ဟေရှာယအနာဂတ္တိကျမ်း - ၆၁
ဟေရှာယအနာဂတ္တိကျမ်း - ၆၁ (အနက်ဖွင့်)
၄၊၊မေရှိယသခင်၏အမှုတော်(အခန်း၆၁)
၆၁:၁-၄ ဤကျမ်းပိုဒ်တွင်စကားပြောသူသည်သခင်ယေရှုခရစ်တော်ဖြစ် သည်။ နာဇရက်တရားစရပ်တွင်ပြောခဲ့သောစကား(လု၄:၁၆-၂၁)ကိုအခန်း ငယ်၁-၂တွင်ပြန်လည်ဖော်ပြထားသည်။ ”ယနေ့ပင်ဤကျမ်းစာချက်သည် သင်တို့ကြားသည့်အ တိုင်းပြည့်စုံလေပြီ”(လု၄:၂၁)။ ခရစ်တော်သည်ယော်ဒန် မြစ်တွင်နှစ်ခြင်းမင်္ဂလာခံယူစဉ်သန့်ရှင်းဝိညာဉ်တော်ဖြင့်ထပ်မံဘိသိက်ပေး ထားသည်။ လူ့လောကတွင်အမှုတော်ပြုနေစဉ်တွင်လည်းကောင်းမှုကုသိုလ်အကျင့်သီလများပြုခဲ့သည်။ ဆင်းရဲသားများကယ်တင်သည်။ စိတ်နှလုံးကြေ ကွဲဝမ်းနည်းသူများငြိမ်သက်ဆောက်တည်ရာပေးသည်။ အပြစ်ဒုစရိုက်နွံနစ်သူ များလွတ်မြောက်စေသည်။ အကျဉ်းခံရသူများမျက်စိပွင့်လင်းစေသည်။ အချုပ်ခံရသူများလွတ်မြောက်စေသည်။ သို့သော်ထာဝရဘုရား၏မင်္ဂလာနှစ်နောက် တွင်အပြစ်ပေးရာနေ့ရက်ကာလရောက်လာမည်။ အဘယ့်ကြောင့်ဆိုသော်ဘု ရားသခင်၏အရေးယူအပြစ်ပေးမည့်ကာလရောက်လာဦးမည်ဟုဆိုထားသည်။ ထိုအမှုအရာများသည်ခရစ်တော်ဘုရားဒုတိယအကြိမ်ပြန်လည်ကြွလာသည့် အချိန်တွင်ပြည့်စုံမည်။ ဘုန်းတန်ခိုးနှင့်ပေါ်ထွန်းလာသောအခါဘုရားသခင်၏ တရားစီရင်မည့်နေ့ကြေညာမည်။ ဇိအုန်တောင်ပေါ်တွင်ငြိမ်သက်ချမ်းသာရ မည့်အကြောင်းနှစ်သိမ့်မည်။ ပြာအိုးနေရာ၌ပေါင်းသရဖူ၊ဝမ်းနည်းခြင်းအရာ၌ ဝမ်းမြောက်ခြင်းဆီ၊ညှိုးငယ်သောစိတ်သဘောအရာ၌ချီးမွမ်းခြင်းအဝတ်တန်ဆာတို့ကိုပေးမည်ဟုကတိတော်ပြုထားသည်။ ရွေးကောက်ထားသူများကို ဖြောင့်မတ်ခြင်းသစ်ပင်ဟုသမုသ်ကြမည်။ ဘုရားသခင်စိုက်ပျိုးထာခြင်းဖြစ်၍ ဘုန်းတန်ခိုးနှင့်ပြည့်စုံမည်။ ပျက်စီးသွားသောအရာများကိုလည်းကတိတော်မြေ ပေါ်တွင်ပြန်လည်တည်ဆောက်ကြရမည်။
၆၁:၅-၉ နိုင်ငံရပ်ခြားတိုင်းတပါးသားများကဣသရေလတို့မြေအားချီး မွမ်းစကားဆိုကြမည်။ ယဇ်ပုရောဟိတ်များနှင့်ဘုရားသခင်၏အစေခံများပီသ ပါပေသည်ဟုဂုဏ်ပြုကြမည်။ တပါးအမျိုးသားတို့၏ကြွယ်ဝချမ်းသာသူများ သည်ယုဒများထံသို့ဓာတ်ကူးလာမည်။ စစ်သူကြီးများ၏အခန်းကဏ္ဍာပြီးဆုံး မည်။ ဘုရားသခင်၏လူများကရရှိကြသောကြောင့်နှစ်ထပ်ကွမ်းပျော်ရွှင်ကြ မည်။ (အပိုဒ်ငယ်၇တွင်ပါရှိသော”သင်”နှင့်”သူတို့”သည်အတူတူဖြစ်သည်။ ယုဒများကိုရည်ညွှန်းသည်)။ ဘုရားသခင်၏လူများမတရားမှုအနိုင်အထက် ပြုမှု၊ဆင်းရဲမှုခံစားခံရပုံကိုဘုရားသခင်ကလက်ဆောင်ဖြင့်ဖြေသိမ့်မည်။ ထိုလက်ဆောင်မှာထိုသူများနှင့်အတူထာဝရကာလဘုရားသခင်စိုးစံမည့် အကြောင်းဖြစ်သည်။ ထို့သို့ဖြင့်ကောင်းကြီးပေးတော်မူသောယေဟောဝါဘုရားကိုပိုမိုသိကျွမ်းကြမည်။ ထိုကျမ်းစကားသည်ဘုရားသခင်၏ပဋိညာဉ်အသစ် ဖြစ်သည်(ယေ၃၁:၃၁-၃၄၊ဟေဗြဲ၈:၈-၁၂)
၆၁:၁၀-၁၁ မေရှိယသခင်ကရွေးနှုတ်ထားသောလူနည်းစုအားဦးဆောင် ၍ဘုန်းတန်ခိုးပြည့်စုံသောကယ်တင်ခြင်းနှင့်ဖြောင့်မတ်ခြင်းအဝတ်တန်ဆာဆင် မြန်းကြမည်။ ဘုရားသခင်ပေးထားသောထိုအခမ်းအနားဝတ်စုံများဆင်မြန်း ၍တိုင်းနိုင်ငံများအနှစ်တစ်ထောင်နိုင်ငံတော်ထဲသို့မဝင်မီ၊ဣသရေလလူများနှင့် ချီးမွမ်းသီဆိုကြမည်။ (အပိုဒ်ငယ်၁၀-၁၁ တွင်စကားပြောသူသည်ဟေရှာယ ကဇိအုန်တောင်ပေါ်မှပြောခြင်းဖြစ်သည်။ သို့မဟုတ်မေရှိယကိုယ်တိုင်လည်း ဖြစ်နိုင်သည်။ အပိုဒ်ငယ်၁-၃တွင်စကားပြောသူနှင့်အတူတူဖြစ်သည်ဟုဆိုချင် ပါသည်)။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။