ဟေရှာယအနာဂတ္တိကျမ်း - ၁၁
ဟေရှာယအနာဂတ္တိကျမ်း - ၁၁ (အနက်ဖွင့်)
၃။ အနှစ်တစ်ထောင်မေရှိယနိုင်ငံတော်(အခန်း၁၁-၁၂)
၁၁:၁ဓမ္မသစ်နှင့်ဓမ္မဟောင်းနှစ်ခုစလုံးတွင်ဖော်ပြထားသည့်အနှစ်တ ထောင်နိုင်ငံတော်အကြောင်းများသည်အခန်းကြီး(၁၁)တွင်အကြီးမားဆုံး ကျယ်ဆုံးကျမ်းချက်တစ်ခုဖြစ်သည်။ ပရောဖက်ပြုချက်သည်မေရှိယသခင်ပထမ ကြွလာမည့်အကြောင်းကိုလျင်မြန်စွာကူးပြောင်းပါသည်။
ပထမဦးစွာဒါဝိဒ်၏သားစဉ်မြေးဆက်ဆင်းသက်ပုံကိုကြည့်ရအောင်၊ ယေရှဲအမျိုးအငုတ်၌အတက်ပေါက်လိမ့်မည်ဟုဆိုထားသည်။ ယေရှဲသည်ဒါဝိဒ် ၏ဖခင်ဖြစ်သည်(၁ရာ၁၇:၁၂)
၁၁:၂“ဘုရားသခင်၏ဝိညာဉ်တော်သည်ထိုမေရှိယပေါ်မှာကျိန်ဝပ်သည်”ဆိုသည့်စကားကို(၃)ချက်ဖြင့်နားလည်းနိုင်သည်။ W.E.Vineကဤသို့ရှင်း ပြထားသည်။
ပထမဆုံးအချက်မှာဉာဏ်ပညာကိုပေးသောဝိညာဉ်ဖြစ်သည်။ သဘာဝတ ရား၏တစ်ခုနှင့်တစ်ခုမတူညီခြင်းခြားနားချက်များထိုးသွင်းသိရှိခြင်း၊သဘာဝတရားကိုသိရှိသောအသိဉာဏ်၊သိရှိနိုင်ခွင့်တန်ခိုးဖြစ်သည်။ ဒုတိယအချက်မှာကြံ စည်တတ်စွမ်းနိုင်သောသတ္တိကိုပေးသည့်ဝိညာဉ်ဖြစ်သည်။ လက်တွေ့လုပ် ဆောင်ချက်ဖြစ်သည်။ အကြံဉာဏ်မှာအမှန်ကိုရွေးချယ်နိုင်ခြင်းအစွမ်းဆိုသည် မှာပြီးမြောက်အောက်လုပ်ဆောင်နိုင်သည့်ခွန်အားဖြစ်သည်။ တတိယအချက် မှာ“ထာဝရဘုရားကိုသိ၍ကြောက်ရွံ့သည့်သဘောကိုပေးသောဝိညာဉ်ဖြစ် သည်။ ယေဟောဝါဘုရားနှင့်ဆက်ဆံရှက်နွယ်သည်။ သိရှိခြင်းဆိုသည်မှာယေ ဟောဝါဘုရားသခင်ကိုသိကျွမ်းခြင်းအသိတရားဖြစ်သည်။ အချက်နှစ်ခုစလုံး ယေဟောဝါဘုရားနှင့်သက်ဆိုင်သည်။ ခရစ်တော်ဘုရားကိုယ်တိုင်က“သင်တို့ သည်ထိုဘုရားသခင်ကိုမသိကြ(Ginosko)၊ငါမူကားသိ၏(Oida၊ဘုရားသခင် အကြောင်းကိုအကုန်အစင်သိသည်)ဟုဆိုထားသည်(ယော၈:၅၅)
၁၁:၃-၈ခရစ်တော်ဘုရား၏တရားသဖြင့်အုပ်စိုးပုံ၊အကျင့်ဆိုးသူများ တန်ရာတန်ကြေး၊အရေးယူပုံများကိုစာကဗျာသီထားသည်။ ကိုယ်တော်ဘုရား သည်ဖြောင့်မတ်စင်ကြယ်သည့်အားလျော်စွာငြိမ်သက်ချမ်းမြေ့စွာအုပ်စိုးတော် မူပါသည်။
၁၁:၉(က)တောရိုင်းတိရစ္ဆာန်သည်လည်းမေရှိယသခင်၏အုပ်စိုးမှုကိုဝန်ခံကြမည်။ နို့စို့သူငယ်သည်မြွေဆိုးတွင်းပေါ်မှာကစားလိမ့်မည်။ နို့ကွာသောသူ ငယ်သည်မြွေဟောင်းတွင်း၌မိမိလက်ကိုသွင်းလိမ့်မည်။
၁၁:၉(ခ)သမ္မာကျမ်းစာတအုပ်လုံးတွင်ဤကျမ်းပိုဒ်ငယ်၉ဒုတိယပိုင်း သည်ဘုန်းတန်ခိုးပြည့်စုံဆုံးကတိတော်များအနက်တစ်ခုဖြစ်သည်။ အနှစ်တ ထောင်နိုင်ငံတော်အတွင်းတွင်ကျက်သရေမင်္ဂလာအပြည့်ဝဆုံးစံပြလူ့အဖွဲ့အ စည်းပုံစံဖြစ်သည်။ Jenningsကအင်္ဂလိပ်ဘာသာဖြင့်တေးကဗျာဖွဲ့သီထား သည်။ ကိုယ်တော်ဘုရားအတွက်တေးသီချင်းဟုဆိုထားသည်။ တပိုဒ်တင်ပြပါ မည်။
ယေဟောဝါဘုရား၏အသိဉာဏ်ရေမြေအနှံ့ပြည့်လျှံကာပင်လယ်ရေမြေ ကြီးဖုံးလွှမ်းသကဲ့သို့လေ။
၁၁:၁၀-၁၆ထိုမေရှိယသခင်ဘုရားကတပါးအမျိုးသားများအလယ်တွင် အောင်လံတံခွန်လွှင့်ထူသောအခါလူများဝိုင်းရံစုရုံးလာကြမည်။ စိုးစံတော်မူရာ ရာဇပလ္လင်သည်လည်းဘုန်းတန်ခိုးပြည့်လျှံမည်။ အနယ်နယ်အရပ်ရပ်ဆယ်မျက် နှာတွင်ပြန့်ကျဲနေသောဣသရေလလူမျိုးအကြွင်းအကျန်များကိုဘုရားသခင်ကပြန်လည်စုစည်းမည်။ ယုဒနှင့်ဣသရေလ(ဧဖရိမ်)အမျိုးလည်းပြန်လည် သင့်မြတ်၍၊ငြိမ်းချမ်းစွာအတူလက်တွဲနေထိုင်ကြမည်။ ရန်သူများဖြစ်သော ဖိလိတ္တိလူမျိုး၊ဧဒုံလူမျိုး၊မောဘလူမျိုးနှင့်အမ္မုန်လူမျိုးများကိုအတူတကွစိုးမိုး ကြမည်။ အဲဂုတ္တုပင်လယ်(ပင်လယ်နီ)ကိုခြောက်သွေ့စေ၍ချောင်းခုနှစ်ခုဖြာ ထွက်သဖြင့်ယုဒလူများလွယ်လင့်တကူဖြတ်သန်းသွားကြမည်။ အာရှုရိပြည် နှင့်ဣသရေလပြည်အကြားတွင်ပေတရာအဝေ:ပြေးလမ်းမကြီးဖောက်လုပ် ထားသဖြင့်မြောက်အရပ်နှင့်လုံခြုံမွေ့စွာကူသန်းသွားလာဆက်သွယ်နိုင်ကြ မည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။