ဟေရှာယအနာဂတ္တိကျမ်း - ၁၃

ဗာဗုလုန်ကိုဒဏ်ခတ်မည်
1ဗာဗုလုန်မြို့ကိုရည်ဆောင်၍ အာမုတ်၏သားဟေရှာယခံရသော ဗျာဒိတ်တော်အချက်ဟူမူကား၊ 2ရှင်းလင်းသောတောင်ပေါ်မှာ အလံကိုထူကြ။ ကျယ်သောအသံနှင့် အော်ဟစ်ကြ။ လက်ကိုလှုပ်ကြ။ သူတို့သည် မင်းတို့နေရာ တံခါးများကို ဝင်ကြစေ။ 3ငါသန့်ရှင်းစေသောသူတို့ကို ငါမှာထားပြီ။ ငါပေးသောဘုန်းအာနုဘော်ကြောင့် ဝမ်းမြောက်သောသူ၊ ငါ၏သူရဲတို့ကို ငါ့အမျက်ပြေစေခြင်းငှာ ငါခေါ်ပြီ။ 4ကြီးစွာသော အလုံးအရင်း၏အသံကဲ့သို့ တောင်တို့အပေါ်မှာ လူများ၏အသံဗလံ၊ စုဝေးသော တိုင်းသူပြည်သားများတို့၏ အုတ်အုတ်ကျက်ကျက်သော အသံဗလံရှိသည်နှင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် စစ်တိုက်ခြင်းငှာ၊ အလုံးအရင်းကို စီရင်ခင်းကျင်းတော်မူ၏။ 5ထာဝရဘုရားနှင့် အတူတကွ အမျက်တော်လက်နက်တို့သည် တစ်ပြည်လုံးကို ဖျက်ဆီးခြင်းငှာ၊ ဝေးသောပြည်၊ ကောင်းကင်စွန်းမှလာကြ၏။
6ထာဝရဘုရား၏နေ့ရက်သည် နီးသောကြောင့်၊ ငိုကြွေးမြည်တမ်းကြလော့။ အနန္တတန်ခိုးရှင်စီရင်တော်မူသော ဘေးအန္တရာယ်ကဲ့သို့ လာလိမ့်မည်။ 7ထိုကြောင့်၊ ရှိသမျှသောလက်တို့သည် ကျကြလိမ့်မည်။ လူအပေါင်းတို့သည် စိတ်ပျက်၍ ကြောက်လန့်ခြင်းသို့ ရောက်ကြလိမ့်မည်။ 8နာခြင်းဝေဒနာအမျိုးမျိုးကို ခံရကြလိမ့်မည်။ သားဖွားသောမိန်းမကဲ့သို့ ဝေဒနာကိုခံရလျက်၊ တစ်ယောက်ကိုတစ်ယောက် ကြည့်ရှု၍ မှိုင်တွေသဖြင့်၊ သူတို့မျက်နှာသည် မီးလျှံအဆင်းရှိလိမ့်မည်။ 9ထိုပြည်ကို ဖျက်ဆီး၍၊ အပြစ်ကြီးသော ပြည်သူပြည်သားတို့ကို သုတ်သင်ပယ်ရှင်းခြင်းငှာ၊ ထာဝရဘုရား၏ ကြမ်းကြုတ်သော နေ့ရက်သည် ပြင်းထန်သောဒေါသ အမျက်ထွက်လျက်လာလိမ့်မည်။ 10မိုးကောင်းကင်ကြယ်နက္ခတ်တို့သည် အလင်းကိုမပေး။ နေသည်လည်း ထွက်သောအခါမိုက်လျက်၊ လသည်လည်း မထွန်းမလင်းဘဲလျက် ရှိလိမ့်မည်။ 11ထိုလောကီနိုင်ငံ၏အပြစ်ကိုလည်းကောင်း၊ မတရားသောသူတို့၏ဒုစရိုက်များကိုလည်းကောင်း ငါစစ်ကြောမည်။ မာနကြီးသောသူတို့၏ထောင်လွှားခြင်းကို ငါနှိပ်စက်၍၊ ကြမ်းကြုတ်သောသူတို့၏ စော်ကားခြင်းကို ငါနှိမ့်ချမည်။ 12လူသည် ရွှေစင်ထက် အဖိုးထိုက်မည်အကြောင်း၊ ဆင်းရဲသားသည် ဩဖိရရွှေကျောက်ထက် အဖိုးထိုက်မည်အကြောင်း ငါပြုမည်။ 13သို့ဖြစ်၍၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ ဒေါသအမျက်တော်ပြင်းစွာထွက်သောနေ့ရက်၌၊ မိုးကောင်းကင်ကို ငါလှုပ်ရှားမည်။ မြေကြီးလည်း မိမိနေရာမှ ရွေ့ရလိမ့်မည်။ 14ပြည်သားတို့သည် ကြောက်၍ ပြေးသောဒရယ်မ၊ ထိန်းသိမ်းသူမရှိသော သိုးများကဲ့သို့ဖြစ်၍၊ အသီးအသီး မိမိအမျိုးသားချင်းတို့ကို မျက်နှာပြု၍၊ အသီးအသီး မိမိပြည်သို့ ပြေးကြလိမ့်မည်။ 15တွေ့မိသမျှသော သူတို့ကို လှံနှင့်ထိုးရ၏။ စုဝေးလျက်ရှိသော သူအပေါင်းတို့လည်း ဓားဖြင့်ဆုံးကြလိမ့်မည်။ 16သူတို့သားသမီးများကို သူတို့မျက်မှောက်၌ မြေပေါ်မှာ ဆောင့်ဖွပ်လိမ့်မည်။ သူတို့အိမ်များကို လုယက်၍၊ သူတို့မယားများကို အဓမ္မပြုကြလိမ့်မည်။
17ကြည့်ရှုလော့။ ငွေကို ပမာဏမပြု၊ ရွှေကို အလိုမရှိသော မေဒိလူများကို သူတို့တစ်ဖက်၌ ငါနှိုးဆော်မည်။ 18သူတို့သည် လူပျိုတို့ကို လေးနှင့် ရိုက်ခတ်ကြလိမ့်မည်။ အကလေးတို့ကို မသနားကြ။ သူတို့မျက်စိသည် သူငယ်တို့ကို မနှမြောရ။ 19တိုင်းနိုင်ငံတို့၏ အထွတ်၊ ခါလဒဲအမျိုးသားတို့၏ ဘုန်းအသရေဖြစ်သော ဗာဗုလုန်မြို့သည် ဘုရားသခင်ဖျက်ဆီးတော်မူသော သောဒုံမြို့နှင့် ဂေါမောရမြို့ကဲ့သို့ ဖြစ်လိမ့်မည်။ 20ထိုမြို့၌ ကာလအစဉ်၊ လူမျိုးအဆက်ဆက် အဘယ်သူမျှမနေရ။ ထိုမြို့၌ အာရပ်လူသည် တဲကိုမျှမဆောက်ရ။ သိုးထိန်းတို့သည် သိုးခြံကိုမျှ မလုပ်ရကြ။ 21တောသားရဲတို့သည် ထိုမြို့၌ အိပ်ကြလိမ့်မည်။ အိမ်တို့သည် မြည်တတ်သော တိရစ္ဆာန်များနှင့် အပြည့်ရှိကြလိမ့်မည်။ ကုလားအုတ်ငှက်တို့လည်း နေရာကျ၍၊ မျောက်တို့လည်း ကခုန်ကြလိမ့်မည်။ 22တောခွေးတို့သည်လည်း၊ ဘုံဗိမာန်များ၌လည်းကောင်း၊ မြေခွေးတို့သည်လည်း၊ ကြက်သရေတိုက်များ၌လည်းကောင်း၊ အူကြ၊ မြည်ကြလိမ့်မည်။ ထိုသို့သောကာလနီးလှပြီ။ ထိုမြို့၏အသက်တာ မရှည်ရ။

ဟေရှာယအနာဂတ္တိကျမ်း - ၁၃ (အနက်ဖွင့်)

(ဃ)တိုင်းနိုင်ငံသားများအားတရားစီရင်ခြင်း(အခန်း၁၄-၂၄)

၁။ ဗာဗုလုန်သားများ(၁၃:၁-၁၄:၂၃)

၁၃:၁-၅ လာမည်အခန်း(၁၁)ခုတွင်တပါးအမျိုးသားများတရားစီရင်မည့် အကြောင်းရှင်းပြထားသည်။ ပထမဆုံးတွင်ဗာဗုလုန်အမျိုး၊ဘီစီ၆၀၉ခုနှစ်ခန့်တွင်ကမ္ဘာကြီးကိုကိုင်လှုပ်သွားသောအာရှုရိပြည်ဖြစ်သည်။ အခန်းကြီး(၁၃) တွင်ဘီစီ၅၃၉ခုနှစ်၌မိဒျန်လူမျိုးနှင့်ပါရှန်းလူမျိုးတို့က ဗာဗုလုန်ကိုတိုက်ခိုက် အောင်မြင်ကြောင်းတွေ့ရသည်။ မည့်သို့ဖြစ်စေအချို့ပရောဖက်ပြုချက်များ သည်အဖြစ်အပျက်နှင့်လွဲချော်ခြင်းများရှိသဖြင့်ဗာဗုလုန်ပြည်၏နိဂုံးချုပ်ပျက် စီးခြင်းသည်ဘေးဒဏ်ကြီးကာလဖြစ်သည်ဟုနားလည်ရသည်(ဗျာ၁၇၊၁၈)။

ဘုရားသခင်ကမိဒျန်-ပါရှန်းစစ်သားများ(ငါသန့်ရှင်းစေသောသူတို့)ကို မင်းမှူးမတ်တို့ဝင်ထွက်ရာတံခါး(ဗာဗုလုန်မြို့တော်)ထဲသို့ဝင်ခွင့်ပြု၍၊တပြည် လုံးကိုဖျက်ဆီးစေသည်။

၁၃:၆-၁၃ ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာများဆက်လက်ဖော်ပြထားသည်။  လူအပေါင်းတို့သည်အားငယ်ကြောက်လန့်ကြမည်။ ရောဂါဝေဒနာ။ ရောဂါဝေဒနာမျိုးစုံခံစားကြမည်။ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ငေးမှိုင်ကြမည်။  အချို့ကျမ်းပိုဒ်များသည်မိဒျန်-ပါရှန်း(မေဒိ-ပေရသိ)များသာမကတကမ္ဘာလုံး နှင့်သက်ဆိုင်သည်။ ဘုရားသခင်နေ့ရက်၌ခံစားကြမည့်ဒုက္ခဖြစ်သည်။ မိုး ကောင်းကင်လှုပ်၍ကမ္ဘာကြီးနေရာရွေ့သွားမည့်အကြောင်းဖြစ်သည်။

၁၃:၁၄-၂၂ ဗာဗုလုန်မြို့လူအုပ်ကြီးသည်တောင်းထဲမှသွန်ချသောဆီးသီး ပမာအလုံးအရင်းဖြင့်ထွက်ပြေးကြမည်။ သူတို့အိုးအိမ်လယ်မြေများကိုတနယ် သားများကလာရောက်အပိုင်းစီးကြမည်။ နှိပ်စက်မှုအမျိုးမျိုး၊ညှင်းဆဲခြင်းအဖုံဖုံခံစားကြရမည်။ အပိုဒ်ငယ်၁၉-၂၂၌ဖော်ပြချက်သည်တစိတ်တပိုင်းအဖြစ် ပြည့်စုံပြီ။ မပြည့်စုံသေးသောအချက်များထပ်မံကြုံဆုံရဦးမည်။

ဗာဗုလုန်ပျက်စီးမည့်အကြောင်း၊ မြို့တော်နှင့်တတိုင်းတပြည်လုံးပျက်စီးမည့်အကြောင်း နှစ်ခုပုရောဖက်ပြုချက်ဆက်စပ်ရန်ခက်ခဲသည်။ (ဟေရှာ၁၃: ၆-၂၂၊၁၄:၄-၂၃၊၂၁:၉၊၄၇:၁-၁၁၊ဟေ၂၅:၁၂-၁၄၊၅၀:၅၁)။ ဥပမာအားဖြင့်မိ ဒျန်တို့ကဗာဗုလုန်မြို့တော်ကိုဘီစီ၅၃၉(ဟေရှာ၁၃:၁၇)တွင်သိမ်းပိုက်ခြင်း သည်သောဒုံနှင့်ဂေါမောရပျက်စီးခြင်း(ဟေရှာ၁၃:၁၉)နှင့်မတူညီပါ။ ထာဝရ မပျောက်ဆုံးပါ(ဟေရှာ၁၃:၂၀-၂၂)။ ဗာဗုလုန်မြောက်ပိုင်းမှဝင်ရောက်လာကြ ခြင်းလည်းမဟုတ်၊အရှေ့ဘက်မှဝင်ရောက်လာကြခြင်းဖြစ်သည်(ယေ၅၀:၃)။  ဣသရေလတို့ကဲ့သို့သောအဖြစ်မျိုးမဟုတ်။ ဇိအုန်တောင်ပေါ်မှာဘုရားသခင် ပြန်ရှာကြမည့်ယုဒအကြွင်းအကျန်များထက်လူဦးရေပိုများသည်(ယေ၅၀:၄၊၅)။  မြို့ရိုးပြရိုးများနှင့်မြို့ရိုးတံခါးများလည်းမီးလောင်ပြာကျခြင်းမရှိ။

ထိုသို့ဆက်စပ်ဖို့ခက်ခဲသည့်အချက်များကိုမည်သို့ကိုင်တွယ်မည်နည်း။  ပထမဦ:စွာဘုရားသခင်၏နှုတ်ကပတ်တော်ကိုစိတ်ချယုံကြည်ဖို့ဖြစ်ပါသည်။  အကယ်၍ခက်ခဲနေသေးလျှင်မိမိဘက်မှအသိတရားအားနည်းခြင်းဖြစ်ပေမည်။  သို့သော်သိရှိထားရန်အချက်မှာပရောဖက်များသည်မကြာသောလောကမှဖြစ် ပျက်မည့်အရာများနှင့်အချိန်အတော်အတန်ကြာမှဖြစ်ပေါ်လာမည့်အချက်များ ကိုမကြာခဏသိမြင်ကြသည်။ တနည်းအားဖြင့်ဒေသအလိုက်၊အချိန်အကန့်အ သတ်အလိုက်ပြည့်စုံသည်များရှိသကဲ့သို့ကာလကြာမှပြည့်စုံသည်လည်းရှိသည်။ ဗာဗုလုန်အဖြစ်ကိုကြည့်ပါ။

ပရောဖက်ပြုချက်များအကုန်လုံးမပြည့်စုံသေးပါ။ အနာဂတ်တွင်ပြည့်စုံလာမည့်အချက်များရှိသေးသည်။

ဘေးဒဏ်ကြီးကာလတွင်ဗာဗုလုန်မြို့၏ကံကြမ္မာအားလုံးတွေ့မြင်ရမည်။ ဗာဗုလုန်၏ကံကြမ္မာဆိုးကို(ဗျာ၁၇-၁၈)တွင်ရေးထားသည်။ ဗာဗုလုန်ပျက်စီး မည့်အကြောင်းပရောဖက်ပြုချက်များသည်ခရစ်တော်ဘုရားဒုတိယအကြိမ်မ ကြွလာခင်တွင်အားလုံးပြည့်စုံမည်။ ယနေ့ခေတ်ကာလတွင်နားမလည်နိုင်သေး သောမပြည့်စုံသေးသည့်ပရောဖက်ပြုချက်များသည်ထိုနေ့ရက်တွင်အသက်ရှင် သူများကမျက်ဝါးထင်ထင်တွေ့မြင်ကြရမည်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။