ကမ္ဘာဦးကျမ်း - ၁
ကမ္ဘာဦးကျမ်း - ၁ (အနက်ဖွင့်)
၁။ အစောဆုံးကမ္ဘာဦးကာလ (အခန်း ၁–၁၁)
(က) ဖန်ဆင်းခြင်း (အခန်း ၁–၂)
၁:၁ ‘အစအဦး၌‘ ဟူသော စကားရပ်သည် သမ္မာကျမ်းစာ၏ အခြေခံ ယုံကြည်ချက်ဖြစ်သည်။ ဤစကားရပ်ကို ယုံကြည်လက်ခံနိုင်မှသာလျှင် သမ္မာကျမ်းစာကို လက်ခံနိုင်သည်။ ကျမ်းစာပါ အကြောင်းအရာများကို ယုံကြည်နိုင်မည်။ ကမ္ဘာဦးကျမ်းတွင် ဖန်ဆင်းခြင်းအမိန့်အာဏာ ပေါ်ထွန်းပုံ ရှင်းပြထားသည်။ လူသားအားလုံးနှင့်သက်ဆိုင်သော် အကုန်အစင် သိနိုင်စွမ်းမရှိကြ။ ဘုရားသခင်၏ ဉာဏ်ပညာတော် စူးစမ်းရှာဖွေခြင်းထက် အသိအမှတ်ပြုခြင်းက ပိုကောင်းပါသည်။ သမ္မာကျမ်းစာကို အသိအမှတ်မပြု လက်မခံ ငြင်းပယ်သူများအား သမ္မာကျမ်းစာက နာမည်သီးသန့် ပေးထားပါသည်။ ထိုနာမည်မှာ သူရူး၊ သူမိုက်ဖြစ်သည် (ဆာ ၁၄:၁၊ ၅၃:၁)။ သမ္မာကျမ်းစာသည် ဘုရားသခင်ထံမှ စတင်ပေါ်လာခြင်းဖြစ်သည်။ ထို့ကြောင့် လူ့အသက်ဇီဝနှင့်အတူတူဖြစ်၍ လူ့ဘဝအသက်တာတွင် ပထမ ဦးဆုံးနေရာ၌ ထားရှိရမည်။
၁:၂ လွတ်လပ်သော အတွေးအခေါ်ရှင်သမားများက ကမ္ဘာဦးကျမ်းပါ ဖန်ဆင်းခြင်းအကြောင်းကို ထောက်ပြချင်ကြသည်။ အခန်းငယ် ၁ နှင့် ၂ အကြားတွင် မဟာကပ်ဆိုးပေါ်ပေါက်လာသည်။ စာတန် မာရ်နတ်၀င်ရောက်ခြင်းဖြစ်နိုင်သည်။ (ယေဇ ၂၈:၁၁- ၁၉ ကိုကြည့်ပါ)၃။ ဖန်ဆင်းခြင်းအစတွင် အဆင်းသဏ္ဌာန်မရှိ (tõhû wàvõhû) ဟုဆိုသည်။ ဘုရားသခင်သည် ကမ္ဘာမြေအား အချည်းနှီး၊ အလဟသ ဖန်ဆင်းခြင်းမဟုတ် (ဟေရှာ ၄၅:၁၈ ကြည့်)။ ဤအပိုဒ်ငယ်၏ ဆိုလိုရင်းမှာ ဘာမှမရှိသော လေဟာပြင်တွင် အရာဝတ္ထုကြီးတစ်ခု ရုတ်တရက်ပေါ်ထွန်းလာခြင်းပုံစံဖြစ်သည်။ ထို့ကြောင့် ဖန်ဆင်းခဲ့ (hàyethã) ကို ဖန်ဆင်းခဲ့ပြီ၄ ဟု ဆိုနိုင်သည်။ ထိုအချိန်တွင် ကမ္ဘာမြေသည် လွတ်လပ်လဟာဖြစ်သည်။ ဘာမှမရှိ။
ဘုရားသခင်၏ ဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်မှာ လှုပ်ရှားတော်မူ၏။ ပထမဦးဆုံး ဖန်ဆင်းထားသော ကောင်းကင်နှင့် မြေကြီးနောက်တွင် အခြားဆက်စပ်သောအရာများ (၆)ရက်လုံး ဆက်လက် ဖန်ဆင်းသည်။ ထိုသို့ ဖန်ဆင်းခြင်းမှာ လူသားများ အဆင်ပြေစွာ နေထိုင်နိုင်ဖို့ဖြစ်သည်။ လူသား မိသားစုနေထိုင်ဖို့ဖြစ်သည်။
၁:၃–၅ ပထမနေ့ရက် တွင် ဘုရားသခင်က အလင်း ဖြစ်သောကြောင့် မှောင်မိုက်လဟာပြင်ကြီးသည် အလင်းရောင်ရရှိသည်။ အလင်းရသောနေရာကို နေ့၊ အလင်းမရရှိသောနေရာကို ည ဟုခေါ်ဆိုသည်။ ထိုသို့ဖြင့် နေ့နှင့်ည တလှည့်စီပေးထားသည်။ ဤအချက်သည် စတုတ္ထနေ့တွင် ဖန်ဆင်းသော နေ၊ လ၊ ကြယ်များနှင့် ရှုပ်ထွေးစရာမဟုတ်။ ၂ကော ၄:၆ တွင် ရှင်ပေါလုက အလင်းနှင့် အမှောင်ထဲတွင် ရှိနေသူများ အသက်တာပြောင်းလဲသူနှင့် မပြောင်းလဲသူ အဖြစ် ပုံနှိုင်းထားသကဲ့သို့ ဖြစ်ပါသည်။
၁:၆–၈ ဒုတိယနေ့တွင်ကား ကမ္ဘာမြေကြီးကို ရေထုက ဝိုင်းရံထားနေပြီ။ အခိုးအငွေ့ထုဖြင့် ဖြစ်နိုင်သည်။ ထို့ကြောင့် ဘုရားသခင်က ကမ္ဘာမြေသား နှင့် ရေခိုးရေငွေ့တိမ်တောင်တိမ်လိပ်များကို ခွဲခြားလိုက်သည်။ နေရာသီးသန့်စီပေးလိုက်သည်။ အခိုးအငွေ့များသာ တည်နိုင်သော မျက်နှာပြင်ကို ကောင်းကင်ဟု ခေါ်စေသည်။ မိုးမျက်နှာကြက်ဆိုရာတွင် မိုးကုတ်စက်ဝိုင်းကို ဆိုလိုသည်။ ကြယ်နက္ခတ်တာရာ များရှိရာ အာကာသမပါ။ ဘုရားသခင်စိုးစံတော်မူသော နေရာ၊ တတိယကောင်းကင်ဘုံ မပါရှိပါ။ ကျေးငှက်သာရကာများ ပျံသန်းနိုင်သော လေဟာပြင်ဖြစ်ကြောင်း အပိုဒ်ငယ် ၂၀ တွင် တွေ့ရှိမည်။
၁:၉-၁၃ ဘုရားသခင်က ကမ္ဘာမြေနှင့် အစုအဝေးကို သီးခြားခွဲထွက်စေသောကြောင့် မြေကြီးသည် ကမ္ဘာဂြိုလ်အဖြစ် သီးသန့် ပေါ်ပေါက်သည်။ မြေကြီးများ ရှိသောနေရာကို ကုန်းမြေ ဟုခေါ်၍ ရေအစုအဝေးကို ပင်လယ်သမုဒ္ဒရာ ဟုခေါ်သည်။ တတိယနေ့တွင် မြေကြီးပေါ်၌ သီးနှံမြက်ပင်များနှင့် သစ်ပင်သစ်နွယ်အမျိုးမျိုး ပေါက်ရောက်ပေါ်ထွန်းစေသည်။
၁:၁၄–၁၉ စတုတ္ထနေ့ရက်မတိုင်မီ နက္ခတ်တာရာ၊ ကြယ်၊ နေအစုအဝေးများ မပေါ်ထွန်းသေး။ ဘုရားသခင်က နေ၊လနှင့်ကြယ်များဖြင့် ကောင်းကင်ပြင်တစ်ခုလုံးကို လင်းထိန်စေသည်။ ထိုအချိန်အခါမှ စ၍ နေ့ရက်ရေတွက်ခွင့်ရ၍ ပြက္ခဒိန်အတိုင်း ဖြစ်ပေါ်လာသည်။ ဖန်ဆင်းခြင်း စတုတ္ထနေ့ရက်ဖြစ်သည်။
၁:၂ဝ-၂၃ ပဉ္စမမြောက်နေ့ရက်တွင် သမုဒ္ဒရာပင်လယ်ထဲ၌ ငါးအုပ်စုရေနေသတ္တဝါများ ဖန်ဆင်းသည်။ မြေကြီးပေါ်တွင် ကျေးငှက်သာရကာနှင့် ပိုးမွှားတိရစ္ဆာန်များ ပြည့်စုံစေသည်။ ငှက် ဆိုသည်မှာ တောင်ပံဖြင့် ပျံသန်းတတ်သော လင်းနို့များမှစ၍ ပိုးမွှားမျိုးစုံ ပါဝင်သည်။
၁း၂၄-၂၅ ဆဋ္ဌမမြောက်နေ့ရက်တွင် တိရစ္ဆာန်များနှင့်တွားသွားသတ္တဝါများဖန်ဆင်းသည်။ အမိန့်တော်ရှိသည့်အတိုင်းဟုဆိုထားသည်။ အလိုတော်ရှိသည့်အတိုင်း သက်ရှိသတ္တဝါမျိုးစုံ ဖြစ်ထွန်းပေါ်ပေါက်စေသည်။ တမျိုးပြီးတမျိုး ဖန်ဆင်းပေါ်ထွန်းခြင်းမဟုတ်။ အလိုတော်ရှိသည့်အတိုင်းပေါ်ထွန်းလာကြခြင်းဖြစ်သည်။
၁:၂၆–၂၈ ဘုရားသခင်၏ အကြီးမြင့်ဆုံးဖန်ဆင်းခြင်းမှာ လူသတ္တဝါ ဖန်ဆင်းခြင်းဖြစ်သည်။ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းသည်။ ထိုသို့ ဖန်ဆင်းခြင်းမှာ ဘုရားသခင်ကိုယ်စား ကမ္ဘာမြေပေါ်ရှိ ဝေနေယျသတ္တဝါအား စိုးမိုးအုပ်ချုပ်စေဖို့ဖြစ်သည်။ ဘုရားသခင်သည် (ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်) တည်းဟူသော သုံးပါးတစ်ဆူဖြစ်တော်မူသည်နှင့်အညီ လူကိုလည်း (ဝိညာဉ်၊ စိတ်၊ ခန္ဓာကိုယ်) သုံးပါးဖြင့် ဖွဲ့စည်းထားသည်။ ဘုရားသခင်တွင် အသိဉာဏ်ပညာတော်ရှိသကဲ့သို့ လူကိုလည်း သိစိတ်၊ အရှက်အကြောက် ဟီရိဩတ္တပ္ပစိတ်၊ အချင်းချင်းဆက်သွယ်ပတ်သက်သည့် မနော၊ စိတ်လှုပ်ရှားမှု၊ ခံစားချက်အသိ၊ စေတသိက် လှုံ့ဆော်စိတ်များ ပေးထားသည်။ ဤနေရာတွင် အပြင်ပန်း လက္ခဏာ ပုံစံတူခြင်းမဆိုလို။ သိစိတ်ဖြစ်သည်။ လူနှင့် တိရစ္ဆာန်၏ခြားနားချက်မှာ ထိုသိစိတ်ဖြစ်သည်။ လူနှင့် တိရစ္ဆာန်၏ ခြားနားချက်မှာ ထိုသိစိတ်ဖြစ်သည်။ လူသည် ဖန်ဆင်းရှင်ကို သိသည်။ ဝတ်ပြုကိုးကွယ်တတ်သည်။ ဆက်ဆံမိဿဟာယ ဖွဲ့တတ်သည်။
အခန်းငယ် ၂၆ တွင် သုံးပါးတစ်ဆူဖြစ်သည့် အကြောင်းကို အရိပ်အမြွက်တွေ့ရသည်။ တဖန်ဘုရားသခင်က (Elohim ဗဟုကိန်း) ဆိုသည် (အနည်းကိန်းသုံးသည်) လူကို ဖန်ဆင်းကြစို့ (ဗဟုကိန်း)။
သမ္မာကျမ်းစာကျမ်းရင်းတွင် ဘုရားသခင်က ဖို၊ မစီရင် ဖန်ဆင်းထားကြောင်း တွေ့ရသည်။ တဆင့်ပြီး တဆင့်ပြောင်းလဲတိုးတက်ခြင်းမဟုတ်ပါ။ အချင်းတို့များပြားစွာမွေးဘွားကြလော့ ဟုဆိုထားသည်။
ဘုရားသခင်က လူအားတိရစ္ဆာန်များကိုအုပ်စိုးစေသည်။ အသုံးပြုဖို့ပေးထားပါသည်။ သို့သော် ညှဉ်းပန်းနှိပ်စက်ဖို့မဟုတ်။ ယနေ့ခေတ်ကာလတွင် လူ့လောက၊ အတ္တနှင့် နမော်နမဲ့နေနိုင်မှုကြောင့် နေရာအနှံ့ပတ်ဝန်းကျင်တွင် တိရစ္ဆာန်များ မတရားညှဉ်းပန်းနှိပ်စက်၊ သတ်ဖြတ်နေကြကြောင်း တွေ့ရသည်မှာ ဝမ်းနည်းဖွယ်ရာဖြစ်သည်။
၁:၂၉–၃၀ ထို့ကြောင့် သတ္တဝါသမိုင်းအစမူလတွင် တိရစ္ဆာန်များသည် သီးမြက်ပင်များစားရ၍ လူသည် ဟင်းသီးဟင်းရွက်စားရကြောင်း နားလည်ရသည်။ သို့သော် ရေလွှမ်းမိုးခြင်း ဘေးဒဏ်ကြီးနောက် ပိုင်းတွင် တမျိုးပြောင်းလဲကုန်သည် (၉:၁-၇ ကိုလည်းကြည့်။ (၆)ရက်ကို မည်သို့တိုင်းတာမည်နည်း။ (၂၄)နာရီ တစ်ရက်ကို ဆိုလိုသလား။ ဘူမိဗေဒခေတ်ကာလကိုဆိုလိုသလား။ သို့မဟုတ် ဇာတ်လမ်းသဘော အရ ဆိုလိုသလား။ မောရှေက မည်သို့တိုင်းတာ သတ်မှတ်သနည်း။ သိပ္ပံနည်းကျ အထွေအထူး ပြသစရာမလိုပါ။ “ညနေခင်းနှင့် နံနက်ခင်း” ဟူသော စကားရပ်အရ (၂၄)နာရီတစ်ရက်ဖြစ်ကြောင်း နားလည် နိုင်သည်။ ဓမ္မဟောင်းကျမ်းတွင် ပါရှိသော ထိုစကားလုံးသည် ယနေ့ကာလတစ်ရက် (၂၄)နာရီတစ်ရက်ကို ဆိုလိုပါသည်။ အာဒံသည် သတ္တမနေ့တွင်ဖြစ်ဘွား၍ နှစ်ပေါင်း (၉၃၀)အသက်ရှင်သည်ဟု ဆိုထားသည်။ ထို့ကြောင့် သတ္တမနေ့သည် ဘူမိဗေဒ သက်တမ်းအခေါ်အဝေါ် မဟုတ်သည်မှာ သေချာသည်။ ဓမ္မဟောင်းကျမ်းတွင် ပါရှိသည်။ “ပထမနေ့” သည်လည်း သာမန်နေ့ရက်ကို ဆိုလိုပါသည်။ ဘုရားသခင်က ဣသရေလလူများအား ဥပုသ်နေ့တွင် အနားယူခိုင်းခြင်းမှာ ဘုရားသခင်သည်လည်း (၆)ရက်လုံးလုံး အလုပ်လုပ်ပြီး၊ သတ္တမနေ့ရက်တွင် ငြိမ်ဝပ်စွာနေသကဲ့သို့ အားဖြည့်အနားယူ ခိုင်းသည် (ထွ ၂၀:၈-၁၁)။ ထိုဥပုသ်နေ့ရက်နှင့်ပတ်သက်၍ အဓိပ္ပါယ်ရှိသည်။
ဖန်ဆင်းခြင်းသမိုင်းနေ့ရက်များအရ ရေတွက်လျှင် စတုတ္ထနေ့တွင် နေဖန်ဆင်းထားပါသည်။ ထိုနေ့ရက်မှ ရေတွက်လျှင် မည်သိုမှ မကိုက်နိုင် (ငယ် ၁၄-၁၉)။ ထို့ကြောင့် ထိုနေ့ရက်မှ စတင်ရေတွက်ခြင်း မဖြစ်နိုင်။
သမ္မာကျမ်းစာအရသာမဟုတ်လျှင်ကောင်းကင်နှင့် မြေကြီးစတင်သည့် နေ့ရက်မသိရသကဲ့သို့ လူ၏ ပထမဦးဆုံးနေ့ရက်သည်လည်း မသိနိုင်။ သို့သော် မည်သို့ပင်ဖြစ်စေ လူသားသည် ဤကမ္ဘာမြေလောကတွင် နှစ်သန်းပေါင်းများစွာ နေလာခဲ့ပြီဟု တဆင့်တဆင့် ပြောင်းလဲခြင်းဝါဒီများက ဆိုခဲ့ကြသည်။
ယော ၁:၁-၁၄၊ ကော ၁:၁၆ နှင့် ဟေဗြဲ ၁:၂ တို့တွင် သခင်ယေရှုသည် ဖန်ဆင်းခြင်းတွင် တက်ကြွစွာပါဝင်သည့် အရှင်သခင်ဖြစ်ကြောင်း ရှင်းပြထားသည်။ ထို အံ့ဩကုန်နိုင်ဖွယ် ဖန်ဆင်းခြင်းတွင် ပါဝင်သော အရှင်သခင်အား အဆုံးမရှိ ချီးမွမ်းကိုးကွယ်ထိုက်ပါသည်။
၁:၃၁ ဆဋ္ဌမမြောက် နေ့ရက်အကုန်တွင် ဘုရားသခင်သည် ဖန်ဆင်းသမျှအား ပြန်လည်ကြည့်ရှုရာ အလွန်ကောင်းသည်ဟု မြင်တော်မူသည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။