ဒေသနာကျမ်း - ၇

ဘ၀အတွက်ဆင်ခြင်တုံတရားများ
1ကောင်းသောအသရေသည် နံ့သာဆီထက် သာ၍ကောင်း၏။ သေရသောနေ့သည်လည်း ဖွားမြင်သောနေ့ထက် သာ၍ကောင်း၏။ 2မသာအိမ်သို့သွားခြင်းသည်၊ ပွဲခံရာအိမ်သို့သွားခြင်းထက် သာ၍ကောင်း၏။ အကြောင်းမူကား၊ လူခပ်သိမ်းတို့သည် မသာအိမ်၌ လမ်းဆုံးရကြ၏။ အသက်ရှင်လျက်ရှိသောသူတို့လည်း၊ အသင့်နှလုံးသွင်းမိကြလိမ့်မည်။ 3ပြုံးရယ်ခြင်းထက် ဝမ်းနည်းခြင်းသည် သာ၍ကောင်း၏။ အကြောင်းမူကား၊ မျက်နှာညှိုးငယ်သောအားဖြင့် နှလုံးသာ၍ ကောင်းတတ်၏။ 4ပညာရှိသောသူတို့၏နှလုံးသည် မသာအိမ်၌ ရှိ၏။ မိုက်သောသူတို့၏ နှလုံးမူကား၊ ပျော်မွေ့ခြင်းပြုရာ အိမ်၌ရှိ၏။ 5လူမိုက်သီချင်းဆိုသော စကားကို နားထောင်သည်ထက်၊ ပညာရှိဆုံးမသောစကားကို နားထောင်သော် သာ၍ကောင်း၏။ 6အကြောင်းမူကား၊ မိုက်သောသူ၏ရယ်ခြင်းသည် အိုးအောက်၌ ဆူးပင်ကိုလောင်သောအသံနှင့် တူ၏။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။
7အကယ်စင်စစ်၊ ညှဉ်းဆဲခြင်းသည် ပညာရှိသောသူကို ရူးစေတတ်၏။ တံစိုးသည်လည်း စိတ်နှလုံးကို ယိုယွင်းစေတတ်၏။ 8အမှု၏အဆုံးသည် အစထက်သာ၍ကောင်း၏။ သည်းခံတတ်သောသဘောရှိသောသူသည် မာနကြီးသောသူထက် သာ၍ကောင်း၏။ 9အမျက်ထွက်သည်တိုင်အောင် စိတ်မတိုနှင့်။ အမျက်သည် မိုက်သောသူ၏စိတ်နှလုံး၌ နေရာကျတတ်၏။ 10ရှေးကာလသည် ယခုကာလထက် အဘယ်ကြောင့် သာ၍ကောင်းသနည်းဟု မမေးနှင့်။ ထိုသို့မေးလျှင်၊ ပညာတရားအတိုင်း မေးသည်မဟုတ်။
11ပညာသည် အမွေဥစ္စာကဲ့သို့ကောင်း၍၊ နေကိုမြင်သောသူတို့အား ကျေးဇူးပြုတတ်၏။ 12အကြောင်းမူကား၊ ပညာသည် ကွယ်ကာတတ်၏။ ငွေသည်လည်း ကွယ်ကာတတ်၏။ ပညာအတတ်သည် အဘယ်သို့မြတ်သနည်းဟူမူကား၊ ပညာအတတ်ကို ရသောသူသည် အသက်ကိုလည်း ရတတ်၏။ 13ဘုရားသခင်၏အမှုတော်ကို ဆင်ခြင်လော့။ ကောက်စေတော်မူသောအရာကို အဘယ်သို့ ဖြောင့်စေနိုင်သနည်း။ 14ကောင်းစားသည်ကာလ၌ ဝမ်းမြောက်လော့။ ဆင်းရဲခံရသည်ကာလ၌ ဆင်ခြင်လော့။ လူသည် မိမိနောက်မှာ ဖြစ်လတ္တံသော အမှုအရာကိုသိမည်အကြောင်း၊ ဘုရားသခင်သည် ကောင်းစားခြင်းနှင့် ဆင်းရဲခြင်းကိုလည်း အလှည့်လှည့် ပေးတော်မူ၏။
15ငါသည် အချည်းနှီးနေသောကာလ၌ ခပ်သိမ်းသောအရာတို့ကို တွေ့မြင်ပြီ။ ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်း၌ ဆုံးရှုံးကြောင်းကိုလည်းကောင်း၊ အဓမ္မလူသည် မိမိအဓမ္မအမှု၌ အသက်ရှည်ကြောင်းကိုလည်းကောင်း ငါမြင်၏။ 16လွန်ကျူးစွာ မဖြောင့်မတ်နှင့်။ လွန်ကျူးစွာ ပညာမရှိနှင့်။ အဘယ်ကြောင့် ကိုယ်အကျိုးကို ဖျက်ချင်သနည်း။ 17လွန်ကျူးစွာ မဆိုးညစ်နှင့်။ မမိုက်နှင့်။ အချိန်မရောက်မီ အဘယ်ကြောင့် သေချင်သနည်း။ 18ဤစကားကို စွဲလန်းကောင်း၏။ လက်မလွှတ်နှင့်။ ဘုရားသခင်ကို ကြောက်ရွံ့သောသူသည် ခပ်သိမ်းသောအမှုထဲက ထွက်မြောက်လိမ့်မည်။ 19မြို့ထဲမှာနေသော သူရဲတစ်ကျိပ်ထက် ပညာရှိသောသူတစ်ယောက်သည် ပညာအားဖြင့်သာ၍ တန်ခိုးကြီး၏။ 20အပြစ်မပါဘဲ ကောင်းသောအကျင့်ကိုကျင့်သော သူတော်ကောင်းတစ်စုံတစ်ယောက်မျှ မြေကြီးပေါ်မှာ မရှိ။ 21သူတစ်ပါးပြောသမျှသော စကားတို့ကိုမမှတ်နှင့်။ သို့ပြုလျှင်၊ ကိုယ်ကျွန် ကျိန်ဆဲသောစကားကို ကြားလိမ့်မည်။ 22သင်သည်ကိုယ်တိုင် သူတစ်ပါးတို့ကို အဖန်ဖန်ကျိန်ဆဲကြောင်းကို၊ ကိုယ်စိတ်နှလုံးထဲမှာ သိ၏။
23ဤအမှုအရာအလုံးစုံတို့ကို ငါသည်ပညာတရားအားဖြင့် စုံစမ်းပြီ။ ပညာနှင့် ငါပြည့်စုံမည်ဟု ဆိုသော်လည်း၊ ပညာသည် ငါနှင့်ဝေး၏။ 24ဝေးသောအရာ၊ အလွန်နက်နဲသောအရာကို အဘယ်သူရှာ၍ တွေ့နိုင်သနည်း။ 25ပညာတရားနှင့် အကျိုးအကြောင်းကို ရှာဖွေစစ်ဆေး၍ သိနားလည်ခြင်းငှာလည်းကောင်း၊ မိုက်စွာကျင့်ခြင်း၏အပြစ်နှင့် ရူးခြင်း၏အပြစ်ကို သိနားလည်ခြင်းငှာလည်းကောင်း၊ ငါနှင့် ငါ့နှလုံးသည် ဝိုင်းညီ၍ ကြိုးစားလေပြီ။ 26ကျော့ကွင်းနှင့် ပိုက်ကွန်တို့ကို ကြံစည်ပြင်ဆင်၍ ကြိုးနှင့်ချည်နှောင်တတ်သောမိန်းမသည်၊ သေခြင်းထက် သာ၍ခါးသည်ကို ငါတွေ့ပြီ။ ဘုရားသခင်စိတ်တွေ့တော်မူသောသူသာလျှင်၊ ထိုမိန်းမလက်နှင့် လွတ်လိမ့်မည်။ အပြစ်ပြုတတ်သောသူကိုကား၊ ဖမ်းမိလိမ့်မည်။ 27ဓမ္မဒေသနာဆရာဆိုသည်ကား၊ ငါရှာ၍ မတွေ့သေးသောအရာကို တွေ့အံ့သောငှာ၊ တစ်ခုနောက်တစ်ခု စစ်ဆေးချင့်တွက်သောအခါ၊ 28ယောက်ျားတစ်ထောင်တို့တွင် တစ်ယောက်ကို ငါတွေ့ပြီ။ မိန်းမတစ်ထောင်တို့တွင် တစ်ယောက်ကိုမျှ ငါမတွေ့။ 29ငါတွေ့သောအရာတစ်ခုတည်းဟူမူကား၊ ဘုရားသခင်သည် လူကိုဖြောင့်မတ်အောင် ဖန်ဆင်းတော်မူသော်လည်း၊ လူတို့သည် များပြားသော အကြံအစည်တို့ကို ရှာဖွေကြံစည်ကြပြီ။

ဒေသနာကျမ်း - ၇ (အနက်ဖွင့်)

၃။ နေရောင်ခြည်အောက်ရှိလူသားများသို့ အကြံပြုလျက်(:၁၂:)

(ကနေရောင်ခြည်အောက်တွင် ကောင်းသောအမှုနှင့်သာ၍မြတ်သောအရာ (အခန်း၇)

          : အခန်း(၆) အဆုံးတွင်လူသည်နေရောင်ခြည်အောက်၌ အကောင်း ဆုံးသော အရာမရွေးချယ်နိုင်ကြောင်းဖြင့် အဆုံးသတ်ထားသည်။ သို့သော် ဒေသနာဆရာအတွေးတစ်ခု ထပ်မံတင်ပြထားသည်။ ကောင်းသောအမှုရှိ သကဲ့သို့ ကောင်းသထက် ကောင်းသောအရာများလည်း ရှိသည်ဟုဆိုသည်။ ထိုအကြောင်းကို အခန်း၇တွင် ရှင်းပြထားသည်။ အခြားဓမ္မဟောင်းကျမ်း ပိုဒ်ထက်ဤအခန်းတွင် ကောင်းသောအမှုနှင့်သာ၍ မြတ်သောအရာပိုမိုသုံးနှုန်းရှင်းပြထားသည်။

ကောင်းသောအသရေသည် နံ့သာဆီမွှေးထက်ကောင်း၏။ ကောင်းသော အသရေနာမည်ကောင်းကို ကောင်းသောအကျင့်စရိုက်ဖြင့် တိုင်းတာရသည်။ နံ့သာဆီမွှေးသည် အဖိုးတန်သောနံ့သာဆီမွှေး ဖြစ်စေကာမူ ကောင်းသောအသရေကို မမီနိုင်ပါ။

သေရသောနေ့သည် ဘွားမြင်သောနေ့ထက်သာ၍ ကောင်း၏ ဟု ဒေသနာဆရာက ဆိုထားသည်။ ဤစကားသည် စဉ်းစားတွေးတောစရာ ဖြစ်သည်။   ယေဘုယျခြုံငုံပြောဆိုခြင်းလား၊ သို့မဟုတ် ဂုဏ်အသရေရှိလူ ကြီးများကိုဆိုလိုသလား။ စစ်မှန်သော ယုံကြည်သူအတွက် မှန်ကန်ပါသည်။ သို့သော်လည်း အပြစ်ခွင့်လွှတ်ခြင်းမရသူ၊ နောင်တမရသူများအတွက် အကြုံးမဝင်။

: နောက်တစ်ခု၊ ပွဲခံရာအိမ်သို့သွားခြင်းထက်မသာအိမ်သို့သွားခြင်း သည် သာ၍ ကောင်း၏ ဟုဆိုသည်။ မသာ တစ်ခေါက်ကျောင်း(၁၀)ခေါက်       နှင့် ညီပါသည်။  သေခြင်းသည်လူတို့၏ နောက်ဆုံးခရီးဖြစ်သည်။ တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်စကားပြောသောအချိန်သည် တခဏသာဖြစ်သည်။ တစ်ယောက်နှင့်တစ်ယောက် မတွေ့မမြင်ကြ။ ကွေကွင်း ရသောကာလက ပိုမိုရှည်လျားပါသည်။

လူသည် မလွှဲမသွေ ကြုံတွေ့ရမည့် သေခြင်းတရားအကြောင်းနှင့် လူ့ဘဝအကြောင်းကို စဉ်းစားရသည်။ ဧဝံ‌ဂေလိဆရာက ကယ်တင်ရှင်ယေရှုသခင်သည် သေခြင်း၏တန်ခိုးကို ချိုးဖျက်ရန်၊ သေလွန်၍ မရဏပြည်၌ ချုပ်နှောင်ခြင်းခံရသူများကိုလည်း ကယ်လွတ်ရန် လူ့အသွေးအသားကို ခံယူသည် (‌ဟေဗြဲ ၂း၁၄-၁၅) ဟုဆိုထားသည်။

          : “သာ၍ကောင်းသော” တစ်ခုမှာ ပြုံးရယ်ခြင်းထက် ဝမ်းနည်းခြင်းဖြစ်သည့် ဒေသနာဆရာက ပြက်ရယ်ပြုကြောင်း၊ အသောဖောက် ခြင်းကို ဆိုလိုဟန်ရှိသည်။ ဘဝကိုပေါ့ပေါ့တန်တန် ထား၊ အချိန်အလဟဿ ဖြုန်းတီးခြင်းကို တားမြစ်သည်။ အချိန်ကာလကို တန်ဖိုးထားဖို့ ဒေသနာဆရာက သတိပေးသည်။

ပျော်ရွှင်ခြင်းနှင့်အတူတမိုင် လမ်းလျှောက်ပါသည်။

လမ်းတလျှောက်ရယ်လို့ မောလို့။

သို့သော် အသိဉာဏ်တစ်ခုမှမပေး

တစ်ခွန်းမှမပြောခဲ့။

ဝမ်းနည်းခြင်းနှင့်အတူတမိုင် လမ်းလျှောက်ပါသည်

စကားတခွန်းတပါဒမှ မဟ။

သို့သော် ဘဝသင်ခန်းစာ တစ်ထုပ်တစ်ပိုက်ကြီးရ၊

ဝမ်းနည်းခြင်းနှင့်အတူလမ်းလျှောက်၍လာ။

Robert Browning Hamilton

အကြောင်းမူကား မျက်နှာညှိုးငယ်သောအားဖြင့် နှလုံးသာ၍ ကောင်း၏။ ဤအချက်သည် စဉ်းစားစရာပဟေဠိစကားဖြစ်သည်။ မျက်နှာညှိုငယ်ကြေကွဲခြင်းတွင် ပျော်ရွှင်ခြင်းပါဝင်နိုင်သလား။ ဒေသနာ ပညာရှင်များကသာလျှင် ဆင်းရဲဒုက္ခနှင့် ကြေကွဲဝမ်းနည်းခြင်း၏တန်ဘိုး ကို ခွဲခြားနိုင်ကြ ပေမည်။ မယုံကြည်သူများက သိချင်မှသိကြပေမည်။ ဤနေရာတွင် ဝမ်းနည်းခြင်းနှင့် ဒုက္ခခံစားခြင်းသည် ကျေးဇူးတော် ‌ရေတွက်ရာနည်းလမ်းများ ဖြစ်သည်။ ခရစ်တော်ခံစားရသော ဆင်းရဲဒုက္ခများ ကို အသစ်ရေမှတ်စေသည်။ အခြားသူများဆင်းရဲဒုက္ခရောက်သောအခါ နှစ်သိမ့်အားပေးရာလည်းဖြစ်သည်။ အနာဂတ်ဘုန်းတန်ခိုးအတွက် ပေါင်နှံခြင်း ဖြစ်သည်။ (ရော ၈:၁၇)

          : ပညာရှိစိတ်နှလုံ:သည် လူသေရှိရာသို့ရောက်၏။ သေခြင်းတရား ကိုရှုမြင်သည်။ တရားဆင်ခြင်သည်။ ဝမ်းနည်းကြေကွဲခြင်း၏ အကြောင်း ရင်းကိုလည်း ရှုမှတ်သည်။ လူမိုက်သည် နာကျင်ခြင်းကို တရား မရတတ်။ ရယ်မောသံ၊ ပျော်ရွှင်သံများကိုသာ နားထောင်ချင်သည်။ ဆေးရုံနှင့်ရေခဲတိုက်များကို ရှောင်ကြည်သည်။ အဘယ်ကြောင့်ဆိုသော် လူ့ဘဝ၏ဖိစီးနှိပ် စက်မှုခံရပုံကို မစဉ်းစားလိုကြ။ လူ့ဘဝကိုအလေးအနက်မထား လိုကြ။ ပေါ့ပေါ့နေ၊ပေါ့ပေါ့စား ပေါ့ပေါ့သေချင်ကြသည်။

: ဤနေရာတွင် သာ၍ ကောင်းသောအမှုတစ်ခုထပ်မံရှင်းပြ ထားသည်။ လူမိုက်သီချင်းဆိုခြင်းကို နားထောင်ခြင်းထက် ပညာရှိဆုံးမစကားကို နားထောင်ခြင်းက ပို၍ကောင်း၏။ အပြုသဘော ဆောင်သောလူသည် အကောင်းဘက်သို့ ဝေဖန်သည်။ ပြုပြင်ပေးသည်။ ကြိုတင်သတိပေးသည်။ လူမိုက်၏ အကြံဉာဏ်မူကား ဘာမှမကျန်။ အဆုံးတွင်အချည်းနှီး လက် ချည်းဗလာသာရှိသည်။

၇:၆ လူမိုက်၏ရယ်သံသည် အိုးအောက်၌ ဆူးပင်ကို လောင်သော အသံနှင့်တူ၏။ အသံမြည် လောင်သည်။ ဆူညံသည်။ သို့သော် အလုပ် မဖြစ်။ ရေနွေးအိုးကို  အပူမပေးနိုင်။ မီးဟုန်းဟုန်း တောက်သည်။ အလင်းပေးသည်။ မီးလောင်လွယ်ကူသည်။ သို့သော် လိုအပ်သောအပူရှိန်မပေး။ အပူရှိန် အနည်းငယ်သာပေးသည်။ မီးထတောက်လွယ်သော်လည်း ချက်ချင်းအား ကုန်သည်။

၇:၇ ပညာရှိသူသည် အခြားသူကို လိမ်ညာလှည့်ဖျားလျှင် ထိုပညာရှိ သည်လည်း အလိမ်အညာခံသူနှင့် ဘဝတူဖြစ်သွားသည်။ အစွမ်းအစရှိသောလူမိုက်ဖြစ်သွားသည်။ သူ့ ဉာဏ် ပညာကို ထိန်းကျောင်းခြင်း မပြုနိုင်သဖြင့် မိုက်ရိုင်းသွားသည်။ သူ့စိတ် နှလုံ:ကို  ဖျက်ဆီးပစ်ရာရောက်သည်။ တဖန်တံစိုးလက်ဆောင်သည်လည်း မျက်နှာလိုက်ခြင်း၊ တရားမျှတမှုချိန်ခွင်ညှာစောင်းခြင်း ပြုနိုင်စွမ်းရှိသည်။

:  အမူအရာ၏ အဆုံ:သည် အစထက်ကောင်း၏ ဟု ဒေသနာ ဆရာကဆိုထားသည်။ စနစ်တကျပြင်ဆင်၍ အပြီးသတ်အောင်မြင်ခြင်း သည်လုပ်ငန်းမစမှီကထက် စိတ်ချမ်းသာကျေနပ် ဖွယ်ရာရှိသည်ဟု ဆိုဟန် ရှိသည်။ အမှုအရာပြီးစီးအောင်မြင်ပြီးဆုံးသောကြောင့် အောင်ပွဲခံခြင်း ဖြစ်သည်။

သို့သော်လည်း အမူအရာတိုင်းမှာ ထိုသို့မဖြစ်နိုင်။ ဖြောင့်မတ်စွာ လုပ်ဆောင်အောင်မြင်ခြင်းသည် အစထက်ကောင်းမွန်ပါသည်။ အပြစ် ဒုစရိုက်ဖြင့် အစပြုသူသည် အဆုံးတွင်ပိုဆိုးသည်။ ယောဘကလည်း ရှေးဖြစ်ဟန်ထက် နောက်ဖြစ်ဟန်သည် ပို၍ကောင်း၏(ယောဘ ၄၂:၁၂)ဟု ဆိုထားသည်။ သို့သော်လည်း ဆိုးညစ်သူ ၊ မတရားသူ၏ ဘဝနိဂုံးသည် အလွန်ကြောက်လန့်ဖွယ် ကောင်း၏ (ဟေဗြဲ ၁ဝ:၃၁) ဟုဆိုထားသည်။

သည်းခံတတ်သော သဘောရှိသူသည် မာနကြီးသူထက် သာ၍ ကောင်း၏။ သည်းခံခြင်းသည် ဆွဲဆောင်မှုရှိသည်။ အပေါင်းအသင်းဆန့်သည်။ မာနသည် အပြစ်၏မိဘဖြစ်သည်။ စိတ်ရှည်ခြင်းသည် ဘုရား လူများ၏အပြုအမူဖြစ်သည်။ (ရော ၅:၄) မာနသည် ပျက်စီးခြင်းသို့ ရောက် စေသည်(သု ၁၆:၁၈)။

: တဖန် အမျက်ဒေါသထွက်လောက်အောင် စိတ်မတိုဖို့ သတိပေး သည် မိမိအမျက်ဒေါသကို မချုပ်တည်းနိုင်သူသည် အကျင့်စာရိတ္တပျော့ညံ့ သူဖြစ်သည်။ လူတဦး၏ အကျင့်စာရိတ္တရင့်ကျက်ပုံ၊ လူကြီ:ပီသပုံကို သူ၏ မျက်ဒေါသထွက်ခြင်းဖြင့် တန်ဖိုးဖြတ်နိုင်သည်။ တခါတခါတော့လည်း အောင့် အီးသီးခံခြင်း၊ အောက်ကျို့ခြင်းသည် လူနုံလူအဆန်သွားတတ် ပါ သည်။ အသိဉာဏ်ပညာ လိမ္မာပါးနပ်သူသည် အဓိပ္ပါယ်မဲ့လောဘအပြုအမူ၊ အပြောအဆိုပြုလေ့မရှိ။

:၁ဝ အခြားမိုက်မဲသော အမှုတစ်ခုမှာ ငယ်ငယ်တုန်းက ရွှေထီး ဆောင်းသည့်အကြောင်းကို တမ်းတခြင်းဖြစ်သည်။ အတိတ်က ခေတ် ဟောင်း ပြန်လည်တမ်းတသူများသည် မျက်မှောက် ကာလတွင် စိတ်ဓါတ် ပျက်ပြားသူများဖြစ်သည်။ အနာဂတ်မျော်လင့်ချက်နည်းပါးသည်။ ပစ္စုပ္ပန်ကာလကိုရဲရဲဝံ့ဝံ့ ရင်ဆိုင်၍ အောင်ပွဲဆင်ဖို့ ကြိုးစားခြင်းက ပိုကောင်းပါသည်။ အမှောင်အမိုက် ကို ကျိန်ဆဲခြင်းထက် ဖယောင်းတိုင်ကို ထွန်းလိုက်ခြင်းက ပိုမိုလက်တွေ့ကျပါသည်။ လူ့ဘဝဆန် ပါသည်။

:၁၁ ပညာအမွေခံခြင်းဆိုသည်မှာ အမျိုးမျိုး အဖုံဖုံ ရှိပါသည်။ ပထမဦးစွာပညာသည် ရတနာ အမွေခံ ခြင်းဖြစ်သည်။ (NKJV, NASB) ဟုဆိုကြသည်။ အသေအချာဖတ်ရှုဆင်ခြင်လျှင် သဘော ပေါက်နိုင်ပါသည်။ ဒုတိယအနေဖြင့် ဉာဏ် ပညာကို အမွေ ခံရ သကဲ့သို့ ပိုကောင်းသည် (JND) ဟုဆိုသည်။ အမွေခံဖို့ ရွေးချယ်စရာရှိလျှင် ဉာဏ်ပညာကို ရွေးချယ်သင့်သည်။ တတိယ အနေဖြင့် ဉာဏ်ပညာသည် အမွေကဲ့သို့ ကောင်းသည်။ ထိုစကားသည် ကြီးပွား ခြင်း၏ အရင်းအမြစ်ဖြစ်သည်။ ထိုသူများသည်နေရောင်ခြည်ကို မြင်ရသည်။ ထိုအကြောင်းကို လာမည့်အပိုဒ်ငယ်(၁၂)တွင် ထပ်မံရှင်းပြ ထားသည်။

:၁၂ ဉာဏ်ပညာနှင့်ငွေသည် လူ့ဘဝကို ကွယ်ကာတတ် ကြသည်။ လုံခြုံပေးနိုင်ကြသည်။ ငွေအဿပြာသည် ရုပခန္တာကိုယ် လုံခြုံရေးကိုသာ ပေးနိုင်ခဲ့သည်။ ဉာဏ်ပညာသည် အကျင့်စာရိတ္တနှင့် ဝိညာဉ်ကိုလည်း လုံခြုံစေသည်။ သို့ကြောင့် ဉာဏ်ပညာသည် ငွေ အဿပြာထက်မြတ်၏။ ဉာဏ်ပညာသည် ရုပ်ဝတ္တုပစ္စည်းများ ထက် တန်ဘိုးရှိ၏။

ခရစ်တော်ဘုရားသည် ဘုရားသခင်၏ဉာဏ်ပညာတော် ဖြစ် သည်။ ထို့ကြောင့် ခရစ်တော်ကို ရရှိသူတိုင်းသည် ကြီးမြတ်သော ဉာဏ်ပညာရရှိကြသည်။ ခရစ်တော်ဘုရား၌ နက်နဲသောပညာဘဏ္ဍာ၊ ဉာဏ်ဘဏ္ဍာဝှက်ထားလျက်ရှိ၏။(ကော ၂:၃)

၇:၁၃ ဉာဏ်ပညာရရှိသောသူသည် ဘုရားသခင်၏ကြီးမြတ် ခြင်းဘုန်းတန်ခိုးကိုသိရှိဝန်ခံကြသည်။ ကောက်စေတော်မူသော အရာကိုအဘယ်သို့ဖြောင့်စေနိုင်သနည်း။ တနည်းအားဖြင့် ဘုရား သခင်အလိုတော်အတိုင်း ပြည့်စုံအောင် အဘယ်သူစွမ်း ဆောင်နိုင် သနည်း။ ဘုရားသခင်၏ အကြံစည်တော်ကိုလူ့အတွေ့အခေါ် လူ့အစွမ်းအစက ပြုပြင်နိုင်စွမ်းမရှိပါ။

          :၁၄ ဘုရားသခင်က လူအား ချမ်းသာခြင်းတလှည့်၊ ဆင်းရဲ ခြင်း တခါပေးတတ်သည်။ ကြွယ်ဝချမ်းသာလျှင် ဝမ်းမြောက်ပါ။ ဆင်းရဲခြင်းနှင့် ကြုံတွေ့သောအခါ ဘုရားသခင်က ဆင်းရဲခြင်း တစ်လှည့် ဝမ်းသာ ခြင်းတစ်ခါ အဆိုးနှင့် အကောင်းပေးကြောင်း ဆင်ခြင်ပါ။ ထိုသို့အဆိုးနှင့် အကောင်းတလှည့် စီရောက်သောအခါ ဘုရားသခင် သည်လူသားများအတွက် အဆိုးနှင့် အကောင်း၊ ဒုက္ခနှင့် သုခရောမွှေ၍ ကံကျရာ ကံပေးသည် ဟုယူဆစရာမဟုတ်။ ဘုရားသခင်ကို အပြစ်ရှာ စရာမဟုတ်။

တစ်နည်းအားဖြင့် အသွေးအသားအထက် သို့မရောက်ရှိနိုင်သူများ အတွက် ဖြစ်သည်။

          :၁၅ ခပ်သိမ်းသောအရာကို တွေ့မြင်ပြီ” ဟုဓမ္မဆရာကဆိုထားသည်။ လူ့ဘဝနှင့် ဆန့်ကျင်သောစကားဖြစ်၍ အံ့အားသင့်ကောင်း သင့်ကြမည်။ ဓမ္မဆရာ၏ ဆိုလိုရင်းမှာ ဤသို့ဖြစ်သည်။ လူ့ဘဝတွင်ဖြစ်သင့်ဖြစ်ထိုက်သည့်အတိုင်း မဟုတ်ဘဲဇောက်ထိုး ပြောင်းပြန်ဖြစ်တတ် ပုံကိုသိမြင်သည်။ လောက၏ ဝိရောဓိတရားအားပြိုင်မှုကို ဆင်ခြင်သည်။ ဖြောင့်မတ်သော်လည်း အသက်ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးကြသည်။ လူမျိုးလူသွမ်းများက သက်စိုးရှည်ကြသည်ဟု ဆိုလိုသည်။

          :၁၆ ဓမ္မဒေသနာဆရာက ထပ်မံတရားချထားသည်။ တစ်သွေတစ်မတ်တည်း ဖြောင့်မတ်စင်ကြယ်ခြင်း မရှိသကဲ့သို့ တစ်လောကလုံးအပြင်၊ အပြစ်ဒဏ်ချည်းသာ မခံစားနိုင်။ အကောင်းဆုံးဝါဒမှာ အစွန်းနှစ်ဖက်ကို ရှောင်ကြဉ်၍ မစ္ဇျိမပဋိပဌာလမ်းစဉ် လိုက်ဖို့ ဖြစ်သည်။ ကျမ်းစာသ ဘောမပါဘဲ၊ ဓမ္မဒေသနာဆရာ၏ ရွှေပညတ်တော်တရား ဖြစ်သည်။

အစွန်းတရားရှောင်ကြဉ်ရမည်ဟု ဆိုသောအခါ အဆုံးစွန် ဖြောင့်မတ်ခြင်းကိုလည်း ရှောင်ကြဉ်ရတော့မည်။ ထိုစကားသည်မ မှန်ပါဘုရားသခင်က သူ့လူများအား အပြစ်မှကင်းစင်ရန် အလိုတော်ရှိသည် (၁ယော၂:၁)။ ကာလဆုံးတိုင်အောင် အပြစ်ဒုစရိုက်နှင့် ကင်းစင်လျှင် သေခြင်းနှင့်ကင်းလွတ်မည်ဟု အာမခံချက်ပေးထားပါသည်။

:၁၇ အခြားကြောက်လန့်ဖွယ်ရာ အစွန်းတရား သတိပေးထားပါသည်။ ကျူးလွန်စွာ မဆိုးညစ်နှင့်ဟု ဆိုသည်။ ဆိုးမိုက်သူသည် သူယုတ်ညစ်မှုများကို ဖြတ်တောက်ရပ်နားနိုင်မည်ဟု ဆိုလိုသည်။ အကောင်း ဆုံးသောနည်းလမ်းများမှာ မျက်မှောက်ကာလကို အကောင်းဆုံးဖြစ် အောင် ကြိုးစားအောင်မြင်ခြင်းဖြစ်သည်။

ဤစကားများသည် ဘုရားသခင်ဖော်ပြသောစကားမဟုတ်။ ဒေသနာရှင် ဓမ္မဆရာအာဘော်များ ဖြစ်သည်။ ဘုရားသခင်သည် အပြစ်အားလုံးကို ခွင့်မလွှတ်ပါ။ ဘုရားသခင်၏ ရပ်တည်ချက်သည် အမြဲတမ်းပြည့်စုံမှန် ကန်သည်။ တရားမျှတသည်။

:၁၈ ဓမ္မဒေသရာဆရာက ဤစကားကို အမြဲစွဲလန်းမှတ်ယူဖို့ ဆော်ဩထားသည်။ ဖြောင့်မတ်စင်ကြယ်သူ တစ်ယောက်သည် သမာသမတ်ရှိရမည်။ ဘုရားသခင်ကို ကြောက်ရွံ့သူ (အလယ်အလတ် လမ်းစဉ် လိုက်သူ) သည် အစွန်အဖျားနှစ်ဖက်ရှိ  ထောင်ချောက် ကျင်းများနှင့် ကင်းလွတ်မည်။

ဤစကားသည် ဘုရားသခင်ဘက်မှ ကြည့်လျှင် မှားယွင်းပါသည်။ နေရောင်ခြည်အောက်မှာ ရှောလမုန်၏ အတွေးအမြင်ဒဿန ဖြစ်ပါသည်။ ဘုရားသခင်၏ တရားတော်နှင့် လောကလူသားများ ၏ အတွေးအခေါ် ဒဿနကို မရောထွေးဖို့ သတိပြုရမည်။

:၁၉ ပညာရှိသုခမိန်သည် အုပ်စိုးသူမင်းဆယ်ပါးထက် မြို့ပြ ပြည်ရွာ အကျိုးသယ်ပိုးနိုင်သည်ဟု ရှော်လမုန်က ဆိုသည်။ ရိုးရိုး လေးပြောရလျှင် ပညာရှိသည် စစ်တပ်အင်အားထက် သာလွန်သည်။ ဘုရားသခင်သည် လက်နက်အပြည့်အစုံ တပ်ဆင်ထားသော စစ်တပ် ကြီးကို အလိုမရှိ။ အေးချမ်းစွာ ဖြေရှင်းတတ်သော ပညာရှိတပါးကို သာ အလိုရှိသည်။

:၂၀ ဤကျမ်းသည် အထက်က ကျမ်းပိုဒ်နှင့် ဆက်စပ်သည်။ မည်သို့ ဆက်စပ်သနည်း။ အဘယ်ကြောင့်ဆိုသော် လူသားများသည် မပြည့်စုံသူများဖြစ်သည်။ ဘုရားသခင်ရှေ့မှောက်တွင် ဖြောင့်မတ်စင် ကြယ်သူတစ်ယောက်မှမရှိ။ အပြစ်ရှိသူချည်း ဖြစ်သည်။ အပြစ်သား ဘဝဖြင့် အကျင့်ကောင်းအားထုတ်သူများ ဖြစ်ကြသည်။

အားလုံးခြုံကြည့်လျှင် လူသည် အပြစ်သားဖြစ်သည်။ တရား တော်နှင့် အညီသတိပေးထားသည်။ သို့သော် ဉာဏ်ပညာရှိရန် လိုအပ်သည်ဟု Leupold က ဆိုထားသည်။၃၀

:၂ဝ လူ၏မပြည့်စုံခြင်း၊ အဝေဖန်ခံရခြင်းအကြောင်းကို သတိ ပေးထားသည်။ အကယ်၍ အစေခံကျွန်၏ ဝေဖန်သံကြားရလျှင် စိတ် ကောင်း ကြမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် သူများအကြောင်း ဝေဖန်သူသည် အောက်တန်းကျသောသူ ဖြစ်သည့်အတိုင်း ချီးမွမ်း ခြင်းထက် ကဲ့ရဲ့ဝေဖန်ခြင်းက ပိုများပေမည်။

ဂေရသား ရှိမဲက ဒါဝိဒ်အား ကျိန်ဆဲသောအခါ အဘိရှဲက ဂေရ သားရှိမဲ၏ဦးခေါင်းကိုဖြတ်ချင်သည်။ သို့သော်လည်း ဒါဝိဒ်က ခွင့်မပြု။ ထိုသူ၏ ကျိန်ဆဲခြင်းသည် အရေးမပါအရာမရောက်။ လေထဲတွင်သာ ကုန်သွားသည် (၂ရာ၁၆:၅-၁၄)။

:၂၂ မိမိကိုယ်တိုင်လည်း ထိုကဲ့သို့ပင် အခြားသူတပါးကို ကျိန် ဆဲပြောဆိုဘူးကြောင်း သတိထားမိ ကြပေမည်။ ကိုယ်တိုင်သူတပါး ကို အဖန်ဖန်ကျိန်ဆဲကြောင်းကိုယ့်စိတ်နှလုံးထဲမှာသိ၏။ မိမိကိုယ်ကို ပြည့်စုံ သူလေဟန်ထင်ရှားကြ၍ အခြားသူများကိုဝေဖန်ကြသည်။ ထို သို့မိမိကိုယ်ကိုထင်မှတ်ခြင်း သည်ပင်လျှင်မပြည့်စုံခြင်း ဖြစ်သည်။

လူသည်အရာခပ်သိမ်းကို ပြည့်စုံစေချင်သည်။ လူတိုင်းကိုပြည့်ဝ စေချင်သည်။ သို့သော်ထိုအတိုင်း မဖြစ်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် လူ့လောကသည်မပြည့်စုံသောနေရာဖြစ်သည်။ မိမိကိုယ်တိုင်၌မပြည့်ဝ မစုံလင်သောကြောင့်အခြားသူများကိုလည်း ပြည့်စုံအောင် မလုပ်ပေးနိုင်ပါ။

:၂၃ ဒေသနာဆရာက ဉာဏ်ပညာနှင့် ပြည့်စုံခြင်းဟူသော တရားဓမ္မအား စဉ်းစားရှုမြင်ပုံကို တင်ပြထားသည်။ သူ့ကိုယ်သူဉာဏ်ပညာနှင့် ပြည့်စုံသည်။ ပညာ၏လျှို့ဝှက်နက်နဲမှုကို ထိုးဖောက်တွေ့မြင်သည်။ အစအဆုံးသိရှိသည်ဟု ခံယူခဲ့သည်။ အဘယ်ကြောင့်ဆိုသော်ဘုရားသ ခင် နှင့်ကင်းကွာ၍တွေးခေါ်ယူဆသည်။ သူ့ဘဝ၊သူ့ပတ်ဝန်းကျင်၌သာ အဖြေရှာသည်။ ဘုရားသခင်၏ ဖော်ပြချက်၊ အသိဉာဏ်ပညာပေးချက်မပါ။

၇:၂၄ သို့သော်လည်း ပြည့်စုံကုံလုံခြင်းမရှိဟုမြင်သည်။ အဘယ် ကြောင့်ဆိုသော် ဉာဏ်ပညာသည် နက်နဲလွန်းသည်။ လူ့လောကသည်ပဟေဠိဆန်သည်။ နားမလည်နိုင်သော အချက်များစွာ ရှိသည်။ လျှို ဝှက်နက်နဲသောပညာနှင့် အဖြေရှာမရနိုင်သော မေးခွန်းများစွာရှိ သည်။

၇:၂၅ အဖြေရှာမရနိုင်သော ပဟေဠိများစွာ ကြုံနေရသော် လည်း ရှောလမုန်သည် လူ့ဘဝညီမျှခြင်းနှင့်ဉာဏ်ပညာ၏ နက်ရှိုင်း မှုကိုသာ၍စူးစမ်းရှာဖွေသည်။ မိုက်မဲခြင်း၏ညစ်မှု၊ မိုက်စွာကျင့်ခြင်း ၏အပြစ်နှင့် ရူးခြင်း၏အပြစ်ကို သိနားလည်ရန် ရှာဖွေသည်။ အဘယ်ကြောင့် ဆိုသော် လူများသည် မိုက်မဲခြင်းနှင့်ရူး သွပ်ခြင်း အကြောင်းကို မသိရှိကြသောကြောင့် အရှက်ကွဲအကျိုးနည်းကြခြင်း ဖြစ်သည်။

၇:၂၆ အကျင့်စာရိတ္တပျက်ပြားသော မိန်းမ ပြည့်တန်ဆာမသည် သေခြင်းထက် ခါးသီးသည် ဟုဆိုသည်။ ထိုမိန်းမ၏ ဦ:နှောက်သည် ယောကျ်ားသားများအား ဖျားယောင်းမြူဆွယ်ရန်သာ အကြံရှိ သည်။ ဖမ်းမိနိုင်ရန် ထောင်ချောက်ဆင်လေ့ရှိသည်။ သို့သော် ဘုရားသခင်၌ မွေ့လျော်သူများသည် ထိုမာယာကြော့ကွင်းမှ ကင်းလွတ်နိုင်သည်။ အပြစ်ဒုစရိုက်၌ ကျင်လည်သူမူကား ထိုမိန်းမ၏ ဖမ်းစား ခြင်းခံရမှာ သေချာသည်။

ဤကျမ်းပိုဒ်သည် လောကလူသား မိန်းမ သို့မဟုတ် လောကသား၏ ဉာဏ်ပညာကို ပေါင်းစပ်ဖော်ပြ ထားသည် (ကော ၂:၈၊ ယာ ၃:၁၅ )။

၇:၂၇-၂၈ အပိုဒ်ငယ် ၂၇-၂၉ သည် လူ့လောက၊ လူ့ဘဝတွင် စိတ်ညစ်ဖွယ် ရာအကြောင်းများ တွေ့မြင်ပုံကို ဒေသနာဆရာရှောလမုန်က တင်ပြထားသည်။ လူတစ်ယောက်ကို စတင်တွေ့ရှိစဉ်က ကြီးမားသော မျှော်လင့်ချက်ရှိမည်ဟု ထင်မှတ်ခဲ့သည်။ သို့သော် အကြောင်း စုံသိလာသောအခါ မျှော်လင့်ချက်မရှိသူမှန်းသိသည်။ အကြောင်းစုံ သိသောအခါ နွားပြာကြီးသားရည်၊ ဖင်ခုမထိုင်ချင်။ စံပြနမူနာ ယူထိုက် သူတစ်ယောက်မှမတွေ့။ ထို့ထက်ဆွဲဆောင်မှု ကောင်းသောအရာ၊ စိတ်ဝင်စားစရာ လိုက်ရှာပါသည်။ အခြားတစ်ယောက်သည်ပိုမို ကောင်းမွန်မည်။ မိတ်ကောင်းဆွေမွန်ဖွဲ့ထိုက်မည် ဟုထင်မြင်သည်။ သို့သော် ပိုမိုရင်းနှီး၍ အကျိုးအကြောင်းသိရှိသောအခါ ပိုမိုစိတ်ပျက်ဖွယ်ရာ ဖြစ်သည်။ စိတ်ဝင်စားဖွယ်ရာမရှိ။ သိချင်ကျွမ်းချင်စိတ်ဝင်စားစရာမရှိ။

မိတ်ကောင်းဆွေမွန်ပီသမည့်သူကို လိုက်လံရှာဖွေပါသည်။ မျှော်လင့်ချက်ပြည့်ဝသူကိုလိုချင်သည်။ အဖော်မွန်လိုချင်သည်။ သို့ သော်တစ်ယောက်မှမတွေ့။ ရှောလမုန်ပြောသောလူစားမျိုးအဘယ်မှာ ရှာတွေ့ကြသနည်း။

ပြည့်စုံသူကိုကြိုးစားပန်းစားထပ်ရှာပါသည်။ သို့သော်အနာဂတ် လူသည်လည်း အရင်လူကဲ့သို့ ဖြစ်သည်။ ထူးမခြား။ တွေ့သမျှလူတိုင်းသည်မပြည့်စုံသူ၊ အားနည်းချက်ရှိသူများဖြစ်သည်။

ကောင်းသောယောက်ျား၊ ကောင်းသောမိန်းမရှာဖွေလိုက်ကြည့် ပါသည်။ ယောက်ျားများတွင် တစ်ထောင်တွင် တစ်ယောက်ရှိနိုင်သည်။ သစ္စာတည်သူ အတ္တကင်းသူ မှီကိုးထိုက်သူဖြစ်သည်။ လူသားထဲကစံပြ လူဖြစ်နိုင်သည်။

သို့သော်မိန်းမတွင်မူလိုချင်သောအရည်အချင်းနှင့်ပြည့်စုံသူတစ် ထောင်မှာတစ်ယောက်မတွေ့။ ယနေ့ခေတ်ကာလတွင်ထိုစကားသည် အငြင်းပွားစရာ၊ ပြောစရာစကားဖြစ်လာသည်။ ယောက်ျားများက မိန်းမများကိုနှိမ့်ချခြင်းဖြစ်သည်ဟုလျှာရှည်တတ်ကြသည်။ ဤနေရာတွင် ကျမ်းစကားကိုအခြေခံ၍ပြောခြင်းဖြစ်သည်။ Orthodox ယုဒများကမူ နေ့စဉ်ဆုတောင်းရာတွင် မိန်းမအဖြစ်မဖန်ဆင်းသောကြောင့် ကျေးဇူးတင်ရှိကြောင်းဘုရားသခင်ကိုချီးမွမ်းလေ့ရှိသည်။ အချို့လူမျိုးယဉ်ကျေးမှုများတွင် ယောက်ျားထက်မိန်းမများသည် အဆင့်နိမ့်သယောင် ထားတတ် ကြသည်။ တန်ဘိုးနည်းသည်။ ကျေးကျွန်သို့မဟုတ်ကုန်ပစ္စည်းသဖွယ်သဘောထားကြသည်။

ကျမ်းစာသုတေသီများက ရှောလမုန်၏စကားသည်မာသည်။ နူးညံ့ခြင်းမရှိဟုဆိုကြသည်။ သို့သော် ထိုသူများ၏ရည်ရွယ်ချက်သည် လည်းတိမ်းစောင်းသည်။ ဒေသနာဆရာ၏ဆိုလိုရင်းမှာလောကလူ သားအမြင်ဖြင့်ဖော်ပြသည်ကိုသဘောမပေါက်ကြ။

ရှောလမုန်၏မိန်းမများအပေါ် အထင်အမြင်တလမ်းသွားပုံကို G.Campbell Morganက အောက်ပါအတိုင်း ချိန်ခွင်လျှာညှိပေးသည်။

မိန်းမများသည်အကောင်းဘက်သို့ဖြစ်စေ၊ အဆိုးဘက်သို့ဖြစ်စေ၊ ခွန်အားကြီးစွာ လုပ်ဆောင်တတ် သူများဖြစ်သည်။ လူ့သမိုင်းကြောင်းမှာမိန်းမများ၏တည်ဆောက်မှု၊ ပြုပြင်ပြောင်းလဲမှု ကြီးမကြားစဘူးပါ ဟုလူကြီးတပါးကဆိုဘူးသည်။ သို့သော်ထိုမိန်းမများ၏ဩဇာလွှမ်းမိုးမှုများ အများအပြားရှိသည်။ အကြီးမားဆုံးမဟုတ်သော်လည်းထိုအ ကြီးမားဆုံးနေရာရောက်အောင်ပံ့ပိုးသူ၊ တွန်းပို့သူဖြစ်သည်မှာယုံ ကြည်ပါသည်။ ထိုကဲ့သို့ပင်မိန်းမကြောင့် ပြည်ပျက်ရသည်လည်းရှိပါ သည်။ မိန်းမများ၏အင်အားရရှိလျှင် ပိုမိုတောင့်တင်းခိုင်မာသည်ဆိုသော်လည်းထို မိန်းမပျက်စီ:လျှင် တိုင်းပြည်သည်လည်း ကံကြမ္မာငင်သည်။ မိန်းမသည်အဆိုးဘက်သို့ သို့မဟုတ် အကောင်းဘက်သို့ ဦးတည် ပေးနိုင်သည်။ ကြင်နာခြင်းနှင့်ရက်စက်ခြင်းနှစ်ခုစလုံးကိုင်ဆောင် ထားသူဖြစ်သည်။၃၁ ရှောလမုန်ကိုယ်တိုင် မိန်းမကောင်းခြင်းမင်္ဂလာတရားများကို သုတ္တံကျမ်းတွင်စာတစောင်ပေတဖွဲ့ ချယ်မှုန်းထားသည်။ ဤဒေသနာကျမ်းတွင်မူ ပုထုစဉ်လောကသားအမြင်ဖြင့်ရှုမြင်ထား သည်။ သုတ္တံကျမ်းတွင်မူ နူးညံ့ယဉ်ကျေးစွာရေးသားထားသည်။

ခရစ်ယာဉ်ယုံကြည်ခြင်းတွင် မိန်းမသည်မိမိဂုဏ်သိက္ခာနှင့်ဣ န္ဒြေကိုစောင့်ထိန်းရသည်။ သခင်ယေရှုခရစ်တော်သည် မိန်းမများ၏မိတ်ကောင်းဆွေကောင်း၊ တိုင်ပင်ဖော်တိုင်ပင်ဖက်ဖြစ်သည်။

၇:၂၉ ဒေသနာဆရာက လူ့လောက၏စိတ်ညစ်ဖွယ်ရာအကြောင်းစုံရေး သားသည်။ လူသည်မူလ အစကတည်းက ကျဆုံးသောသူဖြစ်သည်။ မှန်ပါသည်။ ဘုရားသခင်ကလူအားဖန်ဆင်းရာတွင် ဖြောင့်မတ်အောင်သဏ္ဍာန်တော် နှင့်အညီဖန်ဆင်းပါသည်။ သို့သော်လူသည်များပြားသော အကြံအစည်ရှာဖွေ ကြသည်။ ဉာဏ်များကြသည်။ သို့ဖြင့် ဘုရားသခင်၏စိတ်ကူးစိတ်သန်းနှင့်လမ်းလွဲ ကြသည်။

ထိုသို့လမ်းလွဲကြသောကြောင့်ဆာလောင်ငတ်မွတ်ကြသည်။ ဆာလောင်ငတ်မွတ်ခြင်းဖြည့်ဆည်းရန် ရှာဖွေကြသည်။ ပြည့်စုံသောမိတ်ဆွေ၊ ပြည့်စုံသောအလုပ်၊ ပြည့်စုံသောဆရာကိုလိုက်လံရှာဖွေသည်။ သူ့ကိုယ်တိုင် တွင်ဖြစ်စေ၊ အခြားနေရာတွင်ဖြစ်စေ၊ လိုက်ရှာသော်လည်း ရှာလေဝေးလေ ဖြစ်သည်။ နေရောင်ခြည်အောက်မှာလိုက်ရှာသော်လည်း အမောသာအဖတ်တင်သည်။ လူ့လောကမှာရှိနေစဉ် ပြီးပြည့်စုံသောအရာတစ်ခုသာရှိသည်။ ထိုအ ရာမှာယေရှုခရစ်တော်လူ့လောက၌အသက်ရှင်ခြင်း ကာလဖြစ်သည်။ ယခုအခါတွင်မူနေရောင်ခြည်၏အထက် ဘုရားသခင်၏လက်ယာတော်ဘက်၌စိုးစံ တော်မူပြီ။ လူသားများလိုအပ်နေမှုကိုဘုရားသခင်က ပြည့်စုံစေချင်သည်။ ထိုသို့ပြည့်စုံရန်မှာ ခရစ်တော်၌ တည်မှီခြင်းသာဖြစ်သည်။ ထိုနည်းလမ်းမှတပါးအခြားမရှိ။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။