ဟေရှာယအနာဂတ္တိကျမ်း - ၇
ဟေရှာယအနာဂတ္တိကျမ်း - ၇ (အနက်ဖွင့်)
(ဂ)ဧမာနွေလဘုရား(အခန်း၇-၁၂)
၁။ အံ့ဩဖွယ်ရာဖွားမြင်တော်မူခန်း(အခန်း၇)
၇:၁-၂ ခရစ်တော်ဘုရားပေါ်ထွန်းမည့်အကြောင်းပရောဖက်ပြုချက်များ ဖြစ်သောကြောင့် (အခန်း၇-၁၂)ကိုဧမာနွေလဝတ္တုတော်ဟုဆိုကြသည်။
အခန်း၆နှင့်၇အကြားတွင် ဟေရှာယသည်ယောသိမ်နှင့်အာခပ်မင်း အကြောင်းကိုချန်လှပ်ထားသည်။ ရှုရိနှင့်ဣသရေလ(ဧဖရိမ်)တို့မဟာမိတ်ပေါင်း ဖက်၍၊ ယုဒနှင့်ယေရုရှလင်အားခြိမ်းခြောက်အန်တု သည့်အချိန်ကာလဖြစ် သည်။
၇:၃ ဟေရှာယနှင့်သားယာရှုပ်သည်ခဝါသည်၏လယ်ထိပ်ရေပြွန်ပေါက် တွင်အာဟပ်မင်းအားသွားရောက်ကြိုဆိုကြသည်။ မြို့သူမြို့သားများရေဖူလုံဖို့ အာခပ်မင်းသွားရောက်ကြည့်ရှုစစ်ဆေးခြင်းဖြစ်နိုင်သည်။ ထိုခဝါသည်၏အ လယ်တွင်ရေချိုးအဝတ်လျှော်နေလှမ်းကြသဖြင့်သွားရောက်ကြည့်ရှုခြင်းဖြစ် မည်။
၇:၄-၉ ပရောဖက်ဟေရှာယအားကြောက်ရွံ့စိုးရိမ်ဖို့မရှိဖို့ဘုရားသခင်က မှာထားသည်။ ရှုရိမင်းနှင့်ဣသရေလ(ရေဇိန်နှင့်ပေကာ)တို့သည်ထင်းစပမာ အမျက်ဒေါသခိုးတငွေ့ငွေ့ထွက်ကြသော်လည်းမကြောက်နှင့်။
ထိုသူများသည်ယုဒပြည်အားတိုက်ခိုက်သိမ်းပိုက်၍တာဗေလ၏သား အားရုပ်သေးဘုရင်အဖြစ်တင်မြှောက်၍ကြံစည်ကြသော်လည်းအထမမြောက်။ (ရှုရိပြည်ဣသရေလတို့သည်ယုဒပြည်ကိုမတိုက်ခိုက်ဖြစ်။ ထိုသူများထက်အာရှု ရိပြည်ကလက်ဦးသွားသည်)။ ရှုရိပြည်၏မြို့တော်သည်ဒမာသက်မြို့ဖြစ်၍၊ရေဇိန်မင်းကအုပ်စိုးသည်။ ၆၅နှစ်ကြာသောအခါဣသရေလပြည်ကိုတိုက်ခိုက် အောင်မြင်သည်(၄ရာ၁၇တစ်ခုလုံး)။ ဣသရေလမြို့တော်သည်ရှမာရိဖြစ်၍၊နိုင်ငံ ခေါင်းဆောင်မှာပေကာဖြစ်သည်။ အာခပ်မင်းသည်ဘုရားသခင်၏နှုတ်ကပတ် တော်ကိုအယုံအကြည်မရှိသောကြောင့်တိုင်းပြည်ဖွံ့ဖြိုးခိုင်ခံ့အောင်ပြင်ဆင် ခြင်းမပြု။
၇:၁၀-၁၃ ဘုရားသခင်ကအာခပ်မင်းအားရှုရိနှင့်ဣသရေလတို့မဟာ မိတ်ပြု၍ယုဒပြည်အားမတိုက်ခိုက်မည့်အကြောင်းမြေကြီးပေါ်မှာအမှတ်လက္ခ ဏာတစ်ခုခုပြု၍ဖြစ်စေ၊ ကောင်းကင်ကိုတိုင်၍ဖြစ်စေဘုရားသခင်ထံတောင်းပန် ခိုင်းသည်။ အာရှုရိပြည်၏ရန်အားမစိုးရိမ်ရသဖြင့်အာခပ်မင်းလည်းဘုရားစ ကားတော်အားနားမထောင်။ မထီလေးစားပစ်ပယ်သည်။ ဘုရားသခင်ကထိုဘုရင်၏အပြုအမူအားမနှစ်သက်ရှုတ်ချသဖြင့်အခြားနည်းလမ်းဖြင့်အမှတ်လက္ခ ဏာပေးလိုက်သည်။ ထိုအကြောင်းကိုVine ကဤသို့ရှင်းပြသည်။
အာခပ်ကတောင်းပန်ခြင်းအမှတ်လက္ခဏာတစ်ခုခုပြုလုပ်ရန်ငြင်းဆန် သောအခါ၊ဘုရားသခင်သည်အစီအစဉ်တစ်ခုခုချမှတ်ရတော့မည်။ ရှေးယခင်က ကတိတော်ပြုခဲ့ချက်များသည်အာဟပ်မင်းနှင့်မသက်ဆိုင်စေရ။ “ဒါဝိဒ်အိမ် တော်”နှင့်ဆိုင်သောပရောဖက်ပြုချက်များသည်အာခပ်မင်းနှင့်ထီးစဉ်နန်း ဆက်များသို့အကျိုးသက်ရောက်ခွင့်မရှိ။ ကောင်းကြီးမင်္ဂလာများနှင့်ဘုန်းတန်ခိုး များခံစားကြမည့်ကတိတော်များရပ်စဲသွားသည်။၁၅
၇:၁၄ ထို့ကြောင့်ဘုရားသခင်ကိုယ်တော်ကိုအာခပ်မင်းလက်ထက်တွင်အ မှတ်လက္ခဏာပြုခဲ့သည်။ ကာလအတန်ကြာလာသောအခါ(ခရစ်တော်ဘုရားပထမအကြိမ်ကြွလာခြင်း)ပြီးပြည့်စုံလာသည်။ အပိုဒ်ငယ်၁၄သည် အပျိုကညာမှ သားတော်မွေးဖွားမည့်အကြောင်း၊ ထိုသားတော်၏အမည်နာမတော်ကိုဧမာနွေလ(ငါတို့နှင့်အတူတကွရှိတော်မူသောဘုရားဟုအနက်ရသည်)ဟုနာမတော်ရ မည့်အကြောင်းဖြစ်သည်။ ထိုအကြောင်းကိုVineကဤသို့ရေးသားထားသည်။
“ဟေရှာယနားထောင်လော့။ သင့်ကိုရူပါရုံဖော်ပြလေ့ရှိသည်နှင့်အညီအ နာဂတ်တွင်ဖြစ်ပျက်မည့်အရာကိုပြဦးမည်။ Almah(မကြုံမဘူးဟုအနက်ရသည်။) ကြုံဘူးမှယုံနိုင်စဖွယ်ဖြစ်အောင်bethulah (မိဘရင်ခွင်တွင်နေ၍အိမ် ထောင်မကျသေးသူ)အပျိုကညာသည် ထိမ်းမြားလက်ထက်သည့်ပျိုကညာကဲ့သို့ရင့်ကျက်မည်။”၁၇
၇:၁၅-၁၇ အပိုဒ်ငယ်၁၅၊၁၆တွင်ပါရှိသည့်ဟေရှာယ၏ဒုတိယသား၊ ၈:၁၈ တွင်ထပ်မံရည်ညွန်းသည့် Shala-Hash Baz ဖြစ်ကောင်းဖြစ်နိုင်သည်။ ထို နေ့ရက်ကာလမရောက်မှီပျားရည်နှင့်နို့စိမ်းကိုသာဆင်းရဲစွာမှီဝဲစားသောက်ရသည်။ ထိုအချိန်ကာလမရောက်မီ၊ ရှုရိပြည်နှင့်ဣသရေလတို့သည်မင်းအချင်း ချင်း နှစ်ပြည့်တပြည့်မဟာမိတ်ပြုကြသဖြင့်ယုဒများသည်တွေးပူစရာမဟုတ်။ သို့သော်လည်းယုဒလူမျိုးသည်အာရှုရိနှင့်ပေါင်းဖက်သောကြောင့်အပြစ်ပေး ခြင်းခံရမည်။ မည်သို့အပြစ်ပေးသနည်း။
၇:၁၈-၂၂ဘုရားသခင်က ခရာတချက်တွက်သည်နှင့်တပြိုက်နက် ယင်ကောင်(အဲဂုတ္တုပြည်သား)နှင့်ပျား(အာရှုရိပြည်သား)များသည်ယုဒပြည်အနှံ့ ပျားပန်းခတ်ဝင်ရောက်လာကြမည်။ အာရှုရိများသည်ဘုရားသခင်ငှားသော သင်ဓုန်းဓါး၊ အရှက်သိက္ခာမကျန်အောင်ရိတ်သည့်အခါဓါးဖြစ်သည်။
ထိုအကြောင်းကိုJenningကဤသို့ရှင်းပြထားသည်။
ထိုနေ့ရက်ကာလတွင် ယုဒပြည်သည်ကုန်းကောက်စရာမရှိအောင်ဆင်းရဲ မည်။ ချမ်းသာသမျှသောနွားတကောင်၊ ဆိတ်သို့မဟုတ်၊ သိုးနှစ်ကောင်နှင့်မထွန် ယက်မစိုက်ပျိုးသောတောင်ရိုင်းမြေသာရှိသည်။ ထိုတိရစ္ဆာန်သုံးကောင်၏လုပ် စာမျှော်လင့်နေကြမည်။၁၈
၇:၂၃-၂၅ ယခင်ကထွန်ယက်လုပ်ကိုင်သောလယ်ယာမြေများတွင်လည်း ဆူးခြုံတောဖုံးလွှမ်းမည်။ ပေါက်တူးချစရာမရှိအောင်ကျစ်လစ်မာတောင့်သဖြင့် မျိုးကြဲ၍မရ။ တိရစ္ဆာန်စားကျက်မြေသာဖြစ်သွားမည်။ သိုး၊ဆိတ်ကျော်နင်းရာနွားစာကျက်မြေဖြစ်သွားမည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။