ဒေသနာကျမ်း - ၄
ဒေသနာကျမ်း - ၄ (အနက်ဖွင့်)
(ဃ) မညီမျှမှုသည်လည်း အချည်းနှီး (အခန်း ၄)
၄:၁ Robert Burns က “လူလူချင်းညှာတာ ထောက်ထားမှုမရှိသောသူက တခြားလူများအား ထောင်သောင်းချီသော ဝမ်းနည်းမှု ဖြစ်ပွားစေသည်” ဟု ဆိုသည်။ အရွယ်တိုင်းတွင် စိတ်ထိခိုက် လွယ်ကူသူများရှိမည်။ ထိုသူများသည် ပတ်ဝန်းကျင်၏ ဖိစီးမှုမကြာခဏခံစားရသည်။ ဝမ်းနည်းကြသည်။ ရှောလမုန်သည်လည်း တွန့်တွန့်လိမ်အောင် နာကျင်သည် ။ စိတ်ဖိစီ:မှုခံစား၍ မျက်ရည်ကျသူများ တွေ့သော အခါ စိတ်နာကျင်သည်။ ညှဉ်းဆဲဖိ စီးသူများ သည်လည်း စိတ်ချမ်းသာမှု မရကြသောအခါ သနားသည်။ သို့ကြောင့်”သစ္စာတရားသည် ဇာတ်စင်ပေါ်မှာ ထာဝရ အမှားအယွင်းသည် ဆူးပုံပေါ်မှာ ထာဝရ ” ဟု ဆိုရိုးစကားရှိသည်။ “မသိနားမလည် မှု၏ အရိပ်မှာဘုရားရှင်ရှိနေသည်။ ဘုရားရှင်က အပေါ်စီးမှအစဉ်ကြည့်ရှုနေသည်။”၂၅
၄:၂ သို့ကြောင့် သေခြင်းသည် ရှင်ခြင်းထက် မင်္ဂလာရှိ ၏။ သေခြင်းတမလွန်ဘဝသည် လူ့လောကတွင် ကြုံတွေ့ရသော ဆင်းရဲဒုက္ခ၊ ရက်စက်ခြင်းနှင့် ဝမ်းနည်းမျက်ရည်များ ကင်းဝေးရာ ဟု ယူဆသည်။ ထိုထက်လေးနက်စွာ တွေ့မြင်ဟန်မတူ။ မယုံကြည် သူသေလွန်လျှင် လူ့ဘဝတွင် ဆင်းရဲဒုက္ခထက် ပိုမို ဆင်းရဲရောက် သည်ကိုမစဉ်းစားမိ။ ထိုသူအတွက် “သေပြီးနောက်မှ လူ့ဘဝ”ထက် “မွေးဖွားပြီးမှ လူ့ဘဝ” ကို သာရှုမြင်ကြောင်းသိလာသည်။
၄:၃ ရှောလမုန်က လူ့ဘဝအပြစ်အနာအဆာများကို အသေး စိတ်ရှာဖွေရှုမြင်သည်။ သေခြင်းသည် အသက်ရှင်ခြင်းထက် မြတ် သည် ဟု အဆုံးစွန်စကားဆိုခဲ့သည်။ ယခုအခါ မမွေးဖွားသောသူ သည်အသက်ရှင်သူထက်ပို၍ မင်္ဂလာရှိသည်ဟု ဆိုပြန်သည်။ နေ ရောင်ခြည်အောက်မှာ ဖိစီးမှုနှင့် အနိဌာရုံများ၊ မတရားမှုများမခံစားရ။ “လူ့ဘဝပျော်ရွှင်မှုတည်းဟူသော ထိတ်လန့်ဖွယ်ရာပြောင်လှောင် သရော်မှု “ကိုလည်း မခံစားဘူးကြ။
၄:၄ တချို့ကအခြားသူများ အပေါင်းအသင်းမိတ်ဆွေများ ထက် သာလွန်အောင် ကြိုးစားအားထုတ် လုံးပန်းကြသည်။ ခေါင်းတလုံး၊ နှာတဖျားသာချင်ကြသည်။ စိတ်အမောခံ၊ အပင်ပန်းခံ၍ ပြိုင်ဆိုင်ကြ သည်။ ထိုသို့ ပြုလုပ်ခြင်းသည် ယှဉ်ပြိုင်လိုသော သက်သက်ဖြစ် သည်။ အခြားလူထက် တန်ဖိုးကြီးသောအဝတ်အစား၊ ဇိမ်ကျသော အဆောက်အဦးရှာဖွေကြသည်။ ထိုအမူအရာများသည် ဘုရားသခင် အမြင်တွင် အဆံမပါ အကာသက်သက်၊ ပကာသနစစ်စစ်ဖြစ်သည်။ အပုပ်ကောင်ကို ရုပ်ဆောင်ခြင်းဖြစ်သည်။
Michelangelo နှင့် Raphael တို့သည် သူတို့၏ ပန်းချီ လက်ရာများကို ဗာတီကန်နန်းတော်တွင် အသုံးခံဖို့ ကမ်းလှမ်းခြင်းခံ ကြရရာ အပြိုင်အဆိုင် ရေးဆွဲကြသည်။ ထိုသို့ပြိုင်ဆိုင်ခြင်းစိတ်ဓါတ်က မိတ်ဆွေနှစ်ဦးအား မေးလျှင်မပြော၊ ခေါ်လျှင်မထူးအောင် သူစိမ်းသရဲဖြစ်စေသည်။ “အလုပ်ကိုယ်စီလုပ်ကြခြင်း ဖြစ်သော်လည်း မနာလို မိစ္ဆာစိတ်ဓါတ်ကြောင့် တဦးကိုတဦး စကားမပြောကြ။၂၆ အချို့လူများသည် မနာလိုဝန်ဆိုစိတ်များကို သကာဖြင့် ဖုံး အုပ် တတ်ကြသော်လည်း ပြိုင်ဆိုင်ကြစဉ်တွင် အနိမ့်ဆုံးသော စိတ် သဘောထားသည် အခိုက်အတန့်ရှိခဲ့ကြသည်။
ခေတ်သစ်ဝေဖန်ရေးဆရာက “အရာခပ်သိမ်းကို ဘဝတွင် ပိုင်ဆိုင်ဖို့ကြိုးစားကြည့်သည်။ သို့သော် တွေ့မြင်ရသည်မှာ သူတပါးထက်သာအောင် ရှာဖွေပြိုင်ဆိုင်ခြင်းသည် အချည်းနှီး ပင်ပန်းဖြစ် သည်ဟု၂၇ ဆိုသည်။
၄:၅ အရူး၊ ဦးနှောက်မရှိသူများအတွက် လူ့ဘဝရည်ရွယ်နှင့် အမှန်တကယ်ကြုံတွေ့ရသောဘဝသည် ဆန့်ကျင်ဘက်ဖြစ်သည်။ သူ့လက်ထက်မှာရှိသမျှနှင့်ကျေနပ်တင်းတိမ်သည်။ သူများကဲ့သို့ ဝလင်အောင်စားဖို့ အားထုတ်ကြိုးပမ်းရှာဖွေခြင်းမပြု။ သို့သော် အိမ် နီး နားခြင်းများထက် ပညာရှိသူလည်းဖြစ်နိုင်သည်။ မနေမနား လောဘရမ္မက်ကြီးစွာ လုပ်ဆောင်သူထက် ချင့်ချိန်စွာ လုပ်ဆောင်ခြင်းလည်း ဖြစ်နိုင်ပါသည်။
၄:၆ ဘေး ပန်းဝတ်ကျင်ရှိ လူများ အပြိုင်အဆိုင်မနေ မနားကြိုးပမ်းရှာ ဖွေကြစဉ်တွင် ထိုလူမိုက် က “လက်တဆုပ်တည်းသာ ဥစ္စာသည် ပင်ပန်းစွာ လုပ်၍ လက်နှစ်ဘက်၌ ပြည့်သော ဥစ္စာထက်သာ၍ ကောင်း၏” ဟုဆိုသည်။ ထိုစကားကို H.C Leupold က “လွယ်လွယ်ကူကူနှင့် အနည်းငယ် မျှသာ သက်တောင့်သက်သာရရှိသည်။ သို့သော် ပင်ပန်းဇွဲနဘဲကြီးစွာ လုပ်ဆောင်လျက် စိတ်ဒုက္ခရောက်ခြင်းထက် ကောင်း၏ “ဟု ဆိုသည်။
၄:၇–၈ ဓမ္မဆရာ၏ အတွေးတွင် အခြားမိုက်မဲသော အမြင်တင်ပြ ထားသည်။ သားသမီး၊ ဆွေမျိုးမိတ်သင်္ဂဟမရှိဘဲ တကိုယ်တော်ရှိနေသော် လည်း ဥစ္စာရတနာကြိုးစားရှာဖွေခြင်းသည် အရူးအလုပ်ဟုဆို သည်။ သားသမီးမရှိ၊ ညီအကိုမရှိ။ အမွေခံမရှိ။ လိုအပ်သည်ထက် ငွေကြေးအလုံ အလောက် ရှိနေပြီ။မိမိ ကိုယ်ကို မသနားမညှာတာပဲ ဖြစ်သလိုနေထိုင်စား သောက်သည်။ သူကိုယ်သူလည်း “ဘယ်သူ့အတွက်ရည်ရွယ်၍ ငါ့ဘဝကို အပင်ပန်းခံသနည်း”ဟု မမေးတတ်။ ထိုကဲ့သို့သောသူကို Charles Bridge က “ထိုသူသည် ကပ်စေးနဲကော်တရာ ၊လူကိုသာလူချမ်း သာဖြစ်လျက် စုတ်ပြတ်သောကျွန်၊ ဘုရားစင်ပေါ် က ညောင်ရေအိုးကွဲ ” ဟုဆိုသည်။ ကော်တရာ ကပ်စေးနဲဟူသော အမည်နာမည်နှင့်အညီ အမှန် တကယ်ကပ်စေးနဲသည်။ ဘဝတစ်ခုထဲတွင် မရှိဆင်းရဲသားကဲ့သို့ နေခဲ့ရှာ သည်။ အဘယ်မျှ သနားဖွယ်ကောင်းသနည်း။
Samuel Johnson ကမူ “ရွှေကိုတပ်မက်၍ မပျက်စီးအောင် ကျစ်ကျစ်ပါထုတ်ပိုးသိမ်းဆည်းထား သော်လည်း နောက်ဆုံးတွင် အရောင်မှိန် ပျက်စီးသကဲ့သို့ သော လူမျိုးဖြစ်သည်”ဟု ဆိုသည်။
၄:၉ ထိုကပ်စေးနဲကော်တရာအား ရှောလမုန်က ထောက်ပြသည်။ တကိုယ်တော်အထီးကျန်မနေဘဲ ၊အပေါင်းအသင်းအတွဲအဖော် ပြုဖို့အားပေး သည်။ ပုံ ဥပမာ(၄)ခု ပေး၍ ရှင်းပြသည်။ ပထမဆုံးအချက်တွင် တစ်ယောက် တည်းလုပ်ခြင်းထက် နှစ်ယောက်ပြိုင်တူလုပ်လျှင် ပိုကောင်းသည်။ အဘယ်ကြောင့်ဆိုသော် နှစ်ယောက်စပ်တူလုပ်ခြင်းဖြင့် အင်အားပိုကောင်း ၍ လုပ်ပိုမိုတွင်ကျယ်သည်။
၄:၁၀ အကယ်၍ လုပ်ငန်းခွင်တွင် မတော်တဆ ထိခိုက်မှုဖြစ်လျှင် လည်းကျန်တဦးက ဖေးမကူညီနိုင်သည်။ တစ်ယောက်တည်းရှိနေချိန်တွင် ချော်လဲကြလျှင် ထူမည့်ကယ်မည့် သူမရှိက အနီးပတ်ဝန်းကျင်တွင်လည်း အကူအညီတောင်းစရာမရှိ။
၄:၁၁ အေးစိမ့်သော ညတွင် နှစ်ယောက်အတူတူအိပ်ခြင်းသည်ပို ၍ကောင်းသည်။ အဘယ်ကြောင့်ဆိုသော် တစ်ယောက်ကိုယ်ငွေ့ဖြင့် တစ်ယောက်နွေးထွေးစေသည်။ စောင်ခြုံပေးသူ၊ အနွေးဓါတ်ပေးသူဟု ယူဆကောင်းယူဆနိုင်သည်။ သို့သော် အဓိကဆိုလိုချက်မှာ မိတ်ဆွေ ကောင်းနှင့် ပေါင်းဖက်ခြင်း၏ ပျော်ရွင်သာယာမှု၊ မဖော်ပြနိုင်သောလူမှု ဆက်ဆံရေး ၏လေးနက်နွေးထွေးမှုကိုဆိုလိုသည်။ တဦးထက်အထီးကျန်နေခြင်းထက် အဖော်နှင့်နေရခြင်း၏ နွေ:ထွေးမှုကိုဆိုလိုသည်။
၄:၁၂ တတိယဥဒါဟဂုဏ်မှာ မိမိကိုယ်ကို ကာကွယ်ခြင်း ဖြစ်သည်။ တစ်ယောက်ချင်းတိုက်ခိုက်လျှင် ရှုံးကောင်းရှုံးနိုင်သည်။ သို့သော် နှစ်ယောက်ဖြစ်လျှင် နိုင်ခြေပိုများသည်။
သုံးလွန်းပင်ကြိုးများသည် တပင်တည်းကြိုး၊ နှစ်ပင်ပူးကြိုးထက် ခိုင်ခံ့သည်။ထိုကဲ့သို့ပင် တဦးတည်းနေခြင်းထက် ၊အဖော်နှစ်ယောက်၊ သုံးယောက်နှင့်ပူးပေါင်းလျှင် ပိုမိုတောင့်တင်းခိုင်မာသည်လုံခြုံသည်။
၄:၁၃–၁၆ လူမိုက်များသည် ဆုံးမခြင်းကို မခံယူတတ်။ အသက်ကြီးသော်လည်း မိုက် သော ရှင်ဘုရင်သည် ဆိုး၏ ။ နန်းတွင်း၌ ကြီ:ပြင်းသော်လည်း နာခံခြင်းမရှိသူနှင့် ဆူးခြုံတောမှာပေါက်သော ဆင်းရဲသားကို နှိုင်းယှဉ်ပြထားသည်။ နာခံခြင်းမရှိသော မင်းဆိုးသည် ပညာရှိများ၏ အကြံပေးချက်ကို နားမထောင်၊ ဂရုမစိုက်။ ထိုထက်စာလျှင် နာခံခြင်းရှိ၍ မိမိဒေသကို အေးချမ်းစွာ အုပ်စိုးထားသော သူဆင်းရဲသည် မင်္ဂလာရှိ၏။ ထိုဘုရင်မျိုးနှင့် သူဆင်းရဲသားအား စာဖတ်သူများဆင်ခြင်ကြရန် ရှောလမုန်က ဦ:နှောက်အလုပ်ပေးထားသည်။ မည်သို့လုပ်သင့်သနည်း။ လူထုပရိသတ်ကမူ ထိုဆင်းရဲသားနှင့် ဘုရင်အား နေရာလဲစေချင်ကြသည်။ သို့သော် ထိုမျှနှင့် လုံလောက်သောအဖြေမဟုတ်သေး၊ နှောင်းလူတွေ ကလည်း ထိုဘုရင်ဖြစ်သွားသောသူဆင်းရဲကို တဖန်လဲချင်ကြဦ:မည်။
ဆိုလိုသည်မှာ လောကနိုင်ငံများ၏ ဘုရင်များသည်လည်း ပြီ:ပြည့်စုံ ခြင်းမရှိနိုင်။ ဘုရင်ရာထူး ဌာနန္တရသည်လည်း အချည်းနှီးဖြစ်သည်။ လေကို ဖမ်းကိုင်ခြင်းဖြစ်သည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။