၂သက် - ၃

ငါတို့အဖို့ဆုတောင်းကြလော့၊
1ကြွင်းသေးသော စကားဟူမူကား၊ ညီအစ်ကိုတို့၊ သခင်ဘုရား၏ နှုတ်ကပတ်တရားသည် သင်တို့တွင် နှံ့ပြား၍ ဘုန်းထင်ရှားခြင်းရှိသကဲ့သို့၊ အရပ်ရပ်တို့၌ ထင်ရှားမည်အကြောင်းနှင့်၊- 2အကျိုးအကြောင်းကို မသိမမှတ်၊ ဆိုးညစ်သော သူတို့လက်မှငါတို့ကို ကယ်လွှတ်တော်မူမည်အကြောင်း၊ ငါတို့အဖို့ ဆုတောင်းကြလော့။ လူတိုင်း သစ္စာရှိသည်မဟုတ်။- 3သို့သော်လည်း၊ သခင်ဘုရားသည် သစ္စာနှင့် ပြည့်စုံတော်မူ၏။ သင်တို့ကိုမြဲမြံစေ၍၊ မကောင်းသောအမှုအရာနှင့် ကင်းလွတ်စေခြင်းငှာ စောင့်မတော်မူလိမ့်မည်။- 4ငါတို့ ပညတ်သည်အတိုင်း သင်တို့သည် ယခုကျင့်ကြ၏။ နောက်၌လည်း ကျင့်ကြလိမ့်မည်ဟု သခင်ဘုရားကို အမှီပြု၍ ငါတို့သည် ယုံမှားခြင်းမရှိ။- 5ဘုရားသခင်ကို ချစ်စေခြင်းငှာလည်းကောင်း၊ ခရစ်တော်၏နည်းတူ သည်းခံစေခြင်းငှာလည်းကောင်း၊ သခင်ဘုရားသည် သင်တို့စိတ်နှလုံးကို ပြင်ဆင်တော်မူပါစေသော။
မတရားစွာပြုသောညီအစ်ကို
6တစ်နည်းကား၊ ညီအစ်ကိုတို့၊ ငါတို့ထံ၌ခံသော နည်းဥပဒေသအတိုင်း မကျင့်ဘဲ၊ မတရားစွာပြုသော ညီအစ်ကိုရှိသမျှတို့ကို ရှောင်ကြလော့ဟု ငါတို့သခင်ယေရှုခရစ်၏ နာမတော်အားဖြင့် ငါတို့သည် ပညတ်ထားကြ၏။- 7အကြောင်းမူကား၊ ငါတို့ပေးသော ပုံသက်သေကိုလိုက်၍ သင်တို့သည် အဘယ်သို့ကျင့်ရမည်ဟု သင်တို့ ကိုယ်တိုင်သိကြ၏။ ငါတို့သည် သင်တို့တွင် မတရားစွာ ပြုကြသည်မဟုတ်။- 8အဘယ်သူ၏ အစာကိုမျှ အလိုအလျောက်မစား။ သင်တို့တွင် တစ်ယောက်ကိုမျှ မနှောင့်ယှက်ခြင်းငှာ၊ ပင်ပန်းစွာ ကြိုးစားအားထုတ်၍ နေ့ညမပြတ်လုပ်ဆောင်ကြ၏။- 9ထိုသို့ပြုသော်လည်း၊ မခံမယူပိုင်သောကြောင့် ပြုသည်မဟုတ်။ သင်တို့လိုက်စရာဖို့ ပုံသက်သေ ဖြစ်စေခြင်းငှာပြုကြ၏။- 10အဘယ်သို့နည်းဟူမူကား၊ သင်တို့နှင့်အတူရှိနေစဉ်အခါ၊ အလုပ်မလုပ်ချင်သောသူမည်သည်ကား၊ အစာကိုလည်း မစားစေနှင့်ဟု ပညတ်ထားကြပြီ။- 11မတရားစွာပြု၍ အဘယ်အလုပ်ကိုမျှ မလုပ်ဘဲ၊ ကိုယ်နှင့်မဆိုင်သောအမှု၌ ရောနှောသောသူ အချို့တို့သည် သင်တို့တွင်ရှိကြောင်းကို ငါတို့ကြားရကြ၏။- 12ထိုသို့သောသူတို့သည် ငြိမ်ဝပ်စွာ လုပ်ဆောင်၍၊ ကိုယ်အစာကို စားမည်အကြောင်း၊ ငါတို့သခင် ယေရှုခရစ်အားဖြင့် ငါတို့သည် ပညတ်ထား၍၊ တိုက်တွန်း သွေးဆောင်ကြ၏။- 13ညီအစ်ကိုတို့ အားလျော့စိတ်ပျက်ခြင်းမရှိဘဲ ကောင်းသောအကျင့်ကို ကျင့်ကြလော့။
14ဤစာ၌ ငါတို့ရေးထားသော ပညတ်စကားကို တစ်စုံတစ်ယောက်သောသူသည် နားမထောင်ဘဲနေလျှင်၊ ထိုသူကို မှတ်ကြလော့။ ရှက်ကြောက်စေခြင်းငှာ၊ အပေါင်းအဖော် မလုပ်ကြနှင့်။- 15သို့သော်လည်း၊ ရန်သူကဲ့သို့မမှတ်၊ ညီအစ်ကိုကဲ့သို့မှတ်၍ သတိပေးကြလော့။- 16ငြိမ်သက်ခြင်း၏ သခင်သည် ကိုယ်တော်တိုင် သင်တို့၌ အစဉ်မပြတ်ခပ်သိမ်းသော အမှုအရာအားဖြင့် ငြိမ်သက်ခြင်းကို ပေးသနားတော်မူပါစေသော။ သခင်ဘုရားသည် သင်တို့အပေါင်းနှင့်အတူ ရှိတော်မူပါစေသော။
နိဂုံးချုပ်စကား
17ငါပေါလုသည် သင်တို့ကို နှုတ်ဆက်ခြင်း အချက်ကို ကိုယ်လက်နှင့် ရေးထား၏။ ဤသို့ ရေးထားလေ့ရှိ၍၊ ငါရေးသမျှသော ဩဝါဒ၏ လက္ခဏာဖြစ်၏။- 18ငါတို့သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့အပေါင်း၌ ရှိစေသတည်း။ အာမင်။
သက်သာလောနိတ်ဩဝါဒစာဒုတိယစောင်ပြီး၏။

၂သက် - ၃ (အနက်ဖွင့်)

၅။ လက်တွေ့ကျကျတိုက်တွန်းချက်များ(:၁၅)

(ကအပြန်အလှန်ဆုတောင်းပေးခြင်း(:)

: ရှင်ပေါလုက သန့်ရှင်းသူများအတွက် ဆုတောင်းပေးသည်။ ဤအခန်းကို ဆုတောင်းခြင်း (၃)မျိုးဖြင့် အစပြုသည်။ (၁)ဒေသနာတွင် ဝိညာဉ်တော်တန်ခိုးပါရှိဖို့ (၂)ဒေသနာစကားအောင်ပွဲခံဖို့ (၃)ဒေသနာရှင်များ လုံခြုံဖို့ ဆုတောင်းပေးရသည်။

နှုတ်ကပတ်တော်အား အလျင်အမြန် ပျံ့နှံ့စေချင်သည်။ အခက်အခဲမည်မျှပင် ရှိစေကာမူ ဓါးတောင်ကျော်၍ မီးပင်လယ်ကိုလည်း ဖြတ်သန်းရမည်။ ဇယားဖြင့် ပြသလျှင် အထက်သို့သာ တက်ရမည် (ဆာ၁၄၇:၁၅ကိုကြည့်)။

သက်သာလောနိတ်တွင် ဝိညာဉ်တော်ထွန်းကားသကဲ့သို့ နေရာတိုင်းတွင် အဟုန်ဖြင့် ပျံ့နှံ့စေချင်သည်။

: တတိယဆုတောင်းချက်မှာ ပေါလု၏ လုပ်ဖော်ဆောင်ဘက် နှစ်ယောက်အပါအဝင် သုံးဦးစလုံးအတွက် ဆုတောင်းပေးစေချင်သည်။ အကျိုးအကြောင်း မထင်မှတ် ဆိုးညစ်သူများ ဘေးရန်အထူးသဖြင့် ကောရိန္သု ယုဒလူမျိုးများ ရစ်မှ (တ၁၈:၁-၁၈) ချမ်းသာရရန် ဆုတောင်းပေးစေချင်သည်။ အကျိုးအကြောင်း မထင်မှတ်ဆိုခြင်းမှာ ဧဝံဂေလိတရား ဟောသူများ ဟူသောစကားတည်းဖြင့် ရန်ဘက်ပြုခြင်းကို ဆိုလိုသည်။ ထိုအချိန်ကာလတွင် နိုင်ငံရေး၊ သိပ္ပံသို့မဟုတ် အခြားအကြောင်းအရာများ ပြောဆိုဆွေးနွေးကြပါမည်။ ထိုစကားဝိုင်းတွင် ဧဝံဂေလိတရား ဝင်ရောက်လာလျှင် ပြောစကားကုန်ဆုံးသွားတတ်ကြသောကြောင့် ဖြစ်သည်။

: အပိုဒ်ငယ်(၂) “လူတိုင်း သစ္စာရှိသည်မဟုတ်” ဟူသောစကားနှင့် အပိုဒ်ငယ်(၃) “သို့သော်လည်း သခင်ဘုရားသည် သစ္စာတရားနှင့် ပြည့်စုံတော်မူ၏” ဟူသောစကား၏ ခြားနားဆန့်ကျင်ပုံကို မှတ်ထားပါ။ လူသည် သစ္စာပျက်တတ်သော်လည်း ဘုရားသခင်သည် ဘယ်သောအခါမှ မပျက်ပါ။ ကိုယ်တော်သည် အဆုံးကာလတိုင်အောင် သစ္စာရှိမည့်အကြောင်း သေချာသည်(၁ကော၁:၉)။ စုံစမ်းခြင်းမှကာကွယ်ရန် သစ္စာရှိသည် (၁ကော၁၀:၁၃) အပြစ်များကို ခွင့်လွှတ်ဖို့နှင့် မစင်ကြယ်ခြင်းမှ စင်ကြယ်ပေးဖို့ သစ္စာတည်သည် (၁ယော၁:၉)။ မကောင်းသောအမှုအရာ၊ စာတန်လက်ချက်မှလည်း ကွယ်ကာစောင့်ရှောက်မည့်အကြောင်း ဤကျမ်းပိုဒ်တွင် ထပ်မံတွေ့ရသည်။

: တစ်ယောက်မှ သစ္စာမတည်။ သခင်ဘုရားသည် သစ္စာတရားနှင့် ပြည့်စုံ၏။ ယုံကြည်သူများအပေါ်တွင် ဘုရားသခင်၏ သစ္စာတရား ဖြစ်သည်။ သခင်ဘုရား၌ တည်သူသည် “မိမိကိုယ်ကို အားနည်းသူ၊ ငြိမ်သက်ခြင်း မရှိသူ၊ ဆန္ဒမစွမ်းနိုင်သူ၊ ဘာမှမသိသူ”ဟု ခံယူခြင်း ဖြစ်သည်။ ရှင်ပေါလုကလည်း ထပ်မံသတိပေးပါသည်။ ဘုရားသခင်နှင့် လူအကြားဆက်ဆံမှု ဖြစ်သည်။ ပညတ်တော်များကို လိုက်လျှောက်လျှင်ကိုယ်တော်က ပြန်လည်စောင့်ထိန်းပါမည်။ ၁ပေ၁:၅တွင် “ဘုရားသခင်၏ တန်ခိုးတော်သည် စောင့်ရှောက်တော်မူသည်” ဟူသော ကျမ်းစကားသည် ဘုရားရှင်၏ အမှုဖြစ်၍ လူ့ဝတ္တရားသည် “ယုံကြည်စိတ်ချဖို့” ဖြစ်သည်။ ဖိ၂:၁၂-၁၃တွင်လည်း ကယ်တင်ခြင်းရှိလော့ ဟူသောစကားသည် လူ့တာဝန်ဖြစ်၍၊ “သင့်အထဲတွင် ဘုရားသခင် ရှိတော်မူမည်” ဟူသောစကားသည် ဘုရားသခင်၏ အရေးဖြစ်သည်။

: ညှဉ်းပန်းနှိပ်စက်ခြင်း ခံရသောအချိန်တွင် တပါးသူများအား ငြိုငြင်ခြင်း၊ ငြူစူခြင်း ဖြစ်လွယ်သည်။ ထို့ကြောင့် ရှင်ပေါလုက သက်သာလောနိတ်သားများအား ဘုရားသခင်ကို ချစ်မြတ်နိုးရန်နှင့် ခရစ်တော်၌ ယဉ်ကျေးသိမ်မွေ့ခြင်း မရှိကြရန် ဆုတောင်းပေးခြင်းဖြစ်သည်။

KJV ကျမ်းတွင် “ခရစ်တော်အား စိတ်ရှည်စွာ စောင့်မျှော်ခြင်း” ၊NKJVတွင် “ခရစ်တော်အတွက်
စိတ်ရှည်ခြင်း”ဟု သုံးနှုန်းထားသည်။ 1611ကျမ်းမူတွင် ခရစ်တော်ပြန်လည် ကြွရောက်လာခြင်းဟု ဆိုသည်။ NKJV ကျမ်းမူ၏ အာဘော်သည်ခရစ်တော် လောကတွင်ရှိနေသကဲ့သို့ ကောင်းကင်နိုင်ငံတွင်လည်းလူပုံစံဖြင့် နေသေးကြောင်း ဆိုချင်ပုံရသည်။၁၃

ဤကျမ်းပိုဒ်တွင် သခင်ဘုရားသည် သန့်ရှင်းသောဝိညာဉ်တော်ကို ရည်ညွှန်းပါသည်။ သုံးပါးတစ်ဆူကိုလည်း ဆိုလိုပါသည်(၂:၁၃-၁၄)။

()မကျုံးနွံသူများနှင့်ဆက်ဆံခြင်း(:၁၅)

: ဤကျမ်းပိုဒ်အရ သက်သာလောနိတ်သန့်ရှင်းသူများသည် အသက်မွေးကျောင်း အလုပ်မလုပ်ကြတော့ဘဲ၊ ခရစ်တော်ဘုရား ကြွလာမည့်အချိန်ကို ထိုင်စောင့်နေကြကြောင်း ထင်ရှားသည်။ ထိုအမူအရာသည် ဝိညာဉ်ရေးရာကြီးထွားခြင်း ဟု ရှင်ပေါလုက အသိအမှတ်မပြုပါ။ သို့ကြောင့် ညီအစ်ကိုများအား မည်သို့ဆက်ဆံရမည့်အကြောင်း ရှင်ပေါလုက ရှင်းပြသည်။

အလုပ်မလုပ်၊ အများနည်းတူမရှင်၊ အခြားသူများကို ကပ်မြှောင်သူများ ခြေဦးတည့်ရာ လျှောက်လှမ်းသူများအား ဆက်ဆံခြင်းမပြုဘဲ ရှောင်ကြဉ်ကြရန်သွန်သင်သည်။ (ငယ်၁၀-၁၁ကိုလည်းကြည့်) ယုံကြည်သူများသည် ထိုညီအစ်ကိုများကို အသိအမှတ်မပြုဘဲ ဝိုင်းကြဉ်ရမည်။ သို့သော် အသင်းတော်မှ ပထုတ်ရအောင်ပြင်းပြင်းထန်ထန်မဆိုပါ။

: ရှင်ပေါလုသည် တဲလုပ်ခြင်း အလုပ်ကို မစွန့်ပစ်ပါ။ အဘယ်ကြောင့်ဆိုသော် သခင်ယေရှု ပြန်လာဦးမည်။ ခရစ်တော်ဘုရားအချိန် မရွေးရောက်လာမည်ဟု အမှန်တကယ် ယုံကြည်သည်။ အကယ်၍ ပေါလုအသက်ရှင်နေစဉ် ခရစ်တော်ချက်ချင်း မလာဖြစ်သည်ရှိသော် အသက်မွေးဝမ်းပြုဖို့ လိုနေသည်။

: လူတစ်ဦး၏အိမ်တွင်းရေးရာ စားဝတ်နေထိုင်ပုံနှင့် အသက်မွေးဝမ်းပြုပုံတို့ကို မစီရင်ရပါ။ ရှင်ပေါလုသည် ဧဝံဂေလိဟောကြားနေစဉ် အခြားတစ်ဘက်တွင် အသက်မွေးဝမ်းကြောင်း ပြုလုပ်သည်။ နေ့တာရှည်၍ ညတာစိုးလန့်စေရာ ဖြစ်သော်လည်း ရှင်ပေါလုသည် အခြားသူများကို ဝန်ထုတ်ဝန်ပိုးမပေးလို။

: ရှင်ပေါလုသည် တရားဟောဆရာ ဖြစ်သောကြောင့် သူ့တရားအားဖြင့် ပြောင်းလဲသူများ၏ ပံ့ပိုးခြင်း ခံထိုက်သူဖြစ်သည် (၁ကော၉:၆-၁၄၊ ၁တိ၅:၁၈)။ သို့သော် နမူနာစံပြတရားဟောဆရာ ဖြစ်သဖြင့် ပူပန်သောကမရှိဘဲ ဂုဏ်သိက္ခာထိန်းသိမ်းသည်။

:၁၀ အလုပ်မလုပ် လက်ကြောမတင်း လူပေါ်ကြော့များအား ထမင်းမကြွေးရန် သက်သာလောနိတ်သားများသို့ ညွှန်ကြားသည်။ ကိုယ်လက်အင်္ဂါ ပြည့်စုံသန်စွမ်းလျက် အလုပ်မလုပ်သူသည် ထမင်းမစားနှင့်ဟု ဆိုသည်။ ထိုစကားသည် ခရစ်ယာန်များ၏ အကြင်နာတရားနှင့် မဆန့်ကျင်ဘူးလား။ မဆန့်ကျင်ပါ။ ငပျင်းများသည် သနားစရာများမဟုတ်ပါ။ Spyrgeonက “စစ်မှန်သော မေတ္တာတရားသည် မှားယွင်းချက်များအား ပေးခြင်းမဟုတ်။ အရာခပ်သိမ်း၌ ခရစ်တော်အား သစ္စာရှိဖို့ဖြစ်သည်” ဟု ရှင်းပြထားသည်။

:၁၁ ဤနေရာတွင် တမန်တော်ကြီးက ပြောင်မြောက်စွာ စကားသုံးထားသည်။ ကိုယ်နှင့် မဆိုင်သောအမှုအရာ၌ ရောနှောသူများရှိသည်ဟု ဆိုသည်။ ထိုစကားကို အောက်ပါအချက်များဖြင့် လေ့လာကြည့်ကြပါစို့။

၁။ အချို့က မိမိလုပ်မဟုတ်သော်လည်းဝင်ရောက် ချယ်လှယ်ကြသည်။

၂။ အချို့သည် ပတ်ဝန်းကျင်ကကြည့်မနေနိုင်အောင် ဖြစ်ကတက်ဆန်းနေတတ်ကြသည်။

၃။ အချို့ကမိမိအလုပ်ထက်သူများ အလုပ်တွင်အလုပ်ရှုပ်နေကြသည်။

၄။ အများအလုပ်အတွက် အချိန်ကုန်သော်လည်းမိမိအလုပ်တွင်မူ လစ်ဟင်းသည်။

:၁၂ သခင်ယေရှုခရစ်က လူတိုင်း မိမိအလုပ်လုပ်၍ အသက်မွေးဝမ်းကြရန် ကြပ်တည်းစွာ ဆုံးမထားသည်။ ဘုရားသခင်ဘုန်းတော် ထင်ရှားကောင်းသော သက်သေခံချက်ဖြစ်သည်။

:၁၃ ကောင်းသောအလုပ်တွင် သစ္စာစောင့်ထိန်းကြရန် တိုက်တွန်းထားသည်။ အစသာမဟုတ်၊ အဆုံးတိုင်အောင် အားလျော့ခြင်း မရှိကျင့်ဆောင်ရမည်။

:၁၄ တမန်တော်ကြီး၏ ညွှန်ကြားချက်များကို ငြင်းပယ်လျှင် မည်သို့ ရှိမည်နည်း။ ထိုသူအား အပေါင်းအဖက်မပြုဘဲ၊ ဝိုင်းကြဉ်၊ ဘေးရှောင်ကြရန် မှာထားပါသည်။ ရည်ရွယ်ချက်မှာ ထိုသူသည် သူ့အမူအကျင့်ကြောင့် အရှက်ရ၍ လမ်းမှန်ရှာဖွေတွေ့ရှိနိုင်ရန် ဖြစ်သည်။

:၁၅ သို့သော်လည်း အမွေစားအမွေခံပြတ်စဲလောက်အောင် မပြင်းထန်စေရပါ။မည်သို့ပင်ဆိုးမိုက်
စေကာမူ ညီအစ်ကိုသည် ညီအစ်ကိုသာ ဖြစ်သည်။ သို့သော်သာသနာပလူ၊ အခွန်ခံကဲ့သို့ (မ၁၈:၁၇)မှတ်ရမည်။

ထိုစည်းကမ်းသည် သခင်ဘုရား၌ ဆောက်တည်ခြင်း၊ ဘုရားသခင်၏ လူဖြစ်ခြင်းကို ရည်ရွယ်ပါသည်။ ဝိညာဉ်ရေးရာ ပစ်ပယ်ခြင်း၊ ရန်သူကဲ့သို့ ဆက်ဆံခြင်းမပြုရ။

သက်သာလောနိတ်သားများသည် ခရစ်တော်ဘုရား ကြွလာခြင်းကိုသာ မျှော်လင့်၍ အလုပ်မလုပ်ဘဲ ထိုင်စောင့်နေကြပုံကို ယနေ့ယုံကြည်သူများ သင်ခန်းစာအမှားအဖြစ် ခံယူသင့်သည်။ ထိုသို့ပြုကျင့်ခြင်းဖြင့် အသင်းတော်ကို မထိပါးပါစေနှင့်၊ အစွန်းနှစ်ဖက်ကို ရှောင်ကြဉ်ကြရမည်။ စီးပွားလောဘတက်ပြီး၊ ကိုယ်တော်ပြန်လာမည့်အကြောင်းကိုလည်း မမေ့လျှော့ကြပါနှင့်။

၆။ ကောင်းကြီးပေးနှုတ်ဆက်ခြင်း(:၁၆၁၈)

ဤကျမ်းပိုဒ်သည် လေမုန်တိုင်းကာလကျော်လွန်၍ လေပြေလေညှင်း သွေ့သောကာလဖြစ်သည်။ သက်သာလောနိတ် သန့်ရှင်းသူများ ငြိမ်သက်ခြင်းသခင်သည် အစဉ်မပြတ်ခပ်သိမ်းသော အမှုအရာဖြင့် ငြိမ်သက်ခြင်း ပေးသနားတော်မူပါစေဟု ပေါလုက ဆုမွန်ကောင်း တောင်းပေးသည်။

ခရစ်ယာန်များသည် ပျက်စီးတတ်သော ဤလောကအရာပေါ်တွင် တည်မှီအသက်ရှင်ကြရသည် မဟုတ်။ ခရစ်တော်နှင့်ပြုတော်မူသော အမှုအရာပေါ်တွင် အခြေပြုပါသည်။ ကိုယ်တော်၏ အမူအရာကို လောကကြီးက မဖျက်ဆီးနိုင်သကဲ့သို့ မယူဆောင်သွားနိုင်ပါ။ ခရစ်ယာန်များအသက်တာတွင် စောင့်ထိန်းရမည့် မင်္ဂလာတရား ဖြစ်သည်။   “ငြိမ်သက်ခြင်းသည် ညှဉ်းပန်းနှိပ်စက်၏ အဖြေမဟုတ်။ ဘုရားသခင် ယုံကြည်ခြင်းဖြင့် နှလုံးသားမှ ပေါက်ဖွားသည်”။

ရှင်ပေါလုသည် သူ့အတွင်းရေးမှူးမထံမှ ကလောင်လှမ်းယူ၍ နှုတ်ဆက်စကား ကိုယ်တိုင်ရေးသားပုံရသည်။ အခြားဩဝါဒစာစောင်များတွင် နှုတ်ခွန်းဆက်သနေကြ ပုံစံအတိုင်း နှုတ်ဆက်သည်။ အချို့က ဤစာစောင်သည် ရှင်ပေါလုကိုယ်တိုင် လက်ဖြင့် ရေးသားခြင်း ဖြစ်သည်ဟု ယုံမှတ်ကြသည်။ အချို့ကမူ ရှင်ပေါလု၏ လက်သုံးစကား “သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့ အပေါင်း၌ ရှိစေသတည်း” ဖြစ်သည် ဟုဆိုကြသည် (ရော၁၆:၂၄၊ ၁ကော၁၆:၂၃၊ ၂ကော၁၃:၁၄၊ ဂလာ၆:၁၈၊ ဧ၆:၂၄၊ ဖိ၄:၂၃၊ ကော၄:၁၈၊ ၁သက်၅:၂၈၊ ၁တိ၆:၂၁၊ ၂တိ၄:၂၂၊ တိ၃:၁၅၊ ဖိ၂၅၊ အကယ်၍ ဟေဗြဲကို ပေါလုရေးသည်ဟု ယူဆလျှင် ဟေဗြဲ၁၃:၂၅)။ ဤကျမ်းပိုဒ်များကို ကြည့်လျှင်အဆုံးတွင် ကျေးဇူးတော်ဖြင့် အဆုံးသတ်လေ့ရှိကြောင်း တွေ့ရမည်။

အသင်းတော်ချီဆောင်ခြင်း

သခင်ခရစ်တော်သည် အမှတ်တကယ် တဖန်ကြွရောက်လာမည့်ဖြစ်ကြောင်း ၁သက်အခန်းတိုင်းနှင့် ၂သက် အစပိုင်း အခန်း(၂)ခုတွင် ဖော်ပြထားသည်။ ပုံစံသဏ္ဍာန် တထေရာတည်း ဖြစ်သည်။ ရွှေရင်ခုန်ရသည့် ဇာတ်လမ်းဖြစ်သည်။

ပရောဖက်ပြုချက်များသည် လျှို့ဝှက်ကြံစည်မှု မဟုတ်သကဲ့သို့ ဘဝစိတ်ခေါ်ခြင်းလည်း မဟုတ်ပါ။ ယုံကြည်သူများအသက်တာတွင် လွှမ်းမိုးကြီးစိုးဖို့ ဖြစ်သည်။ ယုံကြည်သူများအတွက် ခရစ်တော် ပြန်လာမည့်အရေးသည် အဓိက မျှော်လင့်ချက်ဖြစ်၍ လက်တွေ့ဘဝ အသက်တာတွင် အောက်ပါအတိုင်း အကျိုးသက်ရောက်သည်။

၁။        ကျွန်ုပ်တို့အသက်တာအား သန့်ရှင်းစေပါသည်(၁သက်၅:၂၃၊၁ယော ၃:၃)။

၂။         ပျောက်ဆုံးသူများ ကယ်တင်ခြင်း ရရှိရန်ဆုတောင်းခြင်း လုပ်ဆောင်ခြင်း တာဝန်သက်ရောက်စေပါသည် (က၁၉:၁၄၊ ယေဇ၃၃:၆၊ ယု၂၁-၂၃)။

၃။        ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် စုံစမ်းခြင်းရောက်သည့်ကာလတွင် ခွန်အားပေးပါသည် (ရော၈:၁၈၊ ၂ကော၄:၁၇၊ ၁သက် ၄:၁၃-၁၈)

၄။        အရာဝတ္တုများ တပ်မက်ခြင်းအား ဖြေလျှော့စေပါသည်။ ကိုယ်တော် ကြွလာသောအခါ ထိုပစ္စည်းများသည် တန်ဖိုးမရှိတော့ပါ (ဝတ်၂၅:၈-၁၀၊ ၁၄-၁၆)။

၅။        မှားယွင်းခဲ့သောအရာများအား ခယတောင်းပန်ရန်နှင့် အသစ်ဆောက်တည်ရန် တွန်းအားပေးသည် (မ၅:၂၄၊ယာ၅:၁၆)။
၆။        မည်သူမှ အလုပ်မလုပ်နိုင်သော ညအချိန်ရောက်လုနီးကြောင်း သတိပေးနှိုးဆော်ပါသည် (ယော၉:၄၊ ၂သက်၁:၉-၁၀)။
၇။        မျှော်လင့်ခြင်း၌ အသက်ရှင်ဖို့ ထိန်းကျောင်းသည် (လု၁၂:၃၆)။ အထံတော်၌ ရှိနေခြင်းသည် ကိုယ်တော် ကြွလာချိန်တွင် မျက်နှာရခြင်း ဖြစ်သည်(၁ယော၂:၂၈)။

၈။        ခရစ်တော်၌ ဝန်ခံခြင်း သတ္တိမွေးစေပါသည်(မာ၈:၃၈၊လု၉:၂၆)။

၉။        မျှော်လင့်ခြင်း၌သက်သာစေသည်(ယော၁၄:၁၃၊၂၈၊၁သက်၁:၇၊၂တိ၂:၁၂)။

၁၀။      ယဉ်ကျေးခြင်း၊ယုတ္တိယုတ္တာရည်ရွယ်ချက်ထားခိုင်းသည်(ဖိ၄:၅)။

၁၁။      စည်းလုံးခြင်းနှင့် ချစ်ခြင်းမေတ္တာရည်ရွယ်ချက်ထားခိုင်းသည်(၁သက်၃:၁၂-၁၃)။

၁၂။      အခြားလောကအမူအကျင့်များ၌လည်း အကျင့်ကောင်းရှိဖို့သွန်သင်သည်(ကော ၃:၁-၄)။

၁၃။      ကိုယ်တော်ကြွလာခြင်းနှင့် ဆုလက်ဆောင်ကို သတိပေးသည်(ရော ၁၄:၁၀-၁၂၊၁ကော၃:၁၁-၁၅၊ ၂ကော ၅:၁၀)။

၁၄။      ဧဝံဂေလိတရားဟောကြားရန် အစွမ်းသတ္တိပေးသည်(တ၁၄:၁၀-၁၂၊၁ကော၃:၁၉-၂၁၊ဗျာ၃:၃)။

မယုံကြည်သူများအတွက် ခရစ်တော်ကြွလာခြင်း တရားက အပြစ်နောင်တရဖို့နှင့် ကယ်တင်ရှင်
သခင်ထံတော်ပါးသို့ အသက်တာ ဆက်ကပ်ရန် ဦးဆောင်ပါသည်။ ခရစ်တော်၌ တည်မှီသူသာလျှင် ချီဆောင်ခြင်းကာလ၌ ကိုယ်တော်နှင့်အတူ ပါရှိမည်။ မပါရှိသူများသည် အပြစ်စီရင်ခြင်း ခံမည့်သူများ ဖြစ်သည်။

ထိုနေ့ရက်သည်ယနေ့ဖြစ်လျှင် မည်သို့လုပ်မည်နည်း။

သက်သာလောနိတ်ကျမ်းမှ ခရစ်တော်ပြန်လည် ကြွရောက်လာခြင်း အကြောင်းနှင့် ခရစ်ယာန် အသက်တာကို အကျဉ်းချုပ်၍ အောက်တွင် ဆက်လက်ရှင်းပြပါမည်။

ချီဆောင်ခြင်းအကြိုကာလအတွက်အကျိုးအကြောင်း

၁။ ပထမအချက်သည် ရောက်လာလုဆဲဆဲအကြောင်း ဖြစ်သည်။ ကျမ်းစာအများအပြားတွင် ယုံကြည်သူများသည် သခင်ဘုရားကြွလာခြင်းကို စောင့်မျှော်နေကြသည်။ လာမည့်အချိန် မသိရသောကြောင့် စောင့်ကြည့်နေရသည်။ အကယ်၍ ဘေးဒဏ်ကြီးကာလတွင် အသင်းတော်ချီဆောင်သွားပါက၊ ကိုယ်တော်ကြွလာမည့်အကြောင်း ကြည့်စရာအထောက်အထား ရှိတော့မည်မဟုတ်။ ဘေးဒဏ်ကြီးကာလတွင် ကျွန်ုပ်တို့ရှိရမည် မဟုတ်သောကြောင့် (၇)နှစ်ကာလလည်း သိရတော့မည်မဟုတ်။ ဘေးဒဏ်ကြီး အကြိုလက္ခဏာနှင့် ပတ်သက်၍ သိရှိရမည့်အထောက်အထားမှာ ခရစ်တော်သည် အချိန်မရွေး ရောက်လာနိုင်မည်ဟူသော အချက်သာ ဖြစ်သည်။

ကိုယ်တော်ကြွလာမည့်အချိန် မသိရှိသဖြင့် သတိရှိရှိစောင့်မျှော်နေရမည့် ကျမ်းပိုဒ်များကို ဖော်ပြပါသည်။

“ထိုမျှမက၊ ဝိညာဉ်တော်၏ ကျေးဇူးတော်အစအဦးကို ခံပြီးသော ငါတို့သည်လည်း သားအရာ၌ ချီမြှောက်ခြင်းအကြောင်း တည်းဟူသော ကိုယ်ခန္ဓာရွေးနှုတ်ခြင်း ချမ်းသာကို မျှော်လင့်၍ စိတ်နှလုံးအထဲ၌ ညည်းတွားလျက်ရှိကြ၏”(ရော ၈:၂၃)

“သင်တို့သည် ထိုမုန့်ကို စား၍ ထိုခွက်ကိုသောက်သောအခါ သခင်ဘုရားအသေခံတော်မူခြင်းကို ကြွလာတော်မမူမှီတိုင်အောင် ပြကြ၏” (၁ကော၁၁:၂၆ ကောရိန္တုသားများ အသက်ရှင်နေစဉ်တွင် ကိုယ်တော်ဘုရား ကြွလာမည်ဟု ရေးမှတ်ခြင်းဖြစ်သည်)။

“ကောင်းကင်တိမ်ထဲသို့ ဝင်စားခြင်းငှာ၊အလွန်တောင့်တလိုချင်သောစိတ်ရှိ၍ ညည်းတွားမြည်
တမ်းလျက်နေကြ၏”(၂ကော၅:၂)။(ယုံကြည်သူများသည်ချီဆောင်ခြင်းကာလတွင်ဘုန်းတန်ခိုးရှိသောဝတ်ရုံ
ဆင်မြန်းကြရမည်)
“ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်မည်ဟု မျှော်လင့်သော ကျေးဇူးတော်ကို ဝိ
ညာဉ်တော်အားဖြင့် မျှော်လင့်၍နေကြ၏”(ဂလော ၅:၅)။ဖြောင့်မတ်ရာ မျှော်လင့်ခြင်းသည် သခင်ဘုရား ကြွလာခြင်း  နှင့် ထိုနေ့ရက်၌ ဘုန်းတန်ခိုးနှင့်ပြည့်စုံမည့်အကြောင်းဖြစ်သည်။

“ငါတို့ကျင့်သော အကျင့်မူကား ကောင်းကင်ဘုံနှင့် စပ်ဆိုင်လျက်ရှိ၏။ ကယ်တင်တော်မူသော အရှင်သခင်သည် ကောင်းကင်ဘုံမှ ကြွလာတော်မူမည်ဟု ငါ့တို့သည် မျှော်လင့်ကြ၏။ ထိုသခင်သည် ခပ်သိမ်းသောအရာကိုပင် မိမိအောက်၌ နှိမ့်ချနိုင်တော်မူသော ပြုပြင်အားထုတ်ခြင်းဖြင့် ယုတ်ညံ့သောငါတို့၏ ကိုယ်ခန္ဓာကိုပင် ဘုန်းအသရေနှင့် ပြည့်စုံသော ကိုယ်ခန္ဓာတော်၏ နည်းတူဖြစ်စေခြင်းငှာ၊ အသစ်ပြုပြင်တော်မူလတံ့” (ဖိ၃:၂၀-၂၁)။

“လူအပေါင်းတို့ရှေ့၌ သင်တို့၏ ဖြေးညှင်းခြင်းသဘောကို ပြကြလော့။ သခင်ဘုရားသည် အနီးအပါး၌ ရှိ၏”(ဖိ၄:၅)

“သင်တို့အထဲသို့ အဘယ်သို့ ဝင်ကြသည်အကြောင်းကို သူတို့သည် ကိုယ်တိုင်ကြားပြောကြ၏။ အသက်နှင့် ပြည့်စုံလျက် မှန်တော်မူသော ဘုရားသခင်၏ အမှုတော်ကို သင်တို့သည် ဆောင်ခြင်းငှာ၎င်း၊ ရောက်လတံ့သော ဘေးဒဏ်မှ ငါတို့ကို ကယ်နှုတ်သော သခင်ယေရှုတည်းဟူသော သေခြင်းမှ ထမြောက်တော်မူသောသူသည် ကောင်းကင်ဘုံမှ ကြွလာတော်မူမည်ကို ငံ့လင့်ခြင်းငှာ ၎င်းရုပ်တုဆင်းတုကို ပစ်ပယ်၍ ဘုရားသခင်ထံတော်သို့ ပြောင်းလဲကြသည့်အကြောင်းအရာကိုလည်း ကြားပြောကြ၏။” (၁သက် ၁:၉-၁၀)။

“ငါတို့ကို ကယ်တော်မူသော အရှင်သခင်ယေရှုခရစ်တော် ဘုန်းအသရေတော် ထင်ရှားပေါ်
ထွန်းခြင်းကို မျှော်လင့်ကြ၏” (တိ၂:၁၃)

“ခရစ်တော်သည် လူများအပြစ်တို့ကို ခံခြင်းငှာ၊ တစ်ခါတည်း ကိုယ်ကိုပူဇော်ပြီးမှ နောက်တဖန် ထိုသခင်ကို မျှော်လင့်လျက် နေသောသူတို့ကို ကယ်တင်ခြင်းအလို့ငှာ အပြစ်နှင့် မဆိုင်ဘဲ ပေါ်ထွန်းမူလတံ့” (ဟေဗြဲ၉:၂၀)။

“ထိုကြောင့် ညီအစ်ကိုတို့၊ သခင်ဘုရား ကြွလာတော်မူသည့်တိုင်အောင် သည်းခံလျက် စောင့်နေကြလော့။ အကယ်၍ လယ်လုပ်သူသည် အရင်မိုး၊ အနောက်မိုးကို ရသည့်တိုင်အောင် အဖိုးထိုက်သော မြေအသီးကို သည်းခံလျက် စောင့်နေကြလော့။ ကိုယ်စိတ်နှလုံးကို မြဲမြံစေကြလော့။ သခင်ဘုရားကြွလာတော်မူသော အချိန်ရောက်လုနီးပြီ။ ညီအကိုတို့ စစ်ကြောစီရင်ခြင်းနှင့် ကင်းလွတ်မည့်အကြောင်း၊ အချင်းချင်း ငြင်းခုံပြစ်တင်ခြင်း မပြုကြနှင့်။ တရားစီရင်ပိုင်သောသူသည် တံခါးနားမှာ ရှိတော်မူ၏” (ယာ ၅:၇-၉)

“ခပ်သိမ်းသော အမှုအရာတို့သည် အဆုံးသို့ ရောက်လုသည်ဖြစ်သောကြောင့်၊ သမ္မာသတိရှိကြလော့။ ဆုတောင်းခြင်းအလို့ငှာ စောင့်နေကြလော့” (၁ပေ၄:၇)

“ထိုသို့မျှော်လင့်သောသူမည်သည်ကား၊ကိုယ်တော်သန့်ရှင်းတော်မူသည်နည်းတူကိုယ်ကိုသန့်
ရှင်းစေတတ်၏”(၁ယော ၃:၃)

“ဘုရားသခင်ကို ချစ်ခြင်းမေတ္တာ၌ကိုယ်ကိုစောင့်ရှောက်၍ ထာဝရအသက်အလိုငှာ ငါတို့သခင် ယေရှုခရစ်၏ ကရုဏာတော်ကိုမျှော်လင့်၍နေကြလော့”(ယု၂၁)။ဤနေရာတွင် သခင်ယေရှု၏ ကရုဏာသည် ကောင်းကင်သို့ ခေါ်ယူမည့်အကြောင်း ဖြစ်သည်။

“ငါသည် အလျင်အမြန်လာမည်။ သခင်၏သရဖူကို အဘယ်သူမျှမယူစေခြင်ငှာ၊ ရခဲ့ပြီးသောအရာကို စွဲကိုင် လော့”(ဗျာ ၃:၁၁)

“ငါသည် အလျင်အမြန်လာမည်။ဤစာစောင်၏အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏”(ဗျာ ၂၂:၇)

“ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကို ဆောင်ခဲ့သည်ဖြစ်၍ လူအသီးသီးတို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်” (ဗျာ၂၂:၁၂)

“ငါသည် အလျင်အမြန်လာမည်။အာမင်။သခင်ယေရှု ကြွလာတော်မူပါ”(ဗျာ ၂၂:၂၀)

ချီဆောင်ခြင်းကို တိုက်ရိုက် မဆိုထားသော်လည်း ခရစ်တော်ရောက်လုဆဲ ဖြစ်ကြောင်း၊ အခြားကျမ်းပိုဒ်များလည်း ရှိသေးသည်။ သမိုင်းကြောင်းအရ ယုံကြည်ခြင်း ရှိသောအသင်းတော်သည် ခရစ်တော်ကြွလာမည့် အချိန်ကာလကို မသိရှိရသောကြောင့် အစဉ်အမြဲ သမ္မာသတိရှိရှိ စောင့်ကြည့်နေရသည်။

“သင်တို့အရှင်သည် အဘယ်အချိန်၌ ရောက်လာမည်ကို သင်တို့မသိသောကြောင့် စောင့်နေကြလော့။ သူခိုးလာမည့်အချိန်နာရီ အိမ်ရှင်သိရလျှင်၊ မိမိအိမ်ကို မထွင်းဖောက်စေခြင်းငှာ စောင့်နေလိမ့်မည်ကို သင်တို့သိကြ၏။ ထို့ကြောင့်သင်တို့သည် ပြင်ဆင်လျက် နေကြလော့ အကြောင်းမူကား၊ သင်တို့ မထင်မမှတ်သောအချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်” (မ၂၄:၄၂-၄၄)

“ထိုအချိန်နာရီကား၊ ခမည်းတော်မှတပါး အဘယ်သူမျှမသိ။ ကောင်းကင်တမန်များမသိ။ သားတော်လည်းမသိ။ ထိုအချိန်ကာလသည် အဘယ်အခါ၌ ရောက်မည်ကို သင်တို့မသိသောကြောင့် သတိပြု၍ဆုတောင်းလျက် စောင့်နေကြလော့။ ဥပမာကား၊ လူတစ်ဦးသည် အခြားသောပြည်သို့ သွားမည့်အကြံရှိသည်နှင့် မိမိအိမ်ကို ငယ်သားတို့ လက်သို့အပ်၍ သူတို့ဆောင်ရွက်စရာအမှုတို့ကို အသီးသီးခွဲခန့်စီမံ၍၊ တံခါးမှူးကိုစောင့်နေစေဟု မှာထားပြီးမှသွားသည် ဖြစ်၍၊ အိမ်ရှင်သည် ညဦးအချိန်၊ သန်းခေါင်အချိန်၊ ကြက်ဦးတွန်ချိန်၊ နံနက်အချိန်တို့တွင် အဘယ်အချိန်လာမည်ကို သင်တို့မသိသောကြောင့် စောင့်နေကြလော့။ သို့မဟုတ်အမှတ်တမဲ့လာ၍ သင်တို့ အိပ်ပျော်သည်ကို တွေ့လိမ့်မည်။စောင့်နေကြ လော့ဟု သင်တို့အား ငါဆိုသည့်အတိုင်း၊ ခပ်သိမ်းသောသူတို့အား ငါဆိုသည် ဟုမိန့်တော်မူ၏”(မာ၁၃:၃၂-၃၇)။

“သခင်သည် မင်္ဂလာဆောင်ပွဲမှ ပြန်လာ၍ တံခါးခေါက်သောအခါ ချက်ချင်းဖွင့်ခြင်းငှာ၊ သခင်လာမည်ကို မျှော်လင့်၍ နေသောကျွန်ကဲ့သို့ ရှိနေကြလော့” (လု၁၂:၃၆)

“သင်တို့သည် ငါတို့သခင်ယေရှုခရစ်၏ ပေါ်ထွန်းတော်မူခြင်းကိုမျှော်လင့်၍နေစဉ် ဆုတောင်း
တစုံတစ်ခုမျှ မလျှော့ဘဲ၊ စုံလင်လျှက်ရှိကြ၏”(၁ကော ၁:၇)

“ယေရှုသည် အသက်ရှင်သောသူ၊ သေသောသူတို့ကို စစ်ကြောစီရင်တော်မူသောသူ ဖြစ်၏” (၂တိ၄:၁၊JND)

“ချစ်သားတို့၊ ယခုကာလသည် နောက်ဆုံးသောကာလ ဖြစ်၏။ ခရစ်တော်၏ ရန်သူတည်းဟူသော အန္တီခရစ် ပေါ်လာကြောင်းကို ကြားသိရသည့်အတိုင်း အများအပြားရှိကြ၏” (၁ယော ၂:၁၈)

“ထို့ကြောင့် နားထောင်ပြီးသည့်အရာကို အောက်မေ့၍ စောင့်ရှောက်လော့။ နောင်တရလော့။ စောင့်၍ မနေလျှင်၊ သူခိုးကဲ့သို့ ငါလာမည်။ လာမည့်အချိန်နာရီကိုကား သင်မသိရ” (ဗျာ ၃:၃)

“အသံတော်ကား သူခိုးကဲ့သို့ငါလာ၏။ အဝတ်အစည်းချည်းနှင့် သွားလာ၍ သူတပါးရှေ့၌ ရှက်ကြောက်စရာအကြောင်း မရှိစေခြင်ငှာ နိုးထလျက်နေ၍၊ ကိုယ်အဝတ်ကို စောင့်သောသူသည် မင်္ဂလာရှိ၏” (ဗျာ၁၆:၁၆)

၂။ ဒုတိယအကျိုးအကြောင်းမှာ အသင်းတော်သည် အမျက်ဒေါသမှ ကင်းလွတ်မည့်အကြောင်း ပေါ်တွင် အခြေခံသည်။ ရော ၅:၉တွင် “ယခုတွင် အသွေးတော်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ကြပြီ”ဟု ဆိုထားသည်။ ၁သက် ၁:၁ဝ တွင် သခင်ယေရှုသည် အမျက်ဒေါသမှ ရွေးနှုတ်သော အရှင်သခင်အဖြစ် ကြွရောက်လာမည်ဟု ဆိုထားသည် ဘုရားသခင်သည် လူသားများအား အမျက်တော်ရှနေသည်။ သို့သော် ထိုအမျက်တော်မှ ချမ်းသာခွင့် ရကြရန် သခင်ခရစ်တော်က ဆောင်ကြဉ်းပေးပါသည်။ “အမျက်” ဟူသောစကားလုံးမှာ ဘေးဒဏ်ကြီးကာလကို ရည်ညွှန်းပါသည်။ သို့မဟုတ် မယုံကြည်သူများအား ထာဝရအပြစ်ဒဏ် ပေးခြင်းလည်း ဖြစ်နိုင်သည်။ (အမျက်ဒေါသနှင့် ပတ်သက်၍ ၁သက်၅:၂-၃၊ ၂သက် ၁:၆-၁၀၊ ၂:၁၀-၂၁ကို ကြည့်ပါ)

၃။ ဗျာ၃:၁ဝ တွင် ခရစ်တော်က သူ့လူများအား နှုတ်ကပတ်တော် စောင့်ရှောက်ကြသောကြောင့် မြေကြီးပေါ်၌ စုံစမ်းခြင်း၊ လောကီအရပ်ရပ် စုံစမ်းခြင်းမှ ကွယ်ကာမည်ဟု ကတိတော် ပြုထားပါသည်။

၄။ ဗျာဒိတ်ကျမ်းတွင် ဘေးဒဏ်ကြီး၏ အကြိုလက္ခဏာသွင်ပြင်များ သွန်သင်ထားပါသည်။ အခန်း၂၊၃ တွင် လောကပေါ်၌ အသင်းတော်ရှိနေပြီး၊ အခန်း ၄၊၅ တွင်သန့်ရှင်းသူများသည် သရဖူဆောင်းလျက် ကောင်းကင်နိုင်ငံ၌ တွေ့ရသည်။ ဘေးဒဏ်ကြီးကာလကို အခန်း၆မှ ၁၉တွင် တွေ့ရသည်။ အသင်းတော် သန့်ရှင်းသူများသည် ကောင်းကင်နိုင်ငံ ရောက်ရှိကြသည်။

၅။ အဓမ္မလူ (၂သက် ၂:၃) ရုပ်လုံးမပေါ်မလွင်ခြင်း၊ ဘေးဒဏ်ကြီးကာလ အစပြုမည် မဟုတ်ပါ။ သို့သော် ဆီးတားသောသူ မဖယ်မခြင်း၊ ထိုအဓမ္မလူယုတ်မာလည်း ရုပ်လုံးပြမည်မဟုတ်။ သန့်ရှင်းသောဝိညာဉ်တော်က တားဆီးသောသူကို သေချာစွာ တားဆီးထားပါသည်။ လောကကြီးမှာ အသင်းတော်ရှိနေသရွေ့ကာလပတ်လုံး ထိုအဓ္မမလူ ထင်ရှားမည်မဟုတ်။ အသင်းတော်ချီဆောင်ခြင်းခံပြီးမှသာလျှင် ပေါ်လွင်လာမည်။

တစ်ခုရှိသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်သည်လောကကြီးတွင် တစ်ချိန်တွင် တစ်ချိန်လုံးရှိနေမည့်အကြောင်း ဖြစ်သည်။ သို့သော် ပင်တေကုတ္တေနေ့တွင် ဆင်းလာခြင်းမျိုးသည် သီးသန့်လှုပ်ရှားမှု ဖြစ်သည်။ ယုံကြည်သူတစ်ဦးချင်းနှင့် အသင်းတော်တွင် အမြဲပါရှိနေသည်။ ချီဆောင်ခြင်းကာလတွင်မူ ရွေ့လျားသွားမည်။ သို့သော် ဘေးဒဏ်ကြီးကာလတွင် ဘုရားသခင်၏ ဝိညာဉ်တော်က အမှုတော် ဆက်လက် ဆောင်ရွက်မည်ဟု ဆိုခြင်း မဟုတ်။ အပြစ်သားများကို မျက်စိပွင့်စေလျက် အသက်တာ ပြောင်းလဲခြင်း ရှိစေမည်။ သို့သော် ထိုသူများထံတွင် ရှိနေခြင်းနှင့် အသင်းတော်၌ ဆက်စပ်ပါဝင်စေခြင်း ပြုတော့မည်မဟုတ်။ အမှုတော်လုပ်ငန်းသည်လည်း ဓမ္မဟောင်းကာလကဲ့သို့ ပြန်ဖြစ်သွားသည်။

၆။ ၁သက် ၄:၁၈ တွင် ချီဆောင်ခြင်းသည် ချမ်းသာရာ ဖြစ်သည်ဟု ဆိုထားပါသည်။ သခင်ဘုရား၏ နေ့ရက်သည် ချမ်းသာရာနေ့ရက် မဟုတ်ပါ။ သူခိုးကဲ့သော ညအမှောင်ဖြစ်သည် (၁သက် ၅:၂)။ ရုတ်ချည်းပျက်စီးခြင်း ရောက်မည့်အကြောင်း ဖြစ်သည် (ငယ် ၃)။ အမျက်ဒေါသ (ငယ် ၉)၊ ထိုအမျက်ဒေါသမှ တစ်ယောက်မှမလွတ် (ငယ် ၃)။ ထိုနှစ်ခုကွာခြားချက်မှာ ချီဆောင်ခြင်းသည် မင်္ဂလာရှိသော မျှော်လင့်ချက်ဖြစ်သည်။ စိုးလန့်ဖွယ်ရာမဟုတ်။

၇။ သန့်ရှင်းသူများခေါ်ဆောင်ဖို့ ကိုယ်တော်ဘုရားကြွမြန်းလာခြင်း နှင့်သန့်ရှင်းသူများနှင့်အတူ
ကြွမြန်းခြင်းသည် မတူပါ။ အချိန်ကာလကွာခြားသည်။ သန့်ရှင်းသောသူများ အတွက် ကိုယ်တော်ဘုရား ကြွလာသောအခါ ယုံကြည်သူများ အားလုံး ဘုန်းတန်ခိုးနှင့် ပြည့်စုံသော ခန္မာကိုယ်ဖြစ်သွားကြလျက်၊ လူ့လောကမှ ထွက်ခွာသွားကြရသည် (၁ကော၁၅:၅၁)။ ခရစ်တော်ဘုရားလောကကြီးကို အုပ်စိုးဖို့ ကြွမြန်းလာသောအခါ ထိုအခိုက်တွင် အသက်ရှင်နေသော ကယ်တင်ခြင်း ရရှိသူများသည် သဘာဝ ခန္မာကိုယ်အတိုင်းရှိ၍ ကလေးသူငယ်များကဲ့သို့ ရွှင်လန်းကြရမည် (ဟေရှာ ၆၅:၂၀-၂၅၊ဇေ ၈:၅)။ အကယ်၍ချီဆောင်ခြင်းနှင့် သခင်ဘုရားနေ့အတူတူ ဖြစ်နေလျှင် ဤနောက်တိုး ဘယ်ကပေါ်ပေါက်လာသနည်း။

ဒုတိယ စဉ်းစားစရာအချက်မှာ ချီဆောင်ခြင်းနှင့် ခရစ်တော်အုပ်စိုးခြင်း၊ အဘယ်ကြောင့် ကွာခြားသနည်း။ ချီဆောင်ခြင်း၏ နောက်ဆက်တွဲအဖြစ် ခရစ်တော်သည် ကောင်းကင်နိုင်ငံ တရားပလ္လင်ပေါ်တွင် စိုးစံမည်။ ထိုနေရာတွင် သစ္စာရှိသော ယုံကြည်သူများအား ဆုနှင်းသဘင်ပွဲ ကျင်းပမည် (၂ကော ၅:၁၀)။

ထိုဆုရရှိသူများသည် အနှစ်တစ်ထောင် အုပ်စိုးခြင်းတွင် ခရစ်တော်ဘုရားနှင့် တဖန် ပြန်လည်ပါလာမည့်သူများ ဖြစ်သည် (လု၁၉:၁ရ ၁၉)။ အကယ်၍ ချီဆောင်ခြင်းနှင့် ခရစ်တော်အုပ်စိုးခြင်း မခြားနားလျှင် ခရစ်တော်ဘုရား တရားပလ္လင်ပေါ်၌ စိုးစံခြင်းကာလမရှိနိုင်။

၈။ တစ်ခုရှိသည်မှာ သခင်ဘုရား၏ နေ့ရက်သည် ညအချိန်မတော် သူခိုးကဲ့သို့ (၁သက် ၅:၂) ဖြစ်သည်။ ကိုယ်တော်သည် ယုံကြည်သူများအား သူခိုးကဲ့သို့ ညအချိန်မှာ လာရောက်ခေါ်ဆောင်မည်ဟု ရှင်ပေါလုက မပြောပါ (၅သက် ၅:၄)။ ယုံကြည်သူများကို ခိုးကြောင်ခိုးဝှက် လာခေါ်စရာ အကြောင်းမရှိ။ အဘယ်ကြောင့်နည်း။ (၁)ယုံကြည်သူများသည် ညမှောင်ကာလ၏ သားသမီးမဟုတ်ပါ။ အလင်း၏ သားသမီးများဖြစ်သည် (၁သက် ၅:၄၊၅)။ (၂) ဘုရားသခင်သည်ယုံကြည်သူများအား အမျက်ဒေါသသင့်ရန် အကြောင်းမရှိ (၁သက် ၅:၉)။

၉။ ချီဆောင်ခြင်းကာလသည် ယုံကြည်သူများ အဘဘုရားသခင်အိမ်တော်သို့သွားချိန်ဖြစ်သည် (ယော ၁၄:၃)။ ကမ္ဘာမြေပေါ်သို့ ဘေးဒဏ်ကြီးကာလအမှီ ပြန်လာရန် အကြောင်းမရှိ။

၁၀။ ဘေးဒဏ်ကြီးကာလသည် အထူးသဖြင့် ယုဒများအကျင့်သိက္ခာနှင့် ဆိုင်သည်။ ထိုကြောင့် ယာကုပ်၏ ဘေးဒုက္ခ (ယေရ ၃၀:၇) ဟုလည်းခေါ်ဆိုသည်။ မ ၂၄ တွင် ပါရှိသည့် ယုဒသားများ (ငယ် ၁၆)၊ ဥပုဉ်နေ့(ငယ် ၂၀)၊ သန့်ရှင်းရာဌာန (ငယ် ၁၅) တို့သည် အသင်းတော်တွင် နေရာမရှိပါ။

၁၁။ ဘေးဒဏ်ကြီး အကြိုကာလ လက္ခဏာများကို ဓမ္မဟောင်းကျမ်းတွင် အမျိုးမျိုး ရေးထားပါသည်။ အသစ်ထပ်မံရှာဖွေခြင်း မပြုလိုတော့ပါ။ အောက်ပါအချက်များကို ပြန်လည်ကြည့်ရှုစေချင်သည်။

အသင်းတော်အမျိုးဟု ခေါ်အပ်သော ဧနောက်သည် ဘုရားသခင်က မြေကြီးအား ရေဖြင့် မဆေးကြောမီ တခြားတစ်နေရာသို့ ရောက်သွားသည်။

ယုဒယုံကြည်သူ၊ နောဧမိသားစုသည် ရေကြီးခြင်း ဘေးဒဏ်မှ ကယ်တင်ခြင်း ရရှိသွားကြသည်။

သောဒုံမြို့အား မီးဖြင့်ဖျက်ဆီးစဉ်လောတသည် ကယ်နှုတ်ခြင်းရခဲ့သည်။

အာဗြံဟံ၏ ဣဇာတ်အား ပူဇော်ခြင်းသည် ကရာနီကုန်းပေါ်က လူသားတော် ပူဇော်ခြင်းအား ပုံဆောင်သည်။ ဣဇတ်ဟူသောသတို့သမီးအားအိမ်သို့ခေါ်ဆောင်ခြင်းမျိုးဖြစ်သည်။ ခရစ်တော် ဘုရားကောင်းကင်သို့ ကြွသွားပြီး၊ နောက်တဖန် ပြန်လည်ရောက်ရှိလာခြင်းသည် သတို့သမီး ခေါ်ဆောင်ဖို့ ဖြစ်သည်။

ဧလိယသည်လည်း ယေဇဗေလ၏ အပြစ်စီရင်ခြင်း မခံရမီ ကောင်းကင်နိုင်ငံ အရပ်တစ်ပါးသို့ ပြောင်းရွှေ့သွားသည်။

၁၂။ ဒံယေလ၏ ပရောဖတ်ပြုချက် (ဒံ၉:၂၄-၂၇)၊ ပထမပိုင်း (၆၉)ပတ်သည် ဘီစီ၄၄၅မှ ခရစ်တော်ဘုရား လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံခြင်းကာလအထိ ဖြစ်သည်။ ထိုကာလတွင် အသင်းတော်နှင့် ပတ်သတ်၍ တစုံတစ်ခုမှ လှုပ်ရှားမှုမရှိခဲ့ အပတ်(၇၀)မှ အသင်းတော် တွေ့ရှိသည်။ သို့ကြောင့်ဘေးဒဏ်ကြီးကာလ ဆိုသည်မှာ အဘယ်နည်း။ (စင်စစ်အသင်းတော်သည် သီတင်းပတ် ၆၉နှင့် ၇ဝ အကြားတွင် ဖြစ်သည်။

ချီဆောင်ခြင်းကာလအကြိုနှင့် ချီဆောင်ခြင်းနောက်ဆက်တွဲ အကျိုးဆက်များ

၁။ ဗျာ ၃:၁ဝတွင် ပါရှိသောသူများ ကယ်နှုတ်ခြင်းသည် ဘေးဒဏ်ကြီးကာလမှ ကယ်ထုတ်ခြင်း မဟုတ်ပါ။ မလုံခြုံစွာ သိမ်းဆည်းခြင်း မဟုတ်ဘူးလား။ (ယော ၁၇:၁၅ နှင့် ယှဉ်ကြည့်ပါ)။

အဖြေ    “သင့်ထံမှ” ဟူသော စကားလုံးသည် စကားပြောအားဖြင့် ‘သိမ်းဆည်း’ ဟု အနက်ရသည်။ (ဂရိ ek) သည် သိမ်းဆည်းဟုအဓိပ္ပာယ်ရသည်။ ဘေးဒဏ်ကြီးကာလတွင် အသင်းတော် ပါဝင်ခြင်းမရှိသကဲ့သို့ သန့်ရှင်းသူသည်လည်း ဘေးဒဏ်ကြီး၌ မပါဝင်ခြင်း ဖြစ်သည်။

ထိုဝေါဟာရအားလုံးကို ယေရှု ဆုတောင်းရာတွင် “သူတို့အား ဤလောကမှ နှုတ်ယူတော်မူရန် တောင်းလျှောက်သည်မဟုတ်၊ မာရ်နတ်၏ ဘေးမှကင်းလွတ်မည့်အကြောင်း စောင့်ထိန်းတော်မူရန် တောင်းလျှောက်ပါ၏” (ယော ၁၇:၁၅)ဟု ဆိုခဲ့ပါသည်။

Plummer ကဤသို့ရှင်းပြသည်။

ထိုအချိန်သည် အနီးအပါး၌ တပည့်တစ်ယောက်မှ မရှိသည့်အချိန် ဖြစ်သည်။ သို့ကြောင့်စာတန်၏ ရန်မှကင်းလွတ်ရန် ဆုတောင်းချိန် ဖြစ်သည်။ ထိုဆုတောင်းချက်က အဖြေရရှိသည်။ ယုံကြည်သူများအား စာတန်၏ နယ်မြေထဲမှ လွတ်မြောက်ခွင့်ရသည်။ ဘုရားသခင်၏ နိုင်ငံတော်အဖြစ်သို့ ပြောင်းလဲသွားသည်။

၂။ ဂရိကျမ်းမူ ရော ၅:၃တွင် “ဘေးဒဏ်ကြီးကာလကို သည်းခံရသည်” ဟု ဆိုခြင်းမှာ အဘယ်သို့ နည်း။

အဖြေ  ရှင်ပေါလုက ဘေးဒဏ်ကြီးကာလကို သည်းခံရသည်ဟု မပြောပါ။ ဘေးဒဏ်ကြီးကာလတွင် သည်းခံရသည်ဟု ဆိုပါသည်။ ယုံကြည်သူများသည် အသက်တာ တစ်ခုလုံးတွင် သည်းခံခြင်း ပိုမိုရင့်သန်ရမည်ဟု ဆိုလိုသည်။ (ဂရိ၊ ပြင်သစ်၊ စပိန်ဘာသာစကားများတွင်လည်း ပစ္စည်းရှိကြသည်)။ ဤနေရာတွင် ဘေးဒဏ်ကြီးကာလဟု ပြန်ဆိုခြင်းသည် သင့်လျှော်ပါသည်။

၃။ ခရစ်ယာန်များသည် ဘေးဒဏ်ကြီးနှင့် ကြုံရမည်ဟု ကတိတော်ရှိပါသည် (ယော ၁၆:၃၃)။ ထို့ကြောင့်ဘေးဒဏ်ကြီးနှင့်ကင်းလွတ်ရမည့်အကြောင်းမရှိပါ။

အဖြေ  ဘုရားသခင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ရာတွင် ဆင်းရဲဒုက္ခများစွာ ဖြတ်သန်းရသည်
(တ၁၄:၂၂)ဟူသောစကား ငြင်းပယ်မည့်သူ ရှိမည်မဟုတ်ပါ။ သို့သော် ဆင်းရဲဒုက္ခသည် ယုံကြည်သူတိုင်း အတွက် ဖြစ်သည်ဟူသော စကားနှင့် ဘေးဒဏ်ကြီးကာလသည် ခရစ်တော် ငြင်းပယ်သူများအတွက် ဖြစ်သည်ဟူသော စကားအဓိပ္ပါယ် ခြားနားပါသည်။

၄။ ၂သက် ၁:၇ က ယုံကြည်သူများသည် ဘေးဒဏ်ကြီးကာလ နောက်ဆုံးအချိန် ခရစ်တော်အုပ်စိုးဖို့ ကြွရောက်လာသည့်အချိန်အထိ ချမ်းသာခြင်း ရမည်ဟု ဆိုပါသလား။

အဖြေ  သက်သာလောနိတ်သားများသည် ထိုအချိန်တွင် ကောင်းကင်နိုင်ငံ ရောက်ရှိကြပြီး ဖြစ်သည်။ သို့သော်လည်း ညှဉ်းပန်းနှိပ်စက်သူများနှင့် သန့်ရှင်းသူများသည် ခရစ်တော်ဘုရား ဘုန်းတန်ခိုးနှင့် လောကကြီးသို့ ပြန်လည်ကြွလာသောအခါ လောကတွင်ရှိနေကြမည်။

၅။ တ ၅:၂၁အရ ကောင်းကင်သားများသည် အရာခပ်သိမ်းအား အသစ်ပြုပြင် ပြောင်းလဲခြင်း မရှိမီတိုင်အောင် သခင်ယေရှုနှင့်အတူ ရှိကြမည်လား။

အဖြေ  ဤစကားသည် ဣသရေလလူမျိုးများသို့ ပြောစကားဖြစ်သည် (ငယ်၄)။ ထိုကာလတိုင်အောင် ဣသရေလသားများ ပါရှိသည်မှာ သေချာသည်။ ထိုစကားသည် မ၂၃:၃၉ “ဘုရားသခင်၏ နာမတော်ဖြင့် ကြွလာတော်မူသော အရှင်သည် မင်္ဂလာရှိစေသတည်း”ဟု မြွက်ဆိုမည့်နေ့မတိုင်မီ သင်သည်ယနေ့မှစ၍ငါ့ ကိုမြင်ရလိမ့်မည်မဟုတ် ဟူသော ယေရှုစကားအတိုင်း ဖြစ်သည်။ ထိုကျမ်းစကားပါ နေ့ရက်သည် ဘေးဒဏ်ကြီးကာလ နောက်ဆုံးရက် ဖြစ်သည်။ သို့သော်အသင်းတော်သည် ခုနှစ်နှစ်ကာလ မတိုင်ခင် ကောင်းကင်သို့ ချီဆောင်ခြင်းခံရမည်။

၆။ ဆာ ၁၀၁:၁တွင် “ခရစ်တော်၏ ရန်သူများ ခြေတော်ရင်းသို့ မချမီတိုင်အောင် ခရစ်တော် သည်လက်ယာတော်၌ စံမြန်းနေရမည်ဟု ဆိုသည်။ ထိုနေ့ရက်သည် ဘေးဒဏ်ကြီးကာလ နောက်ဆုံးရက်
ဖြစ်ပါသလား”။

အဖြေ  ဗျာ ၂၀:၈၊၉တွင် ခရစ်တော်ဘုရား အနှစ်တစ်ထောင် အုပ်စိုးခြင်းအဆုံး၌ ပေါ်ပေါက်လာ မည့်ရန်သူများသာ ဖြစ်သည်။ ထိုအနှစ်တစ်ထောင် ဘေးဒဏ်ကြီးကာလနောက်မှ ဖြစ်သည်။ လက်ယာတော်ဆိုသည်မှာ ဂုဏ်ပြုခြင်း၊ လေးစားခြင်း၊ ဘုန်းတန်ခိုးရှိခြင်းဟု အဓိပ္ပါယ်ရပါသည်။

၇။ တိ၂:၁၃ ပါမျှော်လင့်ရာမင်္ဂလာ နေ့မြတ်သည် ဘုန်းတန်ခိုးဖြင့် ပေါ်ထွန်းရာ နေ့ရက်နှင့်အတူတူ ဖြစ်သည်။ ချီဆောင်ခြင်းကာလတွင် ဗျာဒိတ်တော် ပြည့်စုံရာနေ့ ဝင်ရောက်ရာနေ့ဖြစ်သည်။ သို့ကြောင့် ဘေးဒဏ်ကြီးကာလ အကြိုရက်များကို ရှာကြံစရာမလို၊ ခရစ်တော်ဘုရား အုပ်စိုးရန် ကြွရောက်လာမည့် နေ့ရက်ကိုသာ မျှော်တွေးရသည် မဟုတ်ပါသလား။

အဖြေ  ဤအချက်သည် ဂရိသဒ္ဒါဖွဲ့ထုံးအပေါ်တွင် ကောက်ယူရသည်။ ဂရိသဒ္ဒါတွင် နာမ်နှစ်ခု ဆက်သောအခါ (Kia)‘နှင့်’ကိုသုံးသည်။ ဒုတိယနာမ်နှင့် ပထမနာမ်သည် တခြားစီမဟုတ်ပါ။ နာမ်ထပ်ခြင်းဟုခေါ်သည်။ ဥပမာအားဖြင့် တိ ၂:၁၃တွင် “ဘုန်းကြီးတော်မူသော ဘုရားသခင်နှင့် ကယ်တယ်ရှင်ယေရှုခရစ်”ဟု ဆိုရာတွင် “ဘုရား” နှင့် “ကယ်တင်ရှင်” တို့သည် ထပ်တူနာမ်တူဖြစ်သည်။ ထို့ကြောင့် “ကယ်တင်ရှင်” ဟူသော စကားနှင့် “ဘုရား”ဟူသော စကားသည် အတူတူဖြစ်သည်။ ထို့ကြောင့် ကယ်တင်ရှင်၊ ယေရှုခရစ်နှင့် ဘုရားသခင်တို့သည် အတူတူဖြစ်သည်။

ထိုကဲ့သို့ပင် ဤကျမ်းပိုဒ်တွင်လည်း ဘုန်းအသရေ ပေါ်ထွန်းမည့်နေ့မြတ်နှင့် မင်္ဂလာမျှော်လင့်ချက်သည် အတူတူဖြစ်သည်။ ထို့ကြောင့် ယေဘုယျအားဖြင့် ဘုန်းအသရေတော် ပေါ်ထွန်းမည့်နေ့မြတ်နှင့် ခရစ်တော်ကြွလာခြင်းသည် အတူတူဖြစ်သည်။ ယုံကြည်သူများ၏ မျှော်လင့်ခြင်းသည် ဘေးဒဏ်ကြီးကာလ မဟုတ်ပါ။ ကမ္ဘာပေါ်သို့ ခရစ်တော်ပေါ်ထွန်းလာမည့် နေ့ရက်ဖြစ်သည်။

ဤကိစ္စအတွက် အဖြေ(၂)ခုရှိသည်။ လု ၁၄:၂၃ဂရိကျမ်းစာ၌ “လမ်းမကြီးနှင့် ခြံစည်းရိုးများသို့ သွားရှာလော့” ဟု ဆိုသည်။ လမ်းမကြီးနှင့် ခြံစည်းရိုး မည်သို့ ဆက်စပ်မည်နည်း။ ဆက်စပ်သည်ဟု ထားလိုက်ပါဦး။ နောက်တစ်ခု ဧ၂:၂ဝတွင် “တမန်တော်များနှင့် ပရောဖက်များချမှတ်သည့်တိုက်မြစ်” ဟု ဆိုသည်။ သတိမထားလျှင် တမန်တော်နှင့် ပရောဖက်များ အတူတူဟု ဆိုနိုင်သည်။

ဘုန်းအသရေ ပေါ်ထွန်းမည့် နေ့မြတ်နှင့် မင်္ဂလာမျှော်လင့်ချက်သည် အတူတူဖြစ်သည်ဟု ဆိုနိုင်လျှင် ခရစ်တော် ဘုန်းတန်ခိုးပေါ်ထွန်းရာ အသင်းတော် ချီဆောင်ခြင်းနှင့် ဗျာဒိတ်တော် ပြည့်စုံခြင်းသည် လောကကြီး၌ ကိုယ်တော် ထင်ရှားခြင်း မဟုတ်ကြောင်း မည်သည့်အရာက ဆီးတားပါသနည်း။ Apokalupsis (revelation)နှင့် epiphaneia (appearing) သည် ချီဆောင်ခြင်းနှင့် ခရစ်တော် လာရောက် အုပ်စိုးခြင်းကို ဆိုလိုခြင်း ဖြစ်သည်။

၈။ အခြားကျမ်းပိုဒ် ၁ကော၁:၇၊ ၁တိ၆:၁၄၊ ၂တိ၄:၈၊ ၁ပေ၁:၇-၁၃၊ ၄:၁၃များတွင် ယုံကြည်သူများ၏ မျှော်လင့်ချက်သည် ခရစ်တော် ပေါ်ထွန်းအုပ်စိုးမည့် အကြောင်း မဟုတ်ဘူးလား။

အဖြေ  ဤစာပိုဒ်တွင် သုံးသော “ဗျာဒိတ်တော်ပြည့်စုံခြင်း”နှင့် “ပေါ်ထွန်းခြင်း” နှစ်ခုစလုံးသည် သန့်ရှင်းသူများ ခေါ်ဆောင်ရန် ခရစ်တော် ကြွလာခြင်းနှင့် သန့်ရှင်းသူများနှင့် အတူ ဆင်းသက်လာခြင်း ဖြစ်သည်။ ပထမတွင် အသင်းတော်အတွက် ပေါ်ထွန်းပါသည်။

သို့သော် ထိုကျမ်းပိုဒ်များသည် ခရစ်တော်ပေါ်ထွန်း အုပ်စိုးခြင်းကို ရည်ညွှန်းသည့်တိုင်အောင် ပရောဖက်ပြုချက်များကို သဘောပေါက်ရမည်။ ချီဆောင်ခြင်း၊ ခရစ်တော်အုပ်စိုးခြင်း၊ အနှစ်တစ်ထောင်ကာလနှင့် ထာဝရနိုင်ငံတော်များကို ရှေးရှုခြင်း ဖြစ်သည်။

၉။ အသင်းတော်မျှော်လင့်ချက်သည် ဘေးဒဏ်ကြီး အကြိုကာလ မဟုတ်ပါ။ အသင်းတော် မျှော်လင့်ချက်သည် နှောင်းပိုင်း နှစ်ပေါင်း(၁၆၀)မှ အစပြုပါမည် ဟုတ်ပါသလား။

အဖြေ  ဓမ္မဟောင်းအသင်းတော်၏ မျှော်လင့်ချက်မှာ ကောင်းကင်မှ ဆင်းသက်လာမည့် ဘုရားသခင်သားတော် ဖြစ်သည်။ ထိုအချိန်အခါကို မသိရှိကြသောကြောင့် သန့်ရှင်းသူများသည် အချိန်တိုင်းစေ့စပ် မျှော်နေရသည်။

၁၀။ နောက်ဆုံးတံပိုး (၁ကော ၁၅:၅၂) နှင့်ဘုရားသခင်၏ တံပိုး (၁သက် ၄:၁၆)တို့သည် ချီဆောင်ခြင်းနှင့် ဆက်စပ်၍  ဗျာ ၁၁:၁၅ပါ တံပိုး (၇)မှုတ်သံနှင့် အတူတူ ဖြစ်သည်။ ဘေးဒဏ်ကြီး အဆုံးသတ် သတ္တမမြောက် တံပိုးမှုတ်သံသည် “ဤကမ္ဘာမြေအား သခင်ဘုရား၏ နိုင်ငံတော်အဖြစ်၊ ခရစ်တော်၏ နိုင်ငံတော်အဖြစ် ကျေညာခြင်း” ဖြစ်သည်။ မှန်ပါသလား။

အဖြေ  ဤတံပိုးများသည် အားလုံးမတူကြပါ။ “နောက်ဆုံးတံပိုး”သည် ဘုရားသခင်၏ တံပိုးနှင့် အတူတူဖြစ်ပါသည်။ ထိုတံပိုးမှုတ်သံသည် ချီဆောင်ခြင်း၊ ယုံကြည်သူများ ထမြောက်၍ ခမည်းတော်၏ အိမ်တော်သို့ ပြောင်းရွှေ့အချက်ပေးစရာဖြစ်သည်။ အသင်းတော်အတွက် “နောက်ဆုံးတံပိုး” ဖြစ်သည်။ ဗျာ ၁၁:၁၅ပါတံပိုး(၇)လက်မှ နောက်ဆုံးတံပိုးမှုတ်သံသည် ဘေးဒဏ်ကြီးကာလတွင် အပြစ်စီရင်ခြင်း ခရာသံဖြစ်သည်။ ထိုတံပိုးသံသည် မယုံကြည်သော ဣသရေလများနှင့် မယုံကြည်သောတပါးအမျိုးသားများ အပြစ်စီရင်ခြင်းတံပိုးမှုတ်သံ ဖြစ်သည်။ ၁ကော ၁၅:၅၂နှင့် ၁သက်၄:၁၆ မှ တံပိုးသည်ဘေးဒဏ်ကြီးကာလ ပြီးဆုံးကြောင်း အချက်ပေးခြင်းဖြစ်သည်။

၁၁။ ဗျာ ၂၀:၄၊၅ပါ ပထမဆုံးထမြောက်ခြင်းသည် ဘေးဒဏ်ကြီးက နောက်ဆုံးအဆုံးမှာဖြစ်သည်။ ထို့ထက် (၇)နှစ်စောသော ဘေးဒဏ်ကြီး အကြိုဟုတ်ပါသလား။

အဖြေ  ပထမဦးဆုံး ထမြောက်ခြင်းသည် တသီးတခြားမဟုတ်ပါ။ ရှေ့ဆင့်နောက်ဆင့်ဖြစ်သည်။ နောက်တစ်ဆင့်မှာ ချီဆောင်ခြင်းတွင် ပါဝင်ဖို့ယုံကြည်သူ များထမြောက်ခြင်းဖြစ်သည်။ တတိယထမြောက်ခြင်းမှာ ဘေးဒဏ်ကြီးကာလ သန့်ရှင်းသူများ၊ ခရစ်တော်အုပ်စိုးဖို့ ဆင်းသက်လာချိန်တွင် ထမြောက်ခြင်း (ဗာ ၂၀:၄၊၅) ဖြစ်သည်။ တစ်နည်းပြောရလျှင် ပထမဆုံး ထမြောက်ခြင်းသည် သန့်ရှင်းသူများ ခရစ်တော်သို့ ထမြောက်ခြင်း ဖြစ်သည်။ မယုံကြည်သူအားလုံးသည်လည်း အနှစ်တစ်ထောင် အုပ်စိုးခြင်း အဆုံးတွင် ပလ္လင်ဖြူတရားစီရင်ခြင်း ခံဖို့ ထမြောက်ကြမည် (ဗျာ ၂၀:၁၁-၁၅)။

၁၂။ မ ၁၃:၂၄-၃၀ တွင် ဂျုံနှင့်ပေါင်းပင်များ ကာလအဆုံးတိုင် အတူတူပေါက်ကြသည်ဟု ဆိုသည်။ ဘေးဒဏ်ကြီးကာလအဆုံးထိလား။

အဖြ  မှန်ပါသည်။ သို့သော် ကောင်းကင်နိုင်ငံတော်နှင့် အသင်းတော်ပုံဆောင်ခြင်း မဟုတ်ပါ။ ဘေးဒဏ်ကြီးနောက်ဆုံးကာလအထိ မှန်ကန်သောသူနှင့် မမှန်ကန်သောသူများ အတူတူရှိနေကြမည်။

၁၃။ ချီဆောင်ခြင်းသည် အသံကျယ်လောင်သောကြောင့် တိတ်တဆိတ်မဖြစ်နိုင်။ ကောင်းကင်တမန်မင်းနှင့် ဘုရားသခင်၏ တံပိုးမှုတ်သံကြားရမည် ဟုတ်ပါသလား။

အဖြေ  ချီဆောင်ခြင်း၏ လက္ခဏာမှာ မျက်စိတစ်မှိတ်လျှပ်တပြက်သာ ကြာသည် (၁ကော ၁၅:၅၂)။ ကမ္ဘာသားအားလုံး မြင်လိုက်ရမည်မဟုတ်။ ဘာဖြစ်ကြောင်း သိလိုက်ကြမည် မဟုတ်။

၁၄။ George Muller, Samuel Tregelles, Oswald Smith နှင့်အခြားသူများက လူများသည် ဘေးဒဏ်ကြီး ကျရောက်တော့မည့်အကြောင်း သိကြသည်ဟု ဆိုပါသလား။

အဖြေ  အကျိုးကြောင်း ဆီလျော်မှုမရှိပါ။ ထိုမေးခွန်း၏ တစ်ဘက်စီမှာ လူများစွာ ရပ်တည်နေကြပါသည်။

၁၅။ ဓမ္မသစ်ကျမ်းမှ ခရစ်တော်ကြွလာခြင်း အများဆုံးအထောက်အထားသည် ကိုယ်တော်ကြွလာခြင်း အများဆုံးအထောက်အထားသည် ကိုယ်တော်အုပ်စိုးမည့်အကြောင်း ဟုတ်ပါသလား။

အဖြေ  ချီဆောင်ခြင်းတရားကို မငြင်းဆိုပါ။ ကောင်းကင်နိုင်ငံအကြောင်း အထောက်အထားများထက် ငရဲပြည်အကြောင်း ပြောခြင်းက နည်းပါးပါသည်။ သို့သော် ငရဲမရှိဟု ဆိုခြင်းမဟုတ်။

၁၆။ အသင်းတော်သည် ဘေးဒဏ်ကြီးကာလတွင် ဘုရားသခင်၏ အမျက်ဒေါသရှခြင်း မရှိသော်လည်း အန္တီခရစ် သို့မဟုတ် စာတန်၏ အမျက်ဒေါသ မသင့်နိုင်ဘူးလား။

အဖြေ  ဗျာဒိတ်ကျမ်းတွင် ဘေးဒဏ်ကြီးကာလ၌ ဘုရားသခင်၏ အမျက်ဒေါသ (၆)ကြိမ်တိတိ ဖော်ပြထားပါသည်။

” တတိယကောင်းကင်တမန်က အကြင်သူသည် သားရဲနင့်သူ၏ရုပ်တုကို ကိုးကွယ်၍၊ သူ၏တံဆိပ် လက်မှတ်ကို နဖူး၌ ခံသည်ဖြစ်စေ၊ လက်၌ခံသည်ဖြစ်စေ ထိုသူသည် ဘုရားသခင်၏ ဒေါသဖလား၌ လောင်းသော အမျက်တော်စပျစ်ရည်စစ်ကို သောက်ရလိမ့်မည်”

( ဗျာ ၁၄:၉-၁၀)

“ကောင်းကင်တမန်သည်လည်း မိမိတံစဉ်ကို မြေကြီး၌ သွင်း၍၊ မြေကြီး၏ စပျစ်သီးကို ရိတ်ပြီးမှ ဘုရားသခင်၏ အမျက်တော်တည်းဟူသော နယ်ရာတန်ဆာကြီးထဲသို့ ချလေ၏”

(ဗျာ ၁၄:၁၉)

“တဖန်ဘုရားသခင်၏ အမျက်တော်ကို ပြီးစေသော နောက်ဆုံးဘေးဒဏ်ခုနှစ်ပါးရှိသော ကောင်းကင်တမန် ခုနှစ်ပါးတည်းဟူသော၊ ကောင်းကင်၌ အံ့ဖွယ်နိမိတ်ကြီး အခြားတစ်ပါးကို မြင်ရ၏” (ဗျာ ၁၅:၁)

“သတ္တဝါလေးပါးတွင် တစ်ပါးသည် ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသော ဘုရားသခင်၏အမျက်တော်နှင့် ပြည့်သော ရွှေဖလားခုနှစ်လုံးကို ကောင်းကင်တမန်ခုနှစ်ပါးတို့အား ပေးလေ၏” (ဗျာ ၁၅:၇)

” ဗိမာန်တော်ထဲက ကြီးမားသော အသံကား၊ သွားကြလော့၊ ဘုရားသခင်၏အမျက်တော်ဖလား ခုနှစ်လုံးကို မြေကြီးပေါ်သို့ သွန်းလောင်းကြလော့ဟု ကောင်းကင်တမန် ခုနှစ်ပါးတို့အား ပြောဆိုသည်ကို ငါကြား၏” (ဗျာ ၁၆:၁)

” မြို့ကြီးသည် သုံးဖြာကွဲ၍ လူအမျိုးမျိုးနေသော မြို့တို့သည် ပြိုလဲကြ၏။ ဘုရားသခင်သည် ပြင်းစွာသော အမျက်တော်၏ စပျစ်ရည်ဖလားကို တိုက်ခြင်းငှ ါ၊ ဗာဗုလုန်မြို့ကြီးကို အောက်မေ့တော်မူ၏” (ဗျာ ၁၆:၁၉)

၁၇။ ခရစ်တော်က “ငါအမြန်ပြန်လာမည်” (ဗျာ ၂၂:၇၊၁၂၊၂၀)ဆိုစကားသည် ချက်ချင်းပြန်လာမည်ဟု ဆိုလိုခြင်း မဟုတ်။ ရုတ်တရက်ပြန်လာမည်ဟု ပြောခြင်းဟုတ်ပါသလား။

အဖြေ  အပြန်အလှန် အငြင်းပွားစရာ ဖြစ်ပါသည်။ “ချက်ချင်း” ဟု ဆိုလိုပါသည်။ ဟေဗြဲ ၁၀:၃၇ တွင် “ကြွလာသောသူသည် မဆိုင်းမလင့်ဘဲ၊ မကြာမြင့်မီ ရောက်လာတော်မူလိမ့်မည်” ဟု ဆိုထားပါသည်။

၁၈။ ၂သက် ၂:၆-၈ ပါ ဆီးတားသောလူသည် သန့်ရှင်းသော ဝိညာဉ်တော်မဟုတ်ဘဲ၊ ရောမ အစိုးရနှင့် ဘုရားသခင်၏ တန်ခိုးဟုတ်ပါသလား။

အဖြေ  ထိုအကြောင်းကို အထက်ပါကျမ်းပိုဒ် အနက်ဖွင့်တွင် ဖော်ပြပြီးဖြစ်ပါသည်။

၁၉။ ခရစ်တော် ကြွရောက်လာခြင်းသည် တမန်တော်များ လက်ထက်၌ မဖြစ်နိုင်။ အဘယ်ကြောင့် ဆိုသော် ပေတရုနှင့် ပေါလုတို့နှစ်ဦးစလုံးက သူတို့သေသေးမည်မဟုတ်ဟု သိကြသည် ဟုတ်ပါသလား (ယော ၂၁:၁၈၊ ၁၉၊ ၂ပေ ၁:၁၄၊ ၁၅၊ ၂တိ ၄:၆)။

အဖြေ  ခရစ်တော်ပြန်လည်ကြွလာသောအခါ ပေါလုအသက်ရှင်နေဦးမည်ဟု ပေါလုကိုယ်တိုင် တစ်ခါတလေ ပြောပါသည် (၁သက် ၄:၁၅)။ ယုံကြည်သူများ သေလွန်ကြပြီး ထမြောက်ကြမည် (ဖိ ၃:၁၀၊၁၁) ဟုလည်း တစ်ခါတရံ ပြောပါသည်။ ထိုစကားသည် အဓိကအချက်ဖြစ်သည်။ ကျွန်ုပ်တို့ အသက်ရှင်နေစဉ် ခရစ်တော်ဘုရား ကြွလာမည်ဟု မျှော်လင့်ကြပါသည်။ သို့သော် ချီဆောင်ခြင်းမတိုင်မီ သေနိုင်ကြပါသည်။

အခါခပ်သိမ်းသည် ကုန်လုနီးပြီဖြစ်ကြောင်း ပေတရုယုံခဲ့သည် (၁ပေ ၄:၇)။ သို့ကြောင့် အခြားသူများက “အရာခပ်သိမ်းသည် ဖန်ဆင်းစကရှိသည့်အတိုင်း ဖြစ်ပျက်နေကြပါသည်” (၂ပေ ၃:၄)ဟု ပြောင်လှောင်သရော်ခြင်း ဖြစ်သည်။

၂၀။ သခင်ဘုရားကြွလာခြင်းသည် ချက်ချင်းမဖြစ်နိုင်သေး။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာအဝှမ်းတွင် ဝေနေယျ သတ္တဝါအပေါင်းအား ဧဝံဂေလိသတင်းကြားသိအောင် ပြောရဦးမည်မဟုတ်လား (မ ၂၄:၁၄)။

အဖြေ  ဤနေရာတွင် သတင်းကောင်းဆိုသည်မှာ ဘေးဒဏ်ကြီးကာလအတွင်းတွင် နိုင်ငံတော်အနှံ့ပျံ့နှံ့မည့် ဧဝံဂေလိတရားဖြစ်သည်။ “သခင်ယေရှု ခရစ်တော်ကို ယုံကြည်လျှင် ကယ်တင်ခြင်းရမည်၊ ခရစ်တော်ကြွလာသောအခါ ကိုယ်တော်နှင့်အတူ အနှစ်တစ်ထောင်ကာလ၌ စိုးစံမည့်အကြောင်းဖြစ်သည်”။ ထိုစကားသည် ကယ်တင်ခြင်း သတင်းဟောပြောခြင်းနှင့် အတူတူဖြစ်သည်။ သို့သော် ချီဆောင်ခြင်းကာလကို ရှေးရှုရသည်။ တစ်နည်းပြောရလျှင် ယေရှုခရစ်တော်ကို ယုံကြည်လျှင် ကယ်တင်ခြင်းရမည်၊ ယေရှုကြွလာသောအခါ အဘခမည်းတော်၏ အိမ်တော်တွင် ကိုယ်တော်နှင့် အတူစိုးစံမည်။

၂၁။ မ ၂၈:၁၉၊ ၂၀ နှင့် တ ၁:၈တွင် ဧဝံဂေလိသတင်းကောင်းသည် လူမျိုးတကာသို့ ပျံ့နှံ့သွားမည်။ “ကမ္ဘာအဆုံးထိ ရောက်ရမည်” ဟု ဆိုထားပါသည်။ တမန်တော်များလက်ထက်တွင် ကိုယ်တော်ပြန်လာမည်ဟု ဆိုလိုသလား။

အဖြေ  ကော ၁:၆၊၂၃ တွင် ပေါလုက “ကမ္ဘာအဝှမ်း” နှင့် မိုးအောက်မြေပြင် ဝေနေယျသတ္တဝါများ သို့” ဟု ဆိုထားပါသည်။ ရော ၁၀:၁၈ တွင် ကမ္ဘာဆုံးထိအောင် ဟု ဆိုသည်။ ထိုအချိန်မှာ ကမ္ဘာအဝှမ်းက ကြားသိရမည်ဟု ဆိုခြင်းဖြစ်သည်။ တိုင်းနိုင်ငံများ ဆိုသည်မှာ မြေထဲပင်လယ်ရပ်ဝန်းရှိ တိုင်းပြည်များ ဖြစ်သည်။

၂၂။ ပေါလု၏ သာသနာ့ ခရီးအကြောင်းကို တ ၁၈:၂၁။ ၂၃:၁၁။ ရော ၁၅:၂၂-၂၅၊ ၃၀၊ ၃၁ တွင် ရေးသားထားရာ ထိုကျမ်းစကားများအရ မကြာသော အနာဂတ်ကာလမှာ ချက်ချင်းမလာနိုင်သေးဟု ဆိုလိုပါသလား။

အဖြေ  ပေါလု၏ စီမံချက်သည် အလိုတော်အတိုင်း ဖြစ်သည် (တ ၁၈:၊၂၁၊ ရော ၁:၁၀၊ ၁ ကော ၄:၁၉)။ ပေါလုအသက်တာတွင် ဘုရားရှင် ပြန်လည်မကြွလာလျှင်လည်း အချိန်မရွေးလာနိုင်သောကြောင့် အဆင်သင့်ဖြစ်အောင် စောင့်မျှော်နေရသည်။ လုပ်ဆောင်နေရသည်။

၂၃။ နောက်ဆုံးကာလသည် ကြောက်မက်ဖွယ်ရာ ဖြစ်သည်ဟု ရှင်ပေါလုပြောခဲ့သည် (၁တိ ၄:၁-၃၊ ၂တိ၃:၁-၅)။ ထိုအချိန်သည် ကိုယ်တော်ကြွလာမည့်အချိန် နီးစပ်ပြီဟု ဆိုလိုသလား။

အဖြေ။ ရှင်ပေါလုက ထိုကာလတွင် ဆိုးသွမ်းမှုပေါ်ပေါက်လာမည် (၂သက် ၂:၇)ဟု ဆိုထားပါသည်။ ယောဟန်ကလည်း “နောက်ဆုံးကာလ” (၁ယော၂:၁၈)ဟု ဆိုထားသည်။ ထိုပုဂ္ဂိုလ်များသည် မည်သည့်အခက်အခဲ ပြဿနာမှ တွေ့မြင်ခြင်းမဟုတ်ပါ။ ခရစ်တော်ဘုရား ချက်ချင်းလက်ငင်း ရောက်လာမည့်အကြောင်း မဆိုလိုပါ။

၂၄။ မ ၂၅:၁၄-၃၀နှင့် လု၁၉:၁၁-၁၇ ပုံဆောင်ချက်များသည် ခရစ်တော်မကြွလာမီ ဆိုးဝါးသော ကာလရက်တာရှည်မည်။ ထို့ကြောင့် ကနဦးယုံကြည်သူများသည် ကိုယ်တော်ကြွလာခြင်းကို မျှော်လင့်ရာ မရှိဟု ဆိုလိုပါသလား။

အဖြေ  ရှေးဦးယုံကြည်သူများသည် ပုံဆောင်ချက်အပေါ်တွင် ယုံကြည်ခြင်းမတည်ပါ။ ချီဆောင်ခြင်းသာ မျှော်ကြသည် (၁သက် ၁:၁၀)။ မ၂၅:၁၉ သည် ရောက်လုဆဲမဟုတ်ပါ။ အသင်းတော် ချီဆောင်ခြင်းအကြောင်းလည်း နိမိတ်နမာပေးခြင်းမဟုတ်ပါ။

မှတ်စု

၁။        (၁:၁) ယနေ့ခေတ်အထိ “သက်သာလေနိတ်မြို့၌ ရှိသော ခရစ်ယာန်အသင်းတော် “(NT Assembly of Christians in Thessalonica)ဟူ၍ တည်ရှိနေသည်။ (ယနေ့တွင်မူ ထိုမြို့၏အမည်ကို ဆလိုနီကီ Saloniki ဟု ခေါ်သည်)။

၂။         (၁:၅) E.W.Rogers, Concerning the Future, p.80.

၃။        (၁:၆) George William. The Student’s Commentary on The Holy Scriptures, p.948.

၄။        (၁:၁၀) ရှေးအကျဆုံး (NU)ကျမ်းနှင့် mss အများစု M တို့တွင် “ယုံကြည်သူတိုင်း” ဟုဆိုပါသည်။

၅။        (၂:၁) William Kelly, Elements of Prophecy, p.253.

၆။        (၂:၂) သခင် ‘Lord’ (Kruios)သည် NU ကျမ်းမူဖြစ်သည်။ အစဉ်အလာ (TR)အားဖြင့် Christoဟု သုံးသည်။ KJ နှင့် NKJV ကျမ်းများက သဘောမတူချင်။ အချို့ကျမ်းစာပညာရှင်များက “ခရစ်တော်၏နေ့ရက်” ဖြစ်သည့် စုံစမ်းနှိပ်စက်ခြင်း၏ နောက်ဆုံးကာလကျမှ လူ့အပြစ်ကို အကုန်အစင် ပြန်လည်ဖော်ပြမည့်နေ့ဟု ဆိုကြသည်။ သက်သာလောနိတ်သားအချို့က ထိုကာလသည် ချီဆောင်ခြင်း အကြိုကာလမဟုတ်ကြောင်း ပေါလုကဆိုသည်။

၇။        (၂:၃) J.Dwight နှင့်အခြား ဓမ္မပညာရှင်များက apostasia ကို ခွဲခွာခြင်းဟု အနက်ဖွင့်ကြသည်။ ချီဆောင်ခြင်းကို ရည်ညွှန်းခြင်းဖြစ်သည်။ ၎င်းကို အမှန်ဟု ယူဆလျှင် ဤကျမ်းပိုဒ်သည် “ဘေးဒဏ်ကြီးကာလ အကြို ချီဆောင်ခြင်း သီအိုရီ” အတွက် လေလုံဗူးဖြစ်သည်။

၈။        (၂:၃) အစဉ်အလာ TR နှင့်အဓိကကျမ်းများတွင် “အပြစ်” ဟု သုံးပြီး၊ အရေးပါသော ကျမ်းအချို့က “အဓမ္မမှု” ဟု သုံးနှုန်းသည်။

၉။        (၂:၄) ဂရိဝိဘတ်စကားဆက် (ဤ၌ prefix) “anti”သည် “ရန်ကဘ်ပြု” (ဆန့်ကျင်ခြင်း)နှင့် “နေရာဝင်ယူခြင်း” ဟု အနက်ဆောင်ရာ အန္တိခရစ်ကို ထင်ဟပ်သော အသုံးအနှုန်းဖြစ်သည်။

၁၀။      (၂:၆) ဂရိသဒ္ဒါတွင် နပုလ္လိင်ပစ္စည်း (ငယ်၆)နှင့် ပုလ္လိင်ပစ္စည်း(ငယ်၇) သီးသန့်ရှိသည်။

၁၁။      (၂:၆) Rgers, Future, p.65.

၁၂။      (၂:၆) သန့်ရှင်းသော ဝိညာဉ်တော်သည် သဒ္ဒါနည်းကျ နပုလ္လိင် (အဖို-အမ မဟုတ်) အဖြစ် အသုံးပြုသည်။ (pneuma သည် လိင်မဲ့ဖြစ်သည်)။ ပုလ္လိင်ကို ပုဂ္ဂိုလ်ရေးဖော်ပြသည့်ခါတွင်မှ အသုံးပြုသည်။

၁၃။      (၃:၅) “ခရစ်တော်၏” Christou သည် ပိုင်ဆိုင်မှုပြနာမ်စားဖြစ်သည်။ ဒြပ်မဲ့နာမ်(Subjective)နှင့် ဒြပ်ထည်ရှိနာမ် (objective) နှစ်မျိုးစလုံးမှန်သည်။ NKJV က ခရစ်တော်၏ သည်းခံခြင်း ဒြပ်မဲ့နာမ်စား အဖြစ်သုံးနှုန်းသည်။

၁၄။      (၃:၁၁) ဂရိစကား ဝေါဟာရ၌ အလုပ်လုပ်သူ (egazomenous) နှင့် အလုပ်မလုပ်သူ (periegazomenous) အသုံးအနှုန်းမှ ပင်မစကားလုံး erg ကို သတိပြုပါလေ။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။