၂ပေ - ၁

1ယေရှုခရစ်၏ကျွန် တမန်တော် ငါရှိမုန်ပေတရုသည် ကယ်တင်တော်မူသောအရှင်၊ ငါတို့ ဘုရားသခင်ယေရှုခရစ်၏ ဖြောင့်မတ်ခြင်းတရားကို ငါတို့ယုံကြည်သည်နည်းတူ၊ မြတ်စွာသော ယုံကြည်ခြင်းကို ရသောသူတို့အား ကြားလိုက်ပါ၏။- 2ဘုရားသခင်ကိုလည်းကောင်း၊ ငါတို့သခင်ယေရှုကိုလည်းကောင်း၊ သိသောဉာဏ်အားဖြင့်၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ များပြားပါစေသော။
ခေါ်ယူရွေးချယ်တော်မူခြင်း
3ထိုသို့နှင့်အညီ ငါတို့ကို ဘုန်းတန်ခိုးတော်နှင့် ခေါ်တော်မူသောဘုရားကို သိသောဉာဏ်အားဖြင့်၊ ငါတို့အား အသက်ရှင်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင့် စပ်ဆိုင်သော အရာရှိသမျှတို့ကို ဘုရားတန်ခိုးတော်သည် ပေးသနားတော်မူပြီ။- 4ထိုသို့သောအားဖြင့်လည်း အလွန်ကြီးမြတ်၍ အဖိုးထိုက်သော ကတိများကို ငါတို့၌ အပ်ပေးတော်မူပြီ။ အကြောင်းမူကား၊ ထိုကတိတော်များကို အမှီပြု၍ သင်တို့သည် လောကီတပ်မက်ခြင်း အညစ်အကြေးနှင့် ကင်းလွတ်သဖြင့်၊ ဘုရားပကတိကို ဆက်ဆံရသောသူ ဖြစ်ကြမည်အကြောင်းတည်း။- 5ထိုသို့အလိုငှာ၊ သင်တို့သည် ယုံကြည်ခြင်း၌ သီလကိုလည်းကောင်း၊ သီလ၌ ပညာကိုလည်းကောင်း၊- 6ပညာ၌ ကာမဂုဏ်ချုပ်တည်းခြင်းကိုလည်းကောင်း၊ ကာမဂုဏ်ချုပ်တည်းခြင်း၌ သည်းခံခြင်းကိုလည်းကောင်း၊ သည်းခံခြင်း၌ ဘုရားဝတ်ကိုပြု၍ မွေ့လျော်ခြင်းကိုလည်းကောင်း၊- 7ထိုမွေ့လျော်ခြင်း၌ ညီအစ်ကိုစုံမက်ခြင်းကိုလည်းကောင်း၊ ညီအစ်ကိုစုံမက်ခြင်း၌ ချစ်ခြင်းမေတ္တာကိုလည်းကောင်း၊ အလွန်ကြိုးစားအားထုတ်၍ ထပ်ဆင့်ကြလော့။- 8အကြောင်းမူကား၊ ထိုပါရမီတို့သည် သင်တို့၌ရှိ၍ ကြွယ်ဝလျှင်၊ ငါတို့သခင်ယေရှုခရစ်ကို သိကျွမ်းခြင်း၌ မပျင်းရိစေခြင်းငှာလည်းကောင်း၊ အကျိုးမဲ့ မဖြစ်စေခြင်းငှာလည်းကောင်း ပြုပြင်တတ်ကြ၏။- 9ထိုပါရမီနှင့် ကင်းသောသူမူကား၊ မျက်စိကန်း၏။ ကိုယ်မျက်စိကို ကိုယ်ပိတ်၏။ မိမိအပြစ်ဟောင်း ဆေးကြောကြောင်းကို မေ့လျော့၏။- 10ထိုကြောင့်၊ ညီအစ်ကိုတို့၊ သင်တို့ခံရသော ခေါ်တော်မူခြင်းနှင့် ရွေးချယ်တော်မူခြင်းကို တည်မြဲစေခြင်းငှာ သာ၍ ကြိုးစားအားထုတ်ကြလော့။ သို့ပြုလျှင်၊ ရွေ့လျော့ခြင်းနှင့် အစဉ်ကင်းလွတ်သည်ဖြစ်၍၊- 11ငါတို့ကို ကယ်တင်တော်မူသော အရှင်သခင်ယေရှုခရစ်၏ ထာဝရနိုင်ငံတော်ထဲသို့ ဝင်စားခြင်းအခွင့်ကို သင်တို့အား ကြွယ်ဝစွာ ပေးသနားတော်မူလတ္တံ့။
12ထိုကြောင့်၊ ယခုဟောပြောသော သမ္မာတရားကို သင်တို့သည် နားလည်၍ တည်ကြည်ခြင်းရှိသော်လည်း၊ ဤသို့သော စကားများနှင့် သင်တို့အား အစဉ်မပြတ် သတိပေးမည်အမှုကို ငါမမေ့မလျော့။- 13-14ငါတို့သခင်ယေရှုခရစ်သည် ဗျာဒိတ်ပေးတော်မူသည်အတိုင်း၊ ငါတည်းခိုရာတဲကို မကြာမမြင့်မီ ငါပစ်သွားရမည်အရာကို ငါသိမှတ်၍၊ ဤတဲ၌ ရှိနေစဉ် ကာလပတ်လုံး၊ သင်တို့ကို သတိပေး၍ နှိုးဆော်အပ်သည်ဟု ငါသဘောရှိ၏။- 15ထိုမှတစ်ပါး၊ ငါစုတေ့သည်နောက်၊ သင်တို့သည် ဤအရာများကို အစဉ်မှတ်မိစေခြင်းငှာ ငါကြိုးစား အားထုတ်မည်။
ဘုန်းအာနုဘော်ကိုကိုယ်တိုင်မြင်သူ
16ငါတို့သခင်ယေရှုခရစ်၏ တန်ခိုးတော်ကိုလည်းကောင်း၊ ကြွလာတော်မူခြင်းကိုလည်းကောင်း၊ သင်တို့အား ကြားပြောသောအခါ၊ ငါတို့သည် ပရိယာယ်နှင့် ပြင်ဆင်သော ဒဏ္ဍာရီစကားကို မလိုက်၊ ဘုန်းအာနုဘော်တော်ကို ကိုယ်တိုင်မြင်သောသူ ဖြစ်ကြ၏။- 17အဘယ်သို့နည်းဟူမူကား၊ ဤသူသည် ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်းဟူသော အသံတော်သည်၊ ထူးမြတ်သော အရောင်အဝါတော်ထဲက၊ ထိုသခင်သို့ ရောက်သောအခါ၊ ခမည်းတော်ဘုရားသခင့် အထံတော်မှ ဂုဏ်အသရေ ဘုန်းအာနုဘော်ကို ခံရတော်မူ၏။-မ၊ ၁၇း၅။ မာ၊ ၉းရ။ လု၊ ၉း၃၅။ 18ကောင်းကင်က ရောက်လာသော ထိုအသံတော်ကို ငါတို့သည် သန့်ရှင်းသောတောင်ပေါ်မှာ သခင်ဘုရားနှင့် အတူရှိသောအခါ ကြားရကြ၏။
19ထိုမှတစ်ပါး၊ သာ၍မြဲမြံသော အနာဂတ္တိစကားတော်သည် ငါတို့၌ရှိသေး၏။ စိတ်နှလုံးထဲ၌ အရုဏ်တက်၍ ကြယ်နီပေါ်ထွက်သည် ကာလတိုင်အောင်၊ ထိုအနာဂတ္တိစကားတော်ကို မှောင်မိုက်အရပ်၌ ထွန်းလင်းသောဆီမီးကဲ့သို့ မှတ်၍၊ သင်တို့သည် အမှီပြုသင့်ကြ၏။- 20ကျမ်းစာ၌ပါသော အနာဂတ္တိစကားမည်သည်ကား၊ ကိုယ်အလိုအလျောက် အနက်မပေါ်ဟု ရှေ့ဦးစွာ သိမှတ်ကြလော့။- 21အကြောင်းမူကား၊ အနာဂတ္တိစကားသည် လူအလိုအားဖြင့် ဖြစ်ဖူးသည်မဟုတ်၊ ဘုရားသခင်၏ သန့်ရှင်းသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တိုက်တွန်းတော်မူခြင်းကို ခံရ၍ ဟောပြောကြ၏။

၂ပေ - ၁ (အနက်ဖွင့်)

၁။ နှုတ်ခွန်းချွေလွှာဆုပဏ္ဍာ

          :ရှိမုန်ပေတရုက သူကိုယ်သူ ယေရှုခရစ်တော်၏အစေခံကျွန် အဖြစ်မိတ်ဆက်ပါသည်။ တစ်ခါတည်းသူ၏ ရိုးသားဖြူစင်မှုနှင့် နိမ့်ချမှုကို တွေ့ရမည်။ အစေခံကျွန်အဖြစ် ရွေးကောက်ခန့်အပ်ထားသူ ဖြစ်၍ တပည့်တော်အဖြစ် ခန့်အပ်တော်မူခြင်း ခံရသူလည်း ဖြစ်သည်။ မည်သည့်ဂုဏ်ပုဒ် ဌာနန္တရမှ ခံရခြင်း မပြု။ ရှင်ပြန်ထမြောက်တော်မူသော ကယ်တင်ရှင်အား ဂုဏ်ကျေးဇူးပြုခြင်း တစ်ခုတည်းသာလျှင် ခံယူသည်။

ပြောဆိုပြီးခဲ့သည့်အတိုင်း မူဝါဒစာစောင်ရှင်သည် ထက်မြက်သော ယုံကြည်သော ရှိသူဖြစ်သည်။ ယုဒလူမျိုး များကဲ့သို့ ယုံကြည်ခြင်း ရှိမည့် အကြောင်း တပါးအမျိုးသားများတို့ ဩဝါဒရေးသားခြင်းအားဖြင့် နားလည်နိုင်ပါသည်။ ထိုယုံကြည်ခြင်းသည် ပျက်စီးပျောက်ဆုံးခြင်း မရှိနိုင်။ ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်း ရရှိသူတိုင်း သည် အထံတော်ပါး၌ လက်သင့်ခံသော တန်းတူအခွင့်အရေး ရရှိကြပါသည်။ ယုဒဖြစ်စေ၊ တပါးအမျိုးသားဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ သခင်ဖြစ်စေ၊ ကျွန်ဖြစ်စေ၊ အခွင့်အရေး အတူတူဖြစ်ပါသည်။

ယုံကြည်ခြင်း ဆိုသည်မှာ ဤနေရာတွင် ခရစ်ယာန်ယုံကြည်ခြင်းကို အကြွင်းမဲ့နားလည်ခံယူခြင်းကို ဆိုလိုသည်။ ရှင်းရှင်းလင်းလင်းပြောရလျှင် ဘုရာသခင်၏ ဖြောင့်မတ်စင်ကြယ်ခြင်းနှင့် ကယ်တယ်ရှင် ယေရှုခရစ်တော်အား ယုံကြည်ခြင်းနှင့် အတူတူဖြစ်သည်။ ခရစ်တော် အသေခံခြင်း၊ ထမြောက်ခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းကို လက်ခံယုံကြည် ခြင်းသည် အပြစ်သားများအား ကျေးဇူးတော်ဖြင့် ကယ်တယ်နိုင်ကြောင်း ယုံကြည်ခြင်း ဖြစ်သည်။ အပြစ်၏ ကြွေးမြီအား အကြေအလည် ပေးဆပ်ပြီး ဖြစ်သောကြောင့် သားတော်ကို မယုံကြည်သူများကို ဘုရားသခင်က စီရင်ပါမည်။

: အဘဘုရားသခင်ကို၎င်း၊ ငါတို့သခင်ယေရှုကို၎င်း  သိသောအားဖြင့် ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ များပြားပါစေသား ဟု နှုတ်ခွန်းခြွေထားပါသည်။ နေ့ရက်စဉ်အတိုင်း၊ အသက်တာမှာကျေးဇူးတော်အားဖြင့် ထိုအသိခံယူချက် ရှိစေချင်သည်။ ဘုရားသခင်အား နှလုံးသားတွင် ပိုင်စိုးစေလျှက် ငြိမ်သက်ချမ်းမြေ့ခြင်း ရှိစေချင်သည်။ သို့သော် ပေးကားမပေး၊ ကောင်းချီးမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံဖို့သာ ဆန္ဒပြုသည်။

ဤကောင်းကြီးမင်္ဂလာများသည် မည်သို့ များပြားစေရမည်နည်း။ ဘုရားသခင်ကို၎င်း၊ သခင်ယေရှုကို၎င်း၊ သိကျွမ်းခြင်းဖြင့် များပြားလာနိုင်ပါသည်။ ဘုရားသခင်ကို ပိုမိုသိကျွမ်းလေလေ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်း ပွားများလေလေ ဖြစ်သည်။ အမြင့်ဆုံးသောနေရာသို့ သွားရောက်လည်ပတ်ခြင်းထက် ထိုနေရာတွင် ရှိနေခြင်းက ပို၍ ကောင်းပါသည်။ အသန့်ရှင်းဆုံးသော ဌာနတော်ထဲတွင် နေရခြင်းသည် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်း တံစက်မြိတ်တွင် နေရခြင်းထက် ပိုမိုလုံခြုံပါသည်။

၂။ ခရစ်ယာန်အကျင့်သိက္ခာ သန်မာထွားကျိုင်းရေး(:၂၁)

          : ခရစ်ယာန်အသက်တာအား ထိန်းသိမ်းလိုက်လျှောက်မည့်အကြောင်းနှင့် စိတ်ချခိုင်မာမှုရှိစေရန် သွန်သင်ခြင်း ဖြစ်၍ စိတ်ပါဝင်စားဖွယ်ရာ ကောင်းပါသည်။

ပထမဦးစွာ ဘုရားသခင်သည် ကျွန်ုပ်တို့ဘဝအသက်တာအတွက် ဖြောင့်မတ်စင်ကြယ်ခြင်း ရှိအောင်ထိန်းကြောင်း တည့်မတ်ပေးကြောင်း ခံယူနိုင်ရမည်။ ထို့သို့နေထိုင်ရန် တန်ခိုးတော်အားဖြင့် ပြင်ဆင်သက်သေထူပါသည်။ ဘုန်းတန်ခိုးတော်ဖြင့် ခေါ်တော်မူသော ဘုရားကို သိသော ဉာဏ်အားဖြင့်ငါတို့အား အသက်ရှင်ခြင်း၊ ဘုရား ဝတ်၌ မွေ့လျော်ခြင်းနှင့် စပ်ဆိုင်သောအရာ ရှိသမျှတို့ကို ပေးသနားတော်မူပြီ။ တန်ခိုးတော်အား ဖြင့်ကျွန်ုပ်တို့ကို ကယ်တင်သဖြင့် ထိုတန်ခိုးတော် အာနုဘော်သည် ကျွန်ုပ်တို့၏ ဖြောင့်မတ်စင်ကြယ်ခြင်းအကြောင်း ဖြစ်သည်။ နိယာမ မှာပထမဦးစွာ အသက်၊ ထိုနောက်မှ ဘုရားရှင် အလိုတော်အတိုင်း နေထိုင်ခြင်း ဖြစ်သည်။ ဧဝံဂေလိသတင်းစကား သည်ကျွန်ုပ်တို့အား ပျက်စီးခြင်း၊ ပြစ်တင်ခြင်း၊ အပြစ်ဒဏမှ ကင်းလွတ်ရာ ဘုရားသခင်၏ ကယ်တယ်ခြင်းလက်နက် ဖြစ်သည်။

စပ်ဆိုင်သောအရာ ရှိသမျှတို့ ဘုရားသခင်ပေးသနားတော်မူပြီ  ဆိုခြင်းမှာ ခရစ်တော်၏အမြင့်ဆုံးယဇ် ပရောဟိတ်အမှု၊ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော် ကောင်းကင်တမန်များ၏ ပါဝင်မှုဖြင့် အသက်တာပြောင်းလဲ၍ နှုတ်ကပတ်သတော်၌ အသက်ရှင်ခြင်းကို ဆိုလိုပါသည်။

စင်ကြယ်သောအသက်တာရှိရန် ဘုန်းတန်ခိုးတော်နှင့် ခေါ်တော်မူသောညာဏ်အားဖြင့်သာဖြစ်နိုင်သည်။

ဘုရားတန်ခိုးတော်၏ အရင်းအမြစ်သည် စင်ကြယ်ခြင်းဖြစ်ရာ၊ ထိုဘုရားရှင်ကို သိကျွမ်းခြင်းသည် ထာဝရအသက်ရရှိခြင်း (ယော၁၇:၃) ဖြစ်သည်။ သိကျွမ်းခြင်းသည် စင်ကြယ်ခြင်းအရာ၌ တိုးတက်ခြင်း ဖြစ်သည်။ ကိုယ်တော်နှင့် ပိုမိုသိကျွမ်း လေလေ၊ ကိုယ်တော်နှင့်ပိုတူလေလေဖြစ်သည်။

ဘုရားရှင်တော်အား သိကျွမ်းခြင်းသည် ဤဩဝါဒစာစောင်၏ အနှစ်သက်ဆုံးရည်မှန်းချက် ဖြစ်သည်။ ထို့ကြောင့်

၁။        ကျွန်ုပ်တို့အား အမှောင်လောကထဲမှ အလင်းရောင်ထဲသို့ ခေါ်ဆောင်လာသည်။(၁ပေ ၂:၉)။

၂။         ခရစ်တော်၏ ဆင်းရဲဒုက္ခဝေဒနာခံစားခြင်းဖြင့်အထဲတော်သို့ ခေါ်ဆောင်ပါသည်။(၁ပေ ၂:၂၁)

၃။        ကောင်းချီးမင်္ဂလာ သွန်းလောင်းဖို့ရာ ကုလားကာကို ဖွင့်လှစ်ပါသည်။(၁ပေ ၃:၉)

၄။        ထာဝရကောင်းကြီးခံစားဖို့ရန်ခေါ်ဆောင်သည်။(၁ပေ ၅:၁ဝ)

၅။        ဘုရားဝတ်၌မွေ့လျော်ရန် ခေါ်ဆောင်ပါသည် ( ၂ပေ ၁:၃)

နောက်ဆုံးတွင် ကိုယ်တော်တိုင်လာရောက် ခေါ်ဆောင်ပါသည်။ ဒမာစကတ် လမ်းပေါ်မှ ခရီးသည် တာရှုသား ရှောလုအား ဘုရားရှင် ဘုန်းတော်ထင်ရှားစေဖို့ရန် ကိုယ်တိုင်လာရောက် ခေါ်ဆောင်ပါသည်။ နောင်တွင် ”မျက်နှာတော်အား ဖူးမျှော်ရာ ဘယ်သောအခါမှ ထိုသူနှင့် တူသောသူ မရှိနိုင်” ဟု သက်သေစကား ဆိုခဲ့သည်။ ကိုယ်တော်က ဘုန်းတန်ခိုးအာနုဘော်တော်နှင့် ခေါ်နေပါသည်။

: အလွန်ကြီးမြတ်၍ အဘိုးထိုက်တန်သော ကတိတော်များကို အမှီပြု၍ အရာခပ်သိမ်းကို ပေးသနားတော်မူသည်။ ကျမ်းစာတော်ထဲမှာ သုံးသောင်းထက် မနဲကတိတော်ပြုထားသည်။ JohnBunyanက ”အသက်တာခရီး၌ ကတိတော် များစွာ ကို နေရာအနှံအပြားတွင် ကျစ်လစ်စွာ ထားရသဖြင့် တစ်ခုမဟုတ်တစ်ခု မလွတ်ကင်းနိုင်”  ဟုဆိုထား သည်။

ကတိတော်များသည် နောက်ဆုံးအဘိုးတန်ရတနာ(၇)ပါး ဖြစ်ကြောင်း ရှင်ပေတရုက ဝန်ခံထားသည်။ ယုံကြည်ခြင်းသည် ရွှေထက်အဖိုးထိုက်တန်သည် (၁ပေ ၁:၇)။ ခရစ်တော်၏ အသွေးတော်သည် အဖိုးထိုက်တန်သည် (၁ပေ၁:၁၉)။အသက် ရှင်သော ကျောက်ခရစ်တော်သည် ဘုရားသခင်ဘက်၌  အဖိုးထိုက်တန်သည် (၁ပေ၂:၄)။ တိုက်မြစ်ဒေါင့် ကျောက်အဖြစ်လည်း အဖိုးထိုက်သည် (၁ပေ၂:၆)။ ယုံကြည်သူ အားလုံးအတွက် အဖိုးထိုက်တန်သည် (၁ပေ၂:၇)။ မပျက်စီးနိုင်သောရတနာဖြစ်သည့် ယဉ်ကျေးသိမ်မွေ့ခြင်းနှင့် နူးညံ့ခြင်းသဘောသည် ဘုရားသခင် ရှေ့၌ အဖိုးထိုက်တန်သည် (၁ပေ ၃:၄) ။ နောက်ဆုံးတွင် ဘုရားသခင်၏ ကတိတော်တိုင်းသည် အဖိုးထိုက်တန်သည် (၁ပေ ၁:၄)။

အသက်တာ စင်ကြယ်ဖြောင့်မတ်ဖို့ရန် ထည့်သွင်းစဉ်းစားရမည့် ကိုယ်တော်နှင့် ပတ်သက်သော အရာများ ရှိသည်။

၁။ အပြစ်နွံထဲမှ လွတ်မြောက်ခြင်း၊ (ရော ၆:၁၄)။

၂။ ကျေးဇူးတော်သည် လုံလောက်ပေသည်၊ (၂ကော ၁၂:၉)။

၃။ ကတိတော်များကို နာခံခြင်းသည် တန်ခိုးဖြစ်စေသည်၊(ဖိ ၄:၁၃)။

၄။ စာတန်မာရ်နတ်ကို အောင်မြင်ခြင်း၊ (ယာ၄:၇)။

၅။ စုံစမ်းနှောက်ယှက်ခြင်းမှလွတ်မြောက်ခြင်း၊ (၁ကော၁ဝး၁၃)။

၆။ မိမိအပြစ်များကို ဖြေလွတ်ခြင်း၊ ဥပေက္ခာ (၁ယော ၁:၁၉)နှင့် အပြစ်ဒုစရိုက်များကို မအောက်မေ့ခြင်း၊ (ယေ ၃၁:၃၄)။

၇။ ပဌနာပြုသည့်အခါ အဖြေပေးခြင်း (ဆာ ၅၀:၁၅)။

ဘုရားသခင်၏ ကတိတော်များသည် ကြီးမြတ်ကြောင်း နှင့် အဖိုးထိုက်တန်သည်ဟု ကျမ်းစာက ဆိုထားပါသည်။ ထိုကတိတော်များသည် ယုံကြည်သူများအား လောကီတပ်မက်ခြင်းမှ ကင်းလွတ်စေပါသည်။ စုံစမ်းနှောက်ယှက်ခြင်းများကို အောင်မြင်နိုင်မည့်အကြောင်း ကတိတော် ပေးထားပါသည်။ လောကီ တပ်မက်စိတ်များ ထကြွသောင်းကျန်းလာလျှင်လည်း ကတိတော်များဖြင့် ဖြေရှင်းနိုင်ရသည်။ ကတိတော်များက လောကပျက်စီးခြင်းမှ လွတ်မြောက်စေနိုင်ပါသည်။ ကိလေသာ ကာမ၊ မူးယစ်သောက်ကြူးခြင်း၊ ညစ်ညမ်းခြင်း၊ စိတ်ဆင်းရဲခြင်း၊ လိမ်ညာ သစ္စာဖောက်ခြင်းနှင့် ရန်ဖြစ်ခြင်းတို့မှ ကင်းလွတ်စေပါသည်။

ဘုရားရှင်ကို ဆက်ဆံရသောသူများဖြစ်သောကြောင့် အခြေခံအားဖြင့် ပြောရလျှင် ထိုကတိတော်များက ပြောင်းလဲခြင်းလမ်းသို့ ပို့ဆောင်ပေးပါသည်။ ကတိတော်အတိုင်း ကျင့်ကြံနေထိုင်လျှင်ဘုရားရှင် အလိုတော်ရှိသော ပုံရိပ်အပြစ် တစ်စထက်တစ်စ တိုးတက် ပြောင်းလဲလာပါမည်။ ကိုယ်တော့်အကြောင်း ပိုမိုစဉ်းစားဆင်ခြင် အာရုံပြုလျှင် ကိုယ်တော်နှင့် ပိုတူလာမည် (၂ကော ၃:၁၈)၊ ကတိတော်များကို အသေအချာ ဆင်မြင်အာရုံပြုလျှင် ခရစ်တော်၏ အသက်တာကို သင်ကြားခြင်းသည် ကိုယ်တော် နောက်သို့ လိုက်ခြင်း ဖြစ်သည်။ ထိုသို့လက်တွေ့ပြူကျင့်လျှင် သန့်ရှင်းသော ဝိညာဉ်တော်က ကျွန်ုပ်တို့အား ကိုယ်တော်နှင့်တူအောင် တစ်ခုပြီးတစ်ခု၊ တဆင့်ပြီးတဆင့် ပြောင်းလဲပေးပါမည်။

: အငယ် ၃ နှင့် ၄ တွင် ကျွန်ုပ်တို့အား အလိုတော်နှင့်အညီ နေထိုင်ကျင့်ကြံဖို့ လိုအပ်သည်များ ပြင်ဆင်ပေးထားကြောင်း သွန်သင်ထားပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့ကျင့်ကြံနေထိုင်ရန် အလိုတော်ရှိသည်။ သန့်ရှင်း စင်ကြယ်ခြင်းကို ဆန့်ကျင်၍ မိမိသဘောဆန္ဒအတိုင်း ပြုမူရန် ဘုရားသခင်က အလိုတော် မရှိပါ။ ကျွန်ုပ်တို့ဘက်မှ လိုချင် စိတ်၊ ဆုံးဖြတ်ချက်နှင့် စနစ်တကျ လုပ်ဆောင်ရန် ဖြစ်ပါသည်။ ခရစ်ယာန်အကျင့်သိက္ခာ တိုးတက်ခိုင်မာဖို့ရန် ယုံကြည်ခြင်း သစ္စာရှိရမည်။ ထို့ကြောင့် သခင်ယေရှုအပေါ် ယုံကြည်ခြင်းသစ္စာ ခိုင်မြဲရမည်။ အဆင်ပြေသလို ယုံကြည်ဆက်ဆံမည်ဟု မပြော။ အကြွင်းမဲ့ယုံကြည်ရမည်။

ယုံကြည်ခြင်း ခိုင်မာဖို့ရန် ဖော်ပြခဲ့သော စင်ကြယ်ခြင်း (၇)ပါးရှိရမည်။ ထပ်ဖြည့်စရာမလို။ တချိန်လုံးမှာကျေးဇူးတော် အားလုံးပြည့်စုံစရာဖြစ်သည်။

Tom Olson က သူသားများအတွက် ရေးသားထားသောစာကို ဖတ်ကြည့်ရအောင်။

သင့်ယုံကြည်ခြင်းတန်ဖိုးကို ဒါဝိဒ်၏သတ္တိဖြင့် ပေါင်းစပ်ပါ။ ပေါင်းပြီးလျှင် ရှောလမွန်၏ ဉာဏ်ပညာဖြင့် ထပ် ဖြည့်ပါ။ ဖြည့်ပြီးလျှင် ယောဘ၏ သည်းခံခြင်းနှင့် ဇွဲနှင့် ထပ်လောင်းပါ။ လောင်းပြီးလျှင်ဒံယေလ၏ ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင့် စပ်ဟပ်ပါ။ စပ်ဟပ်ပြီးလျှင် ယောနသန်၏ ချစ်ခြင်းမေတ္တာနှင့် ထပ်ပူးပါ။ ထိုချစ်ခြင်းမေတ္တာသည် ယောဟန်နှင့်ချစ်သည့်ချစ်ခြင်းမေတ္တာမျိုးတည်း။

Lenski ကလည်း ဤသို့အကြုံပြုထားသည်။

စင်ကြယ်ခြင်း()မျိုးသည် မိစ္ဆာပရောဖက်များ(:အတွက် ကြိုတင်ပြင်ဆင်ခြင်း ဖြစ်သည်။ ထိုမိစ္ဆာဆရာများ သည်လည်း ထိုယုံကြည်ခြင်းမျိုး ဟန်ဆောင်ကြသည်။ ချီးမွမ်းကိုးကွယ်ခြင်း နှိမ့်ချသည်။ အသိတရား မျက်စိကိုကန်း စေသည်။မိမိကိုယ်ကို ထိန်းသိမ်းခြင်းမရှိ၊ ဆိုးသွမ်းခွင့် လိုင်စင်ရထားသကဲ့သို့ မိုက်မဲကြသည်။ မကောင်းမှု ဒုစရိုက်၌ကျင်လည်၍ ဒုစရိုက်ကောင်းကောင်းပေးသည်။ဘုရားရှင်အတွက်ဆိုလျှင် ဘုရားနှင့်မသက်ဆိုင်သည့်များကို ပြုတတ်ကြသည်။ ညီအစ်ကိုချင်းသဖွယ် ချစ်ခင်ယောင်ဆောင်သည်။ ဘုရားသားသမီးများအတွက် မလိုလားအပ်သော ကြောက်ရွံ့ဘွယ်ရာများ ဖြစ်သည်။ အကျင့်သိက္ဓာသည် အဖိုးထိုက်တန်သည်။ ကြင်နာခြင်း၊ ဘဝကောင်းစားခြင်း၊ စိတ်ဓာတ်မြင့်မြတ်ခြင်းတို့ ဖြစ်၍ ကြာသောအခါ ဘုရားရှင်တော်က အချို့မှာ သကာလောင်းပေးပါသည်။ ဤနေရာတွင် အဖိုးတန်သည်ဟု ဆိုခြင်းဟု ဆိုးညစ်သော လောကသားများအလယ်တွင် ဝိညာဉ်ခွန်အား ပြသခြင်းဖြစ်သည်။

မာတုရများအကြောင်း စဉ်းစားကြည့်ရအောင် Archbishop Cranmer ကို အယူဝါဒစွန့်လွှတ်မည်လား။ မီးရှို့သတ်ပစ်ခြင်းခံရမည်လားဟု မေးကြသည်။ ပထမဦးစွာ ငြင်းပယ်သော်လည်း ဖိနှိပ်အားများလာသောကြောင့် သူ့ညာ လက်ကို ပြန်ရုပ်သိမ်းသည်။ သူ သရဲဘောကြောင်ခြင်းအမှားကို ချက်ခြင်းပြန်သတိရသည်နှင့် မီးရှို့ခံသည်။ သူ့မေတ္တာ ရပ်ခံချက်အရ သူ့လက်များကို မချည်နှောင်ကြပါ။ သူ့ညာလက်ကို မီးပုံထဲသို့ ထိုးထည့်ပြီးနောက်” ငါ့ညာလက်သည် ဘုရားသခင်အကြောင်းကို ရေးသူဖြစ်သောကြောင့် ဦးစွာမီးဒဏ်ခံပါစေ။ ဤလက်က ခုခံခြင်း မပြု၊ငါ့ညာလက်ပျက်စီးခြင်း သို့ ရောက်ပါစေ။”ဟုဆိုခဲ့သည်။

ခွန်အားယူရာတွင် အသိတရားလည်း ပါဝင်ရသည်။ အထူးသဖြင့် ဝိညာဉ်ရေးရာ အသိတရား ရှိရသည်။ ဤအချက်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အား သင်အံရန် အရေးကြီးပုံနှင့် နာခံခြင်း ခိုင်မာရန် မီးမောင်းထိုးပြခြင်း ဖြစ်သည်။

ယေရှုနှုတ်ကပတ်တော်၌ ပိုမိုကျွမ်းဝင်လေလေ ဘုရားသခင်နှင့်ပိုမို မိသဟာယဖွဲ့ဝင်လေလေ ဖြစ်သည်။ နေရာ တိုင်းမှာအသံတော်ကြားရ၍ ယုံကြည်ခိုင်မြဲလေလေဖြစ်ပါသည်။

Eliza E.Hewitt.

သမ္မာကျမ်းစာနှင့်ဆိုင်သော ကိုယ်တွေ့အသိတရားများသည် ခရစ်တော်အသက်တာအား အသေးစိတ်လက်တွေ့ အရည်အချင်း ပြည့်ဝစေသည်ဟု Erdman  က ဆိုထားသည်။

: ခရစ်ယာန်တိုင်း စည်းစနစ်တကျရှိစေရန် ဘုရားသခင်အလိုတော်ရှိသည်။အချို့က ထိုစကားကို ဘုရားသခင်၏ ဝိညာဉ်တော်နှင့်အညီ ထိန်းချူပ်ခြင်းဟုခေါ်သည်။ဆုတောင်းခြင်း၊ ကျမ်းစာသင်ခြင်း၊ အချိန်ခွဲဝေသတ်မှတ် ခြင်း၊ ခန္ဓာကိုယ် သန့်စင်ပြုပြင်ခြင်း၊ ဆည်းကပ်ပူဇော်ခြင်းတို့တွင် စည်းကမ်းတကျ ရှိရသည်။

ရှင်ပေါလုက မိမိကိုယ်ကို ထိန်းသိမ်းခြင်းဟု ဆိုသည်။ ”ငါပြေးသောအခါ အမှတ်တမဲ့ ပြေးသည်မဟုတ်။ လက်ဝှေ့သတ်သောအခါ အာကာသကောင်းကင်ကိုသာ ထိုး၍ သတ်သည် မဟုတ်။ သူတပါးကို ဆုံးမပြီးမှ ကိုယ်တိုင်ရှုံး သောသူ မဖြစ်စေရမည် အကြောင်း၊ ကိုယ့်ကို ထိုး၍ နှိပ်စက်လေ့ရှိ၏” (၁ကော ၉:၂၆-၂၇)

သဘာဝတ္တပညာရှင် Audubon သည်ငှက်ကမ္ဘာအကြောင်းကို လေ့လာရန် အထူးစိတ်ဝင်စားသူ ဖြစ်သည်။ သူ့အကြောင်းကို Robert G.Lee  က ဤသို့ပြောထားသည်။

သူ့ခန္ဓာကိုယ် စည်းစိမ်ဟူသည်မှာ သူ့အလုပ်ကိုမအောင်မြင် အောင်မြင်အောင် လုပ်ခြင်းဖြစ်သည်။ အမှောင်တောထဲ၊ နှင်းမဲထဲတွင် ဦးတည်ရာမဲ့လျှောက်သွားနေသည်။ ထိုသို့သွားခြင်းကို လက်ဆောင်ဟု သဘောထားသည်။ တစ်ပတ်ခန့် ကြာသောအခါ အထီးကျန်ငှက်နှင့် တူလာသည်။ ရေတံခွန်မှာ ငုံ့လျက် သူ့လက်ကို ရေဆေးသည်။ သက်ပြင်းချသည်။ ထိုစဉ် အဆိပ်ပြင်းပြင်းမြွေများက သူ့မျက်နှာအနားမှ ဖြတ်သွားလျက် မိကျောင်းကြီးများလည်း ခေါက်တုံ့ခေါက်ပြန်အနားမှာ သွားလာကြသည်။” စိတ်မသာယာလိုက်တာနော်” ဟု ပြောဆိုပြီးခေါင်းခါလိုက်သည်။သို့သော် ငါ့မှာအဲ ဒီငှက်ဓါတ်ပုံရှိသားပဲ ဘာကြောင့် မရှာနိုင်မလဲဟု ဆိုကာ ထိုငှက်ဓါတ်ပုံကိုကိုင်၍ တကောက်ကောက်ဆက် သွားလေ သတည်း“‘

ဥပမာပေးလိုသည်မှာ လူများသည် ဤသင်္ခါရလောကတွင် မိမိစိတ်အား ထက်သန်ရာကို ပြောင်းပေးတတ်ကြသည်။ ထိုသို့ပြုလုပ်ခြင်းသည် ဆုံးရှုံးနစ်နာခြင်းသာဖြစ်စေပါသည်။ ထိုထက်ဆာလျှင် ခရစ်တော်၌ စနစ်တကျ ရှိခြင်းသည် အသက်တာအတွက်အကောင်းဆုံးဖြစ်သည်။

မိမိကိုယ်ကို ထိန်းကျောင်းနိုင်ဖို့  ဇွဲလုံ့လ ဝိရိယလည်း ရှိဖို့လိုသည်။ စုံစမ်းနှောက်ယှက်ခြင်းနှင့် ဆင်းရဲဒုက္ခ များကို ဇွဲရှိရှိခံနိုင်ရည် ရှိရမည်။ ခရစ်ယာန်အသက်တာကို ဇွဲနဘဲကောင်းခြင်းက အမြဲတမ်းစိန်ခေါ်နေကြောင်း သတိပြု ရမည်။ အလုပ်လုပ်ရာတွင် အကောင်းချည်းဖြင့် အဆုံးသတ်ခြင်းကိုသာ မမျှော်လင့်ရပါ။ အခက်အခဲပြဿနာများကို ဇွဲနဘဲကောင်းကောင်းဖြင့် ရင်ဆိုင်ဖို့လည်း ပြင်ဆင်ရမည်။ ခရစ်ယာန်များ၏ ယုံကြည်ခြင်းသည် မမြင်မှန်းနိုင်သော အဆုံးမရှိသည့် တောင်ထိပ်ပေါ်သို့ တက်လှမ်းခြင်းဖြစ်သည်။ ထိုမျှော်မှန်းချက်သည် နေ့စဉ်ခရီးလမ်း၊ အစေခံခြင်း၊ ခါး သီးသောအရသာ၊ ထက်မြက်သောစီမံကိန်းဖြစ်သည်။ ဇွဲလုံ့လရှိခြင်းသည် ကျရောက်လာသော ဖိစီးမှုဒဏ်ဟူသမျှကို ရင်ဆိုင်ကြံ့ကြံ့ခံခြင်း ဖြစ်သည်။

နောက်တစ်ချက်မှာ ဘုရားဝတ်၌ မွေ့လျော်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့အသက်တာသည် ဘုရားသခင်နှင့်တူရ မည်ဆိုခြင်းမှာ အသက်တာအား လက်တွေ့ဖြောင့်မတ် စင်ကြယ်ခြင်း ဖြစ်သည်။ လူ့သဘော သဘာဝထက် ထူးကဲ၍  တပါးသူများက ကောင်းကင်နိုင်ငံရှိ ဘုရားသားသမီးများကို သိမှတ်ကြရသည်။ အမှားအယွင်းမရှိသော မိသားစု ဆက်ဆံရေးမျိုးဖြစ်၍ ရှင်ပေါလုက”ဘုရားဝတ်၌ မွေ့လျော်ခြင်းသူကား ယခုဘဝ၊ ဗနာင်ဘဝနှင့် စပ်ဆိုင်သော ကတိ တော်ရသည်” (၁တိ ၄:၈)ဟုဆိုထားသည်။

: ညီအကိုစုံမက်ခြင်းသည် ခရစ်တော်၏ တပည့်တော်များ ပီသစေသည်။ ”သင်တို့အချင်းချင်း ချစ်ကြလျှင် လူအပေါင်းတို့သည် မေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်” (ယော ၁၃:၃၅)။

ညီအကိုများကို စုံမက်ခြင်းဖြင့် လူသားအားလုံးအား ချစ်ခင်နိုင်ပါသည်။ ထိုသို့ချစ်ရာတွင် ရင်ခုန်ချစ်ခြင်း မဟုတ်၊ စိတ်သဘောထားဖြူစင်စွာ ချစ်ခင်ခြင်းဖြစ်သည်။ ပျော်ရွှင်သာယာခြင်းမဟုတ်၊ ပညတ်တော်နာခံခြင်း ဖြစ်သည်။ ဓမ္မသစ်ကျမ်းတွင် ချစ်ခြင်းမေတ္တာကိုအထူးတလည် အသားပေးထားသည်။ မယုံကြည်သူများသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို နားမလည်ကြသောကြောင့် ချစ်ခြင်းမေတ္တာမပြည့်ဝနိုင်။ ချစ်ခြင်းမေတ္တာသည် ရန်သူများနှင့် ဆင်းရဲဒုက္ခလာပေးသူများကိုလည်း ချစ်ခင်တတ်သည်။ ချစ်ခြင်းမေတ္တာသည် ပေးဆပ်ခြင်းဖြစ်သည်။ ထိုကြောင့် ”ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏ (ယော ၃:၁၆)ဟု ၎င်း၊ ”ခရစ်တော်သည် အသင်းတော်ကို ချစ်တော်မူသကဲ့သို့” (ဧ ၅၂၅)ဟု၎င်း ကျမ်းစကားဆိုထားပါသည်။ ချစ်ခြင်းမေတ္တာကို ဗီဇပါရမီ၊ အချိန်၊ စည်းစိမ်ဥစ္စာ၊ အသက်တာများ ပေးဆပ်ခြင်းဖြစ်သည်။

T.E.McCully သည် အီကွေဒေါနိုင်ငံ Aucaindians  သာသနာပြုဆရ(၅)ဦး၏ ဖခင်ဖြစ်သည်။သူ့သား Ed McCully ကို ဒေသခံများက သတ်ဖြတ်သည်။ တစ်ညသော မိသားစု ဒူးထောက်ဆုတောင်းနေစဉ်”အို အဖဘုရား သခင် ကျွန်တော်သားကို သတ်သောသူများအား သိရှိခွင့်ရအောင် အသက်ရှည်ခွင့် ပေးသနားတော်မူပါ။ ထိုသူများအား သိုင်းဖက်၍ ခရစ်တော်ကိုချစ်ခင်ဖို့ရာ မင်းတို့ကို ငါချစ်လိုက်တာ ဟုပြောချင်လွန်းလို့ပါ” ဟု ဆုတောင်းခဲ့သည်။ ထိုချစ်ခြင်းမေတ္တာမျိုးသည် ခရစ်ယာန်တို့၏ ချစ်ခြင်းမေတ္တာဖြစ်သည်။ သားကိုသတ်သော ရန်သူများအတွက်ဆုတောင်းပေး၍ ချစ်ခြင်းမေတ္တာပြခြင်းသည် မေတ္တာစစ်မေတ္တာမှန်ဖြစ်သည်။

ဤကျေးဇူးတော်(၇)ပါးက ခရစ်ယာန် အကျင့်သိက္ခာကို အပြည့်အဝ ဖော်ဆောင်ပေးပါသည်။

: တပည့်တော်ဘဝသည် အမြဲရပ်တည်၍ မနေ။ တိုးတက်ခြင်းရှိသကဲ့သို့လျှောကျခြင်းလည်း ရှိနိုင်သည်။ အားသစ်ခွန်သစ် စိတ်အားအပြည့်ဖြင့် ရှေ့သို့တိုးသကဲ့သို့ အားနည်းခြင်းနှင့် အန္တရာယ်များလည်း ကြုံတွေ့ရသည်။

ဇွဲ လုံ့လ ဝိရိယမရှိလျှင် ခရစ်ယာန်အကျင့်သိက္ခာသည်၊ မြုံခြင်း၊ ကန်းခြင်း၊ ကိုယ့်မျက်စိကိုပိတ်ခြင်း၊ အသီး အပွင့်မဖြစ်ထွန်းခြင်း၊ သတိလက်လွတ်ခြင်းတို့ ဖြစ်တတ်သည်။

မြုံခြင်း။ ဘုရားသခင်၌ မိဿဟာယဖွဲ့ခြင်းရှိမှသာလျှင် အကျိုးအာနိသင် သက်ရောက်မှုရှိသည်။ သန့်ရှင်း သောဝိညာဉ်တော် ပြသမှုဖြင့် မြုံခြင်းကိုဖယ်ရှားပြီးအမြင့်ဆုံးသော အကျိုးဖြစ်ထွန်းစေသည်။ တစ်နည်းပြောရလျှင် မြုံခြင်းသည် အရိပ်နှင့်လက်ဝှေ့ထိုးခြင်း၊ အပ်ချည်မပါပဲ စက်ချူပ်ခြင်းမျိုးဖြစ်သည်။

အသီးအပွင့်မဲ့ခြင်း။ ယေရှုခရစ်တော်အား သိကျွမ်းခြင်းဖြင့် အသီးအပွင့် သီးစေ၍ အသီးအပွင့်မရှိသူသည် ထိုအသိတရားလည်း မရှိကြ။ အသီးအပွင့်မဲ့ခြင်းသည် မြုံခြင်းဖြစ်သည်။ လေပွေရူးသည် မည်သည့်အရာမှ အကျိုးမ ဖြစ်ထွန်းသကဲ့သို့ ဝိညာဉ်ရေးရာနယ်ပယ်မှာလည်း ထိုအတိုင်းဖြစ်သည်။

: ကိုယ့်မျက်စိကိုပိတ်ခြင်း။ မိမိရှေ့ပတ်ဝန်းကျင်ကိုမမြင်ဘဲ၊ အကန်းကဲ့သို့ပြောချင်ရာ လျှောက်ပြောခြင်း ဖြစ်သည်။ မျက်စိအဆုံးအနာဂါတ်ကိုမျှော်မကြည့်ပဲ လက်တလောအရေးအတွက် ဦးစားပေးသူများဖြစ်သည်။ ဝိညာဉ် ရေးရာကို သတိလက်လွတ်ပြီး လောကအရာများကို ဦးစားပေးသည်။

အကန်း။           အခန်းငယ် ၅-၇ သည် ခရစ်ယာန်အကျင့်သိက္ခာ ကင်းလွတ်သူတိုင်းကို ဆိုလိုသည်။ မိမိအသက်တာတွင် ဗဟိုပြုရမည့်အရာကို မသိနားမလည်။ ဝိညာဉ်တန်ဖိုးကိုလည်းမသိ။အမှော်ထုထဲမှာ အရိပ်အဖြစ်နေထိုင်သူဖြစ်သည်။

သတိလက်လွတ်မေ့လျော့ခြင်း။ မင်္ဂလာကျေးဇူးတော်()ပါးမရှိသူများသည် မိမိအပြစ်ဟောင်းကို ဆေးကြောကြောင်း မေ့လျော့သူများ ဖြစ်သည်။ ရွေးနှုတ်ခြင်း သမ္မာတရားလည်း ထိုသူအပေါ်၌ မတည်မြဲ။ ကျင်လည်ခဲ့သော နေရာဟောင်းသို့ ပြန်လည်သွားနေသူ ဖြစ်သည်။ ဘုရားသားတော် အသေခံခြင်းကို မေ့လျော့လျှက် အပြစ်နှင့် ဆော့ကစားနေသူဖြစ်သည်။

:၁ဝ  ထို့ကြောင့်ခေါ်တော်မူခြင်းနှင့်ရွေးချယ်တော်မူခြင်းကို မမေ့ပစ်ဖို့ကျမ်းစာကသတိပေးထားသည်။

ဘုရားသခင်၏ ကယ်တယ်ခြင်း အစီအမံတွင် မျက်နှာစာနှစ်ခု ရှိပါသည်။ ရွေးချယ်တော်မူခြင်း ဆိုသည်မှာ ဘုရား သခင်ဘုန်းတန်ခိုးအာဏာဖြင့် ထာဝရပိုင်ဆိုင်ဖို့ ရွေးချယ်ခြင်းဖြစ်သည်။ ခေါ်တော်မူခြင်း ဆိုသည်မှာ ရွေးချယ်ထား သူများအား အချိန်နှင့် တပြေးညီ လုပ်ဆောင်ခြင်း ဖြစ်သည်။ ရွေးချယ်ခြင်း သည်လောကသားများ အလယ်မှ ရွေးထုတ်ခြင်း ဖြစ်၍ ခေါ်တော်မူခြင်းသည် အသက်တာပြောင်းလဲခြင်း ဖြစ်သည်။ ကျမ်းစကားအားဖြင့် ပြောရလျှင် ပထမဦးစွာ ရွေးချယ်၍ ထို့နောက်မှခေါ်တော်မူ သည်။ သို့သော်လူအတွေ့အကြုံအရမူ ခေါ်တော်မူခြင်းက အရင်ကျ၍ ခရစ်တော်သို့ ရွေးချယ်ခြင်းသည် ထာဝရကာလအတွက်ဖြစ်သည်။

ခေါ်တော်မူခြင်းနှင့်ရွေးချယ်တော်မူခြင်းကို မိမိတို့အစွမ်းဖြင့် မပြုနိုင်ကြပါ။ဘုရားသခင်၏ ထာဝရအကြံ အစည်တော်ဖြစ်၍ ဘယ်သောအခါမှ ဘုကလန့်မဖြစ်နိုင်။သို့သော်ဘုရားသခင် အကြံအစည်တော်ဖြစ်ကြောင်းကို အသက်တာအား ခရစ်တော်နှင့်တူအောင် သက်သေပြရသည်။ဝိညာဉ်အသီးအပွင့်များ သီးပွင့်ခြင်းဖြင့် သက်သေထူရသည် ဖြောင့်မတ်စင်ကြယ်သော ဘဝအသက်တာဖြင့် ကယ်တယ်ခြင်း အမှန်ရကြောင်း သက်သေပြရသည်။

စင်ကြယ်သောအသက်တာက ဗရုတ်သုတ်ခဘဝ မဖြစ်အောင် ထိန်းကျောင်းကာကွယ်ပေးသည်။ ထာဝရဆင်းရဲခြင်း ရောက်စရာ အကြောင်းမရှိ။ ခရစ်တော်၏ အမှုတော်က ကယ်နှုတ်ပါသည်။ အပြစ်နွံသို့ ကျရောက်ခြင်း၊ ဂုဏ်သိက္ခာ ညှိုးနွမ်းခြင်း၊ အသုံးမဝင်ခြင်းတို့မှ ကွယ်ကာပါသည်။ အမှုတော်မြတ်၌ တိုးတက်ခြင်း မရှိလျှင် ကျွန်ုပ်တို့ အသက်တာ သည်ပျက်စီးခြင်း အန္တရာယ်ကြုံကိန်း နီးသည်။ ဝိညာဉ်တော်နှင့် လျှောက်လှမ်းလျှင် အမှုတော်မြတ်နှင့် မတန်မရာဟူ၍ မရှိ။ အထံတော်အပါးသို့ လျှောက်လှမ်းသူတိုင်း ဘုရားသခင်က အကာအကွယ်ပေးပါသည်။ ဝိညာဉ်ရေးရာ အားနည်းမှု နှင့်အကန်းများ၌ ပျက်စီးခြင်းရှိသည်။

:၁၁  ဝိညာဉ်ရေးရာ၌ ကြီးထွားသူသည် လုံခြုံစိတ်ချခြင်းသာမက ကြွယ်ဝသောကတိတော်နှင့်လည်း သက်ဆိုင်သည်။ ကယ်တယ်ရှင်သခင်ယေရှုခရစ်၏ ထာဝရနိုင်ငံတော်ထဲသို့ ဝင်စားခြင်းအခွင့် ကိုပေးသနား တော်မူသည်။ နိုင်ငံတော်သို့ ဝင်စားရခြင်း အကြောင်းအရင်းမဟုတ်။ ထာဝရနိုင်ငံတော်ကဲ့သို့ ဝင်စားခွင့်ရခြင်း အကြောင်းရင်းမှာ သခင်ယေရှုခရစ်တော်အား ယုံကြည်ခြင်း ဖြစ်ပါသည်။ အချို့သည် သာ၍ အခွင့်အရေးပိုတန်သည်။ အဘယ်ကြောင့်ဆိုသော် ဆုလက်ဆောင်ရှိသေးသည်။ ထိုဆုလက်ဆောင်ကား ကယ်တယ်ရှင် ဘုရားသခင်အပေါ်၌ မူတည်သည်။

:၁၂   ပစ္စုပ္ပန်ကာလသည် အနာဂတ်နှင့်လည်း တောက်လျှောက်ပတ်သက်သောကြောင့် ခရစ်ယာန် အကျင့် သိက္ဓာခိုင်မြဲတိုးတက်ရေးသည် ယုံကြည်သူများအတွက် လွန်စာအရေးပါသည်။ပေါ့ဆမေ့လျော့ခြင်း မရှိစေရန် အဖန်တလဲလဲ သတိပေးသည်။ သို့မှသာ သတိရဆင်ခြင်နိုင်မည်။ ကာလနာရီတိုင်းတွင် အန္တရာယ်ရောက်ရှိနိုင်ကြောင်း သတိထားရမည်။ သမ္မာတရားကို အစဉ်မပြတ် မမေ့မလျော့ စွဲကိုင်ထားကြရမည်။

:၁၃ ခဏတပန်းသာမဟုတ်။ အသက်ရှင်နေသရွေ့ သန့်ရှင်းသူများအားအစဉ်လှုပ်နိူးရန် ပေတရုက ရည်ရွယ် ထားသည်။ ဝိညာဉ်ရေးရာကျဆင်းမှုမရှိစေရန် သက်ထက်ဆုံးတိုင် သတိပေးနှိုးဆော်သည်။

:၁၄ ရှင်ပေတရုအား မည်သို့မည်ပုံ သေပွဲဝင်မည့်အကြောင်းကို သခင်ဘုရားက ဗျာဒိတ်ပေးခဲ့ပါသည်(ယော ၂၁:၁၈-၁၉)။ နှစ်ပေါင်းများစွာ ကုန်လွန်လာပြီး အသက်အရွယ်ထောက်လာသောအခါ တမန်တော်ကြီးသည် သေပွဲဝင် ရတော့မည့်အကြောင်း ဆင်ခြင်လာသည်။ ထို့ကြောင့်အသိအာရုံထဲတွင် အသက်ရှင်နေသည့် အခိုက်အတန့်တွင် ဘုရား သားသမီးများ၏ ဝိညာဉ်များအား ဂရုစိုက်ပေးချင်သည်။ စောင့်ရှောက်ချင်သည်။

ဤကမ္ဘာမြေသည် လောကခရီးသည်များ၏ယာယီတဲဖြစ်သောကြောင့် သာဝကခရီးသည်ဖြစ်သော ရုပ်ခန္ဓာ ကိုယ်သည် ဤမြေပေါ်တွင်ထားပစ်ခဲ့ရမည်။ သေသောအခါ တဲသည်လည်း ပျက်စီးရသည်။ ချီဆောင်ခြင်းရောက် သောအခါ ရုပ်ခန္ဓာကိုယ်သည် တမုဟုတ်ခြင်းပြောင်းလဲသည်။ ဘုရားသခင် ဖန်ဆင်းသောမူသော နိစ္စထာဝရအိမ်သို့ ရောက်သွားကြသည်(၂ကော ၅:၁)။

သန့်ရှင်းသူများအတွက် ခရစ်တော်ဘုရား ပြန်လည်ကြွလာမည့်အကြောင်းကို အချို့သူများက မယုံသင်္ကာဖြစ် သောကြောင့် ရှင်ပေတရု ရတတ်မအေးနိုင်ရှာ။ စစ်မှန်သော အသင်းတော်များသည် တချိန်ချိန်တွင် သခင်ခရစ်တော် ပေါ်ထွန်းလာမည့် အကြောင်းကို ယုံကြည်မျှော်လင့်နေကြသည်။ ထိုသခင်ဘုရား ပြန်လည်ကြွလာသည့်အချိန်တွင် ရှင်ပေတရု ရှိတော့မည်မဟုတ်ကြောင်း သူ့ကိုယ်သူသိနေသည်။

:၁၅ သန့်ရှင်သူများအား ဝိညာဉ်ရေးရာရင့်ကျက်ဖို့ ပုဂ္ဂိုလ်ရေးအရ သတိပေးတိုက်တွန်းသည်သာမက နောင်လာနောက်သားများကိုလည်း ပေအက္ခရာဖြင့် သတိပေးထားသည်။ ထိုပေအက္ခရာစာလွှာအားဖြင့် ယုံကြည်သူ များသည်လည်း အချိန်တိုင်းမှာ သတိဝိရိယရှိခြင်းဖြစ်သည်။ ပေတရု၏ဩဝါဒစာစောင်အားဖြင့် ၂၁ရာစုတိုင်အောင် လူတိုင်းအား အလင်းပေးလျက် ကယ်တင်ဘုရား ကြွလာသည့်တိုင်အောင် ဆက်လက်ဆွဲကိုင်အပ်သည်။ ခရစ်တော်ဝင် ရေးသားသော ရှင်မာကုကလည်း ဝိညာဉ်ရေးရာ အကိုတော်ကြီး ရှင်ပေတရု၏ မျက်မြင်သက်သေအကြောင်းအရာများကို ယုံကြည်စိတ်ချစွာမှတ်သား၍ ဆက်လက် သတိပေး တိုက်တွန်းထားပါသည်။

စာရွက်ပေလွှာ၏ ဒေသနာအမှုတော်ကကိုရှင်းလင်းစွာတွေ့ရှိခဲ့ကြပါသည်။ တမန်တော်ကြီး၏နောက်ဆုံး ပေအက္ခရာဖြစ်သည်။ ရုပ်ခန္ဓာကိုယ်သည် မြေကြီးထဲရောက်သွားသော်လည်း ရေးသားခဲ့သော ပေအက္ခရာပေဖူးလွှာသည် အသက်ရှင်နေဆဲ။

ဤကျမ်းပိုဒ်မှ စုတေသည်ဟူသောစကားလုံးသည် ထွက်မြောက်ရာကျမ်းမှ ယူဆောင်ခြင်းဖြစ်သည်။ ခရစ် တော်အသေခံခြင်းနှင့်ပတ်သက်၍လည်း(လု ၉:၃၁)တွင် ထိုစကားလုံးကိုသုံးသည်။ သေခြင်းဆိုသည်မှာ လူ့ဘဝကို လက်မြောက်အရှုံးပေးခြင်းမဟုတ်။ ဘဝကူးပြောင်းခြင်းသာဖြစ်သည်။

ဤကျမ်းပိုဒ်သည် သေမင်း၏ အရိပ်သဖွယ် အသက်ရှင်နေသော လူများအပေါ်တွင် ဘုရားသခင်ကမည်မျှ အလေးထားချက်ဖြစ်၍ အရေးကြီးသည်။ အငယ် ၈၊ ၉၊ ၁၂နှင့် ယခု ၁၅တွင် (၄)ကြိမ်တိုင်တိုင် အသားပေးထားသည်။ ထာဝရလောကစည်းအပြင်ဘက်တွင် အဖိုးကြီးမားသော ခရစ်ယာန်များ၏ အခြေခံယုံကြည်ချက် မဟာအမှုဖြစ်သည်။

:၁၆ ခရစ်တော်ဘုရားပြန်လည်ကြွလာခြင်းအကြောင်းကို အခန်း(၁)၏နိဂုံးပိုင်းတွင်တွေ့ရသည်။ တပည့် တော်များ၏ သက်သေခံချက်နှင့် ပရောဖက်ပြုချက်များဖြင့် သက်သေသက်ကာရ ပြထားသည်။ ဓမ္မဟောင်း၊ ဓမ္မသစ် အကြောင်းအရာများကိုလည်း ထုတ်နှုတ်ပြသထားသည်။

ဒဏ္ဍာရီစကားမဟုတ်သော တပည့်တော်များ၏ သက်သေခံချက်များဖြင့် အသားပေးဖော်ပြထားသည်။ ထိုသို့ သက်သေခံပြောသောအခါ ငါတို့သည် ပရိယာယ်နှင့် ပြင်ဆင်သော ဒဏ္ဍရီကိုမလိုက်၊ ဘုန်းအာနုဘော်ကို ကိုယ်တိုင် မြင်သောသူ ဖြစ်၏ဟု ကျမ်းစကားဆိုထားသည်။

ကုန်းတော်ပေါ်မှာ ခရစ်တော်ဘုရား ရုပ်ပြောင်းလဲသော တကယ့်အဖြစ်အပျက်ကိုရည်ညွန်း သက်သေဆို ထားသည်။ ထိုမြင်ကွင်းကို ကိုယ်တိုင်ကိုယ်ကျတွေ့မြင်သူ ပေတရု၊ ယာကုပ်နှင့် ယောဟန် တပည့်တော်သုံးပါးရှိသည်။ တန်ခိုးတော်နှင့် ကြွလာခြင်း ကို ”ဘုန်းတန်ခိုးဖြင့် ကြွလာခြင်း ”သို့” တန်ခိုးအပြည့်အလျှံဖြင့် ကြွလာခြင်း” ဟု ဆိုသည်။ ခရစ်တော်ဘုရား ရုပ်ပြောင်းရုပ်လဲပြုခြင်းမှာ ကမ္ဘာလောကကြီးအား အုပ်စိုးရန် ခရစ်တော်တဖန်ကြွလာသောအခါ ရုပ် ပြောင်းမည့်အကြောင်း အတိတ်စိမ်း ပေးခြင်းဖြစ်သည်။ ထိုအကြောင်းကို (မ၁၂:၂၈) တွင်ယေရှုက”လူသားသည် နိုင်ငံတော်တည်လျက် ကြွလာသည်ကို ဤအရပ်၌ရှိသောလူအချို့တို့သည်မမြင်မှီသေခြင်းသို့မရောက်ရကြ”ဟုဆို ထားသည်။

တစ်ဆက်တည်း နောက်ကျမ်းပိုဒ် ၁၇:၁-၈တွင် ခရစ်တော်၏ ရုပ်ပြောင်းပုံကို ပြဆိုသည်။ ထိုတောင်ပေါ်တွင် ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့အား အနှစ်တစ်ထောင်အုပ်စိုးခြင်းကာလတွင် ခရစ်တော်၏ ပုံစံအား မြင်ခဲ့ကြသည်။ ထိုတပည့် တော်များ မသေခင်တွင် နိုင်ငံတော်တွင်ပေါ်ထွန်းမည့်ပုံစံအတိုင်း လူသားကို မြင်ခဲ့ကြရသည်။ မ ၁၆:၂၈တွင် သခင်ဘုရား၏ နှုတ်တော်ထွက်စကား ၁၇:၁-၈တွင် ပြည့်စုံကြောင်းတွေ့ရသည်။

ထို့ကြောင့် သခင်ဘုရား၏ ရုပ်ပြောင်းရုပ်လွဲလုပ်ခြင်းသည် ဂရိပုံပြင်၊ ဒဏ္ဍာရီထဲက ရုပ်ပြောင်းရုပ်လွဲခြင်းမ ဟုတ်ကြောင်းကျမ်းစာက အခိုင်အမာဆိုထားခြင်းဖြစ်သည်။ ဤကျမ်းပိုဒ်ကို အချို့သောဓမ္မဝါဒီများက ကျမ်းစားအား တိုက်ခိုက်ရန်တလွဲသုံးတတ်သည်။ ကျမ်းစာကို ဗြောင်းတိဗြောင်းပြန် လုပ်သည်ဟု စွပ်စွဲကြသည်။ Bultman  ကဓမ္မ သစ်ကျမ်းမှ ဒဏ္ဍာရီဟုစွပ်စွဲသည်။ A.T Robinson က သမ္မာကျမ်းစာတွင် ဒဏ္ဍာရီများစွာပါသည်ဟုဆိုသည်။

နောက်ဆုံးရာစုနှစ်မှာ နာကြင်မှုများစွာရှိပါသည်။ သမ္မာကျမ်းစာတွင်ဒဏ္ဍာရီများပါရှိခြင်းကို အသိအမှတ်ပြုကြ ရန်နှင့်ထိုအချက်သည် ဘာသာရေးယုံကြည်ချက်တွင် လွန်စာအရေးပါသော အကြောင်းအချက်ဖြစ်သည်။ တစ်ဖက်စွန်း ရောက်မူလ ဝါဒီသမားများမှ လွဲ၍ ကမ္ဘာဦးကျမ်းမှ ဖန်ဆင်းခြင်းနှင့် လူသားကျရှုံးခြင်းအကြောင်းသည် လူနှင့်စကြာဝဠာ အားသမိုင်းထက် သမိုင်းထက်ဒဏ္ဍာရီဆန်ကြောင်း လက်ခံကြသည်။ ထိုထက်လည်း ပြောစရာမရှိ။ အမှန်စင်စစ် ခရစ်ယာန်အယူအဆဘက်ကမူ ဤဇာတ်လမ်းများသည် ပုံပြင်များမဟုတ်။ ထို့ကြောင့်မနူဿဗေဒနှင့် အာကာသသဠာ ဗေဒများနှင့် စကားနိုင်လုပြောဖွယ်ရာ မဟုတ်ဟု ဆိုကြသည်။ မည်သို့ကမှ မပြုလုပ်သော ဤထူးခြားအံဩဖွယ်ရာများသည် ယခုကာလတွင်လည်း Thomas Huxley နှင့်သူငယ်ချင်းများ၏လက်ထဲတွင် တွေ့နိုင်မည် မဟုတ်လား။

ဤဒ ဏ္ဍာရီစွပ်စွဲချက်များကို ထုချေရန် ပေတရုက အမြင်အကြား ရုပ်ဒြပ်ရှိခြင်း အစရှိသည့် သက်သေခံ(၃)ချက် ဖော်ပြထားသည်။ သခင်ဘုရား၏ ဘုန်းတန်ခိုးတော်ကို မျက်စိဖြင့်တပ်အပ်မြင်ကြသည်။ ထိုအကြောင်းကို (ယော၁:၁၄) တွင် ” ခမည်းတော်တစ်ပါးတည်းသော သားတော်၏ ဘုန်းကဲ့သို့ လူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ” ဟုဆို ထားသည်။

:၁၇  နောက်တစ်ခုကား နားကြားသက်သေ ဖြစ်၏။ ဤသူသည် ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း ဟူသော အသံတော်သည် ထူးမြတ်သော အရောင်အဝါတော်ထဲက ကြားရ၏ ဟုတမန်တော်ကကျမ်း စကားသက်သေရှိသည်။ ဘုန်းတန်ခိုးတော်ဖြင့် ယေရှုကြွလာမည့်အကြောင်းကို ဂုဏ်ပြုခြင်းဖြစ်သည်။ ထွန်းတောက်လင်းလက်သော တိမ်တောင်များဖြင့် ဘုရားသခင်ထံတော်မှ ကြွလာခြင်း ဖြစ်သည်။

:၁၈  သန့်ရှင်းသောတောင်တော်ပေါ်သို့ သခင်ခရစ်တော်နှင့်အတူ ယာကုပ်၊ ယောဟန်နှင့် ပေတရုတို့တက် သွားကြစဉ် ဘုရားသခင်၏ အသံတော်ကြားရခြင်း ဖြစ်သည်ဟု ကျမ်းစာကဆိုထားသည်။ (မ ၁၈:၁၆)တွင် ကျမ်းစကား ၏ နားကြားသက်သေ(၃)ဦးဖြစ်သည်။

နောက်ဆုံးတွင် ရုပ်ခန္ဓာတော်ပေါ်ထွန်းခြင်းကို သက်သေခံသည်။ တကယ့်အဖြစ်အပျက်ဖြစ်၍ အခြားမေးဖွယ်ရာ မရှိပါ။

ရုပ်ပြောင်းရုပ်လွှဲ ပြုလုပ်သောတောင်တော်၏အမည်ကို မသိရပါ။အသေအချာသိလျှင် ယခုအချိန်ထိ ထိုတောင်သည် ဝတ်ပြုရာအရပ် ဖြစ်နေမည်။ သန့်ရှင်းသောတောင်တော်ဟု မခေါ်ဆိုရခြင်းမှာ အစမူကတည်းက ဘုရားသခင်နှင့် သာဆိုင်သော နေရာဖြစ်၍ ဘုရားသခင်နှင့်သာ ပတ်သက်ဆက်စပ်နိုင်သည်။

:၁၉  ထိုမှတပါး သာ၍ မြဲမြံသော အနာဂတ္တိစကားတော်သည် ငါတို့၌ ရှိသေး၏။ ရှေးဟောင်း ပရောဖက်ကြီးများက ဘုန်းတန်ခိုးကြွယ်ဝစွာဖြင့် ခရစ်တော်ကြွလာမည့်အကြောင်းကို ပရောဖက် ပြုထားခဲ့ကြသည်။ တောင်တော်မှာရုပ်ပြောင်းရုပ်လွှဲ လုပ်ခြင်းဖြင့်ထိုအနာဂတ္တံစကားများသည် ပြည့်စုံခဲ့သည်။ တမန်တော်ကြီး ကြုံတွေ့ခဲ့ သောအရာများသည် ရှေးပရောဖက်များ ပြောထားသည့်အနာဂတ္တံစကားနှင့် အဘယ်မျှ ထပ်တူထပ်မျှ ကျပါသနည်း။ သို့သော် တမန်တော်ကြီးကမူ အနာဂတ်နိုင်ငံတော်တွင် ပေါ်ထွန်းမည့်ခရစ်တော်၏ ပုံရိပ်အဖြစ်ရှင်းပြသည်။

F.W Grant  ၏အဓိပ္ပါယ်ဖွင့်ဆိုချက်ကို အထောက်အကူယူချင်သည်။”သင့်နှလုံးသားထဲတွင် ထွန်းလင်းစေ” (နေဝင်မှမိုးလင်းထိအောင် မီးထွန်းထားသကဲ့သို့ ) ဟု ဆိုသည်။ F.W Grant  စကားကို ညှပ်သုံးခြင်း ဖြစ်သည်။ တစ်နည်း ပြောရလျှင် စိတ်နှလုံးထဲတွင် အမြဲသွင်းယူထားပါဟု ဆိုရပါမည်။ NKJV နှင့် အခြားကျမ်းများတွင် နေအလင်းနှင့် သောကြာကြယ်များ သင့်ရင်ထဲတွင်ထွန်းလင်းပါစေ ဟုဆိုထားသည်။ တိတိကျကျ အဓိပ္ပါယ်ဖွင့်ဆိုရန် ခက်ခဲပါ သည်။

အနာဂတ္တိစကားများသည် တောက်ပသော အလင်းရောင်များ ဖြစ်သည်။ လူလောကသည် မှေးမှိန်လျှက်အရောင် ဖုံးနေသည်။ နေ့အချိန်ကုန်ခြင်းသည် အသင်းတော်ကာလကုန်ဆုံးခြင်းကို အချက်ပေးခြင်း ဖြစ်သည်။ (ရော၁၃:၁၂) ကြယ်နီဆန်းစစ်ခြင်းသည် ခရစ်တော်ဘုရား ကြွလာခြင်းကို ပုံဆောင်သည်။ ထို့ကြောင့်အနာဂတ္တိစကားများသည် ရတနာအဖြစ် ရင်မှာသိမ်းဆည်းထားဖို့ ခရစ်တော်ပေါ်လာသည့်တိုင်အောင် ဤလောကအမှောင်ကို အလင်းပေးဖို့ ကိုယ်တော်ကို စောင့်ရှောက်သူများအား ကောင်းကင်နိုင်ငံသို့ ခေါ်ဆောင်သည့်တိုင်အောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ဖြစ်ပါသည်။

:၂ဝ နောက်ဆုံးအငယ်နှစ်ပိုဒ်တွင် အနာဂတ္တိစကားသည် လူ့အရာဖြင့် ပေါ်ထွန်းသည် မဟုတ်။ ဘုရားသခင် ဖွင့်ပြခြင်း ဖြစ်ကြောင်း သတိပေးသွန်သင်ထားပါသည်။

ကျမ်းစာ၌ပါသော အနာဂတ္တိစကားသည် ကိုယ့်အလိုအလျှောက် အနက်မပေါ်။ ထိုကျမ်းပိုဒ်က အနာဂတ္တိ စကားကို အမျိုးမျိုးအနက်ဖွင့်သူများ ရှိကြသည်။ အချို့ကကျမ်းစာအနက်ဖွင့်ဆိုခြင်းသည် အသင်းတော်နှင့်သာ သက်ဆိုင်သည်။ ပုဂ္ဂိုလ်ကတစ်ဦးတယောက်ခြင်းနှင့် မသက်ဆိုင်ဟု ယူဆကြသည်။

အချို့ခံယူချက်များသည် ဟုတ်သယောင်ရှိသော်လည်း ဤကျမ်းပိုဒ်၏ ဆိုလိုချက်နှင့် တခြားစီ ဖြစ်နေမည်။ ဥပမာအားဖြင့် ကျမ်းစာ တစ်ပိုဒ်ထဲဖြင့် လုံလောက်စွာ အဓိပ္ပါယ်ဖွင့်ဆို၍မပြည့်စုံနိုင်ပါ။ အခြားကျမ်းပိုဒ် ကျမ်းချက်များ ကိုလည်း ကိုးကားထောက်ရှုရသည်။

ဤနေရာတွင်မူ ရှင်ပေတရုက မူရင်းအနာဂတ္တိစကားကိုသာ လက်ခံရန်နှင့် အဓိပ္ပါယ် ဖွင့်ဆိုချက်များကို မယူရန် သတိပေးထားသည်။ ဆိုလိုသည်မှာ ပရောဖက်ပြုချက်များကို စိတ်ကူးထင်ရာအတိုင်း ဟောကြားခြင်း မဟုတ်။ တစ်နည်း ပြောရလျှင် အနက်ဖွင့်ဆိုသူကလည်း မိမိကိုယ်ပိုင် အသိဉာဏ်ဖြင့် ဖွင့်ဆိုရန်မဟုတ်။ ထိုကြောင့် နှုတ်ကပတ်တော် ရောက်ရှိလာပုံကို ဦးစွာစဉ်းစားရသည်။ ထိုအကြောင်းနှင့်ပတ်သက်၍ D.T.Young က ဤသို့ဆိုထားသည်။

ထို့ကြောင့် ကျမ်းစာကို မှန်မှန်ကန်ကန် သိရှိနားလည်ရန်– သမ္မာကျမ်းစာသည် လူ့ပင်ကိုယ်အသိဉာဏ်ဖြင့် နားလည်နိုင်စွမ်းမရှိနိုင်။ ဘုရားသခင်၏ ဖွင့်ပြခြင်းအားသာလျှင် နားလည်နိုင်သည်။ မကြာခဏ ဒါဝိဒ်၏ သဘောထား၊ ပေါလု၏အကြံဉာဏ်၊ ပေတရု၏ ထင်မြင်ယူဆချက်ဟု ခံယူတတ်ကြသည်။ စင်စစ်အားဖြင့် သမ္မာကျမ်းစာထဲတွင် လူ့အကြံအဉာဏ်တစ်ခုမှ မပါရှိပါ။ အားလုံးသည် ဘုရားသခင်၏ ဖွင့်ပြချက်များ ဖြစ်သည်။ အဘယ်သူမျှ အနာဂတ္တိစကားဖော်ပြချက် မပါရှိပဲ ကျမ်းစာကို အနက်မဖွင့်နိုင်ကြ။ လူသည်သန့် ရှင်းသော ဝိညာဉ်တော်၏အကူအညီဖြင့်သာ လှုပ်ရှားလုပ်ဆောင်နိုင်ပါသည်။

          NKJV  ကျမ်းမှ မှတ်စုကို အလွန်ထိရောက်လှပါသည်။ ထိုအတိုင်းကျမ်းစာကို အလေးထားကြပါစို့။

:၂၁ ဤကျမ်းပိုဒ်သည် အငယ် ၂ဝ ကို ရှင်းပြသောကျမ်းပိုဒ်ဖြစ်သည်။ အနာဂတ္တိစကားသည် လူ့အလို အားဖြင့် ဖြစ်ဘူးသည်မဟုတ် ဟုဆိုသည်။ ”စုပေါင်းစပ်ပေါင်း တွေးခေါ်ရေးသားသည်မဟုတ်၊ လူ့အတွေး၊ လူ့ဦးနှောက်ဖြင့် မှီနိုင်စွမ်းမရှိ” ဟု ရှေးစာဆိုတစ်ဦးက ဆိုခဲ့သည်။

ဘုရားသခင်၏ သန့်ရှင်းသူတို့က သန့်ရှင်းသောဝိညာဉ်တော် တိုက်တွန်းခြင်းဖြင့် ရေးသားခြင်းဖြစ် သည်။ ဘုရားသခင်က ထိုအတိုင်းတိတိကျကျရေးသားရန် ညွန်ကြားထားသောကြောင့် ကျမ်းစာရေးသားသူများ ကလည်း ကိုယ့်သဘောအတိုင်း ပြင်ဆင်တည်းဖြတ်ခြင်း မပြုကြ။ ထိုအချက်သည် သမ္မာကျမ်းစာအား ဘုရားသခင်က တန်ခိုးတော် မှုတ်သွင်းခြင်းဖြစ်သည်။ သမ္မာကျမ်းစာအားငြင်းပယ်လာကြလျှင် ဘုရားသခင်က တန်ခိုးဖြင့်မှုတ်သွင်း တော်မူသော နှုတ်ကပတ်တော်များဖြစ်ကြောင်းကို ခိုင်မာစွာရပ်တည်ပေးရသည်။

နှုတ်ဖြင့်ဖော်ပြသည်ဟု ဆိုရာတွင် ဤကျမ်းစာအုပ်ရေးသားသော လူ(၄ဝ)ကျော်အား ဘုရားသခင်က စာခေါ်ပေးသည်ဟု မဆိုလိုပါ။ (၁ကော၂:၁၃ကိုကြည့်)။ ရေးသားရမည့် အကြောင်းအရာများကို၎င်း ဖော်ပြပေးချက်အတိုင်း သူတို့လက်ရေးတတ်သလိုရေးကြခြင်းဖြစ်သည်။ စကားလုံးတိုင်း၊ စကားလုံးတိုင်းမူ သန်ရှင်းသောဝိညာဉ်တော်က ရွေးပြပေးပါသည်။

အကြွင်းမဲ့တန်ခိုးမှုတ်သွင်းခြင်း ဆိုသည်မှာ ကမ္ဘာဦးကျမ်းမှစ၍ ဗျာဒိတ်ကျမ်းအဆုံး အားလုံးဘုရားသခင်က အညီအမျှ တန်ခိုးမှုတ်သွင်းခြင်းဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်သည်။(၂တိ ၃:၁၆ ကိုကြည့်)။ အမှားအယွင်းမရှိဆိုုသောစကားမှာ မူရင်းကျမ်းစကားတွင် အမှားအယွင်း တစ်ခုမှ မရှိဟု ဆိုလိုသည်။ အယူဝါဒတွင်သာ မက သမိုင်း၊ သိပ္ပံ၊ မှတ်တမ်းမှတ်ရာမှ စ၍ နေရာဒေသတိုင်းမှာလည်း မမှားနိုင်။

ယခုအနက်ဖွင့်ကျမ်းကို သက်ဆိုင်ရာတို့၏ ခွင့်ပြုချက်ဖြင့် ဝေမျှပေးထားခြင်းဖြစ်ပါသည်။ မူရင်းကို သွားရောက်ကြည့်ရှုလေ့လာလိုပါက  http://bbcmm.net/the-believers-bible-commentary  တွင် လေ့လာနိုင်ပါသည်။

တစ်စုံတစ်ခုကို မှတ်ချက်ပြုရေးသားလိုပါက အောက်တွင်ရေးသားဖေါ်ပြနိုင်ပါတယ်။