အာမုတ်အနာဂတ္တိကျမ်း - ၃
အာမုတ်အနာဂတ္တိကျမ်း - ၃ (အနက်ဖွင့်)
။ ဣသရေလတို့အပြစ်နှင့် တရားစီရင်ခြင်း (အခန်း ၃–၆)
(က) နာခံရန်ပထမအကြိမ်ဆင့်ခေါ်ခြင်း (အခန်း၃)
၃:၁–၂ ဣသရေလအမျိုးသားများ ကြောက်မက်ဖွယ်ရာတရားစီရင်ခြင်း ခံရမည့်အကြောင်း သတိပေးထားသည်။ ဣသရေလလူမျိုးသည် ယေဟောဝါ ဘုရားနှင့် အနီးဆုံးလူမျိုးတော် ဖြစ်သော်လည်း သူတို့အပြစ်ဒုစရိုက်များသည် ထိုနီးစပ်ခြင်းထက် ပိုများနေသည်။ ထို့ထက်ခံစားရမည့်ပြစ်ဒဏ်က ပိုများသည်။ အပြစ်ရှိသမျှကို စစ်ကြော၍ တရားစီရင်မည်။
၃:၃–၈ ထိုတရားစီရင်ခြင်းသည် သက်သက်မဲ့မဟုတ်။ အကြောင်းတရားရှိ၍ အကျိုးတရားလိုက်လာသည်။ အာမုတ်က အကြောင်း(၇)ချက် ရှင်းပြထားသည်။ အမြင့်ဆုံးအပြစ်ဒဏ်ဖြင့် အရေးယူမည်။ ထိုသို့အရေးယူခြင်းသည်လည်း ကောက်ကာ ငင်ကာထလုပ်သည်မဟုတ်။ စောစွာကပင် ပရောဖက်များဖြင့် ကြိုတင်သတိပေး ထားသည်ဖြစ်သည်။
၃:၉–၁၂ ဣသရေလတို့၏ သူတပါးအပေါ်ဖိစီးနှိပ်စက်မှု၊ ရှမာရိပြည်တွင် လုယက်သိမ်းပိုက်မှုစသော အပြစ်ဒုစရိုက်များကို အာဇုတ်(ဖိလိတ္တိ)နှင့် အဲဂုတ္တုပြည်သားများက သက်သေပြပါလိမ့်မည်။ ဤအပြစ်ဒုစရိုက်များကြောင့် အာရှုရိသားများက ဣသရေလမြေအား ကျူးကျော်သိမ်းပိုက်ကြမည်။ ကြွင်းကျန်သော လူနည်းစုသည် လည်းခွေးပြေးထွက်ပြေး ထွက်ပြေးကြရလိမ့်မည်။
၃:၁၃–၁၅ ဣသရေလအမျိုးတို့ အပြစ်စစ်ကြော သောနေ့၌ ဗေသလယဇ်ပလ္လင်ကို စစ်ကြောလျက် ယဇ်ပလ္လင်ဦးချိုတို့ကို မြေသို့ချပစ်မည်။ နွားရုပ်ဦးချိုသည် အာရှုရိပြည် (ယော၁၀၊၅၊၆) ကိုဆိုလိုပေသည်။ စံနန်းတော်နှင့် ဘုံဗိမာန်တို့သမိုင်းသည်လည်း ချုပ်ငြိမ်း ဆုံးခန်းတိုင်သွားမည်။
ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက http://bbcmm.net/the-believers-bible-commentary တွင် လေ့လာနိုင်ပါသည်။
တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။