှအတိုင်း ဆင်းရဲသားတို့အား စွန့်ကြဲကြလော့။ သို့ပြုလျှင် ခပ်သိမ်းသောအရာတို့သည် သင်တို့အားသန့်ရှင်းကြလိမ့်မည်။- 42ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပင်စိမ်းရွက်၊ လျူရွက်မျိုးမှစ၍ မြက်ပင်အမျိုးမျိုးကို ဆယ်ဖို့တစ်ဖို့ လှူကြသည်တွင်၊ တရားသဖြင့်စီရင်ခြင်း၊ ဘုရားသခင်ကို ချစ်ခြင်းအမှုကိုကား လှပ်၍ထားကြ၏။ အရင်ဆိုသောအရာတို့ကို မလှပ်မထား၊ နောက်ဆိုသောအရာတို့ကို ကျင့်ရမည်။-ဝတ်၊ ၂၇:၃၀။ 43ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ တရားဇရပ်၌ မြင့်မြတ်သော နေရာထိုင်ရာကိုလည်းကောင်း၊ ဈေး၌ရိုသေစွာ နှုတ်ဆက်ခြင်းကိုလည်းကောင်း နှစ်သက်ကြ၏။- 44သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ မထင်ရှားသော သင်္ချိုင်းတွင်းနှင့် တူကြ၏။ ထိုတွင်းအပေါ်မှာ သွားလာသောသူတို့သည် သင်္ချိုင်းတွင်းရှိမှန်းကိုမျှ မသိကြဟု မိန့်တော်မူ၏။
45ကျမ်းတတ်တစ်ယောက်ကလည်း၊ အရှင်ဘုရား ထိုသို့ဆိုလျှင် အကျွန်ုပ်တို့ကိုပင် ကဲ့ရဲ့အပြစ်တင်တော်မူ၏ဟု လျှောက်သော်၊- 46ကျမ်းတတ်တို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထမ်းခဲသောဝန်ကို သူတစ်ပါးအပေါ်မှာ တင်တတ်၏။- 47ကိုယ်လက်ဖျားနှင့်မျှ မတို့ကြ။ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပရောဖက်တို့၏ သင်္ချိုင်းများကိုတည်လုပ်၍၊ သင်တို့၏ ဘိုးဘေးများသည် သူတို့ကိုသတ်ကြ၏။- 48အကယ်စင်စစ် သင်တို့သည် ဘိုးဘေးတို့၏ အပြုအမူကို လက်ခံကြ၏။ ဘိုးဘေးတို့သည် ပရောဖက်များကို သတ်ကြပြီ။ သင်တို့မူကား၊ သင်္ချိုင်းတို့ကို တည်လုပ်ကြ၏။
49ထိုကြောင့်၊ ဘုရားသခင်၏ ဉာဏ်စီရင်တော်မူသည်ကား၊ ပရောဖက်၊ တမန်တော်တို့ကို သူတို့ရှိရာသို့ ငါစေလွှတ်မည်။ သူတို့သည် ထိုပရာဖက်၊ တမန်တော်အချို့တို့ကို ညှဉ်းဆဲကြလိမ့်မည်။ အချို့တို့ကို သတ်ကြလိမ့်မည်။- 50ထိုကြောင့်၊ အာဗေလ၏ အသွေးမှစ၍၊ ယဇ်ပလ္လင်နှင့် အိမ်တော်၏အကြား၌ သတ်ခဲ့ပြီးသော ဇာခရိ၏အသွေးတိုင်အောင် ကမ္ဘာဦးမှစ၍ သွန်းပြီးသော ပရောဖက်အပေါင်းတို့၏ အသွေးကြောင့် ယခုဖြစ်သော လူတို့သည် စစ်ကြောခြင်းကို ခံရကြမည်။-က၊ ၄:၈။ ၆ရာ၊ ၂၄:၂၀-၂၁။ 51ငါအမှန်ဆိုသည်ကား၊ ယခုဖြစ်သောလူတို့သည် ထိုစစ်ကြောခြင်းကို ခံရကြမည်။
52ကျမ်းတတ်တို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပညာဖွင့်သောသော့ကို သိမ်းထားကြပြီ။ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတားကြသည်ဟု မိန့်တော်မူ၏။- 53ထိုသို့ ပရိသတ်တို့အား မိန့်တော်မူစဉ်တွင် ကျမ်းပြုဆရာနှင့် ဖာရိရှဲတို့သည် ကိုယ်တော်၌ အပြစ်တင်ခွင့်ကို ရမည်အကြောင်း၊- 54ချောင်းမြောင်းလျက် စကားတော်ကိုဖမ်းခြင်းငှာ ရှာကြံလျက်၊ ကျပ်ကျပ်တိုက်တွန်း၍ အရာရာတို့၌ မေးစစ်ကြ၏။

ရှင်လုကာခရစ်ဝင် - ၁၁ (အနက်ဖွင့်)

(ဆ) တပည့်တော်များ၏ ဆုတောင်း (၁၁:၁-၄)

အခန်း ၁ဝနှင့် ၁၁အကြားတွင် ကြားကာလရှိသည်။ ထိုအကြောင်းကို ယော ၉:၁-၁၀:၂၁ တွင် မှတ်တမ်းတင်ထားသည်။

၁၁:၁ ဤနေရာတွင် သခင်ယေရှု၏ ဆုတောင်းခြင်းအသက်တာပြည့်ဝပုံကို ဖော်ညွန်းထား သည်။ ထိုသို့ဆုတောင်းခြင်းသည် လူသားတော်က အဘဘုရားသခင်အပေါ် အမြဲတမ်းတည်မှီပုံကို ပြသ ခြင်းဖြစ်သည်။ သခင်ဘုရား၏ သက်တော်စဉ်တွင် ဆုတောင်းခြင်းသည် အဓိက မဏ္ဍိုင်ဖြစ်သည်။ ထိုသို့ အမြဲတမ်းဆုတောင်းလေ့ရှိကြာင်း၊ တပည့်တော်များသိမြင်ကြသည်။ ထိုသို့ အမြဲတမ်းဆုတောင်းသောအခါ တပည့်တော်များသည်လည်း သခင်ဘုရားကဲ့သို့ ဆုတောင်းချင်ကြသည်။ သို့ကြောင့် တပည့်တော်တပါး က သခင်ဘုရားအား ဆုတောင်းနည်း သင်ပေးရန် လျှောက်လဲသည်။ “ဆုတောင်းနည်းသင်ပေးပါ”ဟု ဆိုသည်။ မည်သို့ပင်ဆိုစေ၊ ဆိုလိုချက်နှင့် နည်းလမ်းနှစ်ခုစလုံးအကြုံးဝင်ပါသည်။

၁၁:၂ ဤနေရာတွင် သခင်ဘုရား သင်ပေးသော စံပြဆုတောင်းနည်း ပဌာနာတော်သည် ရှင်မဿဲခရစ်ဝင်ကျမ်းတွင်ဖော်ပြချက်နှင့် မတူညီပါ။ ထိုသို့ကွဲလွဲခြင်းများသည် ရည်ရွယ်ချက်ရှိသည်။ အဓိပ္ပါယ်ရှိသည်။ အကြောင်းမဲ့သက်သက်မဟုတ်။

ပထမဦးဆုံးအချက်မှာ ဘုရားသခင်အား အဘဘုရားသခင်ဟု ရင်းနှီးစွာလိပ်မူရမည်။ ထိုကဲ့သို့ဘုရားသခင်အား ရင်းနှီးစွာခေါ်ယူခြင်းမျိုး ဓမ္မဟောင်းကာလတွင် မရှိပါ။ ယခုကာလတွင်မူ ကောင်းကင်ဘုံရှင်ဘုရားသခင်အား ခမည်းတော် ဟုယုံကြည်သူများကခေါ်ဝေါ်ခွင့်ရကြပြီ။ နောက်တချက် မှာ နာမတော်အားရိုသေရမည်။ ဆိုလိုသည်မှာ စိတ်နှလုံးကြည်လင်သန့်ရှင်းစွာဖြင် ဘုရားသခင်အား ဦးညွှတ်ရှိခိုးရမည်။ နိုင်ငံတော်တည်ထောင်ပါစေသားဆိုသည်မှာ စာတန်ဒုစရိုက်အား ဖယ်ရှား၍ ခရစ် တော်ဘုရား လောကကြီးကို အုပ်စိုးမည့်နေ့ရက် အမြန်ရောက်လာ ပါစေ၊ ကောင်းကင်ဘုံ၌ အလိုတော် ပြည့်စုံသကဲ့သိုပ မြေကြီးပေါ်မှာလည်း ပြည့်စုံပါစေဟု ဆိုလိုသည်။

၁၁:၃ ဘုရားခင်၏ နိုင်ငံတော်နှငက့် ဖြောင့်မတ်ခြင်းကို ပထမရာတွင် ဦးစားပေးရသည်။ ထို့နောက်မှ အခြားလိုချင်သောအရာများကို ဆုတောင်းရသည်။ နေ့စဉ် အသက်ရှင်ရာတွင် လိုအပ်သော ကိုယ်ကာယ၊ အစားအစာနှင့် ဝိညာဉ်အာဟာရများက နောက်မှလိုက်ရသည်။ ကိုယ်တော်ဘုရားသည် ခပ်သိမ်းသောအရာများ၏ အရင်းအမြစ်ဖြစ်သောကြောင့် နေ့စဉ်အသက်တာကိုလည်း ကိုယ်တော်ဘုရား ထံတည်မှီရသည်။

၁၁:၄ နောက်ဆုတောင်းရမည့်အချက်မှာ အပြစ်ဒုစရိုက်များကို ခွင့်လွှတ်ဖို့ဖြစ်သည်။ တပါးသူများ၏ စိညာဉ်ကို ဖြေလွှတ်ဖို့ဖြစ်သည်။ ဤစကားသည် အပြစ်ဒဏ်မှ ကင်းလွှတ်ခွင့်ရရန် ဆိုလို ခြင်းမဟုတ်။ ကာရာနီကုန်းတောင်ပေါ်တွင် သခင်ယေရှုပြုတော်မူသောအမှုအားဖြင့် အပြစ်ဒဏ်မှ ကင်းလွှတ်ခွင့်ရရန် ဆိုလိုခြင်းမဟုတ်။ ကာရာနီကုန်းတောင်ပေါ်တွင် သခင်ယေရှုပြုတော်မူသော အမှုအား ဖြင့် အပြစ်ဒဏ်မှ ကင်းလွှတ်ခွင့်ရကြောင်း၊ ယုံကြည်မှသာလျှင် အမှန်တပယ်ခံစားခွင့်ရှိသည်။ ထို့အပြင် အသေးအမွှားကစ္စရပ်များတွင် မိဘများက သားသမီးများကို အပြစ်မမြင်သည့် ခွင့်လွှတ်ခြင်းမျိုးလိုအပ် သည်။ သူတပါးအပြစ်ကို ခွင့်မလွှတ်နိုင်သော စိတ်နှလုံးနာကျည်းခြင်း၊ စိတ်သဘောထား မာကြောခက် ထန်ခြင်းရှိနေလျှင် သခင်ဘုရားနှင့် မိဿဟာယမဖွဲ့နိုင်။ ပြတ်တောက်သွားသည်။ ခွင့်လွှတ်ခြင်းသည် ပေါင်းသင်းဆက်ဆံရေးပျက်ပြားခြင်းကို ပြန်လည်ရှင်သန်စေသည်သာမက ဘုရားသခင်နှင့် မိဿဟာယဖွဲ့ ခြင်းကိုလည်း မြဲမြံခိုင်မာစေပါသည်။

အပြစ်သွေးဆောင်ရာသို့ မလိုက်ပါစေဘဲဆိုသည်မှာ ယုံကြည်သူအသက်တာတွင် အခက် အခဲပြဿနာကြုံတွေ့မည့်အကြောင်းဖြစ်သည်။ ဘုရားခင်သည် မည်သူ့ကိုမှ အပြစ်မမြင်စေလိုပါ။ သိုသော် စုံစမ်းခြင်းစမ်သပ်ခြင်း ကြုံတွေ့နေကြသည်။ ထိုသို့ကြုံတွေ့ရခြင်းသည် အရည်အချင်းတောက်ပြောင်ဖို့၊ အသက်တာရင်ကျက်ဖို့ဖြစ်သည်။ နေ့စဉ်လုပ်ငန်းဆောင်တာ အသီးသီးတွင် အပြစ်ထဲသို့ ကျရောက်စရာ နှင့် ရင်ဆိုင်ကြုံတွေ့နေကြရသညါ။ မိမိစိတ်ဆန္ဒဖြင့် လုပ်ချင်သော်လည်း အပြစ်လမ်းဖြစ်လျှင် ကွယ်ကာဖို့ ဆုတောင်းရသည်။ တခါတခါ မိမိဆုတောင်းချက်မျာသည် အပြစ်ဒုစရိုက်ပြုရာ လမ်းဖြစ်နိုင်သည်။ မိမိအသိ စိတ်၊ အရည်အသွေးဖြင့် နားမလည်နိုင်၊ မမြင်နိုင်ပါ။ ထို့ကြောင့် မကောင်းသောအမှုအရာမှ ကွယ်ကာ စောင်မတော်မူပါဟု ဆက်လက်ဆုတောင်းရသည်။

(ဇ) ဆုတောင်းခြင်းပုံဥပမာနှစ်ခု (၁၁:၅-၁၃)

၁၁:၅-၈ ဘုရားသခင်သည် ဘုရားသားသမီးများ၏ ဆုတောင်းသံကို အစဉ်နားညောင်း၍ ဖြည့်ဆည်းသူဖြစ်ကြောင်း၊ ပုံဥပမာပေးရှင်းပြထားသည်။ ညဉ့်လယ်ယံမှာ တခါးခေါက်သော ဧည့်သည် ဖြင့် ပုံဥပမာပေးထာသည်။ မမျှော်လင့်သော ဧည့်သည်ရောက်လာသဖြင့် ညစာကျွေးရန် အလုံအလောက် မရှိ၍ အိမ်နီးနားချင်းထံတွင် မုန့်သုံးလုံးသွားတောင်းသည်။ မထမတံခါးလာခေါက်စဉ်တွင် အိမ်ရှင်သည် အနှောင့်အယှက်ပေးသည်ဟုဆိုကာ အိပ်ယာမှမထ။ တံခါးမဖွင့်ပေး။ နားမခံသာအောင် တကျီကျီတံခါး ခေါက်ရင်းအော်ခေါ်သဖြင့် နောက်ဆုံးတွင် အိပ်ယာထ တံခါးဖွင့်ပေးကာ ဘာလုပ်ပေးရမည်လဲဟုဆိုသည်။

ဤနေရာတွင် သတိထားစရာရှိသည်။ အစဉ်မနာမနေဆုတောင်းချက်များသည် ဘုရား သခင်ကို နှောင့်အယှက်ပေးခြင်းမဟုတ်ပါ။ တကျီကျီဆုတောင်းသံကို စိတ်မရည် သီးမခံနိုင်သဖြင့် အဖြေ ပေးလိုက်ခြင်းမျိုးမဟုတ်ပါ။

အကူအညီတောင်းခြင်းသည် မိမိ၌ မတတ်စွမ်းနိုင်သဖြင့်အကူအညီတောင်းခြင်းဖြစ်သည်။ ဘုရားသခင်သည် သားသမီးများ၏ ပူဆာသံ၊ နွဲ့သံ၊ ချွဲသံများကိုကြားချင်သူဖြစ်သည်။ အားကိုးတကြီး တောင်းခံခြင်းကို လိုချင်သည်။

၁၁:၉ ဆုတောင်းခြင်းမပျင်းဖို့၊ ဆုတောင်းခြင်း မပေါ့လျှော့ဖို့ သွန်သင်သည်။ “တောင်းပါ၊ ရှာပါ၊ ခေါက်ပါ”၃၈တခါတခါဆုတောင်းချက်၏ အဖြေချက်ချင်းရရှိတတ်သည်။ သာမန်အားဖြင့် ဇွဲလုံ့လရှိရှိ ဆုတောင်းခြင်းကိုသာ အဖြေပေးပါသည်။

ဆုတောင်းချက်ကို အဖြေပေးတော်မူပါသ်။ တခါတရံစိတ်အားငယ်ခိုက် ယုံကြည်ခြင်းဆု လက်ဆောင်ပေးသည်။ ယုံကြည်ခြင်းပိုမိုလေးနက်စေရန် ကိုယ်တော်ဘုရားနှုတ်ဆိတ်တတ်သည်။ နာမတော်သည် မြတ်နိုးစရာအကောင်းဆုံးပြင်ဆင်ထားပေး။ လယ်တွင်လောင်၍ တောင်တွေပြိုစေ၊ ကတိတော်တည်မြဲဆဲ၊ သမ္မာတရားရှင်နေဆဲ၊ ကိုယ်တော်သာလျှင့် ဘဝခွန်အားပဲ။

M.G.P.

ဤပုံဥပမာက စိတ်ပျက်အားငယ်ခြင်းမရှိဘဲ၊ ဇွဲလုံ့လဖြင့် ဆုတောင်းဖို့ သွန်သင်ပါသည်။ တောင်းပါရှာပါ။ ခေါက်ပါ ဟုဆိုသည်။ ချက်ချင်းအဖြေမပေးခြင်းသည် စိတ်ရှည်ခြင်းနှင့် ဇွဲလုံ့လ ဆန်းစစ် ခြင်းဖြစ်သည်။

၁၁:၁ဝ တောင်းလျှင်ရမည်၊ ရှာလျှင်တွေ့မည်၊ ခေါက်လျှင့်ဖွင့်ပေးမည် ဟုသွန်သင်ဆုံးမ ထားပါသည်။ အဖြေမပေးလျှင် ကျွန်ုပ်တို့အတွက် အကောင်းဆုံးသောအစီအစဉ်ရှိသေးသည် ဟုနားလည် ရမည်။ ကိုယ်တော်၏ ငြင်းပယ်ချက်သည် ကျွန်ုပ်တို့၏ ဆုတောင်းခြင်းထက် ကောင်းသောအဖြေဖြစ်သည်။

၁၁:၁၁-၁၂ ဤကျမ်းပိုဒ်က ဘုရားသခင်သည် မလိမ်ညာတတ်ကြောင်း၊ ဈေးမစစ်တတ် ကြောင်းသွန်သင်ပါသည်။ မုန့်တောင်သူက ကျောက်ခဲမပေး။ ထိုခေတ်အခါက မုန့်သည် ကျောက်ခဲနှင့် ဆင်တူပုံစံတည်းဖြစ်သောကြောင့် ပုံသဏ္ဍာန်တူသောအရာနှစ်ခုကို ဥပမာပေးခြင်းဖြစ်သည်။ ငါးတောင်း လျှင်မြွေပေးမည်မဟုတ်။ ဥတောင်းလျှင် ကင်းမြီးကောက်ပေးမည်မဟုတ်။ မြွေဆိုသည်မှာ ပျက်စီးခြင်း၊ ကင်းမြီးကောက်ဆိုသည်မှာ နာကျင်ခြင်းကိုဆိုလိုသည်။

၁၁:၁၃ လောကလူသားဖခင်များသည်ပင်လျှင် သားသမီးများအား အကောင်းဆုံး ဆုလက်ဆောင်ပေးကြသည်။ ထိုမျှမကကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် ဆုတောင်း သူတို့အား သန့်ရှင်းသော ဝိညာဉ်တော်ကို သာ၍ ပေးတော်မူသည်မဟုတ်လော။ ထိုအကြောင်းကို J.G. Bellet က “ကိုယ်တော်ဘုရားသည် ကျွန်ုပ်တို့၏ အလိုအပ်ဆုံးအရာကို ရွေးချယ်ပေးပါသည်။ အကောင်း ဆုံးပေးချင်သော အရာမှာ သန့်ရှင်းသော ဝိညာဉ်တော်ဖြစ်သည်” ဟုဆိုသည်။။ သခင်ယေရှု ထိုသို့ပြောနေ စဉ်သန့်ရှင်းသော ဝိညာဉ်တော် ဘုန်းမပွင့်သေး (ယော ၇:၃၉)။ ယနေ့ခေတ်ကာလတွင်မူ သန့်ရှင်း သော ဝိညာဉ်တော်ကိန်းဝပ်ဖို့ဆုတောင်းရန်မဟုတ်တော့ပါ။ အသက်တာပြောင်းလဲသည့် အချိန်မှစ၍ မိမိထဲ၌ သန့်ရှင်းသော ဝိညာဉ်တော်ကိန်းဝပ်ပြီးဖြစ်ပါသည် (ရော ၈:၉၊ ဧ ၁၃-၁၄)။

သို့သော် အခြားနည်းလမ်းများတွင် သန့်ရှင်းသော ဝိညာဉ်တော်လိုအပ်ချက်ရှိသည်။ သန့်ရှင်းသော ဝိညာဉ်တော်၌ သွန်သင်ဖို့၊ လမ်းပြဖို့တန်ခိုးသွန်းလောင်းဖို့၊ အမှုတော်ဆောင်ရာ၌ ခွန်အား ပေးဖို့ဆုတောင်းရသည်။

တပည့်တော်များအား သန့်ရှင်းသော ဝိညာဉ်တော်၌ ဆုတောင်းဖို့ သွန်သင်ခြင်းသည် ဝိညာဉ်တော်တန်ခိုးဖြင့် ရှင်သန်ဖို့ဖြစ်သည်။ ထိုကာလတွင် တပည့်တော်များသည် မိမိတို့အစွမ်းအစဖြင့် တပည့်တော်ဖြစ်ဖို့ စမ်းသပ်ခြင်းခံနိုင်သူများမဟုတ်။ သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးသည် ခရစ်ယာန် အသက်တာတွင် မရှိမဖြစ် လိုအပ်သော အသက်သွေးကြော ဖြစ်သည်။ ထို့ကြောင့် လိုချင်၍ ထောင်းခံသူ တိုင်းရရှိကြမည်ဟု သခင်ယေရှုက သွန်သင်သည်။

ဂရိကျမ်းမူတွင်မူ ဘုရားသခင်က ထိုသန့်ရှင်းသော ဝိညာဉ်တော်ကိုပေးမည်ဟု မရေးပါ။ သန့်ရှင်းသောဝိညာဉ်တော်ပေးမည်ဟုဆိုသည် (“ထို”စကားလုံးမပါ) H.B.Swete က “ထို”ဟူသော စကား လုံးမပါရှိလျှင် ဝိညာဉ်ဆုလက်ဆောင်သာ ရည်ညွန်းသည်ဟု ရှင်းပြသည်။ ထိုစကားအရဆိုလျှင် သန့်ရှင်း သော ဝိညာဉ်တော်အတွက် မဟုတ်။ အမှုတော်အတွက် ဆုတောင်းရသည်။ ဤကျမ်းပိုဒ်နှင့် ကျမ်းပြိုင် ဖြစ်သော (မ ၇:၁၁) တွင်မူ….. ထိုမျှမက ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် ဆုတောင်း သောသူတို့အား ကောင်းသော အရာကိုသာ၍ ပေးတော်မူမည်” ဟုဆိုထားသည်ကို ယှဉ်ဖတ်ကြည့်ပါ။

(ဈ) စွပ်စွဲချက်ဖြေကြားခြင်း (၁၁:၁၄-၂၆)

၁၁:၁၄-၁၆ သခင်ယေရှုက နတ်ဆိုးနှင်ထုတ် ပေးသောအခါ နတ်ဆိုးစွဲသူသည် နေကောင်းကျန်းမာသွားသည်။ ထိုအမှုအရာကို မြင်တွေ့သောလူထုပရိသတ်ကြီးသည် အံဩကြသည်။ သခင်ယေရှုကို အံ့ဩခြင်းနှင့်အတူ ဝေဖန်ဆန့်ကျင်လာကြသည်။ အချို့က ထိုသို့နတ်ဆိုးမောင်းထုတ်ခိုင်း ခြင်းသည် နတ်ဆိုးများ သခင် ဗေလဇေဗုလထံမှ တန်ခိုးအာဏာ ငှါးသုံးခြင်းဖြစ်သည်ဟု စွပ်စွဲကြသည်။ အချို့က ကောင်းကင်လက္ခဏာ ဖြစ်သည်ဟုဆိုကြသည်။

၁၁:၁၇-၁၈ သခင်ယေရှုတွင် ဗေလဇေဗုလနတ်ဝင်လာသောကြောင့် နတ်ဆိုးနှင်ထုတ်နိုင် ခြင်းဖြစ်သည်ဟု စွပ်စွဲချက်ကို (အငယ် ၁၇-၂၆)တွင် ဖြေကြားထာသည်။ လိုချင်သော နိမိတ်လက္ခဏာကို (င်ယ ၂၉) တွင် ဖြေထားသည်။ ပထမဦးစွာ သခင်ဘုရားက “တိုင်းနိုင်ငံမည်သည်ကား မသင့်မတင့်ကွဲပြား လျှင် ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။ အိမ်မည်သည်ကား မသင့်မတင့် ကွဲပြားလျှင်လဲ လိမ့်မည်” ဟု စကားခြေဆင်းခင်းထာသည်။ အကယ်၍ ကိုယ်တော်သည် စာတန်၏ လက်နက်တန်ဆာဖြစ်လျှင် စာတန် နှင့် စာတန်တိုက်ခိုက်ကြသည့်အဖြစ် ရောက်သွားမည်။ စာတန်နှင့် စာတန်ခိုက်ရန်ဖြစ်ပွားသည်ဟု ဆိုလျှင် ရီစရာဖြစ်ကုန်မည်။

၁၁:၁၉ ဒုတိယအချက်အနေဖြင့် ထိုအရပ်သူအရပ်သားအချို့သည်လည်း နတ်ဆိုးနှင် ထုတ်ကြသည် ဖြစ်ရာ ထိုသူများသည်လည်း ထိုနတ်ဆိုးကြီး၏ တန်ခိုးဖြင့် မောင်းထုတ်ခြင်းဖြစ်ကြပေမည်။ ယုဒများသည် ထိုအယူအဆကို ခါးသီးစွာ ငြင်းပယ်သူမျာဖြစ်သောကြောင့် ထိုသို့ ထောက်ပြခြင်းဖြစ်သည်။ မည်သို့ ချေပကြသနည်း။ ထို့ကြောင့်နတ်ဆိုးကို နှင်ထုတ်သည့်တန်ခိုးသည် ဘုရားသခင်ထံမှ လာသလား၊ နတ်ဆိုးကြီးထံမှ ရရှိသလား။ အကယ်၍ သခင်ယေရှုသည်လည်း နတ်ဆိုးထံမှ တန်ခိုးရယူခြင်းဖြစ်ပေ မည်။ နတ်ဆိုးထံမှ မဟုတ်ကြောင်း ငြင်းပယ်ကြလျှင် သခင်ယေရှု၏ တန်ခိုးသည်လည်း နတ်ဆိုးထံမှ ရရှိ ခြင်းမဖြစ်နိုင်။

၁၁:၂ဝ သခင်ယေရှုသည် ထိုနတ်ဆိုးအား ဘုရားသခင်၏ လက်ညွန်းထိုး၍မောင်းထုတ် ခြင်းဖြစ်သည်။ ဘုရားသခင်၏ လက်ညှိုးဆိုသည်မှာ အဘယ်နည်း။ ထိုအကြောင်းနှင့်ပတ်သက်၍ (မ ၁၂:၂၈)တွင် “ငါသည် ဘုရားသခင်၏ ဝိညာဉ်တော်ကို အမှီပြု၍ နတ်ဆိုးကိုနှင်ထုတ်သည်မှန်လျှင် အကယ်စင်စစ်ဘုရားသခင်၏ နိုင်ငံတော်တည်ချိန်ရောက်ပြီ ဟု ဖော်ပြထားသည်။ ထို့ကြောင့် ဘုရားသခင် ၏ ဝိညာဉ်တော်နှင့် အတူတူဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်ဖြင့် နတ်ဆိုးမောင်းထုတ်ခြင်းဖြစ်သော ကြောင့် ဘုရားသခင်၏ နုင်ငံတော်ရောက်လုနီးပြီဟု နားလည်ရသည်။ နိုင်ငံတော်တည်းဟူသော လူသား တော်ကိုယ်တိုင် ရောက်ရှိနေပြီ။ စင်စစ် သခင်ယေရှုသည် ဘုရားသခင်ဘိသိက်ပေးထားသူဖြစ်ကြောင်း၊ အံ့ဖွယ်နိမိတ်လက္ခဏာအဆင့်ဆင့်အမျိုးမျိုးဖြင့် သက်သေထူခဲ့ပြီးဖြစ်သည်။

၁၁:၂၁-၂၂ ယခထက်တိုင်အောင် စာတန်သည် လက်နက်အစုံစွမ်းအားကုန်ရှိနေသည်။ မည်သူကမှသူ့နေရာကို ဝင်ရောက်သိမ်းပိုက်နိုင်ခြင်းမရှိ။ မည်သူကမှစိမ်ခေါ်ခြင်းမပြုနိုင်။ ခွန်အားကြီးသော ကြောင့် မည်သူကမှ အနိုင်အထက်မပြုနိုင်ကြ။ ပိုင်ဆိုင်မှုများကိုဝင်ရောက်လုယူခြင်းမပြုနိုုင်။ သခင်ယေရှု သည် စာတန်ထက်ခွန်အားကြီးမားသူဖြစ်သည်။ အုပ်စိုးနိုင်သည်။ အနိုင်ရသည်။ စာတန်လုယက်သိမ်းယူ သော ပစ္စည်းများကိုလည်း ဖျက်ဆီးနိုင်စွမ်း ရှိသည်။ လက်နက် များကို လည်းသိမ်းပိုက်နိုင်စွမ်းရှိသည်။

ဤကျမ်းပိုဒ်သည် စာတန်က လူများကို အနိုင်ယူတိုက်ခိုက်နိုင်သည့် အကြောင်းရှင်းပြ ချက်သာဖြစ်သည်။

၁၁:၂၃ ဆက်ဆက်၍ သခင်ယေရှုက ကိုယ်တော်နှင့် အတူတူ မနေသူသည်ဆန့်ကျင် ဘက်လူဖြစ်သည်။ ကိုယ်တော်၌ စုသိမ်းခြင်း မရှိသော သူသည် ကြဲဖြန့်သောသူဖြစ်သည်ဟုဆိုသည်။ ဆရာကြီးတပါးကမူ လမ်းပေါ်မှာ မနေသောသူသည် လမ်းဘေးလူဖြစ်သည်ဟုဆိုဘူးသည်။ ဤကျမ်းပိုဒ် နှင့် (၉:၅၀)၏ ဝိရောမိကို တွေ့မြင်ခဲ့ကြပြီ။ ခရစ်တော်၏ နာမတော်၌ လုပ်ဆောင်ခြင်းဖြစ်လျှင် လွတ်လပ် စွာ လုပ်ပါလေစေ။ သို့သော ခရစ်တော်အတွက် မဟုတ်လျှင် ဆန့်ကျင်ဘက်လူဖြစ်သည်။ ခရစ်တော်၏ အမှုတော်၌ ခရစ်တော်အား ဆန့်ကျင်ခြင်းမရှိလျှင် လုပ်ပါစေ။ ဤကျမ်းပိုဒ်၏ ဆိုလိုရင်းမှာ ပထမတွင် ကယ်တင်ခြင်း၊ ထို့နောက်မှ အမှုတော်ဖြစ်သည်။


ဤပုံဥပမာသည် ဣသရေလသမိုင်းကြောင်းဖြစ်သည်ဟု သာမန်အားဖြင့် ယူဆနိုင်သည်။ ယုံကြည်သူများ၏ နောင်တရခြင်း၊ မိကျောင်းမျက်ရည်ကျခြင်း နှင့် အသစ်သောအသက်တာတွင်လည်း ပုံဥပမာကောင်းဖြစ်သည်။ နွေဦးကျ၍ ရွက်သစ်ဝေရုံမျှဖြင့် မလုံလောက်ပါ။ သခင်ယေရှုခရစ်တော်အားစိတ် နှလုံးပလ္လင်တွင် စိုးစံဖို့ နေရာပေးထားရမည်။ တနည်းအားဖြင့် ပြောင်းလဲပြီးမှ ဖောက်ပြန်သူသည် အပြစ် ဒုစရိုက်များကို လက်ရပ်ခေါ်နေသူဖြစ်သည်။ ဘက်စုံတောင့်စုံမှဝင်လာနိုင်သည်။

(ည) မယ်တော်မာရိထက်မင်္ဂလာရှိသူ (၁၁:၂၇-၂၈)

လူအုပ်ထဲမှ အမျိုးသမီးတဦး ထွက်လာပြီး သခင်ယေရှုအား လွယ်သောဝမ်းနှင့် စို့တော်မူ သောသား မြက်သည် မင်္ဂလာရှိပါ၏ ဟုချီးမွမ်းသည်။ သခင်ယေရှုက သူ့ကိုမွေးသော မယ်တော်မာရိသည် မင်္ဂလာရှိသူမဟုတ်ဟု မငြင်းပါ။  ထိုထက်မင်္ဂလာရှိသူမှာ နှုတ်ကပတ်တရားတော်ကိုနာ၍ ကျင့်ဆောင် သူဖြစ်သည် ဟုပြန်ဖြေသည်။တနည်းအားဖြင့် ကညာစင်မယ်တော်မာရိသည် သခင်ယေရှုအားမွေးဖွား၊ ကျွေးမွေး၊ စောင့်ရှောက်သောကြောင့် မင်္ဂလာရှိပါသည်။ သို့သော် ဇာတိအသွေးအသားဖြင့် ဆွေမျိုးတော် စပ်ခြင်းထက် ဝိညာဉ်တွင် တော်စပ်ခြင်းက ပိုအရေးကြီးသည်။ ဤကျမ်းစကားက မယ်တော်မာရိ ကိုးကွယ် သူများအားနှုတ်ပိတ်စေပါသည်။

(ဋ) ယောန၏ နိမိတ်လက္ခဏာ (၁၁:၂၉-၃၂)

၁၁:၂၉ (ငယ် ၁၆)တွင် သခင်ယေရှုအား အံ့ဖွယ် ကောင်းကင်လက္ခဏာပြသရန် တောင်းဆိုခဲ့ကြပုံဖော်ပြထားသည်။ ထိုတောင်းဆိုသူများသည် ဆိုးညစ်လှပါတကားဟု သခင်ဘုရားမှတ် ချက်ချသည်။ ထိုသူများသည် ယုဒလူမျိုးများဖြစ်ကြသည်။ ဘုရားသားတော်ကို ဖူးမျှော်ခွင့် ရကြသည်။ နှုတ်ကပတ်တော်ကြားနာခဲ့ကြသည်။ အံ့ဖွယ်လက္ခဏာများတွေ့မြင်ခဲ့ကြသည်။ သို့သော် ယုံကြည်ခြင်းမရှိ ကြသေး။ နိုးရခက်အောင် အိပ်ချင်ယောင်ဆောင်ကြသည်။ ထို့ကြောင့် သခင်ယေရှုက ယောန၏ လက္ခဏာ တပါးအခြား လက္ခဏာပြမည်မဟုတ် ဟုဆိုသည်။

၁၁:၃ဝ ထိုနိမိတ်လက္ခဏာပေါ်မှာ မတည်ပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌သာ အခြေပြုပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်မယုံကြည်လျှင် သေခြင်းမှ ထမြောက်ခြင်းအကြောင်း ကိုလည်း ယုံကြည်မည်မဟုတ်။ နိမိတ်လက္ခဏာပြမှ ယုံကြည်ခြင်းသည် အလိုတော်ရှိသော ယုံကြည်ခြင်း မဟုတ်။ ဟန်ဆောင်ခြင်းသာဖြစ်သည်။ လောကသားများက မြင်လျှင်ယုံမည်ဟု ပြောကြသည်။ ဘုရားသခင်က ယုံလျှင်မြင်ရမည် ဟုဆိုသည်။

(ဋ္ဌ) ဆီးမီးအိမ်ပုံဥပမာ (၁၁:၃၃-၃၆)

၁၁:၃၃ ဤဆီမီးအိမ်သည် အထက်တနေရာတွင် ဖော်ပြသော ဆီမီးခွက်နှင့် မဆက်စပ်ပါ။ သို့သော်လည်း သဘောသဘာဝချင်း နီးစပ်သည်။ ဆီမီးအိမ်ကို တောင်းမှောက်အုပ်ရိုးထုံးစံမရှိဟု ဆိုသည်။ အိမ်ထဲသို့ဝင်လာသူတိုင်း အလင်းရောင်မြင်နိုင်ရန် မီးတင်ခုံပေါ်တွင် ထားရသည်။

ဤပုံဥပမာတွင် ဘုရားသခင်သည် ဆီမီးခွက်ပိုင်ရှင်ဖြစ်သည်။ ခရစ်တော်နှင့် ခရစ်တော်၏ အမှုတော်ကို လောကသားများမြင်ကြစေရန် အလင်းပေးသည်။ အကယ်၍ ထိုအလင်းကို မမြင်ရလျှင် ဘုရားသခင်၏ ချို့ယွင်းချက်မဟုတ်။ မမြင်သူ၏ အားနည်းချက်သာ ဖြစ်သည်။ အခန်း ၈ တွင် တပည့်တော်များအား ယုံကြည်ခြင်းရှိရန်နှင့် တောင်းအောက်တွင် အလင်းမထားရကြောင်း ပြောခဲ့သည်။ ဤကျမ်းပိုဒ်တွင်မယုံကြည်သူများသည် တပ်မက်စိတ်နှင့် အရှက်အကြောက် ကြောင့် မမြင်ကြခြင်းဖြစ် သည်။

၁၁:၃၄ မယုံကြည်ခြင်းသည် မဖြူစင်သော စိတ်သဘောထား ဖြစ်သည်။ လူ့ကိုယ်ခန္ဓာနှင့် ပုံဥပမာပေးရလျှင် မျက်စိသည် တကိုယ်လုံးအား အလင်းရောင်ပေးနိုင်သည်။ မျက်စိကောင်းလျှင် အလင်း ရောင်မြင်နိုင်သည်။ မျက်စိမကောင်း၊ ကန်းနေလျှင် အလင်းမမြင်နိုင်။

ဝိညာဉ်နယ်ပယ်မှာလည်း ထိုကဲ့သို့ ဖြစ်သည်။ သခင်ယေရှုကို တွေ့မြင်လိုစိတ်ရှိလျှင် ဘုရားသခင်က တွေ့မြင်စေမည်။ တွေ့မြင်လိုစိတ်မရှိလျှင်၊ ပတ်ဝန်းကျင် မေးငေါ့မည်ကို ကြောက်လျှင် လောကအရာတပ်မက်နေလျှင် မြင်နိုင်မည်မဟုတ်။

၁၁:၃၅ ထိုသူများသည် သူ့တို့ကို သူတို့ပညာရှိများ ဟုထင်မှတ်နေကြသည်။ အလင်းရှိသူ များဖြစ်သည်ဟု ဘဝင်မြင့်နေကြသည် သို့သော် သခင်ယေရှုက သင်တို့တွင် ရှိသော အလင်းသည် စင်စစ် တွင်အမှောင်ဖြစ်သည်ဟု သတိပေးသည်။ ပညာရှိဟန်ဆောင်ခြင်းနှင့် ဟန်ကြီး ပန်ကြီးလုပ်ခြင်းက ကိယ်တော်ဘုရားကို မမြင်သာအောင် ဖုံးကွယ်နေသည်။

၁၁:၃၆ စိတ်သဘောဖြူစင်စွာဖြင့် ခရစ်တော်အား ရှုမြင်သူသည် လောကအလင်းဖြစ်၍ ဝိညာဉ်နယ်မြေတွင်လည်း အလင်းရောင်ထွန်းလင်းသည်။ သူ၏ စိတ်နှလုံးသည်လည်း ခရစ်တော်က အလင်းပေး သောကြောင့် အတွင်းအပြင် တကိုယ်လုံးထွန်းလင်းတောက်ပသည်။

(ဍ) အတွင်းအပြင်စင်ကြယ်ခြင်း (၁၁:၃၇-၄၁)

၁၁:၃၇-၄ဝ ဖာရိရှဲအိမ်သို့ ကိုယ်တော်ဘုရား ညစာစားပွဲကြွရောက်စဉ်တွင် လက်မဆေး ဘဲထမင်းသုံးဆောင်သည်ကို အိမ်ရှင် ဖာရိရှဲမျက်လုံးပြူးအံ့ဩသွားသည်။ ထိုဖာရိရှဲ၏ စိတ်နေသဘော ထားကို ကိုယ်တော်ထွင်းဖောက်သိမြင်၍ ပြစ်တင်ဆုံးမသည်။ သင်တို့သည် ပန်းကန်ခွက်ယောက်များကို စင်ကြယ်အောင်ဆေးကြောကြသော်လည်း စိတ်နှလုံးမူ ပုပ်ပွနေသည်ဟုဆိုသည်။ ဖာရိရှဲများသည် အပြင် ပန်းအားဖြင့် ဖြောင့်မတ်စင်ကြယ်ဟန်ရှိကြသော်လည်း အတွင်းစိတ် မနောမှာ ကောက်ကျစ်သူများဖြစ် သည်။ ကိုယ်တော်ဘုရားက ထိုသူများအား အပြင်ပန်းလက္ခဏာဖြူစင်သကဲ့သို့ စိတ်မနောကိုလည်းဖြူ စင်စေလိုသည်။ ကိုယ်တော်ဘုရားသည် စိတ်နှလု့းသဘောထားကို ဦးစားပေးစိတ်ဝင်စားသူဖြစ်သည်။ “လူသည်အဆင်းသဏ္ဍာန်ကို ကြည့်ရှုတတ်၏။ ထာဝရဘုရားမူကား နှလုံးကို ကြည့်ရှုတတ်သည်” (၁ရာ ၁၆:၇)။

၁၁:၄၁ သခင်ဘုရားက ကော်တရာကပ်စေးနဲဖာရိရှဲများအား သင်တို့ ပစ္စည်းများကို မရှိဆင်းရဲသားများအား ပေးလှူလော့၊ ထိုသို့ပေးလှူလျှင် စိတ်နှလုံးစင်ကြယ်သွားမည်ဟု ရှင်းပြသည်။ ထိုအကြောင်းကို H.A Ironside က ဤသို့ထောက်ခံသည်။

ဘုရားသခင်ကို ချစ်ချင်မြတ်နိုးစိတ်ပြည့်ဝလျှင် အခြားသူများကိုလည်း ပေးကမ်းကူညီချင် စိတ်ပေါက်ပွားလာသည်။ သူများကို ပေးကမ်းလှူဒါန်းချင်စိတ်မရှိသော ကပ်စေးနဲသည့် လူဆင်းရဲနှင့် မခြားနားပါ။ ရချင်မြဲရချင်နေသည်။ ပေးကမ်းလှူဒါန်းခြင်းသည် ဘုရားသခင်၏ ချစ်ခြင်း မေတ္တာခံယူ ရရှိသူ ဖြစ်သည်။၃၉ ရှေးဆရာကြီးတပါးကလည်း ဤသို့ဆိုဘူးသည်။ (ငယ် ၃၉-၅၂) တွင် ဖော်ပြချက်သည် ဖာရိရှဲ အိမ်ညစာစားပွဲတွင် ပြောသော (ငယ် ၃၇)နှင့် ကွဲပြားနေသည်။ အရသာကောင်းသောအရာ ဖြင့် သမ္မာ တရားယုံကြည်ခြင်းအား အစားထိုးတတ်ကြသည်။ သဘောခွေ့သည်အခါ ပြုံးပြသည်။ စကားပြောသည့် အခါ တိတ်ဆိတ်ကြသည်။ ဘုရားသခင်အား ယုံကြည်ခြင်းကို ရပ်နားခြင်းထက် ညစာစားပွဲအစီအစဉ်အား ဖျက်သိမ်းခြင်းက ပိုကောင်းပါသည်။

(ဃ) ဖာရိရှဲများအား အပြစ်တင်ခြင်း (၁၁:၄၂-၄၄)

၁၁:၄၂ ဖာရိရှဲများသည် အပြင်ပန်းလက္ခဏာကို လူမြင်ကောင်းအောင် လုပ်တတ်သူများ ဖြစ်သည်။ အသေးဖွဲ့မှစ၍ ထုံးတမ်းစဉ်လာလိုက်နာကြသည်။ ပင်းစိမ်းရွက်၊ ရှမ်းနံနံပင်မှစ၍ ဆယ်ဖို့တစ်ဖို့ ပေးလှူကြသည်။ သို့သော် ဘုရားသခင်နှင့် လူအကြားဆက်ဆံရေးတွင် အဓိက အချက် မေ့လျော့ပျက် ကွက်ကြသည် မရှိဆင်းရဲသားများကို အထင်သေးခြင်းဖြင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပျောက်ဆုံး စေကြသည်။ ဆယ်ဖို့တစ်ဖို့ ပေးလှူခြင်းနှင့် ပတ်သက်၍ ထောက်ပြအပြစ်ဆိုစရာမရှိပါ။ သို့သော် ပဓါန အချက်ဖြစ်သော ဖြောင့်မတ်ခြင်းနှင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမရှိကြ။ ထိုသူများ အလေးပေးချက် သည် သာမညအသေးအဖွဲကိစ္စသာဖြစ်သည်။ မယောင်ရာ ဆီလူးခြင်းဖြစ်သည်။ သူများအမြင်ကောင်း အောင်လုပ်ကြသော်လည်း ဘုရားမြင်အောင် မလုပ်ကြပါ။

၁၁:၄၃ တရားစရပ်တွင် စာတန်ခိုကပ်လျက်မိမိကိုယ်ကိုချစ်ခင်ကြသည်။ ဈေးလယ်ပွဲရုံ များတွင် လူများမြင်သာအောင် ကြောင်သူတော်လုပ်ကြသည်။ ထိုသို့ပြုလုပ်ခြင်းသည် အပြစ်ဒုစရိုက် မဟုတ်သော်လည်း မိမိကိုယ်ကို အထင်ကြီး၊ ဘဝင်မြင့်ခြင်းဖြစ်သည်။

၁၁:၄၄ နောက်ဆုံးအနေဖြင့် ထိုသူများကို ခရစ်တော်ဘုရားက မထင်မရှားသောသင်္ချိုင်း ကုန်းနှင့် ပုံနှိုင်းထားသည်။ မောရှေပညတ်တရားအရ သင်္ချိုင်းကုန်းမြေကိုင်တွယ်ထိတွေ့သူသည် ခုနှစ်ရက် ပတ်လုံးမစင်ကြယ် (တော ၁၉:၁၆)။ ထိုအချိန်ကာလတွင် သင်္ချိုင်းကုန်းကို မည်ကဲ့သို့ ပြင်ဆင်ထားသည် ကို မသိပါ။ ဖာရိရှဲများသည် အပြင်ပန်လက္ခဏာအားဖြင့် ဘုရားတရားကိုင်းရှိုင်းသူများနှင့် တူသည်။ သို့သော်အတွင်းစိတ်သဘောမှာ စင်ကြယ်ခြင်းမရှိ။၊ ထိန်းသိမ်းပြုပြင်ခြင်းမရှိသော သင်္ချိုင်းကုန်းအုတ်ဂူ နှင့်တူသည်။ ဖြစ်ချင်တိုင်းဖြစ်၊ ပျက်ချင်တိုင်းပျက်၊ လုပ်ချင်တိုင်း လုပ်ကာ ပု့ပ်စော်နံနေသည်။ ထို အုပ်ဂူ များနှင့် ဖာရိရှဲများသည် အတူတူဖြစ်သည်။

(ဏ) ကျမ်းတတ်ဆရာများ ပြစ်တင်ခြင်း (၁၁:၄၅-၅၂)

၁၁:၄၅ ကျမ်းတတ်ပုဂ္ဂိုလ်ဆိုသည်မှာ မောရှေစီရင်ထုံးကို ထုံးလိုမွှေရေလိုနှောက်၍ ရှင်းပြ၊ အနက်ဖွင့် ပြနိုင်သူများဖြစ်သည်။ မည်မျှပင်တော်ကြစေကာမူမည်ကဲ့သို့ လုပ်ကိုင်ရကြောင်းပြောပြတတ် သူများသာ ဖြစ်သည်။ သူတို့ကိုယ်တိုင် နာမူနာပြလုပ်ကိုင် ကျင့်ကြံခြင်းမရှိကြ။ သခင်ယေရှုက ဖာရိရှဲများ နှင့် ကျမ်းတတ်ပုဂ္ဂိုလ်များအား သင်္ချိုင်းကုန်းနှင့် တစ်တစ်ခွခွ နှိုင်းယှဉ် သောအခါ ထိုသူများ အားစော် ကားရာရောက်ကြောင်း၊ ကျမ်းတတ်ပုဂ္ဂိုလ်တဦးက တုံ့ပြန်စကားဆိုလာသည်။

၁၁:၄၆ ထိုစကားကို တည်၍ သခင်ယေရှုက ကျမ်းတတ်များ၏ အပြစ်များကို ထုတ်ဖော် ထောက်ပြသည်။ ပထမဦးဆုံးအချက်မှာ ကျမ်းတတ်ပုဂ္ဂိုလ်များသည် မိမိတု့ိမလိုက်နာနိုင်သော ဝန်ထုတ် ဝန်ပိုးများကို အခြားသူများ ပုခုံးပေါ်သို့တင်ပေးသည်။ ထိုအကြောင်းကို Kelly က “သူတို့၏ အရေးပါအရာ ရောက်မှုကို ခုတုံးလုပ်သော စက်ဆုပ်ရွံရှာဖွယ်ရာများဖြစ်သည်”။၄၀ ဟုမှတ်ချက်ပြုသည်။ အရေးမပါအရာ မရောက်သော စည်းကမ်းဥပမာများ ပြဌာန်းကြသည်။

၁၁:၄၇-၄၈ ကျမ်းတတ်ပုဂ္ဂိုလ်များသည် မျက်နှာ ဖုံးစွပ်လူသက်သမားများဖြစ်သည်။ ဘုရားသခင်၏ ပရောဖက်များဟန်ဆောင်ကြသည်။ ဘိုးဘေးများ၊ ရှေးပရောဖက်များ၏ အုတ်ဂူများကို လွန်ကျူးသူများ ဖြစ်သည်။ ထိုစကားကို အမှတ်တမဲ့ နားထောင်လျှင် ရိုသေကိုင်းရှိုင်းသည်ဟု ယူဆနိုင် သည်။ သို့သော် သခင်ယေရှုဆိုလိုသည်မှာ ထိုသို့မဟုတ်ပါ။ ဘိုးဘေးများသည် ပရောဖက်များကို သတ်ဖြတ်ခဲ့ကြသည်။ ထိုခြေရာလိုက်နင်းနေကြသည်ဟု ဆိုလိုသည်။ ထိုကာလတွင် ပရောဖက်များအ တွက် အုတ်ဂူပြင်ဆင်ကြသည်။ ဘုရားသခင်၏ အမြင့်ဆုံးသော ပရောဖက်၏ အသက်ကို အန္တရာယ်ပြု ကြ သည်။ ထို့နောက်ဘုရားသခင်၏ သစ္စာရှင်ပရောဖက်နှင့် တမန်တော်များကိုရန်ရှာကြဦးမည်။

၁၁:၄၉ ဤကျမ်းပိုဒ်နှင့် (မ ၂၃:၃၄)ကို ယှဉ်ဖတ်လျှင် သခင်ယေရှုကိုယ်တိုင်သည် ဘုရားသခင်၏ ဉာဏ်ပညာတော်အဖြစ် မြင်ကြမည်။ ဘုရားသခင်၏ ဉာဏ်တော်ကို ကိုးကားမှီတင်းလျက် ပရောဖက်၊ တမန်တော်တို့ကို စေလွှတ်မည်ဟု ဆိုထားသည်။ ရှင်မဿဲ ခရစ်ဝင်ကျမ်းတွင် မူ အခြားကျမ်း ပိုဒ်၊ အခြားအကိုးအကားမှီငြမ်းခြင်းမပြု။ ရိုးစင်းစွာ ပကတိအတိုင်းရေးထားသည်။ (၁ကော ၁:၃၀)တွင် လည်းခရစ်တော်ကို ဉာဏ်ပညာအဖြစ်ထိုတ်ဖော်ထားသည်။) သခင်ယေရှုက ပရောဖက်နှင့် တမန်တော် များစေလွှတ်မည်ဟု ကတိတော်ပြုထားသည်။ ထိုသူများကိုလောက သားများက ညှဉ်းပန်းသတ်ဖြတ်ကြဦး မည်ဟု ဗျာဒိတ်တော် ပေးထားသည်။

၁၁:၅၀-၅၁ ဓမ္မဟောင်းကျမ်းတွင် မှတ်တမ်းတင်ထားသော အာဗေလမှစပြု၍ နောက်ဆုံး ယဇ်ပလ္လင်နှင့် အိမ်တော်အကြားတွင် သတ်ခဲ့ကြသော ဇာခရိ (၆ရာ ၂၄:၂၁) တို့၏ သွေးများသည် ကမ္ဘာ အဆက်ဆက်သတ်ဖြတ်ခံရသော ပရောဖက်များက စကားပြောတရားစွဲဆိုကြမည်။ ရာဇဝင်ချုပ်ဒုတိယ စာစောင်သည် ယုဒများ၏ နောက်ဆုံးကျမ်းဖြစ်သည်။ ထို့ကြောင့် သခင်ယေရှုက ကမ္ဘာဦးကျမ်းအစက အာဗေလမှစ၍ နောက်ဆုံးကျမ်းရှိ ဇာခရိထိ ရည်ညွန်းခြင်းဖြစ်သည်။ ထိုခေတ်ကာလလူများက ကိုယ်တော်ဘုရားအား လက်ဝါးကပ်တိုင်သို့ ပို့ဆောင်ကွပ်မျက်ကြမည့်အကြောင်းလည်းသိသည်။ ဘုရား သခင်၏ လူများအား အဆုံးစွန်ညှဉ်းပန်းနှိပ်စက်ကြမည့်အကြောင်းလည်းဖြစ်သည်။ အဘယ်ကြောင့်ဆို သော်ထိုသူများ၏ သွေးသည် ယုဒများထံသို့ စီးဆင်းလိမ့်မည်ဟု ဆိုထားသည်။

၁၁:၅၂ နောက်ဆုံးအပြစ်တင်ချက်မှာ ကျမ်းတတ်ပုဂ္ဂိုလ်များသည် ပညာဖွင့်သော သော့ကို သိမ်းထားကြသည်။ ထိုစကားမှာ နှုတ်ကပတ်တော်အား လူထုပရိသတ်ထံ မရောက်ရှိအောင် တားဆီးခြင်း ဖြစ်သည်။ ကျမ်းတတ်ဆရာများသည် အပြင်ပန်းလက္ခဏာအားဖြင့် ဘုရားတရားကိုင်းရှိုင်း ဟန်ရှိကြသော်လည်း ထိုကျမ်းစာပိုင်ရှင် သခင်ကိုမူကာ လက်မခံနိုင်။ ငြင်းပယ်ကြသည်။ ခရစ်တော်အား လက်မခံနိုင်အောင် ပရိသတ်ကို ဟန့်တားကြသည်။ သူတို့ ကိုယ်တိုင်က သခင်ယေရှုကို လက်မခံသကဲ့သို့ အခြားသူများကိုလည်း လက်မခံစေချင်ကြပါ။

(ဎ) ကျမ်းတတ်ပုဂ္ဂိုလ်နှင့် ဖာရိရှဲများ၏ တုံ့ပြန်ချက် (၁၁:၅၃-၅၄)

သခင်ယေရှု၏ စွပ်စွဲချက်ကို ကြားသိသောအခါ ကျမ်းတတ်ပုဂ္ဂိုလ်များနှင့် ဖာရိရှဲတို့သည် အမျက်ဒေါသထွက်လျက် ဖီလာဆန့်ကျင်ကြသည်။ ချောင်းမြောင်းကြသည်။ စကားဖြင့် ထောင်ချောက် ဆင်ကြသည်။ သခင်ဘုရားအား သေကြောင်းကြံကြသည်။ မာယာထောင်ချောက် နည်းလမ်းပေါင်းစုံသုံး၍ လှည့်ဖျားကြသည်။ ထိုသို့ ပြုမူခြင်းအားဖြင့် ကျမ်းတတ်ပုဂ္ဂိုလ်များနှင့် ဖာရိရှဲများ၏ ဇာတိရုပ်စိတ်ဓါတ်ကို ပိုမိုမြင်သာနိုင်သည်။

 

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။