ဘုရားသခင်ကို မေးခွန်းထုတ်ခြင်းသည် မှားယွင်းပါသလား။

ဘုရားသခင်ကို ကျွန်ုပ်တို့မေးခွန်းထုတ်သင့်၊မထုတ်သင့်သည့်ကိစ္စရပ်မဟုတ်သော်လည်း၊မည်သို့သောနည်းဖြင့်- မည်သို့သောအကြောင်းကြောင့်- ကျွန်ုပ်တို့သည် ကိုယ်တော်အား မေးမြန်းသင့်သည့်အကြောင်းရပ်ဖြစ်သည်။ဘုရားသခင် ကို မေးခွန်းထုတ်ခြင်းသည် အမှားသက်သက်တော့မဟုတ်ပေ။ဟဗက္ကုတ်သည် ဘုရားသခင်၏အစီအစဉ်အချိန်နှင့်ရည်ရွယ် ချက်နှင့်စပ်လျဉ်း၍ ဘုရားသခင်ကို မေးမြန်းခဲ့သည်။ဟဗက္ကုတ်သည် သူ၏မေးခွန်းများအတွက် ဆုံးမခြင်းကိုခံရမည့်အစား စိတ်ရှည်စွာဖြေကြားခြင်းခံရပြီး ပရောက်ဖက်သည် သူ၏စာအုပ်ကို ထာဝရဘုရားသခင်အားချီးမွမ်းသီချင်းဖြင့်အဆုံးသတ်ပါ သည်။ဆာလံကျမ်းတွင် မေးခွန်းများစွာ ဘုရားသခင်ထံမေးမြန်းမှုရှိသည်(ဆာလံ၁၀၊၄၄၊၇၄၊၇၇)။ဤသည်မှာ ဘုရားသခင်၏ ကြားဝင်ဆောင်ရွက်ပေးမှုနှင့်ကယ်တင်ခြင်းအတွက် စိတ်းအားထက်သန်သော ညှဉ်းပန်းနှိပ်စက်ခံရသူများ၏ အော်ဟစ်သံ များဖြစ်သည်။ဘုရားသခင်သည် ကျွန်ုပ်တို့လိုချင်သည့်အတိုင်းအမြဲတစေဖြေကြားပေးတော်မမူသော်လည်း၊ ကျွန်ုပ်တို့သည် စိတ်ရင်းမှန်ဖြင့် နှလုံးသားထဲမှမေးခွန်းထုတ်ခြင်းကိုမူ ဘုရားသခင်လက်ခံသည်ဟု ဤကျမ်းပိုဒ်များမှ ကောက်ချက်ချရသည်။

မရိုးသားသောမေးခွန်းများ သို့မဟုတ် ကြောင်သူတော်စိတ်နှလုံးမှမေးခွန်းများသည် အခြားကိစ္စရပ်တစ်ခုဖြစ်သည်။ ဟေဗြဲ၁၁း၆ တွင် ဤသို့ဆိုသည်၊ “ယုံကြည်ခြင်းမရှိလျှင်၊ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်။အကြောင်းမူကား၊ ဘုရားသ ခင့်အထံတော်သို့ ချဉ်းကပ်သောသူသည်၊ဘုရားသခင်ရှိတော်မူသည်ကို၎င်း၊ ကိုယ်တော်ကိုရှာသောသူအား အကျိုးပေးတော် မူသည်ကို၎င်း၊ ယုံကြည်ရမည်။” ရှောလုသည် ဘုရားသခင်စကားတော်နားမထောင်သည့်နောက်တွင် သူ၏မေးခွန်းများ အဖြေမရတော့ပါ(၁ရာ၂၈း၆)။ဘုရားသခင်က အဖြစ်အပျက်တစ်ခုကိုဘာကြောင့်ခွင့်ပြုသည်ကိုအံသြသည်ထက် သူ၏ ကောင်းမြတ်မှုကိုတိုက်ရိုက်မေးခွန်းထုတ်ခြင်းသည် လုံးဝခြားနားသည်။သံသယရှိခြင်းသည် ဘုရားသခင်၏အချုပ်အခြာ အာဏာကို မေးခွန်းထုတ်ခြင်းနှင့်ကိုယ်တော်၏စရိုက်တော်ကိုတိုက်ခိုက်ခြင်းနှင့်ကွဲပြားသည်။အတိုချုပ်ပြောရလျှင် ရိုးရိုးသား သားမေးခွန်းသည် အပြစ်မဟုတ်သော်လည်း၊ ခါးသီးပြီး ယုံကြည်ခြင်းမရှိသော၊ပုန်ကန်သော စိတ်ဖြင့်မေးခွန်းထုတ်ခြင်းသည် အပြစ်ဖြစ်သည်။ဘုရားသခင်သည် မေးခွန်းများကြောက်သောသူမဟုတ်ပါ။သူနှင့်ကျွန်ုပ်တို့သည် မိတ်သဟာရအကျွမ်းဝင်ဖို့ ဖိတ်တော်မူသည်။ကျွန်ုပ်တို့သည် “ဘုရားသခင်ကို မေးမြန်းသောအခါ” နှိမ့်ချသောစိတ်နှင့်သဘောထားပွင်းလင်းမြင်သာမှုမှ ဖြစ်သင့်သည်။ကျွန်ုပ်တို့သည် ဘုရားသခင်ကို မေးခွန်းထုတ်နိုင်သော်လည်း ကိုယ်တော်၏အဖြေကို အမှန်တကယ်စိတ်မဝင် စားပါက ကျွန်ုပ်တို့သည် အဖြစ်ရဖို့မမျှော်လင့်သင့်ပါ။ဘုရားသခင်သည် ကျွန်ုပ်တို့၏စိတ်နှလုံးများကိုသိပြီး ကျွန်ုပ်တို့အား အလင်းပေးရန်အတွက် ကိုယ်တော်ကိုအမှန်ရှာဖွေနေခြင်းရှိ၊မရှိ သိတော်မူသည်။ကျွန်ုပ်တို့၏စိတ်သဘောထားသည် ဘုရား သခင်ကို မေးခွန်းထုတ်သင့်၊မထုတ်သင့်ကြောင်းကို ဆုံးဖြတ်ပေးသည့်အရာဖြစ်သည်။

ယခု ဝေမျှချက်ကို www.gotquestions.org/Myanmar မှ ယူဆောင်ဝေမျှပေးထားခြင်း ဖြစ်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။