သင်ခန်းစာ (၁၉)

ကယ်တင်ခြင်းစိတ်ချမှု

            ကယ်တင်ခြင်းသည် အစအဆုံး ဘုရားသခင်က လုပ်ဆောင်သွားခြင်း ဖြစ်သည်။ ခမည်းတော်ဘုရားသခင်က ကျွန်ုပ်တို့ကို သားတော်အားဖြင့် ကယ်တင်ဖို့ ကမ္ဘာမတည်မရှိမှီကပင် ကြံစည်ပြီးသား ဖြစ်သည်။ (၁ပေ ၁း၂၀)။ သားတော်ဘုရားက လူ့ဇာတိခံယူ၍ အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ပြည့်စုံစေခဲ့ပြီ။ သန့်ရှင်းသောဝိညာဉ်တော်ဘုရားက နှုတ်ကပတ်တော်ကို အသုံးပြု၍၊ ထိုအရာများကို နားလည်သဘောပေါက်စေသည်။ ကျွန်ုပ်တို့က ယုံကြည်ခြင်းတခုတည်းဖြင့် လက်ခံရယူရသည်။ ကျွန်ုပ်တို့၏ လုပ်ဆောင်ချက် တခုမျှမရှိပါ။ 

နှုတ်ကပတ်တော်အားဖြင့်

             ဘုရားသခင်က ကျွန်ုပ်တို့ကို ကယ်တင်ကြောင်း၊ အပြစ်လွှတ်ကြောင်း၊ ထာ၀ရအသက်ပေးကြောင်း၊ လက်ခံကြောင်းများကို မည်ကဲ့သို့ သိနိုင်မည်နည်း။ ဓမ္မဟောင်းခေတ်၌ ဘုရားသခင်ကို၊ လူလူချင်း စကားပြောသကဲ့သို့ မေးမြန်းနိုင်သည်။ သားတော်လက်ထက်၌ မျက်နှာချင်းဆိုင် ပြောဆိုမေးမြန်းနိုင်သည်။ သိုသော်၊ ယခု သန့်ရှင်သောဝိညာဉတော်ခေတ်၌၊ နှုတ်ကပတ်တော်အားဖြင့် ဘုရား၏လုပ်ဆောင်ချက်များကို သိနိုင်သည်။ ထို့ကြောင့်၊ နှုတ်ကပတ်တော်ကို ဖတ်ရှုလေ့လာဖို့ လိုသည်။ 

နှုတ်ကပတ်တော်ကမည်သို့ဆိုသနည်း

              လူလူချင်းစာရေးကြသောအခါ တယောက်နှင့်တယောက် စာထဲ၌ ရေးထားသည့်အတိုင်း ယုံကြည်တတ်ကြသည်။ ထိုနည်းတူ၊ ဘုရားသခင်၏ကတိတော်များကို ကျမ်းစာထဲ၌ရေးထားသည့်အ တိုင်း၊ စိတ်ချယုံကြည်နိုင်သည်။ အချို့သောသူများသည်၊ ကျမ်းစာအပေါ်၌ယုံကြည်မှုအပြည့်အ၀မရှိ သောအခါ၊ အခြားသောနည်းအားဖြင့်ယုံကြည်ဘို့ရှာတတ်ကြသည်။ ခံစားမှုရှိဘို့ရန်သော်၎င်း၊ နိမိတ်လက္ခဏာအားဖြင့်၎င်း၊ ယုံကြည်ဘို့ရှာသောအခါစာတန်၏ လှည့်ကွက်ထဲမှာရောက်သွားတတ် သည်။ ဘုရားသခင်ကိုယုံကြည်နိုင်ရန်၊ “ယုဒလူတို့သည် နိမိတ်လက္ခဏာကို တောင်းတတ်ကြ၏။ ဟေလသလူ(ဂရိလူ) တို့သည် ပညာကိုရှာတတ်ကြ၏။ ငါတို့မူကား လက်ဝါးကပ်တိုင်မှာ အသေခံတော်မူသော ခရစ်တော်အကြောင်းအရာကို ဟောပြောကြ၏။။” ဟုကျမ်းစာ၌ရေးသည် (၁ ကော ၁:၂၂-၂၃)။ ထို့ကြောင့်၊ ဘုရားကိုယုံဘို့ရန်ကျမ်းစာသည်လုံလောက်သည်။

အပြစ်စီရင်ခြင်းမခံရ

                 အပြစ်နှင့်ပတ်သက်၍ သခင်ယေရှုကဤသို့ ဆိုခဲ့သည်၊ “လောကီသားတို့အား၊ အပြစ်စီ ရင်ခြင်းငှါ၊ ဘုရားသခင်သည်သားတော်ကိုဤလောကသို့စေလွှတ်တော်မူသည်မဟုတ်။ လောကီသား တို့သည်ကိုယ်တော်အားဖြင့်၊ ကယ်တင်ခြင်းသို့ရောက်မည့်အကြောင်း၊ စေလွှတ်တော်မူ၏။ သားတော် ကိုယုံကြည်သောသူသည်အပြစ်စီရင်ခြင်းကိုမခံရ။” (ယော ၃:၁ရ-၁၈)။ ကျမ်းစာက၊ သားတော်ကို ယုံကြည်သောသူသည်၊ အပြစ်စီရင်ခြင်းကိုမခံရဟုဆိုထားရာ၊ ကျွန်ုပ်တို့သည်သားတော်ကိုယုံကြည် သောကြောင့်၊ အပြစ်စီရင်ခြင်းကိုမခံရဟုယုံကြည်စိတ်ချနိုင်သည်။ ဘုရားသခင်သည်၊ မုသာမပြော တတ်ပါ။ “လူပြောသောစကားကိုယုံရလျှင်၊ ဘုရားသခင်ပြောသောစကားသည်သာ၍ယုံဘွယ်ရာ အကြောင်းရှိ၏။” (၁ ယော ၅:၉)။

ကျွန်ုပ်တို့ကိုလက်ခံသည်

                လူသားများသည် ကိုယ်ထံသို့လာသောသူကို တခါတရံနှင်ထုတ်တတ်ကြသည်။ သို့သော်သခင်ယေရှုက၊ “ငါ့ထံသို့လာသောသူကို ငါသည်အလျှင်းမပယ်။” ဟုကတိပြုထားပါသည် (ယောဟန် ၆:၃ရ)။ မိတ်ဆွေသည်၊ သခင်ယေရှုထံသို့အမှန်တကယ်လာလျှင်၊ သူသည်သင့်ကိုလက်ခံ ကြောင်းစိတ်ချနိုင်သည်။ သူကိုယ်တိုင်နှုတ်အားဖြင့်မပြောတော့သော်လည်း၊ သူ၏နှုတ်ကပတ် တော်ကျမ်းစာအားဖြင့်၊ မိတ်ဆွေကိုလက်ခံကြောင်းသိနိုင်သည်။

ထာ၀ရအသက်ရပြီ

               ထာ၀ရအသက်ဆိုသည်မှာ၊ ဘုရားသခင်နှင့်အတူ ကောင်းကင်ဘုံ၌ နေခြင်းကို ဆိုလိုသည်။ လူ၏ဝိညာဉ်သည် ငရဲမီးအိုင်ထဲ၌လည်း၊ ထာ၀ရအသက်ရှင်ရမှာ ဖြစ်သည်။ ထိုသို့ ငရဲမီးအိုင်၌ ထာ၀ရအသက်ရှင်ခြင်းကို သေခြင်း(သို့) ဒုတိယသေခြင်းဟု ခေါ်သည် (ဗျာဒိတ် ၂၀း၁၄)။ သခင်ယေရှုက၊ “သားတော်ကိုယုံကြည်သောသူ အပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်ထာ၀ရအသက်ကိုရမည့် အကြောင်းတည်း။” ဟုဆိုသည် (ယောဟန် ၃:၁၅)။ ဗတ္တိဇံယောဟန်ကလည်း၊ “သားတော်ကိုယုံကြည် သောသူသည်၊ ထာ၀ရအသက်ကိုရ၏။ သားတော်ကိုပယ်သောသူမူကား၊ ထာ၀ရအသက်ကိုမတွေ့ရ။ ထိုသူ၏အပေါ်၌ဘုရားသခင်၏အမျက်တော်တည်နေသည်။” ဟုဟောလေ၏ (ယောဟန် ၃:၃၆)။                   

               ယခုမိတ်ဆွေသည်သားတော်ကိုယုံကြည်သောကြောင့်၊ ထာ၀ရအသက်ရပြီဟုနှုတ်ကပတ်တော် အရစိတ်ချနိုင်သည်။ ထာ၀ရအသက်သည်သေပြီးမှရမည့်အရာမဟုတ်။ ယခုအသက်ရှင်စဥ်ပင် ရမည့်အရာဖြစ်သည်။ ထိုအသက်ရရန်ပြည့်စုံမှ၊ အပြစ်ကင်းမှမဟုတ်၊ သားတော်ကိုယုံကြည်လျှင်ရ နိုင်သည်။ ထို့ကြောင့်နှုတ်ကပတ်တော်ကိုစိတ်ချဘို့လိုသည်။

သန့်ရှင်းသောဝိညာဥ်တော်ရရှိပြီ 

                မိတ်ဆွေသည် သခင်ယေရှုကို ယုံကြည်လက်ခံသောအခါ၊ သန့်ရှင်သောဝိညာဉ်တော်ကိုလည်း ရရှိပြီဖြစ်သည်။ ကျမ်းစာ၌၊ “သင်တို့သည် ကယ်တင်ခြင်းအကြောင်းနှင့်ယှဉ်သော ဧဝံဂေလိတရားတည်းဟူသော၊ သမ္မတရားကို ကြားနာ၍ ထိုခရစ်တော်ကို ယုံကြည်ပြီးမှ၊ ကတိတော်နှင့်ယှဉ်သော သန့်ရှင်းသောဝိညာဉ်တော်၏ တံဆိပ်ခပ်ခြင်းကို ခံရပြီ။” ဟုဆိုသည်(ဧဖက် ၁:၁၃)။ “ထို သန့်ရှင်းသောဝိညာဉ်တော်သည်၊ ရွှေးနှုတ်ခြင်းနေ့ရက်တိုငအောင်၊ တံဆိပ်ခပ်ထားသည်။” (ဧဖက် ၄:၃၀)။ ထို့ကြောင့် မိတ်ဆွေသည် သန့်ရှင်းသောဝိညာဉ်တော် (သို့) ခရစ်‌တော်၏ဝိညာဉ်ကို ရရှိထားသူ ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်‌တော်နှင့် ခရစ်‌တော်၏ဝိညာဉ်သည် အတူတူပင် ဖြစ်သည်။

==================

ကယ်တင်ခြင်းစိတ်ချမှု (သင်ခန်းစာမေးခွန်းများ)
အထက်ရှိ လေ့လာခဲ့သောသင်ခန်းစာထဲမှ အချက်အချို့ကို အောက်ပါတွင် မေးခွန်းများအဖြစ် ပြင်ဆင်ပေးထားပါသည်။ မေးခွန်းများအားလုံးကို ပါဝင်ဖြေဆိုခြင်းဖြင့် သင်သည် ယခုသင်ခန်းစာကို ပြီးပြည့်စုံစွာ သဘောပေါက်နားလည်ကြောင်းကို ဖေါ်ပြလိုက်ပါ။