ဟေဗြဲဩဝါဒစာ - ၁၃

ဘုရားသခင်နှစ်သက်စေရန်
1ညီအစ်ကိုချင်း ချစ်ခြင်းမေတ္တာ၌ တည်ကြလော့။ ဧည့်သည်ဝတ်ပြုခြင်းအမှုကို မမေ့မလျော့ကြနှင့်။- 2အချို့သောသူတို့သည် ဧည့်သည်ဝတ်ကို ပြုသည်တွင်၊ ကောင်းကင်တမန်တို့ကို အမှတ်တမဲ့ ဧည့်ခံကြပြီ။- 3အကျဉ်းခံရသော သူတို့နှင့်အတူ ကိုယ်ခံရသကဲ့သို့ မှတ်၍၊ သူတို့ကို အောက်မေ့ကြလော့။ သင်တို့သည် ကိုယ်ခန္ဓာနှင့် မကင်းလွတ်သောသူဖြစ်၍၊ ညှဉ်းဆဲခံရသောသူတို့ကို အောက်မေ့ကြလော့။- 4ခပ်သိမ်းသော သူတို့၌ မင်္ဂလာဆောင်ခြင်းအမှုနှင့် သစ္စာသံဝါသပြုခြင်းအမှုသည် အသေရေ ရှိစေလော့။ မတရားသော မေထုန်ကိုပြုသောသူနှင့် သူ့မယားကို ပြစ်မှားသောသူကို ဘုရားသခင်စစ်ကြော စီရင်တော်မူလိမ့်မည်။- 5သင်တို့၏ကျင့်ကြံပြုမူခြင်းသည် ငွေကိုတပ်မက်ခြင်းနှင့် ကင်းလွတ်၍၊ ကိုယ်၌ရှိသောဥစ္စာနှင့် ရောင့်ရဲခြင်းရှိကြလော့။ အကြောင်းမူကား၊ ငါသည် သင့်ကိုမစွန့်၊ သင့်ကိုအလျှင်းပစ်၍မထားဟု ကတိတော်ရှိ၏။- 6ထိုကြောင့် ထာဝရဘုရားသည် ငါ့ကို မစတော်မူသည်ဖြစ်၍၊ လူသည် ငါ၌ပြုနိုင်သမျှကို ငါမကြောက်ဟု၊ ငါတို့သည် ရဲရင့်သောစိတ်နှင့် ပြောဆိုရသောအခွင့် ရှိကြ၏။ဆာ၊ ၁၁၈း၆၊၇
7ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို သင်တို့အား ဟောပြော၍၊ သင်တို့ကိုအုပ်သောသူတို့ကို အောက်မေ့ကြလော့။ သူတို့သည် အဘယ်သို့ကျင့်ကြံပြုမူ၍ စုတေသည်ကို စေ့စေ့ဆင်ခြင်လျက်၊ သူတို့၏ယုံကြည်ခြင်းကို မီအောင်လိုက်ကြလော့။- 8ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲ မပြောင်းမလဲ နေတော်မူ၏။- 9အထူးထူးအပြားပြားသော အယူဝါဒသစ်ကိုလိုက်၍ မဖောက်ပြန်ကြနှင့်။ အစာများအားဖြင့် စိတ်ခိုင်ခံ့ မြဲမြံခြင်းမရှိဘဲ၊ ကျေးဇူးတော်အားဖြင့် ခိုင်ခံ့မြဲမြံလျှင် အကျိုးရှိ၏။ အစာများကို အမှုထားသော သူတို့သည် အကျိုးကိုရကြပြီ မဟုတ်။- 10တဲတော်၌ ဝတ်ပြုသောသူတို့ စားရသော အခွင့်မရှိသောယဇ်ပလ္လင်သည် ငါတို့၌ရှိ၏။- 11အကြောင်းမူကား၊ ယဇ်ပုရောဟိတ်မင်းသည် အပြစ်ဖြေသော ယဇ်ကောင်၏အသွေးကို သန့်ရှင်းရာ ဌာနထဲသို့ သွင်းပြီးမှ၊ ယဇ်အသေကောင်တို့ကို တပ်ပြင်၌ မီးရှို့ရ၏။- 12ထိုသို့နှင့်အညီ၊ ယေရှုသည် မိမိအသွေးအားဖြင့် လူများကို စင်ကြယ်စေခြင်းငှာ၊ မြို့တံခါးအပြင်၌ အသေခံတော်မူ၏။- 13သို့ဖြစ်၍၊ ငါတို့သည် ထိုသခင်နှင့်အတူ ကဲ့ရဲ့ခြင်းကိုခံ၍၊ တပ်ပြင်၊ အထံတော်သို့ ထွက်သွားကြကုန်အံ့။- 14အကြောင်းမူကား၊ ငါတို့သည် ဤဘဝ၌ အမြဲတည်သောမြို့ မရှိ၊ နောက်ဖြစ်လတ္တံ့သောမြို့ကို ရှာကြ၏။- 15ထိုကြောင့်၊ ငါတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ဝန်ခံလျက်၊ နှုတ်ခမ်းအသီးတည်းဟူသော ချီးမွမ်းခြင်းယဇ်ကို သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ အစဉ်ပူဇော်ကြကုန်အံ့။- 16ကျေးဇူးပြုခြင်း၊ ဥစ္စာဝေမျှခြင်းအမှုတို့ကို မမေ့မလျော့ကြနှင့်။ ထိုသို့သောယဇ်ကို ဘုရားသခင်သည် အားရနှစ်သက်တော်မူ၏။
17သင်တို့ကို အုပ်သောသူတို့၏ စကားကို နားထောင်၍ နှိမ့်ချလျက်နေကြလော့၊ သူတို့သည် ကိုယ်တိုင် စစ်ကြောခြင်းကို ခံရသောသူကဲ့သို့၊ သင်တို့ စိတ်ဝိညာဉ်၏ အကျိုးအလိုငှာ စောင့်နေကြ၏။ သင်တို့အကျိုးကို မဖြစ်စေတတ်သော ဝမ်းနည်းခြင်းမရှိ၊ ဝမ်းမြောက်ခြင်းရှိ၍၊ သူတို့သည် စစ်ကြောခြင်းကို ခံရမည်အကြောင်း သတိပြုလျက်နေကြလော့။- 18ငါတို့အဖို့ ဆုတောင်းကြလော့။ ငါတို့သည် ကိုယ်ကိုကိုယ်သိသောစိတ် ကြည်လင်လျက်၊ အရာရာတို့၌ ကောင်းမွန်စွာကျင့်နေခြင်းငှာ အလိုရှိသောသူဖြစ်သည်ဟု စိတ်စွဲလမ်းခြင်းရှိကြ၏။- 19ငါသည် သင်တို့ရှိရာသို့ အလျင်အမြန်ပြန်ရသောအခွင့် ရှိစေခြင်းငှာ၊ ငါတို့အဖို့ ဆုတောင်းမည်အကြောင်း ငါသည်သာ၍ နှိုးဆော်တောင်းပန်၏။
နိဂုံးချုပ်ဆုတောင်းပတ္ထနာ
20ထာဝရပဋိညာဉ်တရား၏ အသွေးတော်အားဖြင့်၊ သိုးများကိုထိန်းသော သိုးထိန်းကြီးဖြစ်သော ငါတို့သခင်ယေရှုကို သေခြင်းမှ နုတ်ဆောင်တော်မူသော၊ ငြိမ်သက်ခြင်း၏အရှင် ဘုရားသခင်သည်၊- 21မိမိနှစ်သက်တော်မူသော အမှုအရာကို ယေရှုခရစ်အားဖြင့် သင်တို့၌ပြုတော်မူ၍၊ သင်တို့သည် အလိုတော်သို့ လိုက်မည်အကြောင်း၊ ကောင်းသောအကျင့် အမျိုးမျိုး၌ သင်တို့ကို ပြုပြင်တော်မူပါစေသော။ ထိုသခင် ယေရှုခရစ်သည် ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။
နိဂုံးချုပ်အမှာစကား
22ညီအစ်ကိုတို့၊ ငါသည် အကျဉ်းအားဖြင့် ရေးထား၍ ကြားလိုက်သော ဤဆုံးမခြင်းဩဝါဒစကားကို သည်းခံမည်အကြောင်း၊ ငါသည် သင်တို့ကို နှိုးဆော်တောင်းပန်၏။- 23ငါတို့ညီတိမောသေကို အခြားသို့ လွှတ်လိုက်သည်အရာကို သိမှတ်ကြလော့။ သူသည် မကြာမမြင့်မီ ရောက်လျှင်၊ ငါသည် သူနှင့်အတူလာ၍ သင်တို့ကို တွေ့မြင်လိမ့်မည်။- 24သင်တို့ကို အုပ်သောသူအပေါင်းတို့ကိုလည်းကောင်း၊ သန့်ရှင်းသူအပေါင်းတို့ကိုလည်းကောင်း၊ နှုတ်ဆက်ကြလော့။ ဣတလိပြည်သူပြည်သားတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။- 25သင်တို့အပေါင်း၌ ကျေးဇူးတော်ရှိစေသတည်း။ အာမင်။
ဟေဗြဲဩဝါဒစာပြီး၏။

ဟေဗြဲဩဝါဒစာ - ၁၃ (အနက်ဖွင့်)

(ခရစ်ယာန်များကျေးဇူးတော်အမျိုးမျိုးခံစားရမည့်အကြောင်းတိုက်တွန်းချက် (၁၃:.၁၇)

          ၁၃:  ဟေဗြဲများအား လက်တွေ့အသက်တာတွင် ကြီးထွားခြင်းရှိရမည့်အကြောင်း အချက် (၆)ချက်ဖြင့်တိုက်တွန်းအားပေးထားသည်။ ပထမဦးဆုံးအချက်မျာ ညီအစ်ကိုအချင်းချင်း ချစ်ခြင်း မေတ္တာထားရှိရန်ဖြစ်သည်။ ခရစ်ယာန်မိသားစုများတွင် မရှိမဖြစ်အဓိကဆက်ဆံရေးလိုအပ်ချက် ဖြစ်သည်။ ချစ်ဖွယ်သောစကားနှင့် လိုဖွယ်အပြုအမူရှိကြရမည့်အကြောင်း တိုက်တွန်းထားသည် (၁ယော ၃:၁၈)။

၁၃:   ဧည့်သည်များအား ဧည့်ဝတ်ကျေပွန်ကြရန် သွန်သင်ခြင်းဖြစ်သည်။ ယုံကြည်ခြင်း ကြောင့်အိုးမဲ့အိမ်မဲ့ဖြစ်၍ ဆင်းရဲဒုက္ခကြုံတွေ့နေရသူများအား ဖိစီးမှုဒဏ်မှသက်သာရစေခြင်းငှာ စားစရာဝတ်စရာများမစကြဖို့ဖြစ်သည်။ ထို့အပြင်ယုံကြည်သူတိုင်း ဧည့်ဝတ်ပျူငှာကြရန်ခြုံ၍ သွန် သင်ခြင်းလည်းဖြစ်သည်။

ထိုသို့ဧည့်ဝတ်ပျူငှာကျေပွန်ခြင်းဖြင့် တစ်ခါတရံမသိလိုက်သော အချိန်များတွင် ကောင်းကင် တမန်များအားအမှတ်တမဲ့ဧည့်ခံမိတတ်သည်။ ဤကျမ်းပိုဒ်ကအာဗြဟံ၏ လူသုံးယောက်ဧည့်ခံခြင်း (အမှန်စင်စစ်တွင်ကောင်းကင်သားများဖြစ်သည်) ကိုသတိပေးထားပါသည် (က ၁၈.၁.၁၅)။ စင်စစ် အားဖြင့်မိမိတို့အိမ်တွင် ကောင်းကင်တမန်များ မဆုံတွေ့ဘူးကြသော်လည်း တစုံတစ်ဦး၏ကျေနပ် အားရကောင်းကြီးပေးသံ၊ သာဓုခေါ်သံများသည် အိမ်ထောင်မိသားစုတွင် ကောင်းမှုကုသိုလ်အဖြစ် ထာဝရတည်တံ့နေပါသည်။

၁၃:  တတိယတိုက်တွန်းချက်မှာ နာမတော်ကြောင့်အကျဉ်းခံနေရသော ယုံကြည်သူများ အားပြုစုစောင့်ရှောက်ဖို့ဖြစ်သည်။ ဆိုလိုသည်မှာ ခရစ်တော်၏ဒေသနာအမှုတော်၌ ပါဝင်ခြင်း ကြောင့်ထောင်နန်းစံသူများကို ကူညီဖို့ဖြစ်သည်။ အစားအသောက် အဝတ်အစား၊ ဖတ်မှတ်စရာနှင့် အားပေးခြင်းများဖြင့်မစရသည်။ စုံစမ်းနှောင့်ယှက်ခြင်းအား အခြားယုံကြည်သူများသို့ ကူးစက်အ နှောင့်အယှက်မဖြစ်စေရန်နှင့် ဆီးတားကူညီရမည်။ နာမတော်မြတ်၌ ထောင်ကျနေသူများထံသို့ သွား ရောက်ခြင်းသည် ခရစ်တော်ထံသို့အလည် သွားခြင်းဖြစ်ပါသည်။

သနားကြင်နာခြင်းပြသရမည်။ ခရစ်ယာန်များသည် စုံစမ်းနှောင့်ယှက်ခြင်း မလွဲမသွေကြုံ ကြိုက်တတ်ရကား၊ ထိုသူများ၏ဆင်းရဲဒုက္ခများကို ကူညီကာကွယ်ခြင်းဖြင့် မိမိ၏အကြင်နာမေတ္တာ တရားတိုးပွားကြီးမားစေပါ။ ဒုက္ခဝေဒနာခံစားရသော သန့်ရှင်းသူများကို ကြင်နာသနားပါ။ ခရစ် တော်၌ခန္ဓာကိုယ်တစ်ခုတည်းဖြစ်ကြောင်း၊ သတိရ၍မျှဝေခံစားတတ်ပါ။

၁၃:  ခမ်းနားတင့်တယ်စွာ မင်္ဂလာဆောင်ပါ။ ဘုရားသခင်၏ရှေ့တော်မှောက်သည်ကျက် သရေမင်္ဂလာနှင့်ပြည့်စုံခညောင်းတော် မူသောကြောင့်သင်၏ခန္ဓာကိုယ်အား အပြစ်ညစ်နွမ်းစေခြင်း ဖြင့်ကျက်သရေမယုတ်ပါစေနှင့်။ အချို့သည် မသန့်ရှင်းခြင်း၊ ညစ်နွမ်းခြင်းများဖြင့် မတင့်မတယ် လုပ်တတ်ပါသည်။ ထိုကဲ့သို့မဖြစ်စေရန် သမ္မာကျမ်းစာက တားမြစ်ထားပါသည်။

မင်္ဂလာဆောင်သော သတိုးသား၊ သတို့သမီးသည်ဘုရားရှေ့တွင် ကတိသစ္စာဆိုကြသည်ဖြစ် ၍သစ္စာရှိကြရသည်။ ထိုသစ္စာတရားဖြင့်မိမိတို့ အိပ်ယာအားကျမ်းမစူးစေသင့်။ ယနေ့ခေတ်ကာလ တွင်ဤကိစ္စကိုပေါ့ပေါ့တန်တန် သဘောထားတတ်ကြသည်။ ဘုရားရှေ့တွင်ကျမ်းသစ္စာဆိုထားသော ကြင်ယာမှလွဲ၍ အခြားဆန့်ကျင်ဘက်လိင်သည် အပြစ်ဖြစ်သည်။ လင်မယားဖောက်ပြန်မှုသည် ရော ဂါမဟုတ်ပါ။ အပြစ်ဖြစ်သည်။ ဘုရားသခင်ကိုယ်တိုင် စီရင်ရမည့်အမှုကြီး၊ ပုဒ်မကြီးဖြစ်သည်။ အ ကျင့်သီလဖောက်ပြန်ခြင်းဖြစ်သောကြောင့် လွတ်ငြိမ်းချမ်းသာခွင့်မရှိ။ အာမခံမရှိ။ သူ၏အသက်တာ တွင်အပြစ်စီရင်ခြင်းသက်ရောက်မည်။ ခန္ဓာကိုယ်ချို့တဲ့ခြင်း၊ ရောဂါရခြင်း၊ မိသားစုနှင့်ကွေကွင်း ခြင်း၊ စိတ်ရောကိုယ်ပါချွတ်ခြုံကျခြင်းနှင့် ပုဂ္ဂိုလ်ရေးဂုဏ်သိက္ခာမဲ့ခြင်းတို့ ဖြစ်နိုင်သည်။ ထိုအမှုမျိုး ကိုခရစ်တော်၏ အသွေးဖြင့်ဆေးကြောခြင်းမှတပါး အစွန်းမကျွတ်နိုင်၊ အသက်တာတစ်ခုလုံးတွင် တောက်လျှောက်ခံစားရဖွယ်ရာ သာရှိသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ဘုန်းတော်ကြီး Latimer ကဟင်နရီဘုရင်(၈)အား သမ္မာကျမ်းစာ အုပ်ကိုဖွင့်လှန်ပြပြီး “မတရားသောမေထုန်နှင့် သူ့သားမယားကိုပြစ်မှားသောသူကို ဘုရားသခင်စစ် ကြောစီရင်တော်မူမည်” ဟုတိုက်တွန်းသတိပေးဘူးသည်။

၁၃:  ဆဋ္ဌမသွန်သင်ချက်မှာ ရောင့်ရဲတင်းတိမ်ခြင်းဖြစ်သည်။ ယုဒများ၏ “ငါတို့မှာတဲ တော်ရှိတယ်။ ယဇ်ပုရောဟိတ်ရှိတယ်။ ယဇ်ပူဇော်သက္ကာရှိတယ်။ ယဉ်ကျေးသောဓလေ့ထုံးစံရှိတယ်။ ဘာလိုသေးသလဲ” ဟူသောလက်သုံးစကားကိုသတိရပါ။ ထို့ကြောင့်ကျမ်းစာက ခရစ်ယာန်များကို မဆိုင်းမတွပြောသည်ကား” သင်တို့၏ကျင့်ကြံပြုမူခြင်းသည် ငွေကိုတပ်မက်ခြင်းနှင့် ကင်းလွတ်၍ ကိုယ်၌ရှိသောဥစ္စာနှင့် ရောင့်ရဲခြင်းရှိကြလော့” ဟူ၍ဖြစ်သည်။ ပြောရဲကြသည်မဟုတ်လား။ ခရစ် ယာန်များသည် ယုဒများထက်ကြီးမြတ်သည် မဟုတ်လား။ အဘယ်ကြောင့်တင်းတိမ်ရောင့်ရဲခြင်း မရှိနိုင်မည်နည်း။ ယုံကြည်သူများကခရစ်တော်ကို ပိုင်ဆိုင်ထားသည်မဟုတ်လော။ လုံလောက်ပါ သည်။

ငွေကိုတပ်မက်ခြင်းသည် ယုံကြည်သူများဝိညာဉ်ရေးရာ ကြီးထွားမှုကိုအဟန့်အတားပြု သည်။ တစသောငွေတပြားသည်လည်း လူ့စိတ်တွင်နေမင်းကြီးပမာနေရာယူတတ်သဖြင့် ဘုရားသ ခင်ကိုကိုးကွယ်ရာတွင် အုတ်တံတိုင်းကြီးအဖြစ် ရှိနေတတ်သည်။ သို့ကြောင့် ငွေတပ်မက်ခြင်းသည် ဝိညာဉ်ရေးရာကြီးထွားမှုအား ဟန့်တားပိတ်ပင်သည်။

အချမ်းသာဆုံးလူကလည်း ကိုယ်တော်အားမုသားသုံးကာ ပြေတတ်ပါသည်။ ငါသည်သင့်ကို မစွန့်၊ သင်ကိုအလျဉ်းမပစ်ထားဟု ကတိတော်ရှိ၏။ ဂရိကျမ်းတွင်မူ နှစ်ချက်မက ပို၍ငြင်းဆိုထား ပါသည်။ (အင်္ဂလိပ်စကားတွင်မူ ဝါကျတစ်ခုတည်းတွင် နှစ်ခါငြင်းဆိုလျှင်ခရစ်တော်၌ မဖြစ်နိုင်သော တားမြစ်ချက်ငါးခုကို တစ်ခုတည်းပေါင်းအပ်၍ လေးနက်စွာဖော်ပြထားသည်။

၁၃:  ဆာလံ ၁၁၈:၆တွင်ပါရှိသော အပြစ်ဝန်ချတောင်းပန်ချက်သည် ခရစ်တော်အား ပိုင် ဆိုင်ခြင်းဖြစ်သည်။ “ထာဝရဘုရားသည် ငါ့ဘက်မှာရှိတော်မူသည်ဖြစ်၍ ကြောက်စရာမရှိ။ လူသည် ငါ၌အဘယ်သို့ပြုနိုင်သနည်း” ထိုကျမ်းစကားအရခရစ်တော်သည် ပြည့်စုံလုံလောက်သော လုံခြုံရေး ဖြစ်သည်။ အကွယ်အကာဖြစ်သည်။ ငြိမ်သက်ခြင်းဖြစ်သည်။

၁၃:  စာဖတ်ပရိသတ်များအား မိမိတို့ကိုအုပ်ထိန်းသောသူ များအားသတိရဖို့ တိုက်တွန်း ထားပါသည်။ ထိုသူတို့သည်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သွန်သင်ပေးသူ များဖြစ်သည်။ သူတို့သည် အဘယ်အရာကို ကျင့်ကြံပြုမူကြောင်းနှင့် စုတေသည်ကို စေ့စေ့ဆင်ခြင်ရမည်။ လေဝိထုံး ကျမ်းသို့ပြန်လှည့်သွားခြင်းမပြုဘဲ၊ အသက်ထက်ဆုံးတိုင်အောင် ဝန်ခံသူများဖြစ်သည်။ အချို့သည် ယုံကြည်သူမာတုရများအဖြစ် အသက်ပေးခဲ့ကြသည်။ သူတို့၏ယုံကြည်ခြင်းသည် အနုလုံပဋိလုံစေ့ စေ့ဆင်ခြင်စရာ ခရစ်တော်၌ဒေါင်ဒေါင်မြည်သစ္စာရှိသူ၊ ဘုရားရှင်တော်၌ အသက်ဆက်သူများဖြစ် သည်။ ထိုပုံစံကဲ့သို့မပြုနိုင်ကြသော်လည်း အသက်တာတွင် ယုံကြည်ခြင်းသစ္စာရှိရသည်။

၁၃:  သည်ရှေ့နောက်ဆက်စပ်မှုသဟာဇာတ မရှိသော်လည်းရိုးစင်းလှသောစကားဖြစ်၍ နားလည်ရလွယ်ကူပါသည်။ ထိုအုပ်ထိန်းသောသူများသို့ ယုံကြည်ခြင်းနှင့် ရည်မှန်းချက်ပန်းတိုင် ထားရှိရမည့်အကြောင်းဖြစ်သည်။ သွန်သင်ချက်မှာကား၊ ခရစ်တော်သည်မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲမပြောင်းလဲပဲနေတော်မူ၏ဟုဖြစ်သည်။ ထိုလွန်လေပြီးသောသူများ၏ ဘဝရည်မှန်းချက် ပန်းတိုင်သည်လည်းမနေ့၊ ယနေ့၊ နောင်ကာလမပြောင်းလဲသော ခရစ်တော်ဖြစ်သည်။ အခြေခံယုံ ကြည်ခြင်းသည်လည်း ယေရှုခရစ် (မေရှိယမနေ့၊ ယနေ့၊ နောင်ကာလမပြောင်းလဲသူ ဖြစ်သည်။

၁၃:  ထိုနောက်တွင်မှားယွင်းသော သွန်သင်ချက်နောက်သို့ ရောယောင်လိုက်ပါခြင်းမပြုဘို့ တဖန်သတိပေးထားသည်။ ယုဒဝါဒီသမားများသည် အပြင်ပန်းလက္ခဏာသန့်ရှင်းမှုကို ဦးစားပေး အလေးထားသူများဖြစ်သည်။ ဥပမာအားဖြင့် ဝတ်ပြုအခမ်းအနားများတွင် စင်ကြယ်သော အစား အစာများကိုသာပူဇော်ရသည်။ အမှန်စင်စစ်အားဖြင့် ထိုအမှုအရာများသည် ပညတ်ချက်နှင့်မဆိုင်။ ကျေးဇူးတော်အောက်မှာ သာရှိရသည်။ အစားအစာများသန့်ရှင်းသည်၊ မသန့်ရှင်းပါဟူသော ပြဋ္ဌာန်း ချက်များသည်ဘာသာရေး ဓလေ့ထုံးစံသာဖြစ်သည်။ အတွင်းပိုင်းအဇ္ဈတ္တထိထိုးဖောက်မှုမရှိပါ။ လူတစ်ဦးတစ်ယောက်သည် အပြင်ပန်းသဏ္ဍာန်အားဖြင့် သန့်ရှင်းစင်ကြယ်သည်ဟု သတ်မှတ်နိုင်သော် လည်းအတွင်းစိတ်တွင် မုန်းတီးခြင်းနှင့်မောက်မာထောင်လွှားခြင်းပြည့်နှက်နိုင်သည်။ ဘုရားသခင် ၏ကျေးဇူးတော်တပါးတည်းသာလျှင် အရိုး၊ အကြော၊ ရိုးတွင်းခြင်ဆီထိအောင် စိမ့်ဝင်ပျံ့နှံ့စင်ကြယ် စေနိုင်သည်။ ကျွန်ုပ်တို့အပြစ်အတွက် အသေခံတော်မူသော ကယ်တင်ရှင်ကိုချစ်မြတ်နိုးခြင်းဖြင့် အပြစ်များကိုဆွဲနှုတ်ဖယ်ရှားရမည်။ “ကြီးမြတ်တော်မူသောဘုရားသခင်ကို မျှော်လင့်လျက်ဘုရားမဲ့ တရားမဲ့နေခြင်း၊ လောကိတပ်မက်ခြင်းကို ပယ်ရှားလျက် (တိ ၂:၁၂)ဟုဆိုထားသည် ဆုံးစမထင် သောအစားအသောက်များသည် အမွေပစ္စည်းမမည်နိုင်ပါ။

၁၃:၁၀                   ငါတို့မှာယဇ်ပလ္လင်ရှိသည် ဟူသောအားပေးတိုက်တွန်းချက်ကို ချန်လှပ်မ ထားသင့်ပေ။ ယုဒဝါဒီကိုအဖြေပေးနိုင်သော ခရစ်ယာန်ယုံကြည်ချက်ကို ချန်လှပ်မထားသင့်ပေ။ ယု ဒဝါဒီကိုအဖြေပေးနိုင်သော ခရစ်ယာန်ယုံကြည်ချက်ရှိကြပြီ။ ငါတို့ ယဇ်ပလ္လင်သည် ခရစ်တော်ဖြစ် သည်။ ထို့ကြောင့်ကောင်းကြီးမင်္ဂလာသုခအဖြာဖြာကို ကိုယ်တော်ထံပါးမှ တွေ့မြင်ရရှိနိုင်သည်။ လေဝိထုံးတမ်းစဉ်လာတွင် ကျန်ရှိနေသူများသည် ခရစ်ယာန်တို့၏အခွင့်ထူး၌ ပါဝင်ခွင့်မရှိကြပါ။ ထိုသို့ပါဝင်ရရှိနိုင်ရန်ပထမဦးစွာ အပြစ်ဝန်ချပြီးမှ သခင်ခရစ်တော်အားကယ်တင်ရှင်အဖြစ် လက်ခံ ယုံကြည်ရမည်။

၁၃:၁၁          ယဇ်ပူဇော်သည့်ကာလတွင် တိရစ္ဆာန်များကိုယဇ်ကောင်အဖြစ် ပူဇော်ရပြီး ယဇ်ပုရောဟိတ်ဆရာကြီးက ထိုယဇ်ကောင်အသွေးကိုအသန့်ရှင်းဆုံးဌာနတော်ထံသို့ အပြစ်ဖြေရာ ပူဇော်သက္ကာအဖြစ် ယူဆောင်သွားရသည်။ ယဇ်ကောင်ကိုမူတဲတော်နှင့်ဝေးရာသို့ ယူဆောင်ပြီးမီးရှို့ ပူဇော်ရသည်။ တဲတော်နှင့်ဝေးရာတပ်ပြင်ဆိသည်မှာ ခြံစည်းရိုးအပြင်ဖက်ဖြစ်သည်။

          ၁၃:၁၂          တပ်ပြင်၌ယဇ်ကောင်အားမီးရှို့ပူဇော်သက္ကာပြုခြင်းသည် တမျိုးဖြစ်၍ သခင် ခရစ်တော်၏ပူဇော်သက္ကာပြုခြင်းသည် တဖုံဖြစ်သည်။ ကိုယ်တော်သည် ယေရုရှလင်မြို့ပြင်ဘက် တွင်ကားတိုင်၌အသေခံခြင်းဖြစ်သည်။ ယုဒထုံးစံအရဆိုလျှင် တပ်ပြင်တွင်ယုဒလူမျိုးများအား စုရုံစေပြီးအသွေးတော်ဖြင့် ဆေးကြောစင်ကြယ်စေခြင်းဖြစ်သည်။

၁၃:၁၃          စာဖတ်သူများအား အသိပေးချင်သည်မှာ ထိုစဉ်ကဤကျမ်းပိုဒ်ပါ ဟေဗြဲများ သည်ယုဒဝါဒမှ လွတ်လွတ်ကျွတ်ကျွတ်ခွဲထွက်သူများဖြစ်သည်။ သူတို့ဝန်ထုတ်ဝန်ပိုးများကို ဗိမာန် တော်တွင်ပူဇော်ပစ်ခဲ့ကြပြီး ခရစ်တော်၏ပြီး ပြည့်စုံသောပူဇော်သက္ကာတွင် ကျေနပ်နေကြသည်။

ကျွန်ုပ်တို့သည်လည်း ထိုနည်းလမ်းအတိုင်းဖြစ်ရမည်။ တပ်ဆိုသည်မှာ ဘာသာရေးထုံးစံအရ ကယ်တင်ခြင်းရရှိဖို့ရန် နှုတ်ကပတ်တော်၊ အကျင့်သီလဝတ်ပြုကိုးကွယ်ခြင်းနှင့် အမိန့်တော်များဖြင့် သွန်သင်ရာပတ်ဝန်းကျင်ဖြစ်သည်။ ယနေ့ခေတ်သစ်အသင်းတော်များတွင်လူက သိက္ခာတင်ပေး သောယဇ်ပုရောဟိတ်၊ ဝတ်ပြုကိုးကွယ်ရာအထောက်အကူပစ္စည်းနှင့်အခမ်းအနားအဆောင်အယောင် များဖြင့်ကိုးကွယ်တတ်ကြသည်။ ခရစ်တော်မပါသော အသင်းတော်သည်အဆံမပါအခွံပါသော အသင်းတော်ဖြစ်သည်။ သခင်ယေရှုသည် တပ်ပြင်မှာရှိနေပါသည်။ အထံတော်ပါးသို့ ချဉ်းကပ်ကြပါ စို့။

၁၃:၁၄          ဗိမာန်တော်သည် ယေရုရှလင်ရင်ပြင်တွင်ရှိသည်။ မြေပုံအရပြောရလျှင် တပ် ၏အလယ်ဗဟိုရ်ဖြစ်သည်။ ခရစ်ယာန်များအတွက် ဤကမ္ဘာမြေကြီးပေါ်တွင် မြို့တော် မရှိပါ။ သူတို့ ၏စိတ်စွဲလန်းရာမြို့တော်သည် ကောင်းကင်နိုင်ငံ၊ ယေရုရှလင်သစ်၊ သိုးသငယ်ကိန်းဝပ်စိုးစံရာနေ ရာဖြစ်သည်။

၁၃:၁၅          ဓမ္မသစ်ကာလတွင် ယုံကြည်သူတိုင်းသည် ယဇ်ပုရောဟိတ်ဖြစ်သည်။ သန့် ရှင်းစင်ကြယ်သူများဖြစ်၍ အသန့်ရှင်းဆုံးနေရာသို့ ဝင်ရောက်ပူဇော်ခွင့်ရှိသူများ (၁ပေ ၂:၅)၊ မင်း စည်းစိမ်ရှိသောယဇ်ပုရောဟိတ်များ (၁ပေ ၂:၉)ဖြစ်သည်။ ယုံကြည်သူယဇ်ပုရောဟိတ်များသည် အနည်းဆုံးသုံးကြိမ်သုံးခါပူဇော်သက္ကာပြုရသည်။ ပထဦးစွာ မိမိကိုယ်ကိုစင်ကြယ်စေရသည် (ရော ၁၂:၁)။ နောက်ဤအပိုဒ်ငယ် ၁၅တွင် နှုတ်ခမ်းအသီးတည်းဟူသော ချီးမွမ်းခြင်းယဇ်ပူဇော်ရသည်။ ခရစ်တော်အား ချီးမွမ်းကိုးကွယ်ခြင်းဖြင့် အဘဘုရားသခင်အား ပူဇော်သည်။ ကျွန်ုပ်တို့၏ ချီးမွမ်း ခြင်းဆုတောင်းခြင်းများသည် ခရစ်တော်မှတဆင့် ဘုရားသခင်ထံသွားရသည်။ အဘယ်ကြောင့်ဆို သော်ကျွန်ုပ်တို့၏ မပြည့်စုံသောအချက်များကို ခရစ်တော်က စီစဉ်ဖြည့်စွက်ပေးရသည်။

ဆုတောင်းချီးမွမ်းခြင်းများကို၊

ခရစ်တော်က နံ့သာဖြန်းပေးလျက်၊

ချစ်စဖွယ်ဖြစ်စေကာ၊ပြည့်စုံစေပါသည်။

Mary B Peters

နှုတ်ခမ်းအသီးတည်းဟူသော ချီးမွမ်းခြင်း၊ ယဇ်ကိုခရစ်တော်အားဖြင့် ဘုရားသခင်ရှေ့တော် ၌အစဉ်ပူဇော်ရ၏။ ဘုရားသခင်ကနှုတ်ခမ်းဖြင့် ဝန်ခံချီးမွမ်းကိုးကွယ်ခြင်းသာလျှင် လက်ခံရာ၏။

၁၃:၁၆          တတိယပူဇော်သက္ကာမှာ ရှိရှိသမျှဖြင့်ပူဇော်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် အရာဝတ္ထုများဖြင့် ကောင်းမှုကုသိုလ်ပြုတတ်ကြပါသည်။ ပေးဝေလက်ကမ်းခြင်းများ ပြုတတ်ကြ သည်။ ထိုအမှုများသည် ဘုရားသခင်စိတ်တော်နှင့် ထိတွေ့ရာဖြစ်သည်။ ထိုသို့ပေးလှူခြင်းသည် ကပ်စေးနဲခြင်း၏ ဆန့်ကျင်ဘက်ဖြစ်သည်။

ဘုရားသခင်ဘိသိက်ပေးသောယဇ်ပုရောဟိတ်

သေရိုးထုံးစံမရှိ။

နေ့ညဉ့်မပျက်ခစားကြရ၏။

မယုံကြည်နိုင်လောက်အောင်၊

တန်ခိုးတော်သက်ရောက်လျက်၊

ဆုံးခန်းတိုင်အောင် တည်မြဲနေမည့်

ဘုရားရှင်တော် ယဇ်ပုရောဟိတ်များ၊

လောကတန်ဆာပလာပူဇော်ကာ၊

သန့်ရှင်းဝိညာဉ်ရွေးကောက်ဖို့။

ဘုရားရှင်တော်၏ နှလုံးသာဘဏ္ဍာမှာ၊

ဌာပနာကိန်းဝပ်ရာ၊

မွှေးနံ့သာတိုင်အဖြစ်၊ အထံတော်ပါးသို့၊

ကောင်းကင်သားများ အံ့သြချီးမွမ်းရာ၊

ကျေးဇူးတော်တေးကဗျာဆိုဖွဲ့လို့သာ။

Gerhard Tersteegen.

၁၃:၁၇          အပိုဒ်ငယ် ၇နှင့် ၈တွင်သေလွန်ပြီးသည့် အုပ်ထိန်းသောသူများကို အောက် မေ့ဖို့သတိပေးပါသည်။ ဤကျမ်းပိုဒ်မှာမူ မျက်မှောက်အုပ်ထိန်းသောသူတို့၏ စကားကိုနာခံဖို့ သွန် သင်ပါသည်။ အထူးသဖြင့် ဒေသန္တရအသင်းတော်များတွင် သင်းအုပ်သင်းတော်သင်းထောက်စကား ကိုနာခံရမည်။ ထိုသူများသည် အသင်းတော်တွင် အမှုတော်ထမ်းရွက်သူများဖြစ်သည်။ သူတို့လက် ထဲသို့အမိန့်အာဏာ အပ်နှင်းထားပြီးဖြစ်၍ အသင်းသားတိုင်း ဝန်ခံလေးစားရသည်။ သိုးထိန်း၏ ဦးဆောင်မှုဖြင့် သင်းထောက်များသည်သိုးများ၏ ဝိညာဉ်ကိုစောင့်ထိန်းရသည်။ ထိုသို့ပြုလုပ်ခြင်း သည်အနာဂတ်ကာလတွင် ဘုရားသခင်ထံတော်ပါးမှ မျှော်လင့်ရာရှိခြင်းကြောင့်ဖြစ်သည်။ စိတ်ပါ လက်ပါလုပ်ဆောင်သည်ဖြစ်စေ၊ မကျေမချမ်းဖြင့်လုပ်ဆောင်ရသည်ဖြစ်စေ၊ ဝိညာဉ်ရေးတိုးတက်မှု အပေါ်တွင်တည်မှီရသည်။ အကယ်၍မကျေမချမ်းလုပ်သည်ဆိုလျှင် ဆုလက်ဆောင်မရှိနိုင်။ ထို့ ကြောင့်လှုပ်ရှားမှုရှိတိုင်းသည် ဘုရားသခင်၏အမှုတော်၌တည်လျက် တလေးတစား ကြည်ဖြူစွာ လုပ်ဆောင်ရသည်။

၄။ ကောင်းကြီးမင်္ဂလာပေးခြင်း (၁၃:၁၈.၂၅)

          ၁၃:၁၈          ကျမ်းစာရှင်ကအပြီးသတ်တွင် စာဖတ်သူများအား ဆုတောင်းခြင်းဖြင့် ကောင်းကြီးမင်္ဂလာပို့သပါသည်။ ဤကျမ်းစာသည် ဝေဖန်တိုက်ခိုက်ခြင်း ခံရနိုင်သည်။ ထိုဝေဖန် တိုက်ခိုက်သူများမှာ ဓမ္မဟောင်းပဋိညာဉ်အောက်သို့ ပြန်သွားချင်သူများဖြစ်သည်။ ထိုကဲ့သို့တိုက် ခိုက်ခြင်းခံရမည်ကိုသိသော်လည်း ကျမ်းစာရှင်သည်ယုံကြည်မှုအပြည့်အဝ လိပ်ပြာသန့်သန့်ဖြင့် ဆက်လက်ရေးသားခြင်းဖြစ်သည်။

၁၃:၁၉          မကြာမီကာလ၌ ထိုသူများနှင့်ဆုံဆည်းကြဖို့ ဆုတောင်းပေးရန်ကိုလည်း တိုက်တွန်းထားသည်။ ထိုကျမ်းချက်သည် အကျဉ်းထောင်မှလွတ်ဖို့ ဆုတောင်းခိုင်းခြင်းလည်း ဖြစ်ချင်ဖြစ်နိုင်သည်။ ထိုထက်ကျော်လွန်၍ ထင်မြင်ယူဆချက်ပေးစရာမရှိပါ။

၁၃:၂၀          သမ္မာကျမ်းစာ၏ အလွန်လှပသောကောင်းကြီးမင်္ဂလာပေးသည်။ ထိုကောင်း ကြီးမင်္ဂလာပေးခြင်းမျိုးကို (တော ၆:၂၄၊၂၆)၊ ၂ကော ၁၃:၁၄၊ ယု၊ အငယ် ၂၄၊ ၂၅)တို့တွင်လည်း တွေ့ရသည်။ ငြိမ်သက်ခြင်း ဘုရားသခင်ထံတော်သို့ တိုင်တည်လျက်ဘိသိက် မင်္ဂလာပေးထားသည်။ ရှေးဟောင်းသန့်ရှင်းသူများသည် လိပ်ပြာလုံလုံ၊ ကဏှာငြိမ်ငြိမ်ဖြင့် နေနိုင်ခဲ့ကြသည်မဟုတ်။ သို့ သော်ဓမ္မသစ်ကာလတွင် ဘုရားသခင်ထံတော်၌ ငြိမ်သက်စွာ နေခွင့်ရကြသည် (ရော ၅:၁)။ ငြိမ်သက် ခြင်း၊ ဘုရားရှင်(ဖိ၄:၇)။ ကျမ်းပိုဒ်၏ဆိုလိုသော ငြိမ်သက်ခြင်းမှာခရစ်တော်အမှုတော်၏ အသီးအ ပွင့်ဖြစ်သည်။ ယေရှုခရစ်တော်အားဖြင့် ပေးပါသည်။ သို့ကြောင့်အလိုတော်နှင့် အညီအသက်ရှင် ကြရမည်။

ခရစ်တော်သည် သိုးထိန်းကောင်းဖြစ်သည်နှင့်အညီ သိုးများအတွက် အသက်ပေးလှူစွန့် လွတ်သည် (ယော ၁၀:၁၁)။ သိုးထိန်းကြီးဖြစ်သည့်အလျောက် သေခြင်းမှရှင်ပြန်ထမြောက်သည်။ ရွေးနှုတ်ခြင်းအမှုတော်ကို ပြီးပြည့်စုံအောင် လုပ်ခဲ့သည်(ဟေဗြဲ၁၃:၂၀)။ သိုးထိန်းကြီးဖြစ်သည့်အ တိုင်းအမှုထမ်းကောင်း ဆုလက်ဆောင်ချီးမြှင့်ရန်တဖန်ပြန်လာဦးမည် (၁ပေ ၅:၄)။ ခရစ်တော်ကို (ဆာ ၂၂)တွင်သိုးထိန်းကောင်းအဖြစ်၎င်း၊ (ဆာ၂၃)တွင်ကြီးမြတ်သောသိုးထိန်း အဖြစ်၎င်း၊ (ဆာ၂၄)တွင်သိုးထိန်းကြီးအဖြစ်၎င်း၊ ပုံဖော်ပြထားပါသည်။

ထာဝရပဋိညာဉ်အသွေးတော်ဖြင့် သခင်ယေရှုကိုသေခြင်းမှ နှုတ်ဆောင်တော် မူသည့်ထိုအ ကြောင်းကို Wuest ကဤသို့ဆိုထားသည်။

ဓမ္မသစ်ကျမ်းသည် သဘာဝတရားကိုဆန့်ကျင်သော ပထမဆုံးနှင့်ထာဝရကာလအတွက် ကျမ်းစာတော်မြတ်ဖြစ်သည်။ အပြစ်လူသားများအတွက် မေရှိယသခင်အသေခံ၍ ပြန်လည် ထမြောက်သည်။ အကယ်၍ပြန်လည်ထမြောက်ခြင်း မပြုခဲ့လျှင်မေလခိဇေဒက်နောက်တွင် ပေါ်ထွန်းသောယဇ်ပုရောဟိတ်မင်းကြီး မပီသနိုင်။ အပြစ်သားများအတွက် အသက်ရှင်သော ယဇ်ပုရောဟိတ်လိုအပ်သည်။ အသက်သေတတ်သောယဇ်ပုရောဟိတ်က အသေသတ်သော အပြစ်သားများကိုမရွေးပေနိုင်။ အဘယ်ကြောင့်ဆိုသော် ဘဝတူဖြစ်သည်။ သို့ကြောင့်ဓမ္မသစ် ကျမ်းရှိမိမိကိုယ်ကိုယဇ်ကောင်အဖြစ် တင်လှူပူဇော်ယဇ်ပုရောဟိတ်မင်းကြီး သေခြင်းမှပြန် လည်ထမြောက်သည်မှာသစ္စာတရား ဖြစ်သည်။

၁၃:၂၁          သန့်ရှင်းသူများသည် အလိုတော်နှင့်အညီ ကောင်းသောအမှု၌ စိတ်တညီတ ညွတ်တည်းဆုတောင်းကြရမည်ဟု အပိုဒ်ငယ်(၂၀)တွင် ဆိုထားသည်။ ဘုရားသခင်သည် လူသား များအရာရာတိုင်း၌ ကောင်းစားစေချင်သည်။ ဘုရားသခင်အမှုတော်၌ မွေ့လျော်စေချင်သည်။ ယေရှု ခရစ်တော်ဖြင့်ထိုလမ်းစဉ်ပြသသည်။ ပြသသည့်အတိုင်း လိုက်နာပျော်ရွှင်ကြရမည်။ တစ်နည်းအားဖြင့် အလိုတော်နှင့်အညီပြုလုပ်နိုင်ရန် တန်ခိုးအစွမ်းပေးသည်။ ပေးသည့်အတိုင်းလုပ်ဆောင်၌ ဆုလက် ဆောင်ရရှိကြသည်။

ယေရှုခရစ်တော်ကိုသိကျွမ်းခြင်းဖြင့် ဘုန်းတန်ခိုးတော်သည် ကာလအစဉ်အဆက်ကျရောပါ စေသားဟုမေတ္တာပို့ခြင်းဖြင့် ဆုတောင်းခြင်းအဆုံးသတ်သည်။

ဆင်းရသူများ ချီးမွမ်းခြင်းဖြင့်  ချမ်းသာ၍

ကိုးကွယ်ခြင်း၌ချမ်းသာခြင်းကြွယ်ဝသည်။

ဆုံးစမထင်ကောင်းကင်ချမ်းသခင်

ယေရှု၌သာပြည့်စုံသည်။

Frances Ridley Havergal

၁၃:၂၂          ကျမ်းစာရှင်ကဤစာတိုဘာသာရေးထုံးတမ်း စဉ်လာမျှသာမဟုတ်ဘဲ၊ ခရစ် တော်ဘုရားအားနှလုံးသာထဲ၌ ပဋ္ဌနာပြုနိုင်ကြပါရန် တိုက်တွန်းနှိုးဆော်ထားသည်။

ကျမ်းစာစောင်ကိုတောင်းသော်လည်း လေဝိထုံးတမ်းစဉ်လာတွင် တိမ်မြုပ်မနေကြဘဲ၊ ခရစ် တော်၌ပြီးပြည့်စုံသောဘဝအသက်တာ ရရှိကြမည့်အကြောင်း ဆုတောင်းသွန်သင်ပေးသည်။

၁၃:၂၃          ကျမ်းပိုဒ်တွင် ငါတို့ညီတိမောသေကို အခြားသို့လွှတ်လိုက်သည်” ဟူသော စကားကိုထောက်ရှုခြင်းအားဖြင့် ဤသြဝါဒကျမ်းစာသည်ရှင်ပေါလု လက်ရာဖြစ်သည်ဟု ကောက် ချက်ချရသည်။ တိမောသေနှင့်အတူခရီးပြုမည်ဟုဆိုခြင်းအားဖြင့် ရှင်ပေါလုဖြစ်တန်ရာသည်။ သို့ သော်တထစ်ချမပြောနိုင်ပါ။ မည်သူ့လက်ရာဖြစ်သနည်းမေးခွန်းကို ချန်ထားလျှင်အကောင်းဆုံးဖြစ် ပါမည်။

၁၃:၂၄          ခရစ်ယာန်ခေါင်းဆောင်များနှင့် သန့်ရှင်းသူအပေါင်းသို့ ကျေးဇူးတင်နှုတ် ဆက်စကားပြုသည်။ ထိုကာလခရစ်ယာန်များ၏ ယဉ်ကျေးပျူငှာမှုများကို အမှတ်တမဲ့မနေအပ်သ ကဲ့သို့ယနေ့ကာလတွင်လည်း ဆက်လက်စောင့်ထိန်းသင့်သည်။

ကျမ်းစာရှင်နှင့်အတူ ဣတလိပြည်သားများ လည်းရှိဟန်တူသည်။ ထိုသူများကိုလည်း နှုတ် ဆက်သည်။ ထို့ကြောင့်ဤကျမ်းစာသည် ဣတလိပြည်မှာ ရေးသားသည်ဟုယူဆရသည်။

၁၃:၂၅          ပဋိညာဉ်တရားသစ်ဆိုင်ရာ သြဝါဒကျမ်းကို ကျေးဇူးတော်ချီးမွမ်းခြင်းခြင်း ဖြင့်နိဂုံးချုပ်ထားပါသည်။ ပဋိညာဉ်တရားသစ်သည် ခြွင်းချက်မရှိသောအခမဲ့ကျေးဇူးတော် သက် သက်ဖြစ်သည်။ အပြစ်သားအဖြစ်မှ လွတ်ခြင်းအခွင့်ရရန် ယေရှုခရစ်တော်တင်လှူပူဇော်ခဲ့သော ပူဇော်သက္ကာသည် အဖဘုရားသခင်၏ အနှိုင်းမဲ့မေတ္တာတော်ပါတကား။ အာမင်။

ယနေ့ခေတ်အတွက် ဟေဗြဲသြဝါဒစာ၏ သတင်းစကား

          ယနေ့နှစ်ဆယ့်တစ်ရာစု လူသားများအတွက်ဟေဗြဲသြဝါဒစာသည် အကျိုးသက်ရောက်မှုရှိပါ သလား။

ယုဒဝါဒသည် ယနေ့ခေတ်ကာလတွင် ရေခံမြေခံဘာသာရေးအဖြစ် မခံယူနိုင်ကြသော်လည်း ရှေးဦးအသင်းတော်များ၏ အစပိုင်းကာလတွင်ခရစ်ယာန် ယုံကြည်ခြင်း၌ဝိညာဉ်အားဖြင့်ဆက်စပ် နှီးနွယ်မှုမကင်းခဲ့ပေ။ Dr. C. I. Scofied ကသူ၏လူသိများထင်ရှားကျော်ကြားသော “Righgtly Dividing the Word of the Truth” စာအုပ်ငယ်၌ဤသို့ရေးသားထားပါသည်။

“မယုတ်မလွန်ပြောရလျှင် ယုဒအယူစိုးမိုးသောအသင်းတော်များသည် ဦးတည်ချက်လွဲမှား သောကြောင့် တိုးတက်သင့်သလောက်မတိုးတက်။ ဝိညာဉ်ရေးရာလည်းအကြောင်း အမျိုးမျိုကြောင့် အားနည်းပျက်စီးခဲ့ရသည်။ လောကအရာများမှ ဖယ်ကြဉ်လျက်ကောင်းကင်ခေါ်သံကိုနားစွင့်ကာ အထံတော်နောက်သို့လိုက်ပါ သွားရမည့်အစား၊ ယုဒကျမ်းစာကိုကိုင်စွဲ၍ လောကယဉ်ကျေးမှုအောက် တွင်နစ်မျောနေကြသည်။ လောကချမ်းသာ၊ ဘာသာရေးထုံးတမ်းစဉ်လာများဖြင့် အသင်းတော်၏ ခမ်းနားကြီးကျယ်ပုံကို မှတ်တိုင်ထူခဲ့ကြသည်။ ……ညီအစ်ကိုများကြား (ရဟန်းနှင့်လူ) (ဆရာ ဒကာ)ဟုအဆင့်ခွဲခြားခဲ့ကြသည်။

ခရစ်တော်တစ်ပါးတည်းသော ကယ်တင်ရှင်ဖြစ်ကြောင်း၊ ခရစ်တော်၏ကယ်တင်ခြင်းအမှု တော်ကယ်တင်ခြင်းအမှုတော်ဖြင့် လူသားအားလုံးကို အပြစ်မှကယ်တင်သည်ဟူသော တရားတော် မြတ်ကိုအသိအမှတ်မပြု လက်မခံသည့်ကယ်တင်ခြင်းတရားမရှိ၊ ဘာသာရေးသက်သက်မှလွတ် ကင်းလျက်သခင်ခရစ်တော်အား လက်သင့်ခံရန်ဟေဗြဲသြဝါဒစာက သွန်သင်ထားပါသည်။

ဓမ္မဟောင်းမှနိမိတ်ပုံရိပ်များသည် ခရစ်တော်အားဖြင့်ပြည့်စုံသွားပြီဖြစ်ကြောင်း၊ ဟေဗြဲကျမ်း ကသွန်သင်ထားပါသည်။ ခရစ်တော်သည်ကျွန်ုပ်တို့၏ယဇ်ပုရောဟိတ်မင်းကြီးဖြစ်ပါသည်။ ကျွန်ုပ် တို့၏ပူဇော်သက္ကာဖြစ်သည်။ ယဇ်ပလ္လင်လည်းဖြစ်ပါသည်။ ကောင်းကင်နိုင်ငံအသန့်ရှင်းဆုံးသောဌာ နတော်ကျက်သရေဆောင်ထဲသို့ ဝင်ရောက်ပူဇော်သက္ကာပြုသူဖြစ်သည်။ ကိုယ်တော်၏ယဇ်ပုရော ဟိတ်အမှုသည်ဘယ်သောအခါမှ ဆုံးခန်းတိုင်ခြင်းမရှိပါ။

ယုံကြည်သူတိုင်းသည် ယဇ်ပုရောဟိတ်များဖြစ်ကြောင်းလည်း သွန်သင်ထားပါသည်။ သို့ ကြောင့်ဘုရားသခင်ထံတော်ပါးသို့ အချိန်မရွေးဝင်ရောက်ဖူးမျှော်ခွင့်ရရှိသူများဖြစ်သည်။ မိမိကိုယ် ခန္ဓာအားဖြင့်ဖြစ်စေ၊ ချီးမွမ်းခြင်းဖြင့်ဖြစ်စေ၊ စည်းစိမ်ဥစ္စာပိုင်ဆိုင်မှုဖြင့်ဖြစ်စေ ဆက်ကပ်ပူဇော်သူ များဖြစ်သည်။

ထိုအကြောင်းကို David Baron ကဤသို့ရေးထားပါသည်။ လေဝိထုံးတမ်းစဉ်လာအရ ပူဇော်သက္ကာပြုသည့်ပုံစံများကို အသင်းတော်များတွင် လိုက်လုပ်စရာအကြောင်းမရှိတော့ပါ။ မသန့် ရှင်းသောလက်များဖြင့် နှစ်ခြမ်းကွဲသွားသောဗိမာန်တော် ကန့်လန့်ကာကိုပြန်လည်ဆက်စပ်အောင် ကြိုးစားပြန်ချုပ်စရာမလိုတော့ပါ။ မသန့်ရှင်းသောကြောင့် “အပြင်မှစောင့်နေပါ” ဟုလည်းမပြော တော့ပါ။ “ခရစ်တော်၏အသွေးတော်အားဖြင့် အရာခပ်သိမ်းအဆင် ပြေသွားပါပြီ”

ဟေဗြဲကျမ်းက ကျွန်ုပ်တို့တွင်ပိုကောင်းသောပဋိညာဉ်၊ ပိုကောင်းသောအောင်သွယ်တော်ကို၊ ပိုကောင်းသောမျှော်လင့်ချက်၊ ပိုကောင်းသောကတိတော်၊ ပိုကောင်းသောမွေးရပ်ဌာနေ၊ ပိုကောင်း သောယဇ်ပုရောဟိတ်၊ ပိုကောင်းသောပိုင်ဆိုင်မှုရှိကြောင်းသွန်သင်ပါသည်။ အကောင်းဆုံးသော ယုဒဓလေ့ထုံးစံထက်ပိုကောင်းသည်။ ထာဝရရွေးနှုတ်ခြင်း၊ ထာဝရကယ်တင်ခြင်း၊ ထာဝရပဋိညာဉ်၊ ထာဝရအမွေဆက်ခံသူများဖြစ်ကြောင်း အာမခံထားပါသည်။

မိစ္ဆာဝါဒအယူမှားခြင်းကို ကြပ်တည်းစွာသတိပေးထားပါသည်။ အကယ်၍ခရစ်ယာန်အတုအ ယောင်အဖြစ်၊ အသင်းတော်၌ပါဝင်ဆက်ဆံပြီးမှ ခရစ်တော်နှင့်ဝေးရာသို့သွားပြီး ဘုရားရှင်တော်၏ ရန်သူနှင့်သွားရောက်ပူးပေါင်းသော သစ္စာဖောက်သည်ဘယ်သောအခါမှ နောက်တဖန်နောင်တမရ နိုင်တော့ပါ။

ယုံကြည်သူများသည် ဟန်ပန်အမူအရာဖြင့်မဟုတ်၊ ယုံကြည်ခြင်းသစ္စာဖြင့်အသက်တာ လျှောက်လှမ်းကြရန် ဟေဗြဲသြဝါဒစကသွန်သင်ထားပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သော အသက်တာသည်ခရစ်တော်စိတ်တော်နှင့် ထိတွေ့ကျေနပ်စရာဖြစ်သည်။ ကတိတော်ဆုလက်ဆောင် ကိုဆွတ်ခူးရရှိရန် နာကျင်မှုဝေဒနာ၊ စုံစမ်းနှောင့်ယှက်ခြင်းနှင့် ဖျားယောင်းသွေးဆောင်ခြင်းကို လည်းသစ္စာရှိရှိသည်းခံတွန်းလှန်ကြရန် အားပေးတိုက်တွန်းထားပါသည်။

ယုံကြည်သူများသည် အထူးတာဝန်ဝတ္တရားရှိသည့်နည်းတူ အခွင့်အရေးထူးများလည်းရှိပါ သည်။ အဓိကအချက်မှာ ခရစ်ယာန်များသည်ဤလူ့လောက၌ ခရစ်တော်ဘုရားချစ်နှစ်သက်ဆုံးလူ များဖြစ်သည်။ အကယ်၍ထိုအခွင့်အရေးကိုသတိလက်လွတ်ဖြစ်သွားပါက ခရစ်တော်၏တရားစီရင် ခြင်းအပြစ်ဒဏ်ကိုခံကြရမည်။ ပညတ်တော်အောက်မှာ နေကြရသူများသာလျှင် ထိုကဲ့သို့ခံကြရမည် ဖြစ်သောကြောင့် ထိုလာမည့်နေ့ရက်အတွက် ပြင်ဆင်ထားရပါမည်။

“သို့ကြောင့်အထံတော်ပါးသို့ တိုးဝင်ကြပါစို့။

တပ်ပြင်သို့ထွက်၍ ချဉ်းကပ်ကြပါစို့ (၁၃:၁၃)။

မှတ်စု

          (၃:၆) The UN ကျမ်းစာကမူ “အဆုံးသတ်သည်” ဟူသောစကားလုံးကို ချန်ထားသည်။

(၃:၁၈) Arthur T.Pierson, further documentation unavailable.

(၃:၁၈) ဓမ္မဝါဒီများက ခရစ်တော်၏အမှုပြုနိုင်ခြင်းနှင့်ပတ်သက်၍ Latin စကားနှစ်ခုကို ဖော်ထုတ်တင်ပြကြသည်။ “non posse peccare” အပြစ်လုပ်ဖို့ရန်မဖြစ်နိုင်” ဟူသောစကားနှင့် “posse non pecare” အပြစ်မလုပ်နိုင်”ဟူသောစကားဖြစ်သည်။ သွန်သင်လိုသည်မှာ “non posse peccare” အပြစ်မဖြစ်နိုင်” ဟူသောစကားဖြစ်သည်။

(၄:၁၆) G. Campbell Morgan “Choice Eleaning Calendar”

(၆:၂) သုံးထားသော ဝေါဟာရစကားလုံးများသည်မူရင်း စာသားတွင်မတူညီပါ။ သုံးနေကြ စကားလုံး”baptismoi” ritual washing ဘာသာရေးထုံးတမ်းစဉ်လာအရဆေးကြော သန့်စင်ခြင်း” ဖြစ်သည်။

(၆:၃) The Majority text reads” And let us do this….”

(၆:၆) NKJV ကျမ်းဘာသာပြန်ချက်ကပိုကောင်းသည်။ (Since the form and context are thef same as the previous clauses): “and have fallen away”.

(၆:၁၈) The majority of mss read ” We have strong consolation” (nidicative) rather than “might have strong consolation” (subjuntive). The fonuer is even more certain.

(၆:၂၀) D.Anderson Berry, Pictures in the acts, p. 36ff.

၁၀(၇:၂၀) A.W.Rainbury. “Able to save to uttermost” The Keswick week. 1958. P.78.

၁၁(၇:၂၁) George Henderson. Studies in the Epistle to the Hebrew, p. 86.

၁၂(၈:၆) W.H.Griffith. Thomas, Hebrews: Adevotional Commentary, p. 103.

၁၃(၈:၈) Henderson, Hebrws, p.92.

၁၄(၉:၄) The word “thumiaterion” is a thing or place for buring incense.

၁၅(၉:၁၁) The NU text reads” that have come.”

၁၆(၉:၁၃) J. Gregory Mantle, Better things,p. 109.

၁၇(၉:၁၅) Kenneth S Wuest, Hebrews in the Greek New Testament.p 162,163.

၁၈(၁၀:၁၀) George M. Landis, Epistle in the Hebrews: On to Maturity,p.116.

၁၉(၁၀:၁၁) Alexaneder Balmain Bruce, The Epistle to the Hebrewsi. The frist Apology for Christianity p.34.

၂၀(၁၀:၃၇) Marvin Vincent, Words study in the New testament, 11:1150:

၂၁(၁၀:၃၇) A.J.Pollock, Mordernism versus the Bible.p.19.

၂၂(၁၀:၃၈) The UN text reads “My just one”.

၂၃(၁၁:၂၁) C.H.Mackintosh, Genesis to Deuterononiy Note on Panteteuch p.133.

၂၄(၁၁:၂၂) William Lincoln, lectures on the Epistle to the Hebrews,p.106.

၂၅(၁၁:၃၅) G.H.Morrison “Morrison on luke.” The Elasgow pulpit series, 1:42.

၂၆(၁၁:၃၇) The critical (NU) text omits” were tempted”

၂၇(၁၁:၃၇) William G.Moorehead, Out lines strdies in The New testament, Philipian to Hebrews,p.248.

၂၈(၁၂:၂) A.B.Bruce, Hebrews, pp 415. 416.

၂၉(၁၂:၁၀) J.H.Jowett life in the Heights. Pp 247.248.

၃၀(၁၂:၁၁) Leslie Weatherhead, Prescription for Anxiety p.32.

၃၁(၁၂:၁၁) C.H.Spurgeon. “Choice Eleanings Calendar.

၃၂(၁၂:၁၃) George Williams, The students commentary on the Holy Scriptures p.989.

၃၃(၁၂:၁၃) G.H.Lang. The Epistle to the Hebrews. Pp 240,241

၃၄(၁၂:၁၄) Wuest, Hebrews p.222

၃၅(၁၂:၂၀) “Or shot with an arrow”

စကားလုံးကို ရှေးအကျဆုံးသောကျမ်းစာ အပါအဝင်ကျမ်းစာခပ် များများတွင်မတွေ့ရပါ။ နောက်ပိုင်း တွင်ထပ်ဖြည့်ဟန်တူသည်။

၃၆(၁၃:၂) ခရစ်တော် လူ့ဇာတိမခံမီကာလ ဖြစ်သောကြောင့်ထိုသုံးဦးအနက် တစ်ဦးကိုကိုယ် တော်၏ကောင်းကင်တမန်ဟု ယုံကြည်သည်။

၃၇(၁၃:၂၀) Wuest, Hebrews p.242.

၃၈(Excurcus) C.I. Scofield, Rightly Dividing the word of Truth p.17.

၃၉(Excurcus) David Baron. The New Order of Priest hood pp. 39,40.

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။