ယေဇကျေလအနာဂတ္တိကျမ်း - ၄၇
ယေဇကျေလအနာဂတ္တိကျမ်း - ၄၇ (အနက်ဖွင့်)
(ဃ) အနှစ်တထောင်တိုင်းပြည် (အခန်း ၄၇၊၄၈)
(၁) အနာရောဂါငြိမ်းစေသောစမ်းရေတွင်း (၄၇:၁−၁၂)
ဗိမာန်တော်တံခါးခုံတွင် ဖြစ်ဖျားခံ၍ စီးဆင်းသွားသော မြစ်တစင်းကို ယေဇကျေလ ရူပါရုံမြင်ရ၏။ ယဇ်ပလ္လင်ကိုကျော်ဖြတ်၍ အရှေ့တံခါးပေါက်၏ တောင်ဘက်အပေါက် မှ ပင်လယ်သေထဲသို့ စီးဝင်သည်။ ထိုမြစ်ရေသည် အနာရောဂါများကို ငြိမ်းစေသည်။ မြစ်ရေထဲတွင် ငါးများ အပြည့်အနှက် ရှိသည်။ ထိုအကြောင်းကို Yates က ဤသို့ဆိုသည်။
အသက်စမ်းရေသည် ဓမ္မဟောင်း၏ ကျက်သရေမင်္ဂလာဖြစ်သည်။ သဲကန္တာရနှင့် ဖုန်းဆိုးတောတွင် အသက်ရှင်မှုအတွက် ရေမရှိမဖြစ် လိုအပ်သည်။ ယေဇကျေလရူပါရုံမြင်ရသော အသက်စမ်းရေမြစ်နားမှာ ခြောက်သွေ့သောအရာဘဒေသထဲစီးဝင်သည်။ ထိုမြစ်သည် နက်သထက်နက်လာပြီး ၎င်းစီးဆင်းရာ လမ်းတစ်လျှောက်လုံးအား၊ အသက်ဇိဝ၊ ကျန်းမာခြင်းနှင့် အသီးအနှံ့များကို ပေါကြွယ်စွာ ဖြစ်ထွန်းစေသည်။ အသက်ရှင်မှုလိုအပ်ချက်တို့ အတွက်နတ်ဆေးသြသဓဖြစ်သည်။ သခင်ယေရှုက ရေတွင်းနားမှာ ရှမာရိအမျိုးသမီးသို့ မြွက်ဟသော ဒေသနာပါအသက်စမ်းရေ မျိုးဖြစ်သည်။ (ဆာ၊၁: ၃။၄၆:၄။ ယောလ၊၃:၁၈။ ဇာ ၁၄း၈။ ယော၊၄:၇−၂၅။ ၇:၃၈။ ဗျာ၊၁၂:၁−၂ တို့နှင့်ယှဉ်ဖတ်ပါ)။၄၁
ထိုစမ်းရေတွင်း (ပထဝင်အနေအထားအရ မြစ်)မှာ ကောင်းကြီးမင်္ဂလာသယ်ဆောင်ခြင်းနှင့် ကျယ်ပြန့်ပျံ့နှံ့သည့် အသွင်သဏ္ဍာန်ဆောင်လျက် ပြီးပြည့်စုံခြင်းမရှိသေး(ငယ်၁၁) သော်လည်း ခရစ်တော်၏ အနှစ်တစ်ထောင်အုပ်စိုးခြင်း− မိလေနိကာလ၌ အဆက်မပြတ်တသွင်သွင်စီးဆင်းလိမ့်မည်။ ဘုရားသခင်သည် အသက်စမ်းရေထွက် မြစ်ဖျားခံရာဗိမာန်တော်၌ ကိန်းဝပ်သဖြင့် ထိုမြစ်ရေသည် အရပ်ရပ်ဒေသအသီးသီးသို့ ကောင်းချီးမဂ်လာ အပြည့်အဝ သယ်ဆောင်သွားလိမ့်မည်။ ယနေ့ဘုရားသခင်သည် ကျွန်ုပ်တို့ခန္ဓာကိုယ်တည်းဟူသော ဗိမာန်တော်တွင် ကိန်းဝပ်လျက် (၁ေကာ ၆:၁၉)၊ ကောင်းမင်္ဂလာတည်းဟူသောအသက်စမ်းရေကို တပါးသူများထံ လျှံထွက်စီးဆင်း သယ်ဆောင်သွားသော အသက်စမ်းရေတွင်း ဖြစ်စေမည်ဖြစ်သည် (ယော၊ ၇:၃၇−၃၈)။ “သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝသူ၏အသက်တာသည် ထိတွေ့ဆက်ဆံမိသော အခြားသူများ၏ အသက်တာအား ဘုရားသခင်အတွက် တစုံရာ ဖြစ်ပေါ်စေလိမ့်မည်ဖြစ်သည်။” ဤစကားကား ယုံကြည်သူများအား ဝိညာဉ်အသီးအပွင့် မည်မျှဖြစ်ထွန်းစေကြောင်း စိမ်ခေါ်နေပါသည်။
အသက်စမ်းရေသည် ၎င်းဖြတ်သန်းစီးဆင်းသွားရာ အရပ်ဒေသတလျှောက်တွင် အသက်ကို ထုတ်လုပ်ဖြစ်ထွန်းစေပါတကား။ သန့်ရှင့်သောဝိညာဉ်တော်၏ အသက်ပေးသော အမှုတော်ကို သရုပ်ဖော်ထားသော အရောင်အသွေးစုံသည့်ပန်းချီ ကားတချပ်သဖွယ်တင့်တယ်လှပေစွ…။
နယ်မြေနယ်နမိတ်များ (၄၇:၁၃−၂၃)
၄၇:၁၃−၂၀ အနာဂတ်နယ်မြေနယ်နိမိတ်နှင့်တိုင်းဒေသအပိုင်း အခြားကိုရှင်းပြသည်။ ဤနေရာတွင် နယ်နိမိတ်များကို ဦးစွာဖော်ပြသည်။
ဤတိုင်းပြည်၏ နယ်နိမိတ်သည် အရှေ့ဘက်၌ ယော်ဒန်မြစ်အထိဖြစ်သည်(ငယ် ၁၈)ဟု ယေဇကျေလကဖော်ပြသည်။ ဤဖော်ပြချက်မှာ မှားယွင်းချွတ်ချော်နေသလော။ စင်စစ်ဤမြေ၏ အရှေ့ဘက်နယ်နိမိတ်သည် ဥဖရတ်မြစ်တိုင် ကျယ်ပြန့်ကြောင်း(က၊ ၁၅:၁၈) ယေဇကျေလ ဧကန်သိထားပေမည်။ သို့သော်လည်းသူက ပါလေတိန(ပါလက်စတိုင်း) တို့၏ မူလဒေသကိုသာ ရည်ညွှန်းဟန်ရှိသည်။ သို့မဟုတ်လျှင် ယောဒန်မြစ်ကို အရှေ့ဘက်နယ်နမိတ်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ရည်ညွန်းခြင်းဖြစ်ရမည်။ ကျန်အစိတ်အပိုင်းမှာ အရှေ့မြောက်ဘက်ဥဖရတ်မြစ်ထိ ကျယ်ပြန့်လိမ့်မည်ဖြစ်၏။ ဤဒုတိယ ရှင်းပြချက်မှာတာမစားပါ။ ယေဇကျေလသည် အလွန်အသေးစိတ်ကျသူဖြစ်၍ ဥဖရတ်မြစ်အကြောင်း လုံးဝမပါရှိသည်မှာ အလွန်စဉ်းစားဖွယ် ကောင်းသော အချက်ဖြစ်သည်။
၄၇:၂၁−၂၃ ထိုမြေကို ဣသရေလမျိုးနွယ်များ အသီးသီးမဲနှိုက်ဝေမျှယူကြရမည်။ ဣသရေလသွေးနှောသူများလည်း အမွေခံကြရသည်။ တစိမ်းတရံစာတပါးအမျိုးသားများကိုလည်း အမွေခံအဖြစ်မှ ဖယ်ရှားမထားပါ။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။